Channel Myanmar

Alex Trumble

Hats Off to Love (2025) 5.8
Hats Off to Love (2025)  စတယ်လာ စတုန်းဆိုတဲ့ မိန်းကလေးဟာ ကလေးဘဝကတည်းက ဦးထုပ်ဖန်တီးသူတစ်ဦး ဖြစ်ချင်ခဲ့တဲ့သူဖြစ်ပါတယ်...အရွယ်ရောက်လာချိန်မှာတော့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဦးထုပ်ဖန်တီးသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်...ဒါပေမဲ့ တက်သစ်စလူငယ်တစ်ယောက်ဖြစ်သလိုဦးထုပ်ဖန်တီးတဲ့ လုပ်ငန်းဟာလည်းခေတ်နောက်ကျနေပြီဖြစ်တာကြောင့် နာမည်ကြီးပုဂ္ဂိုလ်တွေလောက်ပဲဦးထုပ်ဖန်တီးသူတွေကို ငှားရမ်းကြတော့တာပါဒါကြောင့် စတယ်လာဟာ သူ့ရဲ့အရည်အချင်းကိုထုတ်ပြဖို့အတွက် မြင်းပြိုင်ပွဲနဲ့အတူ ပူတွဲကျင်းပတဲ့ဦးထုပ်ပြိုင်ပွဲမှာ အလှဆုံးဦးထုပ်ဆုကို အရယူဖို့ကြိုးစားပါတယ် .. ဒါကြောင့် နာမည်ကြီး မောဒယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရော့ဆီလန်းကို ချဉ်းကပ်ခဲ့ပါတယ် ရော့ဆီလန်းကလည်း အဲဒီဆုကို ရယူချင်နေသူဖြစ်ပြီး စတယ်လာဆီမှာ ဦးထုပ်အပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်..ရော့ဆီလန်းရဲ့ သားဖြစ်သူ ခရစ်ရှန်က မြင်းဝါသနာအိုးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ မြင်းကို မြင်းပြိုင်ပွဲမှာဝင်ပြိုင်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ် မြင်းအကြောင်းတွေကိုအနည်းငယ်နားလည်ထားတဲ့ စတယ်လာကလည်းခရစ်ရှန်ကိုပါ ကူညီပေးရင်းနဲ့ နှစ်ယောက်သား ခင်မင်ရင်းနှီးသွားပါတော့တယ်..ဒီလိုနဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ အလှဆုံးဦးထုပ်ဆုကိုရရှိသွားမလားဆိုတာနဲ့ ခရစ်ရှန်နဲ့ရော ဘယ်လိုမျိုးဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..အမျိုးသား တွေအတွက် အဓိကကျင်းပတဲ့ မြင်းပြိုင်ပွဲမှာအမျိုးသမီးတွေအတွက် ဦးထုပ်ပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပပြီး အမျိုးသမီးတွေကိုပါ ဦးစာပေးတတ်တဲ့ ဓလေ့တွေနဲ့ ဝတ်စားဆင်ယင်ဖို့အတွက် ဖက်ရှင်ဒီဇိုင်းတွေကိုဘယ်လိုအဓိပ္ပါယ်စိတ်ကူးတွေနဲ့ ...
movie

Hats Off to Love (2025)

Couples Retreat Murder (2024) 5.0
Couples Retreat Murder (2024)  ဒီဇာတ်ကားကတော့ ဒါရိုက်တာ Amy Barrett ရိုက်ကူးထားပြီးJessica Morris, Rib Hillis, Natalie Daniels စတဲ့ မင်းသား၊မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thrillerသည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ဒီကားအစမှာတော့ ဂျင်မ်နဲ့ ဘက်ကီတို့က ရန်အမြဲဖြစ်နေကြတဲ့စုံတွဲတွေဖြစ်ပါတယ်။ ဂျင်မ်ကအလုပ်ပဲလုပ်နေတယ်လို့ ဘက်ကီကထင်ပြီးတော့ ဘက်ကီက အမြဲရန်လုပ်နေလို့ ဂျင်မ်ကစိတ်ပျက်‌နေတာပါ။ ဒီလိုနဲ့ သူတို့စကားများပြီးနောက်မှာ ဘက်ကီကသူငယ်ချင်းဖြစ်တဲ့ ပေါလီနာနဲ့ ဘားမှာသောက်ဖို့ချိန်းရင်းအိမ်ထောင်ရေးအကြောင်း ရင်ဖွင့်ပါတယ်။ပေါလီနာက သူတို့လင်မယားလည်းအဆင်မပြေလို့ စုံတွဲတွေဆက်ဆံရေးအဆင်ပြေဖို့ အကြံပေးဆွေးနွေးပေးမယ့်‌ အပန်းဖြေစခန်းတစ်ခုကို သွားဖို့အကြံပေးလိုက်တဲ့အခါ သူငယ်ချင်းစုံတွဲနှစ်တွဲလုံး စခန်းဝင်ဖို့ဖြစ်လာခဲ့ပါတယ်။‌ဝေးပြီးခေါင်တဲ့စခန်းကြောင့် ဂျင်မ်က သိပ်သဘောမကျသလိုပေါလီနာယောကျ်ား ဖေးလ်က ဘက်ကီနဲ့ဇာတ်လမ်းရှိဖူးခဲ့တာကိုသိနေခဲ့ပါတယ်။အဲဒီနောက် အပန်းဖြေစခန်းက တာဝန်ခံကလည်း ဘက်ကီကိုကြိုက်သွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ဇာတ်လမ်းတွေရှုပ်လာတဲ့အချိန် စခန်းချသွားရင်း ဖေးလ်တစ်ယောက် ပျောက်သွားတဲ့အခါ...‌စခန်းကိုပြန်ရောက်တဲ့အချိန် ကျန်တဲ့သူတွေမရှိတော့ဘဲသူတို့စုံတွဲနှစ်တွဲပဲ ကျန်နေပြီး တာဝန်ခံဖြစ်တဲ့ အယ်လန်ကလည်းအသတ်ခံလိုက်ရတဲ့အခါ...ဘယ်သူကလူသတ်သမားလဲ...ဘာတွေဆက်ဖြစ်မှာလဲ...သူတို့တွေရော လွတ်မြောက်သွားနိုင်မလား...ရင်ခုန်စွာနဲ့ မထင်မှတ်ထားတဲ့ plot twisတွေကိုဖြေရှင်းရင်းကြည့်ရှုခံစားရမှာပါ။   File size… (1.40 GB) / (668 MB) Quality… WEB-DL ...
movie

Couples Retreat Murder (2024)

A Missed Connection (2024) 5.8
A Missed Connection (2024)  အားလပ်ရက်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Romance ကားလေးကြည့်ချင်တယ်ဆိုရင်တော့ rating 5.8 ရှိတဲ့ A missedconnection ဆိုတာကားလေးရှိပါတယ်။ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့ကြသလဲ ဆိုတဲ့အတိုင်းဗစ်ကီနဲ့ မက်စ်တို့ဟာ ရထားဘူတာမှာ ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ် တွေ့ကြ ပြီး ဘူတာမှာပဲ လွဲခဲ့ကြပါတယ်။ဗစ်ကီဟာ ငါးနှစ်တာplanတွေကို ချထားပြီးရည်မှန်းချက်ကြီးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ဘူတာမှာလွဲပြီး ငါးနှစ်ကြာသွားတဲ့အခါ သူ့ငါးနှစ်တာplanအတိုင်းမင်္ဂလာပွဲကိုအပန်းဖြေကျွန်းတစ်ခုပေါ်မှာ လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ဘူတာမှာလွဲသော်လည်း ကံတရားကသူတို့နှစ်ဦးကို ပြန်လည်တွေ့ဆုံစေချင်တဲ့အတွက် ဓာတ်ပုံဆရာဖြစ်လာတဲ့ မက်စ်ကဗစ်ကီရဲ့ မင်္ဂလာပွဲအခိုက်အတန့်တွေ့ကိုဓာတ်ပုံရိုက်ပေးဖို့အလုပ်ကမ်းလှမ်းခံရပါတော့တယ်။သူတို့နှစ်ဦးဟာ ကျွန်းဆီကိုဆိုက်မဲ့လေယာဥ်ရှိရာ လေယာဥ်ကွင်းမှာ ဒုတိယအကြိမ်ပြန်ဆုံခဲ့ကြတဲ့အခါ သူတို့အချင်းချင်းပြန်မှတ်မိကြမလား... တစ်ယောက်ပေါ်တစ်ယောက်ဘယ်လိုခံစားချက်တွေရှိနေသေးမလဲလေယာဥ်ကွင်းမှာရောပြန်လွဲ ကြဦးမှာလား ဆိုတာတွေကိုပေါ့ပေါ့ပါးပါးနဲ့စိတ်ဝင်စားဖွယ်ရှူစားနိုင်မှာဖြစ်ပါတယ်။မတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုတွေ့တဲ့အခါဘာတွေဖြစ်ကြမလဲဆက်ဆံရေးတစ်ခုမှာ ဘာကအရေးကြီးဆုံးလဲ ဦးနှောက်နဲ့ပဲဆုံးဖြတ်ပြီးဘဝကိုဖြတ်သန်းလာတဲ့ဗစ်ကီကို နှလုံးသား စေရာနောက်လိုက်ဖို့ မက်စ်ကလမ်းပြပေးတဲ့အခါ ဗစ်ကီတစ်ယောက်ရဲ့ဘဝလေးဘယ်လိုပြောင်းလဲသွားမလဲကို မိသားစုအချစ် သူငယ်ချင်းအချစ် သူစိမ်းအချစ်တွေနဲ့အတူ ရသပေါင်းစုံကိုလည်းခံစားရနိုင်မဲ့ကားလေးပဲဖြစ်ပါတယ်.... File size… (2.16GB) / (0.99GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ...
movie

A Missed Connection (2024)

Lucky Hearts (2023) 5.6
Lucky Hearts (2023)  ဒီနေ့တော့ Lucky hearts ဆိုတဲ့ ပေါ့ပေါ့ပါးပါး Romance Comedy ကားလေးနဲ့မိတ်တက်ပေးပါရစေ စိတ်ပြေလက်ပျောက် ရယ်မောရစေမယ့်အချစ်ဟာသဇာတ်မြူးလေးပါပဲဇာတ်လမ်းအညွှန်းကတော့သဘာဝအလှကုန်တွေဖန်တီးတဲ့နေရာမှာ ပါရမီပါတဲ့ ရိုစီအန်း။ သူ့ကြောင့် အနီးနားကလူတွေကံကောင်းတတ်ကြလို့ lucky charmလေးလို့ခေါ်ကြပေမယ့် သူ့မှာတော့ အချစ်ရေးကျိန်စာသင့်နေသလို အလွဲလွဲအချော်ချော်ဖြစ်နေကျပါ။ Lucky clover ဆိုတဲ့သူ့ကိုယ်ပိုင် မိတ်ကပ်ကုမ္ပဏီလေး ဆက်လည်ပတ်ဖို့ ရင်းနှီးမြှုပ်နှံသူရှာရင်းနဲ့ ဆိုင်မွန် ဆိုတဲ့ လူချောလေးနဲ့ဆုံမိရာမှ ရိုစီအန်းရဲ့ အမြဲတမ်းဆိုးနေတတ်တဲ့ အချစ်ရေးကံတစ်ပတ်ပြန်လည်လာမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

Lucky Hearts (2023)

The Search for Secret Santa (2022) 5.7
The Search for Secret Santa (2022)   “လျှို့ဝှက်ဆန်တာရှာပုံတော်”ခရစ်စမတ်အားလပ်ရက်မှာ အလွတ်တန်းသတင်းထောက်မလေးဆိုဖီယာက တိုက်ခန်းတစ်ခန်းမှာငှါးနေဖြစ်ခဲ့ပါတယ်၊တနေ့ဆိုဖီယာဟာ ပစ္စည်းတွေကို စတိုခန်းထဲသွားထားရင်း အဲ့မှာ မဖောက်ရသေးတဲ့ခရစ်စမတ်လက်ဆောင်လေးကိုတွေ့လိုက်ရပါတယ်။ အက်ဘီဂေးလ်အတွက်လျှို့ဝှက်ဆန်တာကပေးထားတာလေးပါ။ဒါပေမဲ့လက်ဆောင်ကနှစ်ပေါင်းအတော်ကြာထိပိုင်ရှင်ဆီလည်းမရောက်သေးတော့သတင်းထောက်ပြီပြီစူးစမ်းရင်းဆောင်းပါးလေးပါရေးဖြစ်ပါတော့တယ်၊လက်ဆောင်ထဲမှာဘာတွေပါလဲ၊ လျို့ဝှက်ဆန်တာကဘယ်သူလဲ၊အက်ဘီဂေးလ်ဆိုတာဘယ်သူလဲ၊ ဘာလို့လက်ဆောင်ကဒီအတိုင်းရှိနေရသေးတာလဲစသဖြင့်မေးခွန်းတွေကိုအဖြေရှာသွားမှာဖြစ်ပါတယ်။ရှာပုံတော်ခရီးစဉ်ကိုပါဝင်အားဖြည့်ပေးတာတော့ရှေးဟောင်းပစ္စည်းတွေကိုစိတ်ဝင်စားတဲ့ဂျက်ဆင်ဖြစ်ပြီး နှစ်ဦးသားအဖြေရှာရင်းနှလုံးသားရေးရာအဆင့်တွေဘယ်လိုတက်သွားမလဲဆိုတာ ခရစ်စမတ်အငွေ့အသက်နဲ့ ရိုမန့်စ်ဆန်ဆန်ကြည့်ရမှာပါ။ File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

The Search for Secret Santa (2022)

Megalodon: The Frenzy (2023)
Megalodon: The Frenzy (2023)  Megalodonငါးမန်းကြီး‌တွေလို့ပြောလိုက်ရင် လူတွေကိုလိုက်လံတိုက်ခိုက်တဲ့အစွယ်တဖွေးဖွေးနဲ့ ဧရာမငါမန်းကြီးတွေဆိုတာ အထူးတလည်မိတ်ဆက်စရာလိုမယ်မထင်ပါဘူး....။ဒီဇာတ်လမ်းကလည်း ဒီလိုသဲထိတ်ရင်ဖိုကြည့်ရမယ့် ငါးမန်းကားပါပဲ...။ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းလွန်တွင်းတူစင်တစ်ခုမှာ သုတေသနလုပ်ရင်းနဲ့Megalodonငါးမန်းကြီးပေါ်လာပါတယ်....။ပေ ၂၀၀လောက်ရှိတယ်လို့ဆိုပါတယ်...။သို့ပေမဲ့ ဒီငါးမန်းမျိုးက ဒီတစ်ကောင်တည်းမကပါဘူး...။အမေရိကန်စစ်သင်္ဘောတစ်စီးကိုတိုက်ခိုက်သွားတဲ့ ငါးမန်း၊ ကမ်းခြေမှာတိုက်ခိုက်သွားတဲ့ငါးမန်းဆိုပြီး ငါးမန်းတွေ တစ်‌ကောင်ပြီးတစ်ကောင်ပေါ်လာပါတယ်...။လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသန်းခွဲလောက်ကတည်းက မျိုးတုံးသွားပြီလို့သိထားတဲ့ဒီငါးမန်းတွေဟာ အခုကျမှ ဘာလို့ရုတ်တရက်တစ်ကောင်ပြီးတစ်ကောင်ပေါ်ထွက်လာလဲအဖြေရှာကြည့်တဲ့အခါမှာတော့....။ File size…1.38GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Megalodon: The Frenzy (2023)

You Can’t Escape Me (2023) 5.6
You Can’t Escape Me (2023) တက်သစ်ပန်းချီဆရာမတစ်ဦးဖြစ်သူ အယ်ရင်ကာဗာနဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဂျဲရက်ကာဗာတို့ဟာ အိမ်ထောင်ကျခါစလင်မယားတွေပါ။ ဂျဲရက်ဟာ တရားသူကြီးမျိုးရိုးထဲက ဆွေးကြီးမျိုးကြီးတစ်ယောက်ဖြစ်ပေမယ့် အယ်ရင်ကတော့ မိဘနှစ်ပါးလုံးဆုံးပါးသွားပြီဖြစ်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ကြိုးစားနေရတဲ့ ပန်းချီဆရာမတစ်ယောက်ပါ။ ဂျဲရက်ဟာ မိန်းမဖြစ်သူအပေါ်ကိုအရမ်းချုပ်ချယ်ပြီး အချိန်ပြည့် သူ့စိတ်တိုင်းကျ သူထားလိုရာမှာထားလို့ရမဲ့ အရုပ်တစ်ခုအဖြစ် လွှမ်းမိုးချုပ်ကိုင်ချင်သူတစ်ယောက်ပါ။အိမ်ထောင်ကျပြီးနောက်ပိုင်း ယောင်္ကျားဖြစ်သူရဲ့ မနာလို၀န်တိုမှုကြီးမားပုံတွေ၊ အဆိပ်အတောက်ဆန်တဲ့ အပြောအဆို အပြုအမူတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေကို အယ်ရင်တစ်ယောက် တွေ့ကြုံခံစားလိုက်ရတဲ့အခါမှာတော့ သူ့သူငယ်ချင်းရဲ့အကူအညီနဲ့ ပေါ့လန်းမြို့ကိုပြောင်းပြေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပေါ့လန်းမြို့မှာ အခြေချပြီး ၅လအကြာမှာတောင် အယ်ရင်တစ်ယောက် မလုံခြုံသေးတာကို သိလိုက်ရတဲ့နောက်မှာတော့ သူခံစားနေရတဲ့စိတ်ဒဏ်ရာတွေ၊ ခြိမ်းခြောက်မှုတွေကနေ ဘယ်လိုရုန်းထွက်ဖို့ကြိုးစားမလဲ၊ ဂျဲရက်သူ့မျက်စိရှေ့ကိုပြန်ရောက်လာခဲ့ရင် ပြန်ရင်ဆိုင်ဖို့ရာသူဘယ်လိုကြိုးစားမလဲ၊ ဂျဲရက်ရဲ့လက်ထဲကနေရော သူလွတ်မြောက်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(1.6 GB)/(820 MB)/(460 Mb) Quality….Webrip 1080p / 720p / 480pFormat…mp4 Duration….01:30:00 Genre...TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

You Can’t Escape Me (2023)

The Wedding Wish (2023) 6.2
The Wedding Wish (2023) The Wedding Wish (2023)~ IMDb rating - 6.2/10 ~ဒီတစ်ခါ မိတ်ဆက်​ပေးမယ့်ကား​လေးက​တော့ 2023 မှာထွက်ရှိထားတဲ့ အသက် 35 နှစ်အမီ မင်္ဂလာ​ဆောင်ချင်တဲ့ ဂျန်နီနယူးလပ်ရဲ့ ​ကောင်​လေးရှာပုံ​တော်ဖွင့်တာ​လေးကို ဟာသဆန်ဆန် ​ရိုက်ပြထားထားတဲ့ Comedy, Romance ကား The Wedding Wish ​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~အသက် ၃၅ နှစ်ပြည့်​မွေး​နေ့မှာ အပြီးပြည့်စုံဆုံး ​အမျိုးသားနဲ့ အ​ကောင်းဆုံး မင်္ဂလာပွဲကိုကျင်းပရမယ်လို့ ​ဗေဒင်ဆရာက ​​ဟောကိန်းထုတ်လိုက်တာ​ကြောင့် ဂျန်နီတစ်​ယောက် ၃၅ နှစ်ပြည့်ခါနီးထဲက စိတ်​တွေလှုပ်ရှားပြီး ခန်းမ​တွေ ဘိုကင်လုပ် မိတ်ကပ်​အဖွဲ့​တွေ ငှားထား​ပေမယ့် သူ့မှာ မရှိ​သေးတာက သူ့ကိုလက်ထပ်မယ့် သတို့သား​လောင်းပါ။ သတို့သားရှာပုံ​တော်ဖွင့်ရင်း ကြုံ​တွေ့ရမယ့် ဟာသ​တွေ၊ သူငယ်ချင်း​တွေရဲ့ ကူညီမှု​တွေနဲ့ ဂျန်နီ​တစ်​ယောက် သတို့သား​​လောင်းကို​တွေ့သွားလား... ဟောကိန်းကမှန်သွားလား... ဒါမှမဟုတ် ဂျန်နီ​တစ်​ယောက် ​​​ဟောကိန်းကမဖြစ်နိုင်ဘူးဆိုတာကို ...
movie

The Wedding Wish (2023)

2023