Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alexander Scheer
7.0
From Hilde with Love (2024) In Liebe, Eure Hilde
From Hilde with Love (2024)IMDb Rating (7.0) / Rotten Tomatoes (80%) ဒုတိယကမ္ဘာစစ်ကာလမှာ ဟစ်တလာရဲ့ နာဇီဝါဒဟာ သူ့လူမျိုးအတွက် ဦးတည်လို့ ဘယ်လိုပဲဆိုဆို နာဇီဝါဒကို ဂျာမန်ပြည်တွင်းထဲမှာပဲ လက်ခံသူတွေရှိခဲ့သလို လက်မခံသူတွေလည်း ရှိခဲ့တယ်။ဒီကာလက ဝါဒရေးရာတွေ အမြင်က ရှင်းမယောင်နဲ့ အသေးစိတ်ကြည့်ရင် တော်တော်ရှုပ်ထွေးတာတော့ အားလုံးသိပြီးကြသလိုပါပဲ။အာရင်ဘတ်စာတွေထဲကလိုပဲ စစ်ပွဲကာလနဲ့ လူ့အမြင်တွေ လူသားဆန်မှုတွေက ရှင်းမရတဲ့ချည်ခင်တွေလိုပါပဲ။ဒီဇာတ်လမ်းကတော့ အဲဒီလိုဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်ကတော့ Hildeဆိုတဲ့ ဂျာမန်မလေးအကြောင်းပါ။သူက ဒုတိယကမ္ဘာစစ်ကာလမှာ နာဇီဝါဒါကိုဆန့်ကျင်ပြီး ကွန်မြူနစ်ဝါဒကို အားပေးပြီး ရုရှတွေနဲ့ ဆက်သွယ်ခဲ့လို့ သေဒဏ်ပေးခံခဲ့ရတဲ့သူပါပဲ။၁၉၄၂ နှစ်ကုန်ပိုင်းမှာ ကိုယ်ဝန်ရှိနေတုန်း ဂတ်စတာပိုတွေဖမ်းခေါ်သွားတာခံခဲ့ရပြီး ထောင်ထဲမှာပဲ ကလေးမွေးခဲ့ပြီး ၁၉၄၃နှစ်ကုန်ပိုင်းမှာ ကွပ်မျက်ခံခဲ့ရပါတယ်။ကွပ်မျက်မခံရရင် ဒီသနားစရာ မိန်းကလေးက ဟစ်တာလာဆီ အသနားခံစာ တင်ခဲ့ပေမဲ့ ဟစ်တလာက ပယ်ချခဲ့ပါတယ်။ရုပ်ရှင်ထဲတော့ စစ်ရေးကို ထည့်မပြောသွားပေမဲ့လည်း ...
movie
From Hilde with Love (2024) In Liebe, Eure Hilde
2024
6.6
Blood & Gold (2023)
Blood And Gold (2023)~ IMDb - 6.6/10, Rotten Tomatoes - 67% ~နာဇီတွေက ရှေးဟောင်းပစ္စည်းတွေ အနုပညာပစ္စည်းတွေ လက်ဝတ်ရတနာတွေနဲ့ တခြားထူးထူးဆန်းဆန်း ဂမ္ဘီရပစ္စည်းတွေကို တော်တော်စိတ်ဝင်စားကြပုံရတယ်။ ဥပမာ - ကျွန်တော်တို့ငယ်ငယ်က Indiana Jones ရုပ်ရှင်တွေထဲမှာဆိုလည်း သူနဲ့အပြိုင်ရတနာလိုက်ရှာတာက နာဇီတွေခပ်များများပဲ။ အခုဒီဇာတ်ကားကတော့ ဂျူးလူမျိုးတစ်ယောက်ချန်ထားခဲ့တဲ့ ရွှေချောင်းတွေကို နာဇီတွေလိုက်ရှာတဲ့အကြောင်းပါ။အချိန်ကာလကိုပြောရရင် ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅... ဂျာမန်တွေစစ်ရှုံးနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ သူတို့ကလက်မလျှော့သေးဘူး။ စစ်ရှုံးနေရင်းတန်းလန်း ရွှေချောင်းသွားရှာနိုင်သေးတယ်။ တကယ်က ရှာပုံတော်လို တောတောင်တွေဖြတ်ပြီးရှာကြတာမဟုတ်ပါဘူး။ သူတို့မှာ သတင်းရထားပြီးသားပါ။ ဒီမြို့မှာနေသွားတဲ့ ဒီဂျုးလူမျိုးကြီးမှာ ရွှေချောင်းသေတ္တာလိုက်ရှိခဲ့ဖူးတယ် ဆိုပြီးပေါ့။ ဒီတော့ သူတို့ကသွားယူရုံပဲလို့တွေးထားခဲ့တာပါ။ဒါပေမဲ့ အဲဒီဂျူးမိသားစုနေသွားတဲ့အိမ်က အပျက်အစီးပုံကြီးပဲကျန်တာကြောင့် နာဇီတွေအကြပ်ရိုက်ပါပြီ။ ရွှေတွေကဘယ်ရောက်နေမလဲ ဘယ်သူတွေရသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းက ကြည့်ပျော်တယ်လို့ပြောနိုင်ပြီး သေနတ်ပစ်တာတွေ၊ ရိုက်ကွင်းရိုက်ကွက်တွေကအတော်လှတယ်လို့ပြောနိုင်ပါတယ်။ ဂျာမန်ရုပ်ရှင်ဆိုတော့ ဂျာမန် Vibe ...
movie
Blood & Gold (2023)
2023
6.6
Pirates of the Caribbean: Dead Men Tell No Tales(2017)
Pirates of the Caribbean: Dead Men Tell No Tales(2017) ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်. ----------------------------------------------------------------------------------- . File Size : (2.5GB) and (1.3GB) Quality : HEVC 1080p 5.1, 720P Format…mp4 Duration…02:09:00 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
Pirates of the Caribbean: Dead Men Tell No Tales(2017)
2017
4K HEVC
6.3
The Aftermath (2019)
The Aftermath (2019)Aftermath ဆိုတာ စစ်ပြီးစ အခြေအနေလို့ အဓိပ္ပါယ်ဖွင့်ရမှာပေါ့။ မိသားစုတွေဆုံးရှုံးရတယ်... နာကျင်ခံစားရတယ်... ချစ်တဲ့သူတွေနဲ့ ခွဲခွာကြရတယ်... အစစအရာရာကို ပြန်လည်တည်ဆောက်ဆဲကာလတစ်ခုပဲ။လူးဝစ်က မဟာမိတ်အဖွဲ့က ကာနယ်တစ်ယောက် ။ စစ်ကြီးပြီးတော့ ဂျာမနီကို လာအုပ်ချုပ်တဲ့အချိန်မှာ သူ့ဇနီးရေချယ်ကိုပါ ခေါ်လာခဲ့တယ်။ သူတို့နေရမယ့်အိမ်က ဂျာမနီလူမျိုး ပညာတတ်တစ်ယောက်ရဲ့အိမ်မှာ... စစ်ကြီးပြီးတော့ နိုင်သူအကုန်မှန်ပေါ့။ ဒါပေမဲ့ လူးဝစ်က ဖြောင့်မတ်ပြီး လူကြီးလူကောင်းပီသတဲ့သူတစ်ယောက်။ အိမ်ရှင် မစ္စတာလူးဘတ်ကိုလည်း လေးလေးစားစားဆက်ဆံတယ်။ ဂျာမန်လူမျိုးတွေအပေါ်လည်း အနိုင်မကျင့်ပဲ ညှာတာစွာအုပ်ချုပ်ပေးတယ်... ဒါပေမဲ့ စစ်ဖြစ်ထားကြတာဆိုတော့ တစ်ဖက်နဲ့တစ်ဖက် လွယ်လွယ်မပြေနိုင်တဲ့ အမုန်းတရားတွေဟာ သူ့ဇနီးက ဂျာမန်တွေကို ကြည့်မရတော့တာက စပြီး သူ့ခင်ပွန်းကို မကျေမနပ်တွေစဖြစ်လာတော့တယ်။လူတစ်ယောက်ကို မုန်းဖို့ အချိန်ဘယ်လောက်လိုသလဲ။ လူတစ်ယောက်ကို ချစ်မိသွားဖို့လည်း အချိန်ဘယ်လောက်လိုပါသလဲ။ ချစ်ခြင်းနဲ့ မုန်းခြင်းကြားက စည်းက တကယ်တမ်းတော့ ပါးပါးလေးပဲ။ အဲဒီစည်းကို ကျော်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ကို ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လည်း " အမုန်းဆုံးတော့ အချစ် " ပါပဲ။(မင်းသမီးချော ကီရာနိုက်တလေရဲ့ 18+ ခန်းအချို့ပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်ရှုသင့်ပဲ တစ်ကိုယ်တည်း ...
movie
The Aftermath (2019)
2019
6.5
Blood Red Sky(2021)
Blood Red Sky (2021) အညွှန်း************************ဒီဇာတ်ကားကို စမြင်တော့ လေယာဉ်ပြန်ပေးဆွဲတဲ့ကားပဲပေါ့လို့တွေးလိုက်တာ။တကယ်လည်းလေယာဉ်ပြန်ပေးဆွဲတဲ့ကားဆိုပေမဲ့ နောက်ဆက်တွဲဇာတ်လမ်း ဇာတ်ကွက်တွေကတော်တော်ကြီးကိုဆန်းပြားတယ်...သားအမိနှစ်ယောက် အမေရိကကို ဆရာဝန်နဲ့သွားတွေ့ဖို့ အဲဒီလေယာဉ်နဲ့သွားတယ်။အဲဒီလေယာဉ်ပေါ်မှာ အရှေ့အလယ်တိုင်းသား ရူပဗေဒပညာရှင်တစ်ယောက်ပါပါလာတယ်။အဲဒီလိုနဲ့ လေယာဉ်ပြန်ပေးဆွဲခံရတယ်ပေါ့။ လေယာဉ်ပြန်ပေးသမားတွေက ရူပဗေဒပညာရှင်ရယ်တခြား အရှေ့အလယ်တိုင်းသားနှစ်ယောက်က ပြန်ပေးဆွဲတဲ့ပုံစံနဲ့ ထောင်ချောက်ဆင်ပြီးသူတို့က ခုန်ချနေခဲ့ကြမယ်လို့ စီစဉ်ထားတယ်။ ဒါပေမဲ့ သားအမိနှစ်ယောက်ထဲက အမေကို ပြန်ပေးသမားထဲကစိတ်ရူးပေါက်နေတဲ့ကောင်က သတ်လိုက်တဲ့ အချိန်မှာ အမေဖြစ်သူက မသေဘဲ ပြန်ရှင်လာတယ်။သတ်အောင်သတ်ထားတာကိုမှ အမေဖြစ်သူက ဘာလို့မသေဘဲပြန်ရှင်လာတာလဲ...ကောင်းကင်မှာသွေးတွေဘယ်လိုလွှမ်းကုန်မလဲဆိုတာကိုတော့...၂၀၂၁ ထွက် Horror, Action ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3Monပဲဖြစ်ပါတယ်....File Size :(1.8GB) (950 MB) and (480 MB) Quality : WEB-DL 1080p 5.1CH, 720p Format…mp4 Duration…01:30:00 Genre : Action , Horror , Thriller Subtitle : Myanmar Subtitle (Hard ...
movie
Blood Red Sky(2021)
The Spy 2019
ဒီဇာတ်လေးကတော့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ ဆွန်ဂျာ၀စ်ဂက်ဆိုတဲ့ အမျိုးသမီးဟာ ဒုတိယကမ္ဘာစစ်ကာလတုန်းက နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက်ပါ။ တစ်နေ့မှာ တာဘိုဗန်လို့ ခေါ်တဲ့ နာဇီစစ်ဗိုလ် တစ်ယောက်ဟာ သူ့ကို မျက်စိကျသွားပြီး သူနဲ့အတူ ညစာစားဖို့ ဖိတ်ပါတော့တယ်။ ဒါပေမယ့် ဆွန်ဂျာဟာ မသွားခဲ့ပါဘူး။ ရလဒ်အနေနဲ့ ဆွန်ဂျာ့ရဲ့ အဖေဖြစ်သူ ထောင်ထဲရောက်သွားပါတယ်။ အဲ့ဒီအချိန်မှာ ဆွီဒင်အကြီးအကဲတစ်ယောက်ဟာ ဂျာမန် (နာဇီ) ဘက်က သတင်းတွေရဖို့ ဆွန်ဂျာ့ကို သူလျှိုလုပ်ဖို့ ကမ်းလှမ်းလာပါတော့တယ်။ သူလျှိုလုပ်ခြင်းအားဖြင့် သူ့ကို သဘောကျတဲ့ တာဘိုဗန်ကိုပါ ချဉ်းကပ်ပြီး အဖေဖြစ်သူ ထောင်ထဲကလွတ်အောင် ကယ်နိုင်မှာဖြစ်လို့ ဆွန်ဂျာဟာ ကမ်းလှမ်းမှုကို လက်ခံလိုက်ပါတော့တယ် ။ ဒါပေမယ့် ထူးဆန်းမှုတွေက ထပ်ပြီးဖြစ်လာပါတယ်။ နာဇီဗိုလ်မှူးကြီး တာဘိုဗန်ဟာ ဆွန်ဂျာ့ကို ယုံကြည်မှုလွန်ကဲသွားပြီး ဆွီဒင်ဘက်ကို သူ့အတွက် သူလျှိုသူလုပ်ပေးဖို့ ဆွန်ဂျာ့ကို ပြောလာပါတော့တယ်။ ဆွန်ဂျာတစ်ယောက် နှစ်ဖက်သူလျှိုလုပ်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ...
movie
The Spy 2019