Channel Myanmar

Alessia Alciati

Mafia Wars (2024) 5.0
Mafia Wars (2024)  မာဖီးယားကားတွေကြိုက်နှစ်သက်သူတွေအတွက် အီတလီမာဖီးယားအက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီးမင်းသားမင်းသမီးတွေမဟုတ်ပေမဲ့ တိုက်တာခိုက်တာကြမ်းတာရမ်းတာနှစ်သက်သူတွေအတွက်တော့ အပျင်းပြေကြည့်ကောင်းမဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Mafia Wars ဖြစ်ပြီး ရဲတွေကမာဖီးယားတွေရဲ့လုပ်ငန်းတွေမှာ အသွင်ယူတာကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။တယ်ရီလို့ခေါ်တဲ့ ထောင်သားတစ်ယောက်က ထောင်ကလွတ်လွတ်လာချင်းမှာ ပတ်စ်ပို့ပြန်မရသေးဘဲ စုံထောက်တစ်ယောက်ရဲ့ခြိမ်းခြောက်မှုကိုဆီးကြိုခံလိုက်ရပါတော့တယ်။အီတလီမှာအကောင်ကြီးမိသားစုတစ်စုက ဥရောပတစ်ခွင်လုံး ၁၀ နှစ်လောက် အေးဆေးပြဲနေလို့ရတဲ့ပမာဏရှိတဲ့ မူးယစ်ဆေးတွေရောင်းဖို့ရှိတယ်လို့သတင်းကြားထားပေမဲ့ အချက်အလက်တိတိကျကျကိုမသိရသေးတဲ့အတွက် စုံထောက်က တယ်ရီ့ကိုအသွင်ယူခိုင်းပြီး သတင်းနှိုက်ဖို့ခြိမ်းခြောက်ပါတော့တယ်။တယ်ရီလည်း သူချစ်တဲ့မိသားစုရှိတဲ့မြေကိုပြန်ဖို့အတွက် ဒီအပေးအယူကိုလက်ခံလိုက်ရပြီး အသွင်ယူစလုပ်ခဲ့ပါတော့တယ်။ကံကောင်းချင်တော့ မူးယစ်ဆေးလုပ်ငန်းထဲကအကောင်ကြီးတစ်ယောက်ရဲ့ညီဖြစ်သူကို ထောင်ထဲမှာကယ်ထားဖူးတဲ့အတွက် ချက်ချင်းပဲအဖွဲ့ထဲရောက်သွားပါတော့တယ်။ ဒီလိုနဲ့ တယ်ရီတစ်ယောက် အသက်အန္တရာယ်တွေကြားက စွန့်စွန့်စားစား အသွင်ယူလုပ်ရင်း ဒီမူးယစ်ဆေးလုပ်ငန်းကြီးကို ဖော်ထုတ်ဖမ်းဆီးသွားနိုင်မလားဆိုတာကို အက်ရှင်အကြမ်းတွေနဲ့ရှုစားရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File size… (1.63GB) / (821MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Mafia Wars (2024)

The Last Redemption (2024) 5.5
The Last Redemption (2024)  အမိန့်ကိုနာခံနေရတဲ့လူတစ်ယောက်ရဲ့ဘ၀မှာ တစ်ခါတစ်လေကျရင်အမိန့်ထက်ပိုပြီး နှလုံးသားကလမ်းပြတဲ့ ပိုသင့်တော်တဲ့လမ်းကိုရွေးချယ်ရတဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။အဲ့ဒီအခိုက်အတန့်တွေကို ရောက်လာခဲ့ရင် ကိုယ်ဆိုရင်ကောငြင်းဆန်နိုင်မဲ့သတ္တိရှိပါ့မလား မှန်ရာကိုလုပ်ဖို့ရွေးချယ်တဲ့အခါမှာဘာတွေပေးဆပ်ရမလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်သာလာအောင် အရင်ခေတ်ကစစ်သည်တော်ခေတ်နဲ့ နှိုင်းယှဉ်ရိုက်ကူးပြသထားတဲ့ The Last Redemption ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အရင်ခေတ်မှာနစ်စ်ထရိုးလို့ခေါ်တဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့နာမည်ကြီးဓားပြဂိုဏ်းတစ်ခုရှိခဲ့ပါတယ်။နစ်စ်ထရိုးလို့ဘာလို့ခေါ်ရလဲဆိုရင် အဖွဲ့ခေါင်းဆောင်ကလီလန်းနစ်စ်ထရိုးဖြစ်ပြီးတော့အကြင်နာကင်းမဲ့တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ။အဖွဲ့သားတွေအားလုံးက၀ရမ်းပြေးတွေဖြစ်ပြီး လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင်ဖယ်ရယ်ရဲ့စစ်တပ်တွေလက်ထဲကနေ အမြဲတမ်းထွက်ပြေးနေရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ဘုရင်ရှိရင် ဘုရင့်နေရာလိုချင်သူတွေကလည်းရှိတယ်ဆိုတဲ့အတိုင်း ဘုရင်ဖယ်ရယ်ရဲ့ဝမ်းကွဲညီက ဘုရင့်ကိုသတ်ပြီးဘုရင်နေရာယူဖို့အတွက်တစ်နေ့မှာ နစ်စ်ထရိုးတို့ကိုမက်လုံးပေးပြီးခိုင်းပါတော့တယ်။ဘုရင်ဖယ်ရယ်ကိုသတ်နိုင်ပေမဲ့ ဘုရင်ဖယ်ရယ်ရဲ့သမီးလေးကမျက်မြင်သက်သေဖြစ်သွားတဲ့အတွက် ကလေးကိုပါသတ်ဖို့လုပ်ချိန်မှာတော့ မှန်ရာကိုလုပ်မဲ့အဖွဲ့သားတွေနဲ့ ပိုက်ဆံရဖို့အတွက်ဘာမဆိုလုပ်မဲ့ နစ်စ်ထရိုးတို့အဖွဲ့ ကွဲသွားကြပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size… (1.79GB) / (1.01GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 2m Genre …..Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Last Redemption (2024)

Assassin Club (2023)
Assassin Club (2023) Assassin Club (2023)အရှေ့အနောက်တောင်မြောက် ဘယ်အရပ်ကြည့်ကြည့်ကြေးစားလူသတ်သမားတွေနဲ့ပြည့်နေတာကတော့ မင်းသား Henry Golding ရဲ့ဇာတ်ကားသစ်ပါပဲ။ Henry က ဒီကားထဲမှာ မော်ဂန်ဆိုတဲ့ကြေးစား။ မော်ဂန့်ဆရာကပြောတယ်။သူတို့လိုလူတွေ ကြေးစားလောကကထွက်ချင်တဲ့အကြောင်းအရင်းသုံးခုပဲရှိတယ်တဲ့။ ၁ ဘုရားသခင်ကိုရှာဖွေတွေ့ရှိသွားလို့ ၂ အမျိုးသမီးတစ်ယောက်ကြောင့် ၃ သေသွားလို့မော်ဂန်ကတော့ ဒုတိယအကြောင်းအရင်းနဲ့ကြေးစားအလုပ်ကို ရပ်လိုက်ချင်နေသူဆိုပါတော့။ ဖြစ်ချင်တော့အဲ့အချိန်မှာပဲ မော်ဂန့်ကိုလာအပ်တဲ့အလုပ်က လူ၆ ယောက်သတ်ပေးရမယ်။ တစ်ယောက်စီအတွက်ဒေါ်လာတစ်သန်းရမယ်။ မော်ဂန်ကသူ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူး ဒီအလုပ်ကိုလဲလက်လွှတ်လိုက်မယ်တွေးပေမယ့် သူ သတ်ပေးရမယ့် ၆ယောက်က သာမန်လူတွေမဟုတ်ဘဲ သူ့လိုကြေးစားတွေဖြစ်နေတယ်။ ပြီးတော့အဲ့၆ ယောက်ကလဲ မော်ဂန့်လိုပဲအလုပ်ကမ်းလှမ်းခံထားရသူတွေဖြစ်နေတယ်။ အဲ့တော့ဒါက ကြေးစားတွေအချင်းချင်းသတ်ရမယ့် Hunger Game ကြီးပေါ့။ မော်ဂန့်အနေနဲ့ကလဲ သူကဒီအလုပ်ကိုလက်မခံချင်ပေမယ့် ကျန်တဲ့၆ယောက်က သူ့ကို လာသတ်မှာပဲဆိုတော့ သူလဲဲ ဒီကစားပွဲကို မဖြစ်မနေ ဝင်ကစားရင်း ဒီကစားပွဲကို ကြိုးဆွဲနေသူက ဘယ်သူလဲ ဘာကြောင့်လဲဆိုတာတွေကို တိုက်ခိုက်အဖြေရှာတာကို ကြည့်ရှုရမယ့် လှည့်ကွက်စုံ အက်ရှင်စုံဇာတ်ကားတစ်ကားပါပဲ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File ...
movie

Assassin Club (2023)

2023