Channel Myanmar

Alex Veadov

Air Force One (1997) 6.5
Air Force One (1997) Air Force One (1997)IMDb Rating (6.5) / Rotten Tomatoes (79%)မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ် ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးက အမေရိကန်သမ္မတတွေပဲ စီးနင်းရတဲ့ Air Force One လေယာဉ်ကြီးပေါ်မှာ သမ္မတကိုပြန်ပေးဆွဲတဲ့ကားအဖြစ်နာမည်ကြီးပါတယ်။ ဘတ်ဂျက် $85 million ပဲသုံးခဲ့ပေမယ့် Box office $315.2 million ပြန်ရရှိတဲ့အထိ အောင်မြင်ခဲ့ပြီး အခုချိန်ထိ တမ်းတမ်းစွဲကြည့်နေကြရတဲ့ ရုပ်ရှင်ကားကြီးတကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့.. သမ္မတကြီးဂျိန်းမာရှယ်လ်နဲ့မိသားစုဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာတဲ့ခရီးလမ်းတခုရဲ့အလည်ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။ ပြန်ပေးသမားတွေရဲ့ လိုရင်းက ဘာလဲ သမ္မတရဲ့ အစိုးရအဖွဲ့တွေကရော ပြန်ပေးသမားတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောပါ့မလား သမ္မတကရော ဘယ်လိုတွေစွန့်စားဆုံးဖြတ်သွားမလဲဆိုတာ အသည်းတအေးအေးကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…(8.4 GB) / (2.9 GB )/ (1.2 GB) Quality…BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:05:00 Subtitle….Myanmar ...
movie

Air Force One (1997)

1997
4K HEVC
Thirteen Days (2000) 7.3
Thirteen Days (2000)  Thirteen Days (2000)IMDb Rating (7.3) / Rotten Tomatoes (83%) ဒီရုပ်ရှင်ကားလေးကတော့ ၁၉၆၂ ခုနှစ် သမ္မတကနေဒီလက်ထက်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုအကြား နျူးကလီးယားစစ်ပွဲဖြစ်လုနီးနီးဖြစ်ပျက်သွားတဲ့ သမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျူးဘားဒုံးကျည်အရေးအခင်းဆို လူတိုင်းသိကြမှာဖြစ်တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။နိုင်ငံကြီးနှစ်နိုင်ငံအကြား အားပြိုင်ကြတာကို ကမ္ဘာက စောင့်ကြည့်ရင်း ရင်တမမနဲ့ ဘယ်တော့ အန်ကယ်ဆမ်နဲ့ ဆိုဗီယက်ခရူးရှက်တို့ ထိပ်တိုက်တွေ့မလဲဆိုတာ သည်းထိတ်ရင်ဖို ဖြစ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ကိုယ်တွေ မြန်မာနိုင်ငံက အတွင်းရေးမှူးချုပ်ဦးသန့်က ကမ္ဘာ့ကုလသမ္မဂမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်ဆိုတော့ သူ့နာမည်တောင် ရုပ်ရှင်ထဲမှာပါသေးတယ်။တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့သူတွေနဲ့ သမိုင်းရဲ့ တကယ့်အဖြစ်အပျက်တစ်ခုကို အကောင်းဆုံးသရုပ်ဖော်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size…(2.9 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….02:26:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny
movie

Thirteen Days (2000)

2000
Top Gunner: America vs. Russia (2023)
Top Gunner: America vs. Russia (2023)  မင်းသားကြီး Tom Cruiseရဲ့ Top Gun Maverickလိုမျိုး အက်ရှင်ဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်လိုမျိုးပဲ စစ်ကားဆိုရင် အမြဲတမ်းလိုလို တည်လေ့ရှိတဲ့ အမေရိကန်နဲ့ ရုရှားတို့ကြားက အရှုပ်အရှင်းကိစ္စလေးတွေမှာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်ရေးကို အဓိကထားရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ရုရှားသမ္မတ ဗဆီးလီယက်ဟာ အမေရိကန် ဝါရှင်တန်မြို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတက် လာရောက်မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားမှာရှိနေတဲ့ CIAအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဗရောနီကာ့ဆီကို မိတ်ဆွေတစ်ဦးထံကနေ အရေးကြီးပြောစရာရှိတယ်ဆိုပြီး ခေါ်တွေ့ရာက ရုရှားကာကွယ်ရေးဝန်ကြီးက ရုရှားသမ္မတကို အမေရိကန်ခရီးစဉ် အမေရိကန်တို့ရဲ့မြေမှာ လုပ်ကြံပြီး အမေရိကန်အစိုးရကို အပြစ်လွှဲချပြီး သမ္မတလုပ်အာဏာသိမ်းမဲ့ အစီအစဉ်ဖြစ်ပါတယ်။ရုရှားသမ္မတကလည်း ရောက်လာပြီမို့ သူတို့သိထားတဲ့ အစီအစဉ်ကို ကြိုတင်ပြောပြ ကာကွယ်ဖို့ အတော်လေးခက်ခဲနေတဲ့ အနေအထားမှာလည်းရှိနေပါတယ်။ အစပိုင်းလေးပဲ ပြောပြထားတာဖြစ်ပြီး နောက်မှာ ဇာတ်ကြောင်းတွေအများကြီးရှိသေးတာမို့ စစ်ပွဲတွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်တတ်တဲ့သူတွေ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File ...
movie

Top Gunner: America vs. Russia (2023)

Snow White and the 7 Samurai (2024)
Snow White and the 7 Samurai (2024) ဇာတ်လမ်းအကျဉ်းကတော့ ... အန်ညာဟာ လော့စ်အိန်ဂျယ်လိစ်က ရာဇဝတ်ဂိုဏ်းခေါင်းဆောင် တစ်ယောက်ရဲ့ သမီးပါ။ သူ့အဖေဟာလည်း လေးဦးအဖွဲ့ဆိုတဲ့ အဖွဲ့နဲ့ မြို့ကြီးကို လက်ဝါးကြီး အုပ်ထားတာပါ။ သူ့ကို စနှိုးဝှိုက် ဆိုပြီးနာမည်ပြောင်ခေါ်ကြပါတယ်။ ဘယ်ကမှန်းမသိတဲ့ လုပ်ကြံရေးသမားတစ်ယောက်က လုံခြုံရေးတွေကို ဘယ်လိုကျော်လာတယ်မသိ အန်ညာ့အဖေကို လုပ်ကြံသွားပါတယ်။ သူ့အဖေ သေတော့ အမွေတွေအားလုံးကို အန်ညာ့ကို ပေးထားခဲ့ပြီး မိထွေးဖြစ်သူ ကွင်းစ်က နည်းနည်းလေးပဲ ရလို့ မကျေနပ်ပါဘူး။ ဒါနဲ့ပဲ မိထွေးက အန်ညာ့ကို လုပ်ကြံခိုင်းတာ အန်ညာက မသေဘဲ လွတ်မြောက်သွားပြီး အိုနာမူရှာဆိုတဲ့ အမျိုးသမီး ဆာမူရိုင်း ၇ ယောက်နဲ့ တွေ့ပါတယ်။ အန်ညာလည်း ဆာမူရိုင်း ၇ ယောက်နဲ့ပေါင်းပြီး သူ့မိထွေး ကွင်းစ်ကို ပြန်လည်တိုက်ခိုက်ပြီး သူ့အမွေတွေ ပြန်လုပါတော့တယ်......အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်Genre.....Action Quality…. 1080p WEB-DL | 720p WEB-DL File size… 1GB | 540MB Format… mp4 Duration…. 1h 28min Subtitle…. ...
movie

Snow White and the 7 Samurai (2024)

Contact (1997) 7.5
Contact (1997) Contact (1997)IMDb Rating (7.5) / Rotten Tomatoes (68%)Forrest Gump တို့  Cast Away တို့  Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် ...
movie

Contact (1997)

The Equalizer (2014) 7.2
The Equalizer (2014) The Equalizer (2014)IMDb Rating (7.2) / Rotten Tomatoes (61%)မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ...ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့The Equalizer  ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ..နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ...ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington ကတကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။The Equalizer 2014 ဇာတ်ကားမှာတော့ ပြည့်တန်ဆာမလေးအဖြစ် မင်းသမီး Chloë Grace Moretz လဲ ပါဝင်ထားပါတယ်။The Equalizer ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.to/?s=the+equalizer ကြည့်ပါ။ File size…(5.1 ...
movie

The Equalizer (2014)

2014
4K HEVC
We Own the Night(2007)
We Own the Night(2007)  ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.9GB)  / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre...  Drama / Crime / ...
movie

We Own the Night(2007)

Act of Valor(2012) 7.0
Act of Valor(2012)   Act of Valor (2012) ကော်စတာရီကာရဲ့ဟိုတယ်တစ်ခုမှာCIA အေးဂျင့်၂ယောက်တည်းခိုနေတယ်...ဒီသတင်းကိုဘယ်ကဘယ်လိုရတယ်မသိ..အကြမ်းဖက်သမားများရောက်ရှိလာပြီးအမျိုးသားအေးဂျင့်ကိုတော့နဖူးကိုကျည်တစ်တောင့်ပစ်ကျွေးပြီးအမျိုးသမီးအေးဂျင့်ဖြစ်သူကိုတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်....ဒီနောက်မှာတော့အမျိုးသမီးအေးဂျင့်ကိုပြန်လည်ခေါ်ယူဖို့မရိန်းစစ်သားတွေကိုအမေရိကန်တို့စုစည်းခဲ့တယ်...အေးဂျင့်အမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်သူဟာတကယ့်ထိပ်သီးဒုစရိုက်ခေါင်းဆောင်ဖြစ်နေတဲ့အပြင်ခေတ်မှီလက်နက်ကြေးစားလက်နက်ကိုင်စစ်သည်တို့အပြည့်နဲ့ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်...ဒီအမှုမှာမူးယစ်ရာဇာတွေအကြမ်းဖက်သမားတွေနဲ့တကယ့်ကိုကြောက်စရာအရှုတ်အထွေးကြီးပါပဲ...ဒါပေမယ့် ကယ်ထုတ်တဲ့စစ်ဆင်ရေးဟာ ထင်သလောက် မလွယ်ကူတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဟာအမေရိကန်နိုင်ငံအတွက် စက်တင်ဘာ-၁၁ရက် အရေးအခင်း ထက်ပိုဆိုးတာတွေ ကြုံလာနိုင်ကြောင်း သိရှိလာရတဲ့အခါမှာတော့…..။ကိုင်းမရိန်းတပ်သားတွေဘယ်လိုအစီအစဉ်တွေဆွဲကြလဲ....သူတို့အကုန်လုံးအသက်ပျောက်သွားနိုင်လား...အောင်မြင်ကြပါ့မလား...CIA အေးဂျင့်အမျိုးသမီးကိုရောကယ်တင်နိုင်ပါ့မလား....ထင်ထားတာထက်တိုက်ပွဲတွေကြမ်းနေမလား...ခံစားကြည့်လိုက်ပါဦးဗျို့...စစ်ကားကြိုက်သူတို့အဖို့နင်းကန်ကြည့်သင့်ပါကြောင်း.......  File Size :(2.5GB) (1.1 GB) and (327 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:41:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae
movie

Act of Valor(2012)

2012