Channel Myanmar

Alistair Brammer

The Watchers (2024)
The Watchers (2024)  မင်းသမီး ဒါကိုတာဖန်းနင်းရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ပဟေဠိဆန်ဆန်ကြည့်ရမှာပါ။ တောအုပ်တစ်ခုထဲကို ရောက်သွားတဲ့လူတွေဟာ ပြန်ထွက်လို့မရတော့ဘူး။ သူတို့အတွက်ခိုလှုံစရာ အိမ်တစ်လုံးတော့ ရှိနေတယ်။ ညဘက်ရောက်တိုင်း ဘာမှန်းမသိတဲ့အရာတွေက သူတို့ကို လာစောင့်ကြည့်တယ်။ နေ့ဘက်ဆိုရင်အဲဒီအရာတွေက အပြင်ထွက်မရဘူး။ညဘက်မှာထွက်တဲ့လူတွေလည်း ပြန်မလာနိုင်ကြတော့ဘူး။ အဲဒီကိုနောက်ဆုံးရောက်လာတဲ့ မင်းသမီး ဒီလိုနေနေရတဲ့အခြေအနေကို လက်မခံဘဲ ထွက်လမ်းရှာဖို့ အသက်နဲ့ရင်းပြီးကြိုးစားတဲ့အခါဘာတွေဆက်ဖြစ်လာလဲ ကြည့်ရမှာပါ...File size…(1.4 GB)/(772 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Horror, Mystery, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr Anderson
movie

The Watchers (2024)

Medieval (2022)
Medieval (2022) Mediveal (2022)ဥ​​ရောပအလယ်​ခေတ်ဇာတ်ကား​တွေကို ကြိုက်နှစ်သက်သူ​တွေအတွက် ဘိုဟီးမီးယန်း(ချက်နိုင်ငံ)မင်းဆက် သမိုင်းဇာတ်လမ်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ ၁၄ရာစုတုန်းက ဘိုဟီးမီးယန်းနယ်​မြေရဲ့ အကြီးကျယ်ဆုံး စစ်သူရဲတစ်​ယောက်ဖြစ်တဲ့ ယန်ဇစ်ဇကာရဲ့ ကနဦးစွန့်စားခန်းတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။၁၄ရာစုနှစ် ချားစ်ဘုရင်-၄ နတ်ရွာစံပြီး​နောက် ဘိုဟီးမီးယန်းနယ်​မြေတွင်း ဂိုဏ်းဂဏ​တွေကွဲပြီး ရောမရှိပုပ်ရဟန်းမင်းနဲ့ ပြင်သစ်ဘုရင်လက်​အောက်ရှိ ပုပ်ရဟန်းမင်းဆိုပြီး ဘာသာ​​ရေးအရပါ ၂ပိုင်းကွဲသွားပါတယ်။ ​ ချားစ်-၄ ​နတ်ရွာစံပြီး​နောက် သား​တော်ဖြစ်သူ ဝင်ဆယ်ဆလက်စ် နန်းတက်ရမှာဖြစ်​ပေမယ့် ရောမရှိပုပ်ရဟန်းမင်းကြီးဆီမှာ နန်းတက်ပွဲခံပြီးမှသာ ရှင်ဘုရင်သစ်ဖြစ်လာမှာဖြစ်လို့ ဝင်ဆယ်ဆလက်စ်အ​နေနဲ့ ​ဘိုဟီးမီးယားနယ်က​နေ ရောမကိုသွားဖို့ လိုအပ်​နေတာဖြစ်ပါတယ်။ဒါ​ပေမဲ့ ဝင်ဆယ်ဆလက်စ်ဟာ အခွံသာရှိပြီးအဆံမရှိသူဖြစ်လို့ ​ကြွေးမှီများစွာတင်​နေပြီး ရောမကိုသွားဖို့​တောင် ရဲမက်စရိတ် စားစရိတ်ကအစ ​ချေးငှားရမယ့်အ​ခြေအ​နေပါ။ သူတို့​ချေးငှား​နေကျ သူကြွယ်အရှင် ရိုဆင်ဘာ့ဂျ်ကလည်း ​ချေး​​ငွေထုတ်မ​​ပေးတာ​ကြောင့် အကျပ်ရိုက်​နေတာပါ။ ဒါ​ကြောင့် ကြံရာမရတဲ့အဆုံး ရိုဆင်ဘာ့ဂျ်ရဲ့ ဇနီး​​လောင်း ​လေဒီကတ်သရင်းကို ပြန်​ပေးဆွဲပြီး ပြန်​ပေး​ငွေ​တောင်းဖို့ ကြံပါ​တော့တယ်။ပြန်​ပေးဆွဲ​​​ရမယ့်တာဝန်က​တော့ ​ကြေးစားစစ်သည် ယန်ဇစ်ဇကာရဲ့ တာဝန်ဖြစ်လာပါတယ်။ ဇစ်ဇကာအ​နေနဲ့ ​လေဒီကတ်သရင်းကို ​ပြန်​ပေးဆွဲတဲ့ကိစ္စ​ အောင်မြင်မှာလား၊ အရှင်ဝင်ဆယ်ဆလက်စ်ရဲ့ အကြံအစည်က ထင်သ​​လောက် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားပါ့မလား။ နောက်ကွယ်က နိုင်ငံ​ရေး ဘာသာ​ရေးအရှုပ်အ​ထွေး​တွေကြား ဘယ်​လောက်ထိ ​ပွေလီဦးမလဲဆိုတာ တိုက်ခိုက်ခန်း၊သတ်ဖြတ်ခန်းများများနဲ့ ...
movie

Medieval (2022)

Les Misérables (2012) 7.6
Les Misérables (2012) Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie

Les Misérables (2012)

2012