Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alex Jordan
7.5
The Glassworker (2024)
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုပေမဲ့ အချစ်နဲ့ စစ်နဲ့ရောလာတဲ့အခါမှာတော့ ချစ်ရသူနဲ့ ကွေကွင်းရဖိုက သေချာလာပါတော့တယ်။ စစ်ပွဲတွေကဘယ်တော့မှမကောင်းဘူးဆိုတဲ့ စစ်ဆန့်ကျင့်ရေးဝါဒကြောင့် မြိုထဲက အတော်ဆုံး ဖန်လုပ်သမား သားအဖဖြစ်တဲ့ ဗင်းဆင့်တို သားအဖဟာ လူတိုင်းဖယ်ကျဉ်တာကို ခံရတဲ့ မိသားစုဖြစ်နေပါတယ်။ ဒီဇာတ်လမ်းက ထူးထူးခြားခြား ပါကစ္စတန် အန်နီမေးရှင်းဇာတ်ကားလေးပါ။ဝေဖန်သူတွေကြားမှာလည်း အန်နီမေးရှင်းစတိုင်ကောင်းတာရယ် ဇာတ်လမ်းအသွားအလာရယ်ကြောင့် နာမည်ကောင်းတော်တော်လေး ရထားပါတယ်။စစ်ကာလအတွင်းမှာဗိုလ်ချုပ်ကြီး ရဲ့သမီးလေးတစ်ယောက်ကို မှ ချစ်ကျွမ်းဝင်မိတဲ့ စစ်ဆန့်ကျင်ရေး ဝါဒီ တစ်ယောက်ရဲ့ သားကတော့ စစ်ထောက်ခံတဲ့လူတွေကြားမှာ မျက်နှာပန်းမလှခဲ့ပါဘူး။ ဒီဇာတ်လမ်းက တစ်နည်းနည်းတဖုံဖုံနဲ့ Anti - War ဖြစ်နေပြီးတော့ တစ်နည်းနည်းနဲ့ပဲ အချစ်ဇာတ်လမ်းလည်း ဖြစ်နေပါတယ်။ စစ်ကာလမှာ ဖန်လုပ်သားဖြစ်တဲ့ ဗင်းဆင့်တိုသားအဖကဘယ်လိုရုန်းကန်ရမလဲ ဘယ်လို ကံကြမ္မာဆိုးတွေဝင်လာပြီးတော့ ဗင်းဆန့်ရဲ့ အချစ်ရေးကရော စစ်ကြီးအတွင်းမှာ သူကိုယ်တိုင်လုပ်ထားတဲ့ ဖန်ထည်တွေလို လှပ ပါ့မလားဆိုတာကို ဒီ ဇာတ်လမ်းလေးထဲမှာ ကြည့်စေချင်ပါတယ်။ File size… 1.1 GB / 565 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 38m Subtitle….Myanmar ...
movie
The Glassworker (2024)
6.6
The Lord of the Rings: The War of the Rohirrim (2024)
ကမ္ဘာကျော် The Lord of the Rings ဇာတ်လမ်းတွေထဲက တစ်ခုကိုထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီးမဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two Towersထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm's Deep ရဲတိုက်ကြီးရဲ့ သမိုင်းကိုအခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းကဇာတ်လမ်းပါပဲ။ ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် The Two Towers နဲ့ The Returnof the Kings မှာပါတဲ့ Éowyn က ပြောပြသလို ဖန်တီး ထားတာဖြစ်ပြီးÉowyn ရဲ့ အသံသရုပ်ဆောင်အဖြစ် Miranda Otto က ပါဝင်ထားပါတယ်။ဘုရင်ကြီး သီအိုဒန်ဟာ ရိုဟန်ရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်ပြီး အခုရုပ်ရှင်ထဲမှာတော့ ရိုဟန် ၉ ဆက်မြောက်နဲ့ ၁၀ ဆက်မြောက်ဘုရင်ရဲ့ သမိုင်းကိုပြသထားတာဖြစ်ပါတယ်။ LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက တတိယခေတ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ...
movie
The Lord of the Rings: The War of the Rohirrim (2024)
4K HEVC
8.2
Paddington 2 (2017)
ဘရောင်းမိသားစုနဲ့အတူ လန်ဒန်မှာ အခြေချနေထိုင်တဲ့ ဝက်ဝံလေးပက်ဒင်တန်ဟာ ဘာ လုပ်လုပ် အလွဲလွဲအချော်ချော် ဖြစ်ပေမယ်လို့ လူတိုင်းကိုကူညီလို စိတ်ရှိတဲ့အတွက် ချစ်ခင်သူများပါ တယ်။ ဘရောင်းမိသားစုမှာလည်း အိုလံပစ်ယာဉ်မောင်းဖြစ်ဖို့ ကြိုး ပမ်းနေတဲ့ မေရီ၊ ရာထူးမတိုးသေး တဲ့ ဟင်နရီ၊ ချစ်သူနဲ့လမ်းခွဲလိုက် တဲ့ ဂျူဒီ၊ အရွယ်ရောက်လာတဲ့ ဂျိုနသန်စတဲ့ အပြောင်းအလဲ များစွာနဲ့ပါ။ တစ်ရက်မှာတော့ အန်တီ လူစီရဲ့ အသက်ရာပြည့်မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ဆင်မြူရယ်ဂရူဘာရဲ့ ရှေး ဟောင်းပစ္စည်းဆိုင်က Pop Up စာအုပ်လေးဝယ်ပေးဖို့ စိတ်ကူး ထားတာကြောင့် ပက်ဒင်တန်ဟာ အလုပ်မျိုးစုံလုပ်ရင်း ငွေစုခဲ့ပါ တယ်။ ပိုက်ဆံပြည့်တဲ့နေ့မှာ စာ အုပ်သွားဝယ်ရင်း သူဝယ်မယ့် စာအုပ်သူခိုးခိုးသွားတာ တွေ့ပေ မယ့်လို့ ပက်ဒင်တန်ဟာ စာအုပ် သူခိုးအဖြစ် မှားယွင်းစွပ်စွဲခံရပြီး သက်သေမပြနိုင်တဲ့အတွက် အ ဖမ်းခံခဲ့ရပါတယ်။ဘရောင်းမိသားစုကလည်း ပက်ဒင်တန် ...
movie
Paddington 2 (2017)
2017