Channel Myanmar

Alex Hook

The Killer Is Calling (2025) 5.5
The Killer Is Calling (2025)  ရုပ်ရှင်ချစ်ပရိသတ်ကြီးကို ယခုတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Mystery/ Thriller/ Crimeအမျိုးအစားဖြစ်ပါတယ်...ဒီကားလေးမှာဆိုရင် ရဲဌာနရဲ့ ရုံးခန်းအတွင်းကနေပြီးဖုန်းလက်ခံဖြေဆိုရတဲ့ အရာရှိကို ဇာတ်အိမ် အခြေပြုကာတုန်လှုပ်ခြောက်ခြားဖွယ်ရာ ပဟေဠိဆန်ဆန် လူသတ်မှုကိုဖော်ထုတ်ပုံ ကာကွယ်ပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်..ဖေးဟာ ၉၁၁ အရေးပေါ်ဖုန်းများကို လက်ခံဖြေဆိုပေးရတဲ့ကျွန်းတစ်ကျွန်းပေါ်က အရာရှိတစ်ယောက်ဖြစ်ပါတယ်..တာဝန်ထမ်းဆောင်သည့် သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ဖေးဟာ ‌ဖြစ်ပေါ်လာသမျှ အရေးပေါ်ကိစ္စအဝဝကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းရင်း အောင်မြင်တဲ့ ဖုန်းလက်ခံဖြေဆိုသူတစ်ယောက်လည်း ဖြစ်ပါတယ်..တစ်ညမှာတော့ ရဲဌာနမှာ မမျှော်လင့်ထားတဲ့ အစာအဆိပ်သင့်မှုဖြစ်ပွားပြီး တာဝန်ချိန်မဟုတ်တဲ့အတွက် အိမ်ပြန်ရောက်နေတဲ့ဖေးဟာ ရဲဌာနဆီ ညတွင်းချင်းပြန်ခဲ့ရာ လူသတ်မှုတစ်ခုမှဖုန်းတစ်လုံး ဝင်လာခဲ့ပါတယ်.အိမ်ထဲကို လူသတ်သမားတစ်ယောက် ဝင်ရောက်လာပြီး ယောက်ျားဖြစ်သူကို သတ်တဲ့အတွကိကြောင့် အကူအညီတောင်းခံတဲ့ဇနီးသည်ရဲ့ ဖုန်းဖြစ်ပြီး ရဲတပ်ဖွဲ့ကို စေလွှတ်ခဲ့သော်လည်းအသက်ဆုံးရှုံးပြီးသား ကိုယ်ခန္ဓာကိုသာ တွေ့ရှိခဲ့ရပါတယ်..သို့သော်လည်း ခေါ်ဆိုထားတဲ့ဖုန်းဟာ ဖုန်းချသွားခြင်းမရှိဘဲထူးဆန်းစွာပဲ ယောက်ျားကြီးတစ်ယောက်ရဲ့အသံ ပေါ်ထွက်လာပါတော့တယ်..ထိုယောက်ျားကြီးဟာ ဖေးနဲ့ ဖေးရဲ့မိသားစုကိုပါ သတ်ဖြတ်မှာဖြစ်တဲ့အကြောင်း ပြောဆိုပြီး သတ်ဖြတ်မှုကို တားဆီးစေချင်ကဘာကြောင့်အခုလိုသတ်ဖြတ်နေရသလဲဆိုတဲ့မေးခွန်းရဲ့ အဖြေကိုသိအောင်လုပ်ဖို့ လူအများရဲ့အသက်နဲ့ လောင်းကြေးထပ်ရတဲ့တာဝန်ကို ဖေးပုခုံးပေါ် တင်ပေးလိုက်တဲ့အခါမှာတော့ ...
movie

The Killer Is Calling (2025)

A ’90s Christmas (2024) 6.0
A ’90s Christmas (2024)  ပစ္စုပ္ပန်မှာရှင်သန်နေရတဲ့လူသားတွေဟာ အတိတ်ကိုရောအနာဂတ်ကိုပါပြောင်းလဲပြင်ဆင်လိုမရပါဘူး။မိသားစုဝင်တွေနဲ့ရော သူငယ်ချင်းတွေနဲ့ပါအဆက်အသွယ်ဖြတ်ပြီးအလုပ်တွေပဲဖိလုပ်နေတဲ့ ရှေ့နေမလေးလူစီကတော့ ၂၀၂၄ခရစ္စမတ်မှာ အတိတ်ကိုပြင်ဆင်ပြီး အနာဂတ်ကိုပြောင်းလဲဖိုအခွင့်အရေးတစ်ခုရခဲ့ပါတယ်။ထူးဆန်းတဲ့တက္ကစီတစီးကြောင့် လူစီဟာ ဘဝရဲ့အရေးပါတဲ့အချိုးအကွေ့တွေဖြစ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ခရစ္စမတ်ကို ပြန်ရောက်သွားခဲ့ပါတယ်။ ဖခင်ဆုံးပါးပြီးခါစ ပူဆွေးသောကရောက်နေတဲ့မိသားစုကို သူလုပ်ခဲ့ဖူးသလို ထပ်ချန်ထားခဲ့ဦးမှာလား ဒါမှမဟုတ်မိသားစုဝင်တွေကိုဖေးမကူညီပေးသွားမှာလား။သူငယ်ချင်းမတ်တီကို ခံစားချက်တွေဖွင့်မပြောဘဲ နေရာသစ်တစ်ခုကိုတစ်ကိုယ်တည်းပြောင်းရွှေ့လာဦးမှာလား ဒါမှမဟုတ်မတ်တီနဲ့ချစ်သူတွေဖြစ်ပြီး ကျောင်းအတူတူတက်ကြမှာလား။အချစ်ဆုံးသူငယ်ချင်းနေဒင်းနဲ့သူစိမ်းတွေဖြစ်လာဦးမှာလားဒါမှမဟုတ် တစ်သက်လုံးအချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေကြမှာလား။လူစီဟာ အတိတ်ကိုပြင်ဆင်ခွင့်ရခဲ့ပေမယ့် ဆယ်စုနှစ်ပေါင်းများစွာသူကြိုးစားခဲ့ရတဲ့ဘဝကိုပြောင်းလဲပစ်ဖို ခဲရာခဲဆစ်ရွေးချယ်မှုတွေလုပ်ရပုံကို A 90s Christmas မှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.33GB) / (758MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

A ’90s Christmas (2024)