Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alexandre Mello
I’m Still Here (2024)
IMDB Rating 8.5/10ဒီဇာတ်ကားလေးကတော့ အော်စကာဆုပေးပွဲမှာ Best International Feature Film ဆုရရှိခဲ့ပြီး Best Picture နဲ့ Best Actress ဆုတွေအတွက် ဇကာတင်ဝင်ခဲ့တဲ့ ဘရာဇီးရုပ်ရှင်ကားကြီးပါ။ဘရာဇီးလွှတ်တော်အမတ် မာဆယ်လို ရူဘင် ပါဗာရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်က ဘရာဇီးတနိုင်ငံတင်မက နိုင်ငံတကာကပါ အားပေးမှုအများကြီးရရှိခဲ့အောင် ကောင်းမွန်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... ယူနိစ် ပါဗာဟာ လွှတ်တော်အမတ်ဟောင်းရဲ့ ဇနီးဖြစ်ပြီးတော့ ယောက်ျားဖြစ်သူ ရူဘင်ပါဗာနဲ့ သားသမီးငါးယောက်တို့နဲ့အတူ သာယာပျော်ရွှင်စွာ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေတဲ့အိမ်ရှင်မတစ်ဦးပါ။အဲ့ဒီ့အချိန်ကာလ ဘရာဇီးနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကာလတွေနဲ့ တော်လှန်ရေးကာလကြားမှာကျရောက်နေတာဖြစ်ပါတယ် တစ်နေ့မှာတော့ ယူနိစ် ပါဗာတို့အိမ်ကို ဘရာဇီးစစ်တပ်ကလူတွေ ရောက်လာပြီးတော့ သူမရဲ့ယောက်ျားဖြစ်သူ လွှတ်တော်အမတ်ဟောင်း ရူဘင် ပါဗာကို မေးမြန်းစရာရှိလို့ဆိုပြီး ခေါ်ဆောင်သွားပါတော့တယ်။ စိတ်မကောင်းစွာနဲ့ပဲ ရူဘင် ပါဗာဟာ ခဏတဖြုတ်ပဲလို့ပြောပြီး ခေါ်သွားရာက သတင်းမကြားရတော့ဘဲ ပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတော့တယ်။ ...
movie
I’m Still Here (2024)
2024
4K HEVC
6.6
Pacifiction (2022)
Pacifiction (2022)ဒီနေ့မှာတော့ လူ့သဘာဝကို ထိထိမိမိနဲ့သရုပ်ဖော်နိုင်လွန်းလို့ ပရိသတ်တွေရဲ့ချီးကျူးမှုတွေကို သိမ်းပိုက်ထားတဲ့ Albert Serraရဲ့ နာမည်ကျော်လက်ရာတစ်ခုဖြစ်တဲ့ Pacifiction 2022ဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးမှာပါ။ Albert Serraရဲ့လက်ရာပီပီ ဒီကားလေးကရော ဒီတစ်ခါမှာ ဘယ်လိုတွေးစရာတွေပေးသွားမလဲဆိုတာ အားလုံးတူတူကြည့်လိုက်ရအောင်ပါ။ပြင်သစ် ပေါ်လီနီးစီးယားရဲ့ ကျွန်းလေးတစ်ကျွန်းပေါ်ကအုပ်ချုပ်ရေးမှူး အစိုးရအရာရှိလေး ဒီရိုလာတစ်ယောက်ဟာ လူတော်တွေကို မြေတောင်မြှောက်ပေးပြီး လိုအပ်နေသူတိုင်းကို ကူညီတတ်တဲ့လူတစ်ယောက်ပါ။ ဆိတ်ငြိမ်လှတဲ့ ကျွန်းမြို့လေးတစ်မြို့အတွက် ကြီးကျယ်တဲ့ပြဿနာရယ်လို့ ရှိလာမှာမဟုတ်ဘူးလို့ပဲ အားလုံးကထင်မှတ်ထားကြတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ကျွန်းမှာ nuclearစမ်းသပ်မှုလုပ်မယ်ဆိုပြီး ခပ်သဲ့သဲ့ထွက်လာတဲ့သတင်းနဲ့အတူ မြို့နားမှာ ရုတ်တရက်ပေါ်လာတဲ့ ရေတပ်သားတွေ၊ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကြောင့် ဒီရိုလာတစ်ယောက် ခေါင်းခဲရဖို့ဖြစ်လာတဲ့အခါ...တစ်ဖက်က အစိုးရပိုင်းကရာထူးအကြီးဆုံးတွေနဲ့ တခြားတစ်ဖက်က ဩဇာအာဏာဆိုလို့ စိုးစဉ်မျှမရှိကြရှာတဲ့ ကျွန်းနေပြည်သူ၊ ထိပ်ဆုံးနဲ့အောက်ဆုံးကြားက နိုင်ငံရေးအင်အားပြိုင်ပွဲမှာ လက်ဝင်ရှိုမိတဲ့ ဒီရိုလာတစ်ယောက် တစ်ချက်အမှားမခံတဲ့ဆုံးဖြတ်ချက်တွေချရဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုဆက်လုပ်မှာလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ နိုင်ငံရေးဆိုတဲ့မျက်နှာဖုံးအောက်က အာဏာရှင်လက်မည်းကြီးတွေရဲ့ပြိုင်ဆိုင်မှုနဲ့အတူ၊ အကျိုးအမြတ်နဲ့ပတ်သက်လာတဲ့အခါမှာတော့ သေမင်းနဲ့ပဲ အပြိုင်စစ်ခင်းရပါစေ ဘယ်သူသေသေ ...
movie
Pacifiction (2022)
2022