Channel Myanmar

Alice Rietveld

Independence Day: Resurgence (2016) 5.2
Independence Day: Resurgence (2016) Independence Day: Resurgence (2016) *************************************** IMDb.....5.2  ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကိုအနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာ ကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။ လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ် တစ်စီးရောက်လာခဲ့တယ်။ ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက်သမ္မတနဲ့ နိုင်ငံတကာ ခေါင်းဆောင်တို့ဟာ တိုင်ပင်ဆွေးနွေးသလို မစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဉာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမဲ့...ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့်သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီး အာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက် သမ္မတကို ခွင့်တောင်းတဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာ လုပ်ခွင့်ပေးပါတယ်။အဲဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၎င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည် ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။ဒီဇာတ်ကားဟာ IMDb rating 5.2/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ CM ...
movie

Independence Day: Resurgence (2016)

Skyfire (2019) 5.4
Skyfire (2019) Skyfire (2019)============IMDb Rating - 5.4/10#Unicodeဒီဇာတ်ကားလေးကတော့ ၂၀၁၉ ခုနစ်ထွက် အက်ရှင် ဒရမ်မာ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့.....ရှောင်မုံးရဲ့ မိဘနှစ်ပါးလုံးက ဘူမိဗေဒပညာရှင်တွေပါ တန်ဟောင်းမီးတောင်ကို ကွင်းဆင်းလေ့လာကြရင်းမီးတောင်ရုတ်တရက် ထပေါက်တာကြောင့် ရှောင်မုံးရဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ရှောင်မုန်းအရွယ်ရောက်လာချိန်မှာ မိခင်ဖြစ်သူရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဘူမိဗေဒပညာရှင်ဖြစ်လာခဲ့ပြီးမီးတောင်တွေအကြောင်း အသေးစိတ်လေ့လာနိုင်မယ့် ဒီဂျစ်တယ် ဇူးစနစ်ကို တီထွင်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင် ဂျက်ဟားရစ်က တန်ဟောင်းမီးတောင်ပေါ်မှာ ကမ္ဘာ့ပထမဆုံးအပန်းဖြေစခန်းကြီးကို ခမ်းခမ်းနားနား တည်ဆောက်နေတာ အဆင့်တစ်ပြီးသွားပြီဖြစ်ပါတယ်။ ကမ္ဘာ့လှည့်ခရီးသည်တွေကလည်း အထူးအဆန်းမို့လို့ အုံးအုံးကြွပ်ကြွပ် လာရောက်လည်ပတ်နေကြပါတယ်။ တစ်နေ့မှာတော့မီးတောင်မူမမှန်တာကို ရှောင်မုံးက ခံစားမိပြီး သူ့ကိုပိတ်ဖို့ သတိပေးခဲ့ပေမယ့် သူက လက်မခံခဲ့ပါဘူး။ရှောင်မုံးရဲ့ဖခင်ပါမောက္ခကြီးကလည်း သမီးဇောနဲ့ အဲဒီမီးတောင်ရှိရာ လိုက်လာခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ....ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) #Zawgyiဒီဇာတ်ကားလေးကတော့ ၂၀၁၉ ခုနစ်ထွက် အက်ရှင် ဒရမ်မာ ...
movie

Skyfire (2019)

2019