Channel Myanmar

Alessandro Riceci

Here After (2024) 5.0
Here After (2024)  Horror / Thriller ဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက်Here After ဆိုတဲ့ သေရွာပြန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။လူတွေသေဆုံးပြီးသွားရင် တမလွန်ဘ၀ကိုရောက်ကြတယ်လို့လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ဒါပေမယ့် အဲ့ဒီတမလွန်ဘ၀ကိုရောက်ပြီး ပြန်လာနိုင်ခဲ့တဲ့သေရွာပြန်တွေလည်းအများကြီးရှိကြပါသေးတယ်။အသက်အန္တရာယ်ဆုံးရှုံးနိုင်လောက်တဲ့ အန္တရာယ်တစ်ခုခုကိုကြုံတွေ့ခဲ့ရပြီး လုံး၀မဖြစ်နိုင်တော့ဘူးထင်ရပြီးမှ လောကကြီးထဲကိုပြန်ဝင်ရောက်လာတဲ့လူတွေလည်း အပြင်လောကမှအများကြီးရှိပါတယ်။ဒီဇာတ်ကားလေးထဲက ရော်ဘင်ဆိုတဲ့ကောင်မလေးကလည်း အဲ့လိုတမလွန်ဘ၀ကနေပြန်လာခဲ့တဲ့ သေရွာပြန်ဖြစ်ပါတယ်။ဘယ်လို ဘယ်ပုံကစဖြစ်ရသလဲဆိုရင်တော့ ရော်ဘင်ကဆွံ့အနေသူတစ်ယောက်ဖြစ်နေပေမဲ့သူ့ရဲ့စန္ဒယားလက်ရာက အရမ်းကောင်းလွန်းတော့ ဂီတကျောင်းဝင်ခွင့်အင်တာဗျူးဖြေဖို့ ကမ်းလှမ်းခံရရင်းနဲ့ လမ်းမှာမတော်တဆဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ဆရာဝန်တွေကလည်းလုံး၀လက်လျှော့ခဲ့ကြပေမဲ့ အံ့ဩစရာကောင်းစွာနဲ့ပဲအသက်ပြန်ရှင်လာတဲ့အပြင် စကားပါပြန်ပြောနိုင်သွားခဲ့ပါတယ်။ဒါပေမယ့် ရော်ဘင်ပြန်လာလို့ပျော်ရွှင်ရတဲ့ပျော်ရွှင်မှုက ရေရှည်မခံခဲ့ပါဘူး။ရော်ဘင်တမလွန်ကပြန်လာနိုင်ခဲ့ပေမဲ့ အဲ့ဒီတမလွန်ကနေဆိုးဝါးတဲ့ အရာတစ်ခုခုကပ်ပါလာပြီး အရင်တုန်းကရော်ဘင်နဲ့မတူဘဲ တစ်နေ့တခြားပိုပိုဆိုးရွားလာတဲ့အခါမှာတော့ မိဘဖြစ်သူတွေဘာဆက်လုပ်ကြမလဲရော်ဘင်ကရော အရင်လိုပြန်ဖြစ်နိုင်ပါ့ဦးမလားဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.33GB / 696MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre …..Drama , Horror ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Here After (2024)

Promises (2022) 5.3
Promises (2022) Promises (2022)အချစ်ဦး....အချစ်ဆုံး....ဖူးစာဒီသုံးမျိုးလုံးကို ချစ်​သောသူ တစ်ဦးတည်းနဲ့ ​သေတပန်သက်တဆုံး ကြုံဆုံခွင့်ရခဲ့တဲ့သူက ​ကောင်းကင်​ပေါ်က အပ်တစ်​စင်းနဲ့ ​မြေ​ပေါ်က အပ်တစ်စင်းထိသလို သိပ်ကို ကံ​​ကောင်းလွန်းသူ ဖြစ်မှာပဲ...သိပ်ကို အားကျမိတာပဲ....အလက်ဇန်းဒါးဆိုတဲ့ ကိုယ်က​တော့ အချစ်​ပေါသူလို့ပဲ ဆိုရမလား၊ ​နဖူးမှာ ဖူးစာ​ရေးထိုးမထားဘဲ ချစ်​​သောသူနဲ့ ကွဲ​စေသတည်းလို့များ မှတ်​ကျောက်တင်ထား​​လေသလား၊ ဒီ၃မျိုးလုံးနဲ့ ဆုံဖူးခဲ့ပြီး ဒီ၃မျိုး ​ကြောင့် အကြိမ်ကြိမ်ပြိုလဲခဲ့ရသူ​ပေါ့....- လူမှန်​ပေမယ့် အချိန်မတန်ခဲ့သူ... - လူ​ရော၊အချိန်​ပါ မှန်ပေမယ့် ကျူးပစ်က မျက်နှာသာမ​ပေးခဲ့သူ... - အချိန်တန်ပေမယ့် လူမှန်မဟုတ်ခဲ့သူ... အချစ်နတ်ဘုရားက ကိုယ့်ကိုကလူကျီစယ်ရတာ သ​ဘော​တွေ့ပြီး မ​နော​ခွေ့​နေပုံပါပဲ၊ လိုတာမရ၊ရတာမလိုတဲ့ဘဝကို လူမစွမ်းနတ်,မ ဆိုသလို တစ်ခါ​လောက် အလိုလိုက်​ပေးရင် အမိုက်​စော်ကားမယ့် လူဖြစ်​နေလို့လား....အချိန်တန်ခဲ့​ပေမယ့် ကိုယ့်ဘက်ကပျက်ကွက်လို့ ​တောင်းပန်ခဲ့တယ်၊ အချိန်တန်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်သူ့အမှားမှ မဟုတ်ဘူးလို့ မင်းက ပြန်ဆိုတယ်...လွဲရက်​လေခြင်း ကံကြမ္မာရယ်၊ ဒီဘဝကို အသစ်တစ်ဖန် ပြန်စခွင့်ရရင် မင်းနဲ့ပဲ စ၊လယ်၊ဆုံး ဆုံစည်း ပါရ​စေလို့ ရှိကြီးခိုး ဆု​တောင်းမိပါရဲ့... ခု​တော့ ​နောက်ကျသွားခဲ့ပြီ"ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်​ပေါင်းဘယ်​​လောက်ကြာတတ်လဲ" ​အောင်ချိမ့်အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ...
movie

Promises (2022)

2022