Channel Myanmar

Alex Freeman

The Keeper (2018) 7.5
The Keeper (2018) The Keeper(2018)IMDb....7.5ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ...ကျွန်တော်ပြောတာကို ယုံလိုက်ပါ... ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး...သူ့နာမည်က ထရော့မန်း...ဂျာမန်လူမျိုး... ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ... ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ...ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်...အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်...အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့...ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး...ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့...အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်... File Size : 2.14GB / 930MB Quality : Blu-Ray 1080p 5.1 ...
movie

The Keeper (2018)

Operation Napoleon (2023) 6.1
Operation Napoleon (2023)  Mystery Adventure ကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးမှာ နပိုလီယွန်စစ်ဆင်ရေးအတွက် ဘာလင်မြို့ကနေ လေယာဉ်တစ်စီးထွက်ခွာခဲ့ပြီး ပျောက်ဆုံးသွားပါတယ် အဲ့ဒီနောက် အမေရိကန်စစ်တပ်ဟာ လေယာဉ်ပျောက်ဆုံးသွားတဲ့ အနီးတစ်ဝိုက်ကို စစ်ရေးလေ့ကျင့်ရေး အကြောင်းပြပြီး ရှာဖွေခဲ့ကြပေမဲ့ မတွေ့ရှိခဲ့ကြပါဘူး အချိန်ကြာလာပြီး ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲမြစ်တွေ အရည်ပျော်လာကာ သူတို့ရှာဖွေနေတဲ့ လေယာဉ်ဟာ ထွက်ပေါ်လာပါတယ် ဒါပေမဲ့ လေယာဉ်ရှိတဲ့ နေရာကို အမေရိကန်တွေရောက်လာခင် ရောက်သွားခဲ့တာကတော့ ခရစ်စတင်းရဲ့ ‌မောင်ဖြစ်သူ အယ်လီတို့ သူငယ်ချင်းသုံးယောက်ပါ သူတို့ဟာ လေယာဉ်တွေ့ရှိကြောင်းကို မှတ်တမ်းတင်နေတုန်းမှာပဲ အမေရိကန်က သိပ္ပံပညာရှင်အဖွဲ့ရောက်ရှိလာပြီး သူတို့ကို ‌နှုတ်ပိတ်ဖို့ကြိုးစားပါတော့တယ်အယ်လီတစ်ယောက်လည်း မှတ်တမ်းတင်ထားတွေကို သူ့အစ်မ ခရစ်စတင်းဆီကိုပို့ပြီး ထွက်ပြေးပါတော့တယ် ခရစ်တင်းဟာလည်း နေရင်းထိုင်ရင်းကနေ သူ့မောင်ပို့လိုက်တဲ့ လေယာဉ်မှတ်တမ်းတွေကြောင့် လိုက်ဖမ်းတာ ခံနေရတာပါ ခရစ်စတင်းတစ်ယောက် ပြေးရင်းလွှားရင်း သူ့မောင်ပို့လိုက်တဲ့ ဓာတ်ပုံလေးတွေကနေ လေယာဉ်ရှိတဲ့နေရာကို ရအောင်ရှာပြီးတော့ သူ့မောင်ကို သွားကယ်ဖို့လုပ်ပါတော့တယ် ခရစ်စတင်းကရော ...
movie

Operation Napoleon (2023)