Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alexander Flores
6.6
The Greatest (2009)
The Greatest (2009)IMDb - 6.6ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ကျွန်တော်တို ချစ်ရတဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုးရတဲ့အခါမှာ ပထမဆုံးအခြေအနေကိုလက်မခံနိုင်တာမျိုး လက်ခံဖိုခက်တာမျိုးဖြစ်မယ်။ “တကယ်ကြီး သူ့ကိုနောက်ထပ်မတွေ့ရတော့ဘူးလား” ဆိုတာမျိုးပေါ့။ နောက်တော့ “ဘာလိုငါ့ကျမှဖြစ်ရတာလဲ”ဆိုပြီး ဒေါသတွေထွက်မယ် ပေါက်ကွယ်မယ်။ အဲ့စိတ်နဲ့ပဲ Depression တွေဝင်လာမယ်။ တဖြည်းဖြည်းနဲ့ ကုစားရမယ်။ ဒဏ်ရာကနက်လေ ကုဖိုအချိန်ယူရလေပေါ့။ နောက်ဆုံးတော့မှ တဖြည်းဖြည်းနဲ့ လက်ခံနိုင်လာတယ်။ “ဪ ငါတော့ သူ့ကိုတကယ်ကိုဆုံးရှုးလိုက်ရပြီ” ဆိုတာမျိုးကို လုံးဝလက်ခံသွားနိုင်တယ်။ အဲ့လိုလက်ခံနိုင်ပြီဆိုမှလည်း ဆက်ပြီးလုပ်စရာရှိတာလုပ်ပြီး ရှေ့ဆက်နိုင်မှာပါ။ ဒီလိုလက်ခံလိုက်တာဟာ Move on နိုင်ဖိုအတွက်ပထမဆုံးခြေလှမ်းဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားမှာတော့ ဆုံးရှုးမှုကြောင့် ခွဲခွါခြင်းတွေကြောင့်ဖြစ်ပေါ်လာရတဲ့ ပူဆွေးသောကဟာဘယ်လောက်တောင် အန္တရာယ်များတယ်… ဘယ်လိုဖြတ်ကျော်ရမယ်… ဆိုတာမျိုးတွေကို သူပြောချင်တဲ့ဘက်ကနေ ကောင်းကောင်းကြီးကိုချပြထားနိုင်ပါတယ်။ တစ်ခုခုကို ဒါမှမဟုတ် တစ်ယောက်ယောက်ကို မစွန့်လွှတ်နိုင်ဘဲ ရှေ့ဆက်ဖိုခက်နေတဲ့သူတွေဆို ဒီကားကိုကြည့်ပြီး တစ်စုံတစ်ခုရသွားမယ်ဆိုတာ သေချာပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူတိုင်းချစ်ခင်တာခံရတဲ့ အရမ်းထူးချွန်ပြီးလိမ္မာတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေး ဘားနက်ဟာ သူ့ချစ်သူနဲ့အတူရှိနေချိန်မှာ ကားအက်ဆီးဒန့်ဖြစ်ပြီးကွယ်လွန်သွားခဲ့ပါတယ်။ ဘားနက်လိုသားလိမ္မာလေးဆုံးရှုးလိုက်ရလို ...
movie
The Greatest (2009)
6.3
Maze Runner: The Scorch Trials (2015)
Maze Runner: The Scorch Trials (2015) ************************************* IMDb.....6.3 အားလုံးပဲစောင့်မျှော်နေကြတဲ့ Maze Runner 2 လာပါပြီ.. ဒီ Maze Runner 2 မှာတော့သောမတ်စ် ဆိုတဲ့ကောင်လေးကို WCKD အဖွဲ့က အဖွဲ့ဝင်တွေ ခေါ်ဆောင်သွားတာနဲ့ အစပျိုးထားပါတယ်...နှစ်တွေကြာလာတဲ့ အချိန်မှာတော့ သောမတ်စ်နဲ့အတူ ကျန်ရှိနေသေးတဲ့ ဂလိတ် အဖွဲ့ဝင်တွေကိုမစ္စတာ ဂျန်ဆန်က ကယ်တင်ခဲ့တယ်.. သူကတော့ WCKD အဖွဲ့ဝင်တွေရဲ့ ရန်ကနေ ကယ်တင်ပေးဖို့လို့ပြောပေမဲ့ သောမတ်စ်က မသင်္ကာလို့ စုံစမ်းလာတဲ့ အခါမှာတော့ မစ္စတာ ဂျန်ဆန်ကလည်း WCKD အဖွဲ့နဲ့ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတာကို သူ သိလာခဲ့ရပါတယ်.. ဒီနောက်ပိုင်းမှာတော့ သူတို့တွေဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားလိုက်ပါဦး.. (ဇာတ်ကားအညွန်းရေးသူကတော့ Carey Nyein ပဲဖြစ်ပါတယ်) File Size : 1.89GB/ 980MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:12:00 Genre : ...
movie
Maze Runner: The Scorch Trials (2015)
6.8
The Maze Runner (2014)
The Maze Runner (2014) ************************** IMDb.....6.8 လူငယ်လေးတစ်ယောက် ရုတ်တရက် နံရံတွေ ပတ်ပတ်လည် ကားစီးထားတဲ့ နေရာတစ်ခုကိုရောက်သွားတယ်။သူ့ထက် အရင် ရောက်ရှိနေတဲ့ လူငယ်လေးတွေဟာလည်း သူ့လိုပဲ ဖမ်းဆီးခံရပြီး ဒီနေရာကို ပို့ဆောင်ခြင်းခံခဲ့ရသူတွေပဲဖြစ်နေတယ်။ လူငယ်လေးဟာ သူ့ရဲ့နာမည်ဟာ သောမတ်စ်ဆိုတာကလွဲပြီး ဘာကိုမှ မမှတ်မိဘူး။ရုတ်တရတ် နံရံကြီးကနေ အသံတွေကြားလာရပြီး တံခါးတစ်ချပ်ကိုတွေ့ရှိသွားချိန်မှာ ဝမ်းသာအားရနဲ့ သူပြေးထွက်ဖို့ကြိုးစားပေမဲ့ ရောက်နှင့်ပြီးသား လူငယ်တွေရဲ့ တားဆီးခြင်းကို ခံရပါတော့တယ်။ဘာ့ကြောင့်လဲဆိုတော့ ဒီဂိတ်တံခါးဟာ တစ်နေ့မှာ တစ်ကြိမ်သာပွင့်ပြီး အလွန်အန္တရာယ်များလှတဲ့ ဝင်္ကပါတစ်ခုဆီကိုသွားရာဝင်ပေါက်ဖြစ်နေလို့ပါပဲ။ အပြင်ကိုပြန်ထွက်ဖို့ ဝင်္ကပါကြီးထဲကို ဝင်သွားတဲ့သူတွေ ဒုနဲ့ ဒေးရှိပေမဲ့ တစ်ယောက်မှပြန်မလာနိုင်ခဲ့လို့ ဘေးလူတွေက မဝင်ဖို့ တားမြစ်ပေမဲ့ ခေါင်းမာတဲ့ သောမတ်စ်တစ်ယောက် ဝင်ဖို့ လုပ်တဲ့အခါမှာတော့..အဲဒီ ပြန်လမ်းမဲ့ ဝင်္ကပါကြီးထဲမှာ ဘာတွေရှိနေမှာလဲ.. သောမတ်စ်တစ်ယောက် ဒီဝင်္ကဘာထဲက ရုန်းထွက်နိုင်မှာလား..ဒီဝင်္ကပါကြီးကို ဘယ်သူတွေ တည်ဆောက်ခဲ့တာလဲ... နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေသလဲဆိုတာကိုတော့ကိုယ်တိုင်သာကြည့်ရှုခံစားကြပါလို့။ဒီဇာတ်လမ်းအဆုံးမှာတော့ ဘာကိုမှ မယုံရဘူးလို့ ...
movie
The Maze Runner (2014)
Twelve (2010)
Twelve (2010) *************ဒီဇာတ်ကားက ဝှိုက်မိုက်ဆိုတဲ့ မူးယစ်ဆေးရောင်းတဲ့ လူငယ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်...အရင်ကတော့ သူက အရမ်း ချမ်းသာတဲ့ မိသားစုက ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ ကျောင်းထွက်ပြီးသူ့အရင်က အတန်းဖော်တွေကို ဆေးခြောက်ရောင်းရင်း အသက်မွေးနေရတဲ့ သူတစ်ယောက် ဖြစ်သွားပါပြီ...သူ့အမေ သေဆုံးသွားတဲ့နောက်မှာ သူ့ဘဝက အောက်ကို ပိုပြီး ထိုးကျခဲ့တော့တာပါပဲ...သူ့ရဲ့ ဝမ်းကွဲညီဖြစ်သူကလည်း ဆေးရောင်းတဲ့ကောင်တစ်ယောက်ဆီမှာ အသတ်ခံလိုက်ရပါတယ်...အဲဒီမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အဓိကအနေနဲ့ မူးယစ်ဆေးက လူငယ်တွေရဲ့ ဘဝကို ဘယ်လောက်ထိ ဖျက်ဆီးပစ်နိုင်လဲဆိုတာကိုပြောထားတာဖြစ်လို့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ လို့ ပြောလိုက်ပါရစေ...အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်...File Size : 1.64GB / 700MB Quality : BluRay 1080p 5.1ch / 720p Duration : 1 ...
movie
Twelve (2010)
6.3
Delivery Man (2013)
Delivery Man (2013) ==================အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော်Starlord မင်းသားကြီး Chris Pratt နဲ့အတူမင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့်ဟာသနှောတဲ့drama ကြိုက်သူတွေသဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။ File size… 1.33 GB / 646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. ...
movie
Delivery Man (2013)
2015