Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aliyah Faizah
5.8
Love Therapy (2025)
ဒီဇာတ်လမ်လေးတော့ အိမ်ထောင်ရေးအကြောင်းကိုဟာသDrama အဖြစ်နဲ့ ရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်..မာတင်နဲ့ ဒါရာတို့ဟာ အိမ်ထောင်ကျခါစမှာတော့ ချစ်ခင်ခင်နဲ့ အစစအရာရာ အဆင်ပြေသာယာနေခဲ့ပါတယ်..ဒီလိုနဲ့ အိမ်ထောင်သက် ၁၀နှစ်လောက်ကိုရောက်လာတဲ့အချိန်မှာတော့သူတို့ရဲ့ ဆက်ဆံရေးအခြေနေတွေက ညားခါစကလိုမျိုး မဟုတ်တော့ပါဘူး.အိမ်ထောင်ရေးဖောက်ပြန်တာမျိုး တခြားပြဿနာမျိုးတွေရှိနေတာမျိုး မဟုတ်ဘဲပုံမှန်ဆက်ဆံရေးမှာဆိုရင် နွေးနွေးထွေးထွေးနဲ့ အဆင်ပြေနေပေမဲ့လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လက်ထပ်ပြီးခါစကလိုမျိုး စိတ်အားထက်သန်မှုတွေမရှိတော့ဘဲနဲ့ တစ်ယောက်အပေါ်တစ်ယောက် တပ်မက်မှုမရှိတော့သလို ဖြစ်လာကြတာပါ.ဒါကြောင့်မို့ တစ်အိမ်တည်းနေပြီး အတူတူအိပ်ကြတဲ့ လင်မယားဖြစ်ပေမဲ့လိင်မဆက်ဆံဖြစ်ကြတာ လနဲ့ချီအောင် ကြာလာကြပါတယ်.လိင်ဆက်ဆံတယ်ဆိုတာ အိမ်ထောင်ရေးတစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုလို့လူတော်တော်များများက လက်ခံယူဆထားကြတာပါ..ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုလိုအပ်နေသလိုမျိုးခံစားလာရတဲ့အတွက် တစ်ယောက်အပေါ်တစ်ယောက်ပြန်ပြီးတော့ လိုချင်တပ်မက်စိတ်ရှိလာအောင် မျှားနတ်မောင်ဆေးခန်းဆိုတဲ့ စုံတွဲတွေ ပြန်အဆင်ပြေအောင် လုပ်ပေးတဲ့ဆေးခန်းတစ်ခုဆီကို သွားခဲ့ကြပါတယ်..အပြန်အလှန် ငြီးငွေ့သလိုမျိုး ဖြစ်လာကြတဲ့ မာတင်နဲ့ ဒါရာတို့ စုံတွဲအနေနဲ့အဲဒီဆေးခန်းနဲ့ အတွေ့မှာ အဆင်ပြေသွားကြမလား ....ဆေးခန်းဘက်ကရောသူတို့ကို ဘယ်လိုဝန်ဆောင်မှုမျိုးတွေ လုပ်ပေးမလဲဆိုတာကိုဟာသနှောပြီးတော့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..အရမ်းကို ရယ်မောရမဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့်မို့ဟာသရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲ ...
movie
Love Therapy (2025)
6.5
The Secret 2: Mystery of Villa 666 (2021)
The Secret 2: Mystery of Villa 666 (2021)သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့အင်ဒိုနီးရှားသရဲကားတပုဒ်ပါ...ဇာတ်လမ်းနာမည်လိုပါပဲ လူတိုင်းမှာလျှို့ဝှက်ချက်တွေ ရှိတတ်ကြပါတယ်..ဒီထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ လျှို့ဝှက်ချက်ကဘာတွေလဲ? အဓိကဇာတ်အိမ်တည်ရာဖြစ်တဲ့စံအိမ်တော်ကြီးရဲ့ လျှို့ဝှက်ချက်ကရော ဘာလဲ?စတဲ့ မေးခွန်းတွေနဲ့အတူ ထိတ်လန့်ခြောက်ခြားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတပုဒ်ပါပဲ....ဇာတ်လမ်းအကျဉ်း. --------------နာနီက ပြင်သစ်မှာနေတဲ့ဖက်ရှင်ဒီဇိုင်နာမလေးတစ်ယောက်ပေါ့.တနေ့မှာတော့ သူ့မွေးရပ်ဖြစ်တဲ့အင်ဒိုနီးရှားကို ပြန်လာဖို့ အခွင့်ဖန်လာပါတော့တယ်အဲ့ဒါကတော့ သူတို့မိသားစုပိုင်စံအိမ်တော်ကြီးကိုရောင်းထွက်ဖို့ သူ့အဖေက သူ့ကို လွှဲလိုက်လို့ပါ.မွေးရပ်မြေနဲ့ဝေးတာကြာနေတဲ့ နာနီကဒီအိမ်ကြီးကို ရောင်းမထွက်ခင်သူ့သူငယ်ချင်းတွေနဲ့အတူတပျော်တပါးစားသောက်ပြီးအရင်အကြောင်းတွေကို ပြန်ပြောပြီးအပန်းဖြေချင်တာကြောင့်သူ့သူငယ်ချင်းမ၃ဦးနဲ့အတူစံအိမ်တော်ကြီးကို ရောက်လာခဲ့ပြီးနောက်မှာတော့..... File size…1.09GB / 509MB Quality…1080p WEBDL DDP5.1 / 720p Format…Mp4 Duration….1h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YK
movie
The Secret 2: Mystery of Villa 666 (2021)
2021
7.3
Nikah Yuk (2020)
ဒီတခါတော့ ကိုဗစ်ကာလမှာ စိတ်ပင်ပန်းနေကြတဲ့ CMချစ်ပရိတ်သတ်ကြီးအတွက် အင်ဒိုးနီရှားအချစ်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်. ဇာတ်လမ်းလေးက တကယ်ကို ချစ်ဖို့ကောင်းပြီး မိဘမေတ္တာနဲ့အချစ်ရဲ့လျှို့ဝှက်ဆန်းကြယ်ပုံကို ဟာသနှောပြီးရိုက်ထားတဲ့ ဇာတ်ကားလေးပါ. ဇာတ်လမ်းအကျဉ်းကတော့ တဉီးတည်းသော သားဖြစ်တဲ့ Aryaဟာ ကိုယ်စွမ်းကိုယ်စနဲ့ ဓာတ်ပုံဆရာတစ်ဉီးဖြစ်ချင်နေတာပါ. သူ့ရဲ့ပင်တိုင်မော်ဒယ်ကတော့ သူ့ချစ်သူကောင်မလေးပေါ့. ဒါပေမယ့်လဲ သူ့မိဘအကူအညီက Aryaဟာ မလွတ်နိုင်ခဲ့ပါဘူး. တဘက်မှာလဲ သူ့ချစ်သူမော်ဒယ်မလေးဟာ နောက်မီးလင်းချင်နေပြီး လက်ထပ်ခွင့်တောင်းတော့လဲ လက်မခံတာကြောင့် စိတ်ညစ်နေရပါတယ်. ဒါပေမယ့် သူ့ဘဝကို ပြောင်းလဲပေးနိုင်မယ့် ကောင်မလေးတ်ယောက်နဲ့ ဆုံခဲ့ပါတယ်. Liaဆိုတဲ့ ပန်းချီဆရာမလေးပေါ. Liaနဲ့တွေ့ပြီးနောက်မှာ Aryaပြုံးပျော်နိုင်လာတာကြောင့် မသေခင်အိမ်ထောင်ကျစေချင်တဲ့ Aryaအမေဟာ အကွက်ချပြီး သူတို့နှစ်ဉီးကို လက်ထပ်စေခဲ့ပါတယ်. လက်ထပ်ပြီးနောက်မှ တစ်ခုပြီးတစ်ခုလွဲပြီး ရယ်စရာတွေ ဖြစ်လာတဲ့ အချစ်ဟာသဇာတ်မြူးလေးပေါ့ဗျာ. ဒီဇာတ်လမ်းလေးကြည့်ရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြပါဦး.... File Size - 1 gb Quality - web-dl 1080p Subtitle - burmese Translator - YK Encoder - XCode
movie
Nikah Yuk (2020)
2020
7.4
They Who Are Not Seen(2017)
They Who Are Not Seen(2017)IMDb...7.4(unicode)ဆာရာဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်ကထဲက ထူးခြားတဲ့စွမ်းရည်တစ်ခုပိုင်ဆိုင် ထားတယ်...လူမှန်းသိတတ်စအရွယ်မှာတင် သေသူတွေရဲ့ ဝိညဉ်တွေ နာနာဘဝတွေ ကို မြင်ရတယ်...နေရာတကာမှာ နာနာဘာဝတွေကိုမြင်ရဖန်များလာတော့ သူ့အတွက် သိပ်မထူးဆန်းသလိုတောင်ဖြစ်လာတယ်....တစ်ခါတစ်ရံတော့ အသေဆိုးနဲ့ သေသူတွေရဲ့ ပုံစံမျိုးစုံကိုတွေ့မြင်ချိန်မှာတော့ သွေးပျက်မတတ် ကြောက်လန့်မိတာပေါ့.....ဒီအကြောင်းတွေကို မိခင်ဖြစ်သူကိုပြောပြတော့လည်း သဘာဝလွန်ဆိုတော့ ယုံကြည်ပေးခဲ့ခြင်းမရှိ...နောက်ပိုင်းဘယ်လောက်ဆိုးလည်းဆိုရင် အခန်းတွင်းမှာတင် ဝိညဉ်ပေါင်းစုံက အပြည့်ရောက်နေတတ်တယ်...သူတို့ကြည့်ရတာ ဆာရာဆီက အကူအညီတွေလိုအပ်လို့ ပြောပြချင်နေပုံပဲ...တခြားကလေးတွေထက် ခက်ခဲတဲ့ဘဝကိုဖြတ်သန်းနေရတဲ့ ဆာရာကို နားလည်ပေးတဲ့ကောင်လေးသူငယ်ချင်းတစ်ယောက်တော့ရှိတယ်....ဒီသူငယ်ချင်းလေးကြောင့်ပဲ သူမ အတွက် နက်ဖြန်ဆိုတာကို ဖြတ်သန်းဖို့အားရှိနေပုံပဲ..တစ်နေ့တော့ သူ့သူငယ်ချင်းကောင်လေးဟာ ကျောင်းမလာခဲ့ဘူး...အဲ့ဒီညမှာပဲ သူ့အိပ်ခန်းထဲကို ကောင်လေးသူငယ်ချင်းရောက်လာတယ်... ထူးဆန်းစွာပဲ လက်ပင်းကို ဓားနဲ့အလှီးခံလိုက်ရသလို သွေးတွေပန်းထွက်လာပြီး ပျောက်ကွယ်သွားတယ်...ဆာရာအတွက် အချစ်ရဆုံးသူငယ်ချင်းရဲ့ နိမိတ်ပြပုံဟာ တကယ့်ကိုသွေးပျက်ဖွယ်ရာပါပဲ...ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...ဒီ Horror ကားက သရဲ တစ္ဆေတွေကို နောက်ဆုံးမှပြပြီး စိတ်ဝင်စားအောင်လုပ်တာမျိုးမဟုတ်ဘူး..Jump Scare ပုံစံမျိုးတွေလည်း ချောက်လှန့်တာမဟုတ်ဘူး...စစချင်း သရဲပုံစံမျိုးစုံတွေပြပြီး သိပ်မထူးဆန်းသလို ပြသထားတယ်..သို့ပေမယ် တဖြည်းဖြည်း တစ်စိမ့်စိမ့်ထိတ်လန့်ကြောင့်ရွံလာတာမျိုး... ကြာလေ ဘာဆက်ဖြစ်မလဲ လန့်လည်းလန့် ဆက်လည်းကြည့်ချင်တဲ့ Horror အမျိုးအစားပါ...ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်....(zawgyi)ဆာရာဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်ကထဲက ထူးခြားတဲ့စွမ်းရည်တစ်ခုပိုင်ဆိုင် ထားတယ်...လူမှန်းသိတတ်စအရွယ်မှာတင် သေသူတွေရဲ့ ...
movie