Channel Myanmar

Alex Fong

The Attorney ( 2021 ) 6.3
The Attorney ( 2021 ) ရှေ့နေလေယိုဟွေဟာ အမှန်တရားထက် အမှုသည်အတွက်အကျိုးရှိမဲ့ လျှောက်ထားချက်မျိုးကို တရားခွင်မှာ တင်ပြပြီး အရှုံးမရှိဘဲအမြဲတမ်း အမှုနိုင်တဲ့ ရှေ့နေတစ်ယောက်ပါ ရှေ့နေဟယ်ကတော့ ဥပဒေရှေ့မှောက်မှာ အပြစ်ရှိတယ်လို့ မဆုံးဖြတ်ရသေးသရွေ့ အဲ့ဒီလူကို ကြိုအကဲဖြတ်တာမျိုးမလုပ်ဘဲ အမှုသည်ဖက်ကနေ အလုံးစုံရပ်တည်ပေးပြီး လိုက်တဲ့အမှုတိုင်းရှုံးတဲ့ အမှန်တရားရဲ့ဘက်တော်သားရှေ့နေတစ်ယောက်ပါဒီလိုမျိုးဆန့်ကျင်ဖက်လူနှစ်ယောက် တစ်ရက်မှာ အမှုတစ်ခုကို တရားခံဖက်ကနေ အပြစ်မရှိကြောင်း အမှုလိုက်ပေးဖို့ဖြစ်လာခဲ့ပါတယ် ဒါ့အပြင် အဲ့ဒီအမှုဟာ အထက်အာဏာရှိသူတွေ ချမ်းသာတဲ့ သူဌေးအသိုင်းအဝိုင်းတွေနဲ့ ပက်သတ်ဆက်နွယ်နေတဲ့အခါမှာတော့... နောက်ကွယ်က အမှန်တရားတွေကိုတဖြည်းဖြည်းချင်းဖော်ထုတ်ပြီး သူတို့အမှုအနိုင်ရအောင် ဘယ်လိုတိုက်ခိုက်သွားမှာလဲဆိုတာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ Filesize : 1.24 GB / 705 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama During : 1h 43min Subtitle : Myanmar Subtitle ( Hardsub ) Translated By Yamin Ei Encoded By LK
movie

The Attorney ( 2021 )

The White Storm 3: Heaven or Hell ( 2023 ) 6.3
The White Storm 3: Heaven or Hell ( 2023 ) The White Storm ရဲ့တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားသုံးကားလုံးကိုဒီနေရာမှာရှာနိုင်ပါတယ် ဒီကားမှာတော့ အရင်ဇာတ်ကားကမင်းသားကြီးဖြစ်တဲ့ Louis Kooတစ်ယောက်ပဲပြန်ပါလာပြီး မင်းသားကြီး Aaron Kwok နဲ့ Sean Lau တို့ထပ်ပါဝင်လာပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာ မရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်း ရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကို တင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေ အိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက် မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့ အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Filesize : 1.88 GB / 1.04 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama , Crime Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu ...
movie

The White Storm 3: Heaven or Hell ( 2023 )

New Kung Fu Cult Master 2 (2022) 5.9
New Kung Fu Cult Master 2 (2022) New Kung Fu Cult Master ရဲ့ အဆက်ဖြစ်တဲ့ အတွဲ၂ ပဲဖြစ်ပါတယ် အတွဲ ၁ ကိုလဲ Cm မှာတင်ဆက်ထားပြီးဖြစ်ပါတယ် ဒီလင့်မှာ ရှာလို့ရပါတယ်ပထမတွဲမှာ ကျန်းဝူကျိတယောက် အားပြောင်းအားလွဲသိုင်းကို ဘယ်လိုတတ်ခဲ့တယ် မင်ဂိုဏ်းချုပ်ဘယ်လိုဖြစ်လာခဲ့တယ် အပါအဝင် ငယ်ဘဝကိုသေချာရိုက်ကူး တင်ဆက်ထားပြီးပြီပဲဖြစ်ပါတယ်နဂါးနိုင်ဓါးနဲ့တိမ်လွှာဓားတို့ရဲ့ ဇာတ်ကြောင်းတွေအပါအဝင် မွန်ဂိုဘုရင်ရဲ့ သမီးတော် ကျောက်မိန်လဲ ပါဝင်လာခဲ့ပြီဖြစ်ပါတယ် ဂိုဏ်းကြီး ၆ ဂိုဏ်းရဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့တဲ့ မင်ဂိုဏ်းမှာ ကျန်းဝူကျိတယောက် ဂိုဏ်းချုပ်ဖြစ်လာပြီးတဲ့နောက် ပြောင်းလဲမှုတွေကို ဆက်လက်ကြည့်ရှုရပါတော့မယ်ပထမကားမှာ ကျောက်မိန်ဟာဝူတန်ကို ကျူးကျော်ခဲ့ပြီး ကျန်းဝူကျိကြောင့်နောက်ပြန်ဆုတ်ခဲ့ရပါတယ် ဒါ့အပြင် ကျောက်မိန်ဟာ ဂိုဏ်းကြီး ၆ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေကိုလဲ ဖမ်းဆီးထားပါသေးတယ် ဒီတော့ လူတွေကယ်ချင်ရင် ဘုရားကျောင်းကို လိုက်ခဲ့ပါဆိုပြီး ပြောကာထွက်သွားရင် ဇာတ်လမ်းကိုအဆုံးသတ်ထားတာကိုတွေ့ရပါမယ်ဒီဇာတ်လမ်းမှာတော့ ကျန်းဝူကျိတယောက် ဂိုဏ်းကြီး၆ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေကို ကယ်တင်မဲ့ ဇာတ်ဝင်ခန်းနဲ့စထားပါတယ် ဒီတော့ ဘယ်လိုစွန့်စားခန်းတွေ သိုင်းချကွက်တွေနဲ့ အတူ စိတ်ဝင်သွားဖွယ်တင်ဆက်သွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပါစို့ Filesize : 5.78 GB / 1.81 GB / 0.97 GB Quality : WEB-DL 4K HEVC ...
movie

New Kung Fu Cult Master 2 (2022)

2022
4K HEVC
New Kung Fu Cult Master 1 (2022) 5.9
New Kung Fu Cult Master 1 (2022) New Kung Fu Cult Master 1 (2022)"နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ "လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီး နှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ်လေးကို မြည်းစမ်းကြည့်ရမှာပါ။ပထမဆုံးပြောချင်တာက Series မဟုတ်ပဲ Movie Version ဖြစ်တဲ့အတွက် တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲ အရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်း၀င်အောင်ရိုက်တာပါ။ဒုတိယအချက်ကတော့ CGI တွေအများကြီး ချောမောလှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက်ပါ။တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။ဒီတော့များသောအားဖြင့် နဂါးနိုင်ဓါးခေတ် အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ ဇာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေးကို ခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။အတွဲ ၂ တွဲရှိပါတယ် အတွဲ ၂ ကို ဒီလင့်မှာကြည့်နိုင်ပါတယ် Filesize : 6.91 GB / 2.32 GB / ...
movie

New Kung Fu Cult Master 1 (2022)

2022
4K HEVC
Triple Tap (2010) 6.2
Triple Tap (2010) ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Triple Tap လို့ခေါ်ပြီးတော့One Night in Mongkok နဲ့ Double Tap အစရှိတဲ့ဇာတ်ကားတွေရဲ့ sequel ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Louis Koo နဲ့ Daniel Wu တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့သေနတ်ပြိုင်ပွဲချန်ပီယံရဲ့ မစ္စတာကန်ကွမ် (Louis Koo) ကIPSC ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးတော့ အိမ်ကိုပြန်လာခဲ့တယ်။အိမ်ပြန်လမ်းမှာ ဓားပြတိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ဓားပြတိုက်သူတွေဟာ ကျည်ကာကားပေါ်မှာပါတဲ့သန်းရာချီတန်တဲ့ ပိုင်ဆိုင်မှုစာချုပ်ကို လိုချင်ကြတာပါ။ဓားပြတိုက်သူတွေက ကားပေါ်မှာ လိုက်ပါလာသူတွေနဲ့ရုန်းရင်းဆန်ခတ်ဖြစ်ရင်း သေနတ်ပစ်ဖောက်ခဲ့ကြတယ်။ဒါတွေကို ကန်ကွမ်က အစအဆုံးမြင်လိုက်ရပါတယ်။ခဏကြာပြီးနောက်မှာ ယာဉ်ထိန်းရဲ ရောက်လာခဲ့တယ်။ယာဉ်ထိန်းရဲကိုလည်း သေနတ်နဲ့ ပစ်တော့မှာကို မြင်သွားတဲ့အခါကန်ကွမ်ဟာ ဓားပြတွေကို သူ့မှာပါလာတဲ့သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ကန်ကွမ် လူသတ်လိုက်တာ မှန်တယ်မမှန်ဘူးဆိုပြီး တရားရုံးရောက်တဲ့အထိ အငြင်းပွားကြပါတော့တယ်။စာချုပ်ဓားပြတိုက်တဲ့ အမှုကို ...
movie

Triple Tap (2010)

One More Chance ( 2023 ) 6.2
One More Chance ( 2023 ) ဟောင်ကောင် မင်းသားကြီး Chow Yun-fatရဲ့2023မှာ နောက်ဆုံးထွက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်တစ်နေကုန် လောင်းကစားဝိုင်းမှာပဲ အချိန်ဖြုန်းလေ့ရှိပြီး အကြွေးပတ်လည်ဝိုင်းနေတဲ့ အားဟွေးဆီကို တစ်နေ့မှာတော့ သူ့ရည်းစားဟောင်းဖြစ်သူ လီရှီးဟာ သားဖြစ်သူ လီရန်ကို ခေါ်ပြီးရောက်လာခဲ့ပါတယ်။အားဟွေးဟာ လီရန်ရဲ့ ဖခင်အရင်းဖြစ်ကြောင်း၊ လီရန်ကို တစ်လခေါ်ထားပြီး စောင့်ရှောက်ပေးထားဖို့နဲ့ တစ်လပြည့်ရင် ပြန်လာခေါ်မှာဖြစ်ကြောင်း၊ စောင့်ရှောက်စရိတ်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သိန်းပေးမှာဖြစ်ကြောင်း လီရှီးက ပြောပြတဲ့အခါမှာတော့ အားဟွေးဟာ အကြွေးဆပ်ဖို့ ငွေလိုနေတာဖြစ်လို့ လီရန်ကို လက်ခံထားခဲ့ပါတယ်။ဒီလိုနဲ့ လီရန်နဲ့ ပြောဆိုဆက်ဆံကြည့်တဲ့အခါ လီရန်ဟာ သာမန်ကလေးတစ်ယောက်မဟုတ်ဘဲ အော်တစ်ဇင်ကလေးတစ်ယောက်ဖြစ်ပြီး အထူးလိုအပ်ချက်တွေလည်း ရှိတာကြောင့် ပြုစုပျိုးထောင်ရာမှာ အခက်အခဲရှိကြောင်း သိသွားခဲ့ပါတယ်တစ်လပြည့်လို့ ချိန်းဆိုထားတဲ့နေ့မှာ လီရှီးပေါ်မလာတဲ့အခါကျမှ အားဟွေးတစ်ယောက် လီရှီးက လီရန်ကို သူ့ဆီမှာ ဘာဖြစ်လို့အပ်ခဲ့လဲဆိုတာ သဘောပေါက်သွားခဲ့ပါတယ်ဒီတော့ လီရှီးက ဘာဖြစ်လို့ သားဖြစ်သူကို အားဟွေးဆီမှာထားခဲ့ပြီး ပေါ်မလာတာလဲ အော်တစ်ဇင်သားလေးနဲ့ အားဟွေးတစ်ယောက် ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းမှာလဲ ဒီအတိုင်းပဲ လောင်းကစားအလုပ်ကို စွဲလမ်းနေပြီး ဘဝကို ဖြစ်သလိုဖြတ်သန်းနေဦးမှာလားဆိုတာ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Family , Drama Runtime : 1h 54 ...
movie

One More Chance ( 2023 )

Overheard (2009) 7.1
Overheard (2009) Overheard ( 2009 )ဟောင်ကောင်ဂန်း မာစတာပိစ်ကားဖြစ်တဲ့ Infernal Affairsကားကို ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ ၂ယောက်ဖြစ်တဲ့ Felix Chongနဲ့ Alan Mak တို့ ပူးတွဲ ရိုက်ထားတဲ့ကားပါ။ Infernal Affairsလိုပဲ ၃ကားထွက်ရှိထားပြီး ဟောင်ကောင်မှုခင်းကားကောင်း စာရင်းဝင်ကားဆိုလည်း မမှားပါဘူး။မင်းသားတွေ ဇာတ်ပို့တွေကတော့ တကယ့်နာမည်ကြီးတွေချည်းပါပဲ။ The Mitchells vs. the Machines ကို ဆိုနီနဲ့ပူးတွဲထုတ်ခဲ့တဲ့ One Cool Group Limited ရဲ့ဖောင်ဒါ 1994က ရုပ်ရှင်စရိုက်ခဲ့ပြီး ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးမင်းသားတွေထဲ အပါအဝင်ဖြစ်သလို Johnnie Toလို ဆရာကြီးရဲ့ လက်စွဲတော်ဖြစ်ခဲ့တဲ့ တလောကတင်နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်သိပ္ပံကား Warriors of Futureရဲ့မင်းသား Louis Koo , ဂျက်ကီချမ်းရဲ့ New Police Story နဲ့ လူသိများတယ်ပြောလို့ရတဲ့ ...
movie

Overheard (2009)

Man on the Edge (2022) 5.6
Man on the Edge (2022) “ကျွန်တော်က သာမာန်ပြည်သူတစ်ယောက်ပါ” “ ပြည်သူ့အတွက်ပါ “ဆိုပြီး စွန့်စားမှုကိုစိန်ခေါ်လာခဲ့တဲ့လူအကြောင်းကို ရိုက်ကူးထားတဲ့ ဟောင်ကောင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၀၀ ဝန်းကျင်လောက်က ဟောင်ကောင်အစိုးရအဖွဲ့ရဲ့ အောက်ဖဲတွေကိုပါ ပါးပါးလေးလှပ်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးတစ်ကားပါပဲဗျ ။တရားမဝင်အဖွဲ့အစည်းဆိုတာ အစိုးရဘက်ကသတ်မှတ်ပေးထားတဲ့အဖွဲ့အစည်းတစ်ခု။ အဲ့ဒီအဖွဲ့အစည်းထဲမှာ အားလော့တစ်ယောက် သတင်းပေးလုပ်နေရင်းနဲ့ အဖွဲ့ထဲကညီအစ်ကိုတွေနဲ့ တော်တော်ရင်းနှီးလာခဲ့ပါတယ်။ သူ့အတွက် ရွေးချယ်ရအခက်ဆုံးကတော့ အဖွဲ့ခေါင်းဆောင်အဖြစ် လျာထားခံရတဲ့အထဲမှာ သူပါသွားတာပါပဲ။သူသတင်းပေးလုပ်ရတဲ့ရည်ရွယ်ချက်က နောက်ကွယ်က လက်မည်းကြီးတွေကို ဖော်ထုတ်ချင်တာဖြစ်ပြီး အခုသူကိုယ်တိုင် အဲ့ဒီလက်မည်းကြီးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့…. အဖွဲ့အစည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ဆက်ပြီးကြည့်ရှုလိုက်ပါတော့ဗျာ ။ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ JoJo Va ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:57:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt
movie

Man on the Edge (2022)

Kung Fu Jungle (2014) 6.5
Kung Fu Jungle (2014) Kung Fu Jungle (2014) IMDb - 6.5/10_____Rotten 75%  အမှန်အကန်ချတာကိုမှ ကြည့်ချင်တဲ့သူတွေအတွက် ဒီဇာတ်ကားကို bluray 5.1 CH နဲ့တင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်အညွှန်းကတော့ mmmovieguide ကဖြစ်ပါတယ်.. Hahou Mo ဟာ သိုင်းပညာသင်ကြားပြသပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီး လူတစ်ယောက်ကို မတော်တဆသတ်လိုက်မိတဲ့အတွက်ကြောင့် ထောင်ကျနေသူတစ်ယောက်ပါ။ တစ်ရက်တော့ ထောင်ထဲမှာ TV ကြည့်နေတုန်း လူတစ်ယောက် သတ်ခံလိုက်ရတဲ့သတင်းကို ကြားလိုက်မိပါတော့တယ်။ သူဟာ ထိုလူသတ်မှုအကြောင်းကို သိပြီး ထိုအမှုကို စုံစမ်းနေတဲ့ စုံထောက် Luk Yuen-Sum ကို သူ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။ ဘယ်လိုလျို့ဝှက်ချက်တွေပေါ်ပေါက်လာမလဲဆိုတာဆက်လက်စောင့်ကြည့်ပါ အက်ရှင်သိုင်းကား ကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးဖြစ်ပြီး အထူးသဖြင့် ဖိုက်တင်ခန်းတွေက ပိုပြီး ရန်ခုန်စိတ်လှုပ်ရှားဖွယ် ပေးစွမ်းနိုင်မှာပါ။ တချို့အခန်းတွေတော့ အနည်းငယ်ရက်စက်တယ်လို့ထင်ရပြီး အခန်းအများစုကတော့ ကြည့်လို့အဆင်ပြေမှာပါ။ ဒါရိုက်တာ Teddy Chan က အကောင်းဆုံး ရိုက်ကူးတင်ဆက်ထားပြီး Ip Man ရုပ်ရှင်ဇာတ်ကားမှ Donnie Yen, Charlie Yeung, Baoqiang Wang တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ File Size - 1.13 ...
movie

Kung Fu Jungle (2014)

2014