Channel Myanmar

Alex Ferguson

Schmeichel (2025) 7.3
Schmeichel (2025)  မန်ယူနိုက်တက်ပရိသတ်တွေအတွက် ဆာအဲလက်စ်ဖာဂူဆန်နဲ့အတူ ရွှေထီးဆောင်းခဲ့တဲ့နေ့ရက်တွေကိုပြန်တွေးကြည့်လိုက်ရင် အသင်းရဲ့နောက်ဆုံးခံစစ်စည်းရိုးဖြစ်တဲ့ ပီတာရှမိုက်ကယ် ကိုလည်း ပြန်အမှတ်ရမိကြမှာပါ။ဒီ ၂၀၂၅ ခုနှစ်ထွက် documentary လေးကတော့ပီတာရှမိုက်ကယ် ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဒိန်းမတ်က ကလပ်လေးကနေ ဆာအဲလက်စ် ရဲ့တော်ကောက်ခံရပြီး ယူနိုက်တက်အသင်းရဲ့ ကပ်ပတိန်ဖြစ်လာခဲ့သူရဲ့ ငယ်ဘဝဟာလည်း ချောချောမွေ့မွေ့ဖြတ်သန်းခဲ့ရတာတော့မဟုတ်ပါဘူး။ဂိုးသမားအဖြစ် ကစားလို့ရတဲ့လုပ်ခ လစာက နှစ်ပဲနဲ့တစ်ပြားမို့ ငယ်စဉ်တုန်းက ရရာအလုပ်ဝင်လုပ်ပြီးဂိုးသမားဘဝကို ဆက်လျှောက်ခဲ့ရသူပါ။ဒီဇာတ်ကားလေးမှာတော့ ပီတာရှမိုက်ကယ် ရဲ့ ငယ်ဘဝကနေစလို့ ဘောလုံးဘဝကနေအနားယူပြီး သားသမီးမြေးတွေနဲ့ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့အထိ ဘဝတစ်လျှောက်လုံးကို ပြန်ပြောပြတဲ့ စကားပြောပုံစံနဲ့ ရိုက်ကူးထားတာမို့ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ရပုံကို ပြည့်ပြည့်စုံစုံ သိခွင့်ရမှာပါ။အဲဒီအပြင် မန်ယူနိုက်တက်မှာ ဖြတ်သန်းခဲ့စဉ်က အကြောင်းအရာတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာမို့ သာမန်မသိနိုင်တဲ့ မန်ယူနိုက်တက်ရဲ့ သမိုင်းကြောင်းတွေအသင်းတွင်းအဖြစ်အပျက်တွေနဲ့ ယူနိုက်တက်ရဲ့ သရဲနီဒီအန်အေ စစ်စစ် ဆိုတာ ဘာလဲဆိုတာကို ကြက်သီးထလောက်စရာ မြင်တွေ့ခွင့်ရမှာပါ။သရဲနီတပ်မှူးကြီးရဲ့ ဘဝဇာတ်ကြောင်းနဲ့ မန်ယူနိုက်တက်ရဲ့အတိတ်တလျှောက်သမိုင်းအစဉ်အလာကို ပြန်လည်ခံစားနိုင်ဖို့အတွက် ပရိသတ်ကြီးတို့အတွက် ဒီ မှတ်တမ်းရုပ်ရှင်ဇာတ်ကားလေးကို ...
movie

Schmeichel (2025)

Arsène Wenger: Invincible (2021) 8.4
Arsène Wenger: Invincible (2021) Arsène Wenger: The Invincible (2021)လူသားတွေရဲ့ ဘဝဆိုတာ အရှုံးနဲ့အနိုင် ဒွန်တွဲနေတတ်တာမျိုးဗျ၊ အဲ အရှုံးနည်းတဲ့လူကျ လူတော်ဖြစ်လာပြီး အရှုံးမရှိတဲ့သူကျ ပြိုင်ဘက်ကင်း(The Invincible)ဆိုပြီးဖြစ်လာတယ်။ဒီ Documentary တစ်ခုလုံးမှာ အာဆင်နယ်အသင်းကို အာဆင်ဗန်းဂါးရောက်လာတဲ့အချိန်က‌နေစပြီး နှုတ်ဆက်သွားတဲ့အချိန်အထိ သူဒီအသင်းကိုဘာတွေလုပ်ပေးခဲ့တယ်၊ ဘာတွေပေးဆပ်ခဲ့လဲဆိုတာ မြင်ရပါမယ်။တစ်ရာသီလုံးရှုံးပွဲမရှိဆိုတဲ့ ရွှေဖလားကိုဘယ်လိုမျိုးရအောင်ယူခဲ့တာလဲဆိုတဲ့ အကြောင်းကတော့ မပါမဖြစ်ပေါ့ဗျာ။ အာဆင်ဝင်းဂါးဟာ အာဆင်နယ်ဆိုရင် အာဆင်ဝင်းဂါးနဲ့တွဲမြင်ရတဲ့ထိ၊ အာဆင်ဝင်ဂါးဟာ အာဆင်နယ်နည်းပြဖြစ်လာဖို့ မွေးဖွားလာရသလား ထင်ရတဲ့အထိကို အာဆင်နယ်ကိုပေးဆပ်ခဲ့ပါတယ်။ဒီအကြောင်းတွေကို အာဆင်ဝင်းဂါးအပြင် အာဆင်ရဲ့တပည့်တွေဖြစ်တဲ့ ဗီရဲရာ၊ ကီရွန်၊ ဘားကမ့်၊ အာဆင့်ရဲ့ masterpiece ဖြစ်တဲ့ သီရာရီ အွန်နရီ သူတို့က ပြန်‌လည်ပြောပြတဲ့ပုံစံမျိုးရိုက်ကူးထားပါပြီး ဆာ အဲလက်စ်ဖာဂူဆန်ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးရဲ့ခင်ဗျာ။ပရီးမီးယားလိဂ်မှာ အသင်းပေါင်း 20 ရှိပါတယ် ၊ The invincible ဆိုတဲ့ အသင်းကတော့ အာဆင်နယ်တစ်သင်းပဲရှိပါတယ်။နိုင်ငံတကာက လိဂ်ပေါင်း များစွာမှာ ဘောလုံးအသင်းပေါင်းများစွာရှိပါတယ်၊ ...
movie

Arsène Wenger: Invincible (2021)

2021
Sir Alex Ferguson: Never Give In (2021) 8.6
Sir Alex Ferguson: Never Give In (2021) Sir Alex Ferguson: Never Give InIMDb Rating- 8.6/10မန်ချက်စတာယူနိုက်တက်ဖန်တွေဘာကြောင့် ဒီလောက်ရဲရတာလဲ...ဆိုပြီး ၁၉ သင်းဖန်တွေအနေနဲ့ ဒွိဟဖြစ်ဖူးကြမှာပါ...တကယ်တော့ Manchester is Red ဖြစ်နေကြတာဆာအဲလက်စ်ဖာဂူဆန်ရဲ့ အရှုံးမပေးကြေးစိတ်ဓာတ်နဲ့ မန်ယူခေတ်ကို မှီခဲ့ကြလို့ပါပဲ။"အောင်မြင်မှုဆိုတာ အရှုံးမပေးတာကနေအစပြုပါတယ်..."ဖာဂူဆန်ဟာ ဉုံဖွဆိုပြီး အောင်မြင်လာတာတော့မဟုတ်ပါဘူး။လူတိုင်းလူတိုင်းရဲ့ ဘဝမှာ အတက်အကျဆိုတာ ရှိစမြဲပဲမဟုတ်လား..အဲ့လိုပဲ ဖာဂူဆန်အနေနဲ့ ဘောလုံးလောကမှာ ဆာအဲလက်စ်ဆိုတဲ့နာမည်တစ်ခု မရလာခင်ဘာသာရေး၊ နည်းပြမှု၊ ကစားသမားဆက်ဆံရေးစတဲ့ အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပါတယ်။ဒီအခက်အခဲတွေကို လုံးဝအရှုံး မပေးဘဲ ကြိုးစားခဲ့တဲ့ပုံကို Interview, Flashback ပုံစံနဲ့ဖာဂူဆန်ရဲ့သား ဂျေဆင်ဖာဂူဆန်ကိုယ်တိုင် ရိုက်ကူးထားတာပါ။The rest is history and You know who he is.  File size…(2 GB) and (1.2 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:49:00 Subtitle….Myanmar Subtitle ...
movie

Sir Alex Ferguson: Never Give In (2021)