Channel Myanmar

Alessandro Sperduti

Heaven (2002)
Heaven (2002) နာမည်ကျော်မင်းသမီး Cate Blancheett ရဲ့ ၂၀၀၀ ခုနှစ်တွေ က သည်းထိတ်ရင်ဖိုကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ Cate blanchet က ကျောင်းဆရာမ ဖိလစ်ပါ အဖြစ် သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ကျောင်းက ကလေးတွေ မူးယစ်ဆေးကြောင့် သေဆုံးမှုတွေ ဖြစ်လာတဲ့အချိန်မှာ ရဲတွေကလည်း အဖက်မလုပ် တာကြောင့် သူကိုယ်တိုင် မူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းခေါင်းဆောင်ကို သတ်ပစ်ဖို့ ရုံးခန်းထဲမှာ ဗုံးထောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ဗုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့တဲ့ ကလေးလေး ၂ယောက်အပါအဝင် လူ ၄ ယောက် သေဆုံးသွားပါတော့တယ်။ဒါပေမဲ့ မူးယစ်ဆေးရောင်းတဲ့သူကတော့ လွတ်မြောက်သွားပါတယ်။ အဲဒီနောက်မှာတော့ ဖိလစ်ပါ ဟာ ဘယ်လို အကျိုးဆက်တွေကို ဆက်ခံစားရမလဲ၊ သူ့ရဲ့ မူလရည်ရွယ်ချက်အတိုင်း မူးယစ်ခေါင်းဆောင်ကို သတ်ပစ်နိုင်မှာလား ၊ သူ ဒါတွေ အကုန်လုံးကနေ လွတ်မြောက်သွားမှာလား ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။File ...
movie

Heaven (2002)

Paul, Apostle of Christ (2018) 6.6
Paul, Apostle of Christ (2018)  ၂၀၁၈ ကထွက်ရှိခဲ့တဲ့ Paul, the Apostle of Christ ဟာအမေရိကန်သမ္မာကျမ်းလာရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီးAndrew Hyatt က ရိုက်ကူးပေးထားပါတယ်။တမန်တော်ပေါလ်အဖြစ် James Faulkner နဲ့ သူတော်စင်လု့ခ်အဖြစ် Jim Caviezel တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ Jim Caviezel ဟာ ၂၀၀၄ ခုနှစ်ကရုပ်ရှင် ThePassion of the Christ မှာလည်း ယေရှုအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။Paul, the Apostle of Christ ကတော့ ပေါလ်ရဲ့ဇာတ်ကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ခရစ်ယာန်တွေကို ရက်ရက်စက်စက်နှိပ်ကွပ်တတ်သူဖြစ်တဲ့ပေါလ်ဟာ ခရစ်ယာဘာသာဝင်အဖြစ်ကူးပြောင်းပြီးတဲ့နောက် ခရစ်ယာန်ဘာသာအတွက်အကြီးမားဆုံးအကျိုးပြုသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ရောမမှာ ဧကရာဇ်နီရိုရဲ့ကွပ်မျက်မှုမခံရခင် အစောပိုင်းကာလချာ့ချ်ကျောင်းတွေပေါ်ပေါက်လာရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပုံကို အဓိကရိုက်ကူးပြထားပါတယ်။ ပေါလ်ဟာ ခွင့်လွှတ်မှုကိုလက်ကိုင်ထားသူဖြစ်ပြီး ဒီအယူအဆက ဒီနေ့ခေတ်မှာမဖြစ်နိုင်တော့တဲ့အရာတစ်ခုဖြစ်လာလုနီးပါးဖြစ်လာပေမယ့်အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်တယ်ဆိုတာကိုပုံဖော်ပြထားပါတယ်။ ပေါလ်ရဲ့နောက်ဆုံးနေ့ရက်တွေမှာလု့ခ်က ဆရာဖြစ်သူကိုတွေ့ရဖို့ အကြိမ်ကြိမ်အသက်စွန့်ပြီးပေါလ်ရဲ့ဘဝအတွေ့အကြုံနဲ့အဆုံးအမတွေကို မှတ်တမ်းတင်ရေးသားခဲ့ပုံတွေကိုလည်း မြင်တွေ့ရပါတယ်။ Paul, theApostle of Christ ရုပ်ရှင်ဟာ Grace Award for Movies ...
movie

Paul, Apostle of Christ (2018)