Channel Myanmar

Alissa Kramer

Slackers (2002)
Slackers (2002) Imdb rating - 5.3/10ဒီကားလေးကတော့ ၂၀၀၂ခုနှစ်တုန်းကထွက်ထားတဲ့ အချစ်ဟာသကားလေးပါ။ high school movie တွေ Campus movie တွေ ကြိုက်တတ်ရင် ကြည့်သင့်တဲ့ကား။လေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ - ဒေ့ဗ်တို့သူငယ်ချင်းသုံးယောက်က ပထမနှစ်ကတည်းက သူမတူတဲ့နည်းလမ်းတွေနဲ့ စာခိုးချတဲ့သူတွေပါ။နောက်ဆုံးနှစ် နှစ်၀က်စာမေးပွဲမှာ ဒေ့ဗ် သူငယ်ချင်းဖြစ်သူဆမ်အတွက် မေးခွန်းခိုးပေးရင်း ကောင်မလေးတစ်ယာက်ကိုဖွန်ကြောင်လိုက်ရာမှစပြီး ပြဿနာတက်ပါတော့တယ်။ ကောင်မလေးကို ကြိုက်နေတဲ့ ဆိုက်ကိုဂိခ်ကောင် အီသန်က အငြိုးထားပြီးခြိမ်းခြောက်လို့ အီသန် စော်လိုက်တာကို ကူညီပေးဖို့ဖြစ်လာပါတော့တယ်။ဒေ့ဗ်က ကောင်မလေးကို တကယ်ချစ်သွားတဲ့အခါ တဖက်ကလည်း ကျောင်းထုတ်ခံရမယ့်အကွက် တဖက်ကလည်းချစ်သူပစ်ခံရမယ့်အကွက်နဲ့ ဘယ်လိုနှစ်ပါးသွားဆက်ကမလဲ ရီရီမောမောကြည့်ရှုနိုင်မှာပါ။( အ၀တ်ဗလာဇာတ်၀င်ခန်းတချို့ပါပြီးစကားလုံးအချို့ သုံးနှုန်းမှုကြမ်းတမ်းပါသည်။)File size…(1.5 GB)/(943 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Winter May
movie

Slackers (2002)

30 Nights of Paranormal Activity With the Devil Inside the Girl With the Dragon Tattoo (2013)
30 Nights of Paranormal Activity With the Devil Inside the Girl With the Dragon Tattoo (2013)  နဂါးပုံတက်တူးနဲ့ကောင်မလေးရဲ့ကိုယ်ထဲက နတ်ဆိုးနဲ့ သဘာလွန်ဖြစ်ရပ်‌တွေရဲ့ ညပေါင်း ၃၀ ဆိုတဲ့ ၂၀၁၃တုန်းကထွက်ရှိထားတဲ့ ပေါက်တတ်ကရ ဟာသရုပ်ရှင်ဖြစ်ပါတယ်။အယ်ရန်ဂေလန်နဲ့ ဒေနာဂေလန်တို့ဟာ လင်မယားနှစ်ယောက်ပါ။ လစ်ဇ်ဂေလန်ကတော့ နဂါးပုံတက်တူးနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေတပုံတပင်နဲ့ အယ်ရန်ဂေလန်ရဲ့မယားပါသမီးပါ။ဒီလိုနဲ့ သူတို့မိသားစုဟာ ဒေနာဂေလန် ငယ်စဉ်ကကြီးပြင်းခဲ့တဲ့နေအိမ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ထူးခြားတဲ့အရာတစ်ခုကတော့ အိမ်ရဲ့မြေအောက်ခန်းထဲမှာ ဒေနာရဲ့အဖေဟာ ရုပ်ရှင်အဖွဲ့တစ်ခုလုံးကို အပနှင်ရင်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာပါ။ ဒေနာအနေနဲ့ ဒီကိစ္စသိရှိထားပြီး သူတို့မိသားစု အဲဒီနေအိမ်ကိုပြောင်းရွှေ့လာပြီးတဲ့နောက်မှာတော့ အိမ်မှာ ထူးဆန်းတဲ့သဘာ၀လွန်ဖြစ်ရပ်တွေကို ကြုံတွေ့လာတဲ့နောက်မှာတော့ သူတို့မိသားစုအနေနဲ့ ဘယ်လိုဆက်ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ညစ်တီးညစ်ပတ် ပေါက်လွတ်ပဲစား အခွီဟာသတွေနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဟိုဒင်းဟိုဟာအခန်းတွေ ညစ်ပတ်ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုတော့ သတိပြုပေးပါ) File size…(724 MB) Quality….Webrip 720p Format…mp4 Duration….01:21:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

30 Nights of Paranormal Activity With the Devil Inside the Girl With the Dragon Tattoo (2013)

The Adventures of Pluto Nash (2002)
The Adventures of Pluto Nash (2002) The Adventures of Pluto Nash (2002) Genre - Sci-fi, Action၂၀၀၀ ပြည့်နှစ်တွေက Nutty Professor တို့ Norbit တို့နဲ့နာမည်ကြီးခဲ့တဲ့ ဟာသမင်းသား Eddie Murphy ရဲ့၂၀၀၂ ခုနှစ်တုန်းက သိပ္ပံစိတ်ကူးယဉ်ကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းလေး ပြောရမယ်ဆို လူတွေဟာအနာဂတ်မှာ လပေါ်မှာကိုလိုနီလုပ် နေထိုင်နေကြပါပြီ။မှောင်ခိုသမားအနေနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ပလူတိုတစ်ယောက်ထောင်ထဲကနေထွက်လာတဲ့အခါ ကလပ်လေးတစ်ခုကို တည်ထောင်ပြီးအောင်မြင်စွာ အလုပ်ဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ခရိုနီလူတစ်စုက သူ့ကလပ်ကို ၁၀ သန်းအတင်းပေးပြီး လာဝယ်ပါတယ်ပလူတိုကလည်း ရောင်းစားဖို့ မဟုတ်ကြောင်း ငြင်းလိုက်ပြီး နှင်ထုတ်လိုက်ပါတော့တယ်။ဒါပေမဲ့ မကြာခင်မှာပဲ ကလပ်တစ်ခုလုံးကို ဖောက်ခွဲပြီးပလူတိုရဲ့ အသက်ကို ရန်ရှာလာတဲ့အထိ ဖြစ်လာချိန်မှာတော့ပလူတိုတစ်ယောက် သူ့ကို ဒုက္ခပေးခဲ့တဲ့ ဒီပဟေဠိလူသားကိုစက်ရုပ်အဖော်ရယ် စားပွဲထိုးမလေးရယ် အတူတကွ ဘယ်လိုရှာဖွေဖော်ထုတ်ပြီးဘယ်လိုတွေ စွန့်စားခန်း ထွက်ကြမယ်ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ  File size…  2.6 GB ...
movie

The Adventures of Pluto Nash (2002)

2002