Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alex Essoe
5.5
Tales of Halloween (2015)
Tales of Halloween (2015)IMDb Rating (5.5) / Rotten Tomatoes (77%) Tales of Halloween ဟာအချင်းချင်း အနည်းငယ်ချိတ်ဆက်ထားတဲ့ Halloween Horror ဇာတ်လမ်းတို ဆယ်ပုဒ်နဲ့ဖွဲ့စည်းထားတဲ့ ရာသီစာ anthology တစ်ကားဖြစ်ပါတယ်။ဟော်လိုဝင်းနောက်ခံကားဖြစ်တဲ့အတွက်အပိုင်းတိုင်းအပိုင်းတိုင်းမှာ ဟော်လိုဝင်းအငွေ့အသက်တွေအပြည့်နဲ့ပျော်ပျော်ကြီး ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။လူသားစား ဖရုံသီး၊ Trick or treat လာလုပ်တဲ့ ဂြိုလ်သားတွေကအစ၊ အုပ်စုဖွဲ့အနိုင်ကျင့်တတ်တဲ့ ဘူလီတွေပညာပေးခံရတာမျိုး၊ လူသတ်ကားတွေ၊ တစ္ဆေတွေပါဇာတ်လမ်းတစ်ခုချင်းစီမှာ ရသစုံပါဝင်ပါတယ်။အပိုင်းတိုင်းက ပေါ့ပေါ့ပါးပါးသရော်ထားတဲ့ ဟာသဘက်ကိုသွားထားပေမယ့် သွေးသံရဲရဲသတ်ဖြတ်ခန်းတွေထိတ်လန့်စရာတွေမှာလည်း လျော့မသွားပါဘူး။Horror ပရိသတ်တွေအတွက် လုံး၀ Must Watch ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.6 GB) / (760 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:38:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie
Tales of Halloween (2015)
2015
5.5
Passion Play (2010)
Passion Play (2010)အရင်က နာမည်ကြီး trumpet player ဖြစ်ခဲ့တဲ့ Nate Poole က လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးကို မသိဘဲအိပ်မိရာကနေ လူဆိုးဂိုဏ်းခေါင်းဆောင်က လိုက်သတ်လို ကန္တာရထဲ ထွက်ပြေးခဲ့ရတယ်။ အဲဒီမှာသူ ဆပ်ကပ်ပွဲတစ်ခုဆီရောက်သွားပြီး မထင်မှတ်ဘဲ အတောင်ပံတွေရှိတဲ့ မိန်းမလှလေးကို တွေ့ခဲ့ချိန်မှာတော့ သူ့ဘဝကြီးရော ငှက်အတောင်ပံတွေနဲ့ မိန်းမပျိုလေးရဲ့ဘဝရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Mickey Rourke၊ Megan fox၊ Bill Murray၊ Rhys Ifans နဲ့ Kelly Lynch တိုအကုန် ပါဝင်တာမို မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.5GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated ...
movie
Passion Play (2010)
5.0
Trim Season (2023)
ဝေါ်ကီးကြိုက်တဲ့ ဝေါ်ကီးဘဲကြီးတွေအတွက် ထူးထူးခြားခြားဆန်းဆန်းပြားပြား Horror Movie လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဆေးခြောက်တွေကို ထုတ်ကုန်တစ်ခုအဖြစ် ဖန်တီးတဲ့အခါမှာ အချောသတ်အဆင့်ကိုရောက်အောင် ကိုင်းတွေအရွက်တွေကိုအရင်ညှပ်ပေးရပါသေးတယ်။အဲ့ဒီသဘောတရားကိုအခြေခံပြီး ဒီဇာတ်ကားနာမည်ကိုTrim Season လို့ပေးထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဂျိမ်းစ်ဆိုတဲ့လူတစ်ယောက်ကဆေးခြောက်တွေကို ရိတ်သိမ်းပြီးညှပ်ရတဲ့ ရာသီရောက်ရင်ညှပ်ပြီးအချောသတ်ပေးမဲ့ လူတွေကိုလိုက်လံရှာဖွေနေသူတစ်ယောက်ဖြစ်ပါတယ်။ဒီအလုပ်က တရားမဝင်အလုပ်ဆိုတော့ပိုက်ဆံတွေအများကြီးရတဲ့အတွက် လုပ်ချင်တဲ့သူတွေကလည်းတန်းစီနေတာပါပဲ။အဲ့ထဲမှာ အမ်မာဆိုတဲ့ မကြာသေးခင်ကမှ အလုပ်ပြုတ်ထားပြီးအိမ်လခမပေးနိုင်လို့ ငှားထားတဲ့ အိမ်ကနေ ဖယ်ပေးရတော့မဲ့ကောင်မလေးတစ်ယောက်ပါပါတယ်။အမ်မာက သူ့သူငယ်ချင်းရဲ့ချိတ်ဆက်ပေးမှုကြောင့် ဂျိမ်းစ်နဲ့သိသွားပြီး အဲ့ဒီအလုပ်ကိုလုပ်ဖို့စတင်ထွက်ခွာလာခဲ့ပါတော့တယ်။စစချင်းကတည်းက သူတို့မှာပါလာတဲ့ကားတွေကို ထားခဲ့ရပြီးလူသူကင်းမဲ့တဲ့တောကြီးမျက်မည်းထဲက စိုက်ခင်းတစ်ခုဆီကိုခေါ်လာခဲ့ပါတော့တယ်။ပါလာတဲ့သူတွေ အကုန်လုံးက မိန်းကလေးတွေဖြစ်ပြီး မကြာခင်မှာပဲအလုပ်ကိုယ်စီစလုပ်ရပါတော့တယ်။ဒါပေမယ့် ဒီလိုလွယ်လွယ်ကူကူအလုပ်လုပ်ပြီး ပိုက်ဆံအများကြီးရမယ်ဆိုတာက ကလေးကိုသကြားလုံးပေးပြီးမျှားခေါ်သလိုသဘောတရားနဲ့အတူတူပဲဆိုတာကို မသိရှာတဲ့ အမ်မာနဲ့အလုပ်လာလုပ်တဲ့ကောင်မလေးတစ်သိုက် ဘယ်လိုထိတ်လန့်စရာတွေကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.92GB / 876MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Trim Season (2023)
7.1
The Last Stop in Yuma County (2023)
The Last Stop in Yuma County ဇာတ်ကားဟာ၂၀၂၃ ခုနှစ်ထွက် Crime Thriller ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်....ဒီကားက ဖတ်ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ဘာတွေ ဘယ်လိုဖြစ်မလဲဆိုတာ လုံးဝကြိုမသိနိုင်ပဲရင်တထိတ်ထိတ် ကြည့်ရှုရမဲ့ Thriller ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။အမြည်းပြောပြရမယ်ဆိုရင် အမေရိကန် အယ်ရီဇိုးနားကနယ်ဘက်လေးတစ်ခုက ဓာတ်ဆီဆိုင်နဲ့စားသောက်ဆိုင်အတွဲအစပ်လေး နေရာမှာပဲ ဇာတ်လမ်းရဲ့ 95% က ဖြစ်ခဲ့တာပါ။ ဆီဆိုင်မှာ ဆီကားရောက်မလို့ ဆီကုန်နေတဲ့အချိန်မှာလမ်းခရီးမှာ ဆီပြတ်ပြီးရောက်လာတဲ့ ခရီသည်တွေစားသောက်ဆိုင်လေးမှာ သောင်တင်နေကြပါတယ်။တစ်ချိန်ထဲမှာပဲ သူတို့ဆီကို မနက်ကမှ ဘဏ်ဓားပြတိုက်ပြီးပြေးလာတဲ့ လူ ၂ ယောက်လည်း လာသောင်တင်ပါတော့တယ်။ဒီစားသောက်ဆိုင်လေးထဲမှာ လူတွေ ဘယ်လိုဇာတ်လမ်းတွေဖြစ်ပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ရုပ်ရှင်တစ်ကားလုံးရင်တဖိုဖို ကြည့်ရှုနေရမှာ ဖြစ်ပါတယ်။ကိုယ်အားပေးတဲ့ဇာတ်ကောင်က သေမလား ရှင်မလားဘာဖြစ်မလဲဆိုတာ ရုပ်ရှင်ကို ဆုံးအောင်သာကြည့်လိုက်ဖို့ပြောပြချင်ပါတယ်.... File size…1.63GB/ 551MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ...
movie
The Last Stop in Yuma County (2023)
6.2
The Pope’s Exorcist (2023)
The Pope's Exorcist (2023) " R-rated အကြမ်းပတမ်းဇာတ်ကားမို့ မိသားစုနဲ့အတူကြည့်လို့အဆင်မပြေနိုင်ပါဘူးခင်ဗျာ " မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ အတော်လည်းကောင်းသလို ဇာတ်အိမ်ကြီးတာမို့ အဆက်တွေလည်းထွက်လာနိုင်တဲ့ရုပ်ရှင်မျိုးပါပဲ။ အဓိကဇာတ်ကောင်ကိုလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကြီး အပနှင် ဘုန်းတော်ကြီး Gabriele Amorth ကို အခြေခံထားပါတယ်။ ဇာတ်လမ်းကလည်း Gabriele Amorth ရဲ့ အပနှင်တဲ့အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ပါတယ်။ Gabriele Amorth ဟာ နတ်ဆိုးဗေဒနဲ့ အပနှင်ခြင်းအကြောင်းကို ကမ္ဘာကသိလာအောင် လုပ်ခဲ့တာကြောင့် ခရစ္စယာန်သမိုင်းမှာ ထင်ရှားတဲ့ အီတလီဘုန်းတော်ကြီးတစ်ဦးပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။ ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။ ...
movie
The Pope’s Exorcist (2023)
2023
4K HEVC
7.5
Doctor Sleep (2019)
IMDb 7.6 အထိရထားတဲ့ ဟော်ရာကားပါ။ 1980 မှာထွက်ခဲ့ပြီး IMDb 8.4 အထိ ရှိခဲတဲ၊့ အကောင်းဆုံးဟော်ရာကားတွေထဲက တစ်ကားဖြစ်တဲ့ The Shining ရုပ်ရှင်ရဲ့ အဆက်ပါပဲ။ ဒီရုပ်ရှင် ၂ ခုလုံးကိုတော့ ဟော်ရာဝတ္ထုတွေအရေးများတဲ့ စာရေးဆရာကြီးStephen King ကပဲ ရေးသားခဲ့တာပါပဲ။ မူလရုပ်ရှင် ရှိုင်းနင်းကို ကြည့်ဖူးမှအပြည့်အစုံနားလည်နိုင်မှာပါ။ မကြည့်ဖူးရင်တော့ အချို့အခန်းလေးတွေ နားမလည်တာ ဖြစ်နိုင်ပါတယ်။ ရှိုင်းနင်းကတော့ တစိမ့်စိမ့်တွေးကြောက်စရာတွေ၊ ဖုန်းဆိုးမြေတွေ၊ ကလေးငယ်တွေနဲ့ ပတ်သတ်တဲ့ ဟော်ရာတွေနဲ့ ဖန်တီးထားခဲ့တာဖြစ်ပြီး။ ဒီရုပ်ရှင်ကတော့ ပိုပြီးမှော်ဆန်တဲ့ စွမ်းအင်တွေနဲ့ အက်ရှင်နည်းနည်းဆန်ဆန် ဖန်တီးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ ရှိုင်းနင်းကပဲ စကောက်ရပါလိမ့်မယ်။ အမေရိကန် လူနီတွေကို မြေမြှပ်သင်္ဂြိုလ်ရာ သင်္ချိုင်းမြေပေါ်မှာ အိုဗာလွတ်ခ် ဆိုတဲ့ လူမနေတော့တဲ့ ဟိုတယ်ကြီးတစ်ခုရှိပါတယ်။ အဲဒီဟိုတယ်ကြီးမှာ အစောင့်အဖြစ်နေရင်း စာရေးဖို့ရောက်လာတဲ့ စာရေးဆရာမိသားစုကတော့ ဂျက်၊ ဝင်ဒီ နဲ့ သားဖြစ်သူ ဒန်နီတို့ပါပဲ။ အဲဒီဟိုတယ်ကြီးရဲ့ အရင်အစောင့်ဖြစ်သူကတော့ သူ့မိသားစုတစ်ခုလုံးကို ပြန်သတ်ပြီး ...
movie
Doctor Sleep (2019)
2019
HEVC 1080p 5.1
5.1
The Drone (2019)
အမျိုးသမီးများကို ဖျက်ဆီးပြီး ရက်ရက်စက်စက်သတ်ပစ်တဲ့ကွင်းစက်လူသတ်သမားတစ်ယောက် သောင်းကျန်းနေတဲ့အချိန်ပေါ့။သူက သူ့ရဲ့သားကောင်ကို မသတ်ခင်မှာဒရုန်းနဲ့ဗီဒီယိုရိုက်ပြီး စောင့်ကြည့်တတ်တယ်။တစ်နေ့တော့ သူ့အိမ်ကိုရဲတွေဝင်ဖမ်းပါလေရောသူလည်းထွက်ပြေးရင်းနဲ့ ပြေးလမ်းမရှိတဲ့အဆုံးကွန်ပျူတာကုတ်တွေကိုရွတ်လိုက်တဲ့အချိန်လျှပ်စီးလက်မိုးကြိုးအပစ်ခံရပြီးတော့ သူ့ဝိဉာဥ်ကဒရုန်းထဲကိုဝင်သွားပါလေရော။အဲမှာ ခရစ်နဲ့ရေချယ်ဆိုတဲ့ လင်မယား ၂ ယောက်နေတဲ့အိမ်ရဲ့အမှိုက်ပုံးထဲမှာ ဒရုန်းကိုတွေ့သွားကြတယ်။ခရစ်က အဲလိုစက်ပစ္စည်းတွေကို ဝါသနာပါသူပီပီဒရုန်းလေးကို ယူထားလိုက်ရော။ ဆိုတော့ အသက်ဝင်နေတဲ့ဒရုန်းနဲ့ သူတို့လင်မယား ဘယ်လို ၂ ပါးသွားကြမလဲ...ဒီဒရုန်းကရော ဒီအိမ်ကိုမှ ဘာလို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာလဲ...ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားကြပါ File Size : ( 768 MB , 252 MB)Quality : WEB-DL 720pRunning Time : 1 hr 22 minFormat ...
movie
The Drone (2019)
2019
5.3
Midnighters (2018)
2018 ခုနှစ်ထွက် Midnighters ဆိုတဲ့ Horror ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်ကားလေးက သဲထိပ်ရင်ဖို ကြိုက်တဲ့ပရိတ်သတ်တွေအကြိုက်တွေ့မယ့်ပုံလေးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ညသန်းခေါင်ယံ နှစ်သစ်ကူးညမှာယုံကြည်မှုအားလုံးရဲ့ ဘ၀တစ်ခုဟာ စတင်ပါတယ် ဂျက်ဖ် နဲ့ လင်ဆေးဟာ လင်မယား တွေပါ တစ်ရက်မှာ သူတို့ဟာ စမ်းသပ်မှုတစ်ခုကို လုပ်ခဲ့ကြပြီးတော့ သူတို့မထင်မှတ်ထားတဲ့ မှုခင်းတစ်ခုကို ကျူးလွန်မိသွားပါတယ် ဒီလင်မယား သူတို့ကျူးလွန်လိုက်တဲ့ပြစ်မှုကို ဘယ်လိုဖုံးကွယ်မှာလဲ ပြီးတော့ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့ ပရိတ်သတ် ကြီးကကြည့်ကြရမှာပါ ?Qty - 720p Web DLDuration - 1hr 45minGern - Horror/Crime/ThrillTranslator - Myo Thant KyawEncoder - Kyaw Ye Aung
movie
Midnighters (2018)
2017
6.0
Starry Eyes (2014)
2014 ခုနှစ်က ထွက်ရှိထားတဲ့ သဲထိပ်ရင်ဖို စိတ်ကူးယဉ် ကားလေးတစ်ကားကိုတင်ဆက်ပေး လိုက်ပါတယ် အခုလို အေးတဲ့ဆောင်း တွင်း ညမှာ စောင်လေးခြုံ ပြီးကြည့်လိုက်ရရင် တော့ တကယ့်အနှစ်ပါပဲ ဗျဇာတ်လမ်း အကျဉ်းလေးကတော့ ရုပ်ရှင်သရုပ်ဆောင် တက်သစ်စ မင်းသမီး တစ်ယောက် အောင်မြင် မှူ ကို လိုခြင် လာတော့ မလုပ်သင့် မလုပ်ထိုက်တဲ့ နတ်ဆိုး နဲ့ အလောင်း အစား အပေးအယူ ကို လုပ်လိုက် မိပြီး အဲ့ဒီ အပေးအယူ လုပ်ထားတဲ့ နတ်ဆိုး က အချိန်တန်တော့ သူ့ရဲ့ ရစရာ ရှိတာကို ပြန်ယူဖို့ကြိုးစားတဲ့ အခါမှာတော့ ဘာတွေ ဆက်ဖြစ်ကြမလဲ ဘယ်လို စိတ်လှူပ်ရှားစရာတွေ နဲ့ တွေ့ကြုံ ရမလဲဆိုတာတွေကိုတော့ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာQty - 720p BlurayDuration - 1hr 40minGern - Horror / ThrillEncoder - ...
movie
Starry Eyes (2014)
2014