Channel Myanmar

Alexander Vlahos

Firecracker (2024) 5
Firecracker (2024) Firecracker (2024)ဓားပြတိုက်မှုတစ်ခု မှားယွင်းစွာဖြစ်သွားတဲ့အခါမှာ မီးပုံပွဲညမှာအိမ်ထဲမှာ ပိတ်မိနေတဲ့ လူသုံးယောက်ဘာဆက်ဖြစ်မလဲဆိုတာ....မတ်တေဒါဝက်ဆန်လို့ခေါ်တဲ့ ရှပ်ပြာနိုင်ပြီး အလုပ်သေချာမကျွမ်းတဲ့ အိမ်ပွဲစားပေါက်စမလေးတစ်ယောက်က တစ်ရက်မှာတော့ ရာဇဝတ်မှုဖြစ်ထားပြီး ဈေးကွက်ထဲကို မကြာခင်ကမှ ပြန်ရောက်လာတဲ့ အိမ်ကိုလိုက်ပြဖို့ ဖြစ်လာပါတော့တယ်။ဖြစ်ချင်တော့ သူအိမ်ပြပေးရတဲ့အတွဲက အဲ့အိမ်မှာဖြစ်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ ပက်သက်တဲ့သူတွေဖြစ်ပြီး သူတို့ရှာလို့မပြီးသေးတာကို ပြန်ရှာဖို့ရောက်လာကြတဲ့အခါ....သာမန်အိမ်ပွဲစားမလေးတစ်ယောက်ကနေ ဓားစာခံဖြစ်သွားပြီးနောက် သူမအသက်ရှင်ဖို့ ဘယ်လိုကြံမလဲဆိုတာ မတ်တေဒါတစ်ယောက် နောက်ဆုံးမှာ လွတ်မြောက်နိုင်မလား နောက်ကွယ်က ကြိုးကိုင်နေတာတွေကရော ဘယ်သူတွေလဲဆိုတာ ရင်ခုန်စွာ ကြည့်ရမှာဖြစ်ပါတယ်။အက်ရှင်ကားဆိုပေမယ့် မထင်ထားလောက်စရာ plot twist တွေလည်းပါတာမို့ စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ ရုပ်ရှင်နောက်ဆုံးပိုင်းထိ ဆွဲခေါ်သွားနိုင်မှာ အသေအချာပါပဲ အခုလိုရာသီမှာ ဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အက်ရှင်ကားလေးကတော့ ပျင်းဖို့ကောင်းဖို့ကောင်းတဲ့ညဘက်တွေမှာ ကြည့်ဖို့ အသင့်တော်ဆုံးပဲမို့ ကျွန်မတို့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ File size… 1.06 GB / 558 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yoon Hsu
movie

Firecracker (2024)

Irish Wish (2024) 5.5
Irish Wish (2024)  ၂၀၂၄ မတ်လ ၁၅ ရက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့Irish Wish ဆိုတဲ့ အချစ်ဟာသဇာတ်မြူးကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဆွဲဆောင်မှုက မင်းသမီး Lindsay Lohanဆိုရင်လည်း မမှားပါဘူး။ အချိန်အကြာကြီးအနားယူနေခဲ့တဲ့Lindsay Lohan ရဲ့ Netflix နဲ့ဒုတိယမြောက်လက်တွဲရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။Kirsten Hansen ရေးသားပြီး Janeen Damianရိုက်ကူးထားတဲ့အမေရိကန်ရုပ်ရှင်ဇာတ်ကားဟာအိုင်ယာလန်မှာအခြေတည်ထားတာဖြစ်ပြီး အိုင်ယာလန်ရဲ့လှပတဲ့ရှု့မျှော်ခင်းများစွာပါဝင်ပါတယ်။ မင်းသမီးLindsay Lohan နဲ့တင် ကြည့်ရတာတန်တဲ့ရုပ်ရှင်ဖြစ်တယ်လို့ဝေဖန်ရေးသမားတွေက ဆိုထားပါတယ်။ဇာတ်ကားထွက်ရှိလာပြီးနောက်တစ်ရက်မှာပဲ Netflix ရဲ့လူကြည့်အများဆုံးရုပ်ရှင်စာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************** ဝတ္တုအယ်ဒီတာမလေးမတ်ဒဲလင်ကယ်လီဟာသူတည်းဖြတ်ပေးရတဲ့စာအုပ်ရဲ့စာရေးဆရာပေါလ်ကနေဒီကို ကြိတ်ကြိုက်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ပေါလ်ကမတ်ဒဲလင်ရဲ့သူငယ်ချင်းအမ်မာကိုမြင်မြင်ချင်းချစ်မိသွားတဲ့အခါ ပေါလ်နဲ့အမ်မာဟာအိုင်ယာလန်မှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။သတို့သမီးအရံလုပ်ရမယ့်မတ်ဒဲလင်က အိုင်ယာလန်ကိုလိုက်သွားရင်း မှော်ကျောက်ကုလားထိုင်တစ်ခုပေါ်မှာပေါလ်နဲ့လက်ထပ်ရမယ့်သူဟာ သူပဲဖြစ်ပါစေလို့ဆုတောင်းလိုက်မိပါတယ်။ မထင်မှတ်ဘဲ မတ်ဒဲလင်ရဲ့ဆုတောင်းပြည့်ပြီး သတို့သမီးနေရာကိုရောက်သွားတဲ့အခါမတ်ဒဲလင်ရဲ့ကံကြမ္မာလည်း ပြောင်းလဲသွားခဲ့ရပါတော့တယ်။  File size…1.96GB / 949MB Quality…NF. WEB-DL 1080p 5.1CH /  720p Format…mp4 Duration….1h 33m Genre ….. Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Irish Wish (2024)