Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alice Moitié
5.5
Banger (2025)
ယခုတစ်ခေါက်တင်ဆက်ပေးလိုတဲ့ ဇာတ်ကားလေးကတော့ပြင်သစ်စကားပြော Comedy အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်..ဒီကားလေးမှာဆိုရင် မူးယစ်ဆေးအဖွဲ့ခေါင်းဆောင်ကိုဖမ်းဆီးဖို့အတွက် ဒီဂျေသမားဟောင်းတစ်ယောက်အားအသွင်ယူထောက်လှမ်းစေသည့်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်..ScorpeX အမည်ရ ဒီဂျေသမားဟောင်းတစ်ယောက်ဟာအကြွေးပတ်လည်ဝိုင်းနေလျက် ၎င်းရဲ့သီချင်းဓာတ်ပြားတွေဟာလည်းရောင်းတန်းမဝင်ဘဲ လူကြိုက်နည်းကာအခက်အခဲကြုံနေရသူတစ်ယောက်ဖြစ်ပါတယ်..၎င်းဒီဂျေသမားဟာ မိမိကိုယ်ကိုယ်မိမိ ရောင်းတန်းမဝင်တော့သည့် အိုပယ်အနုပညာသမားအဖြစ်ကို ငြင်းဆန်လျက်လူငယ်ခြေတက်ဒီဂျေသမားများနဲ့ လိုက်လံတုပပြိုင်ဆိုင်နေစဉ်မှာပဲ ၎င်းထံသို့ အထူးအေးဂျင့်တစ်ယောက်ရောက်ရှိလာကာ မူးယစ်ခေါင်းဆောင်တစ်ဦးကို အသွင်ယူကာကူညီစုံစမ်းပေးဖို့ အတင်းအဓမ္မခြိမ်းခြောက်ခြင်းခံရပါတော့တယ်..ScorpeX နှင့်သိကျွမ်းသူ ဒီဂျေတစ်ယောက်ဟာ ထိုမူးယစ်ဆေးခေါင်းဆောင်နှင့်ပတ်သက်ကြောင်း သိရှိထားကြသည့်ထောက်လှမ်းရေးအဖွဲ့ဟာ ScorpeX မှတဆင့် ထောက်လှမ်းဖို့ကြိုးစားကြပြီး ScorpeX ဟာလည်း ခြိမ်းခြောက်မှုကိုမလွန်ဆန်နိုင်ဖြစ်လျက် သားရဲတွင်းဆီ ဝင်ရောက်ရဖို့ဖြစ်လာခဲ့ပါတယ်...ဂီတအနုပညာရူးသွပ်သူ ScorpeX အဖို့ အသက်ဘေးအန္တရာယ်နဲ့နီးကပ်လှတဲ့ ထောက်လှမ်းရေးလုပ်ငန်းကို ဝါသနာပါရာဒီဂျေစက်တွေကိုင်တွယ်ရင်း ရင်တထိတ်ထိတ်နဲ့လုပ်ဆောင်ရပုံကိုဟာသဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်..ဒီကားလေးဟာဆိုရင် ဒီဂျေသမားများကို အခြေခံရိုက်ကူးထားတာဖြစ်လို့ အီလက်ထရိုသီချင်းပေါင်းများစွာနဲ့ မြူးမြူးကြွကြွကြည့်ရှုရမယ့်ကားလေးဖြစ်ပြီး မိမိကိုယ်ကိုယ်အထင်ကြီးလှတဲ့ScorpeX ရဲ့ မဝံ့မရဲဖြစ်မှု မချင့်မရဲနိုင်မှု လေကြီးမှုတွေကိုပေါ့ပေါ့ပါးပါးတင်ဆက်ထားတာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များစိတ်အပန်းပြေကြည့်ရှုခံစားနိုင်ရန် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ.....................File size… (1.46GB) / (801MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / ...
movie
Banger (2025)
Dealing with Christmas (2023)
ခရစ်စမတ်အတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ခရစ်စမတ်အကြိုနေ့မှာ ဂရက်လို့ခေါ်တဲ့ ရဲအရာရှိတဦးဟာ သမီးငယ်ဖြစ်သူအတွက် အချိန်မပေးနိုင်ဘဲ မစ်ရှင်ထမ်းဆောင်ဖို့ရာကိုပဲ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ဂရက် သမီးလေးရဲ့ခရစ်စမတ်ဆုတောင်းကတော့ သူ့အဖေကို သူ(မ)အရမ်းကြိုက်တဲ့ ခရစ်စမတ်ရုပ်ရှင်ထဲက လေးစားအားကျရတဲ့ ရစ်ချက်ဆီလီစတုန်းလို အဖေတယောက်ဖြစ်လာစေဖို့ပါ။သမီးငယ်လေးရဲ့ဆုတောင်းကို သိလိုက်ရတဲ့ဆန်တာကလော့စ်ဟာ ဂရက်နဲ့ရစ်ချက်တို့ကို ကမ္ဘာချင်းလဲလိုက်ပါတယ်။ ရစ်ချက်ဟာ တကယ့်ကမ္ဘာက ရဲအရာရှိဖြစ်သူ ဂရက်ရဲ့ကိုယ်ထဲကိုရောက်ရှိသွားပြီး ဂရက်ကတော့ ရုပ်ရှင်ကမ္ဘာထဲက ရစ်ချက်နေရာကိုရောက်ရှိသွားပါတယ်။ ဒီလိုနဲ့ ဂရက်က ရုပ်ရှင်ထဲကရစ်ချက်ရဲ့ မိသားစုပြဿနာတွေကိုဖြေရှင်းပေးနေတဲ့အချိန် ရစ်ချက်ကတော့ လက်တွေ့ကမ္ဘာက ရဲအရာရှိ ဂရက်ရဲ့မစ်ရှင်ကို ပြီးပြတ်အောင်လုပ်ပေးပြီး ခရစ်စမတ်နေ့မှာ သမီးလေးအတွက်အချိန်ပေးနိုင်အောင် ကြိုးစားကြပါတော့တယ်။ဂရက်နဲ့ ရစ်ချက်တို့ရဲ့ ဟာဟတွေ တလွဲတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရအောင် ရိုက်ကူးထားတာမလို့ ဘ၀အမောတွေပြေပျောက်စေမယ့် ဟာသရုပ်ရှင်လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.7 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Adventure, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Dealing with Christmas (2023)