Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alesha Fadillah
5.8
Love Therapy (2025)
ဒီဇာတ်လမ်လေးတော့ အိမ်ထောင်ရေးအကြောင်းကိုဟာသDrama အဖြစ်နဲ့ ရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်..မာတင်နဲ့ ဒါရာတို့ဟာ အိမ်ထောင်ကျခါစမှာတော့ ချစ်ခင်ခင်နဲ့ အစစအရာရာ အဆင်ပြေသာယာနေခဲ့ပါတယ်..ဒီလိုနဲ့ အိမ်ထောင်သက် ၁၀နှစ်လောက်ကိုရောက်လာတဲ့အချိန်မှာတော့သူတို့ရဲ့ ဆက်ဆံရေးအခြေနေတွေက ညားခါစကလိုမျိုး မဟုတ်တော့ပါဘူး.အိမ်ထောင်ရေးဖောက်ပြန်တာမျိုး တခြားပြဿနာမျိုးတွေရှိနေတာမျိုး မဟုတ်ဘဲပုံမှန်ဆက်ဆံရေးမှာဆိုရင် နွေးနွေးထွေးထွေးနဲ့ အဆင်ပြေနေပေမဲ့လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လက်ထပ်ပြီးခါစကလိုမျိုး စိတ်အားထက်သန်မှုတွေမရှိတော့ဘဲနဲ့ တစ်ယောက်အပေါ်တစ်ယောက် တပ်မက်မှုမရှိတော့သလို ဖြစ်လာကြတာပါ.ဒါကြောင့်မို့ တစ်အိမ်တည်းနေပြီး အတူတူအိပ်ကြတဲ့ လင်မယားဖြစ်ပေမဲ့လိင်မဆက်ဆံဖြစ်ကြတာ လနဲ့ချီအောင် ကြာလာကြပါတယ်.လိင်ဆက်ဆံတယ်ဆိုတာ အိမ်ထောင်ရေးတစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုလို့လူတော်တော်များများက လက်ခံယူဆထားကြတာပါ..ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုလိုအပ်နေသလိုမျိုးခံစားလာရတဲ့အတွက် တစ်ယောက်အပေါ်တစ်ယောက်ပြန်ပြီးတော့ လိုချင်တပ်မက်စိတ်ရှိလာအောင် မျှားနတ်မောင်ဆေးခန်းဆိုတဲ့ စုံတွဲတွေ ပြန်အဆင်ပြေအောင် လုပ်ပေးတဲ့ဆေးခန်းတစ်ခုဆီကို သွားခဲ့ကြပါတယ်..အပြန်အလှန် ငြီးငွေ့သလိုမျိုး ဖြစ်လာကြတဲ့ မာတင်နဲ့ ဒါရာတို့ စုံတွဲအနေနဲ့အဲဒီဆေးခန်းနဲ့ အတွေ့မှာ အဆင်ပြေသွားကြမလား ....ဆေးခန်းဘက်ကရောသူတို့ကို ဘယ်လိုဝန်ဆောင်မှုမျိုးတွေ လုပ်ပေးမလဲဆိုတာကိုဟာသနှောပြီးတော့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..အရမ်းကို ရယ်မောရမဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့်မို့ဟာသရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲ ...
movie
Love Therapy (2025)
6.5
Hide and Seek (2024)
Hide and Seek (2024) / Petak Umpet (2024)*******************************************ကလေးဆုံးရှုံးရလို့ သေဆုံးသွားပြီးတဲ့နောက်မှာ ကလေးကို စွဲလမ်းတဲ့စိတ်နဲ့ မကျွတ်မလွတ် ဖြစ်နေတဲ့ ဝိညာဥ်သရဲတစ်ကောင် ..မိသားစုက လျစ်လျူရှုခြင်းခံရတဲ့ ကလေးတွေကို သူ့ဆီပါလာအောင်ဆွယ် .. ကလေးတွေကြိုက်တာကျွေး ကလေးတွေနဲ့အတူတူဆော့ပေးဖို့အတွက် ပြန်ပေးဆွဲတတ်တဲ့ ဝင်ဝင် ဂွမ်ဘယ်ဆိုတဲ့ အင်ဒိုသရဲအကြောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဝင်ဝင် ဂွမ်ဘယ်ဟာ ကလေးတွေကို ခေါ်သွားပြီးလို့ ၃ရက်အကြာမှာတော့ ကလေးတွေရဲ့ ဝိညာဉ်ကိုပါ နှုတ်ယူပြီး သူ့အနားခေါ်သွားတတ်တယ်ဆိုပြီး ဆိုရိုးရှိပါတယ် .. ။ရာမန်နဲ့ ဆာရီဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ အမေဖြစ်သူနဲ့အတူတူ ပျော်ရွှင်စွာနေထိုင်နေပါတယ်။အမေဖြစ်သူဟာ ဖခင်မဲ့နေတဲ့ ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ရင်းနဲ့ အလုပ်ကြိုးစား လုပ်ကိုင်နေရသူတစ်ယောက်ပေါ့။ သားဖြစ်သူ ရာမန်ကတော့ ကောလိပ်တက်နေပြီဖြစ်ပြီး တစ်နေ့မှာ ဖခင်ရဲ့နေရာကို လက်လွှဲယူမယ်ဆိုပြီး အမြဲပြောတတ်တဲ့သူတစ်ယောက်ပါ။ဆာရီလေးကတော့ ကလေးပီပီ အမြဲ ဆော့မယ် စားမယ်ပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ ဆော့ကစားချင်နေတဲ့ ဆာရီလေးကို မိခင်ဖြစ်သူက အပြင်မှာ သွားကစားဖို့ လွှတ်လိုက်ပါတော့တယ် ..ဆာရီလေးဟာ သူငယ်ချင်းတွေနဲ့ တူတူပုန်းတမ်းဆော့နေရင်း ...
movie
Hide and Seek (2024)
7.3
Ipar Adalah Maut (2024)
Ipar Adalah Maut (2024)IMDb Rating (7.3) အင်ဒိုနီးရှားနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ Eliza Sifa ရဲ့ ဇာတ်လမ်းကို အများသူငှာ သင်ခန်းစာယူနိုင်အောင် ရိုက်ကူးထားတဲ့ အိမ်ထောင်ရေး ပညာပေးကားလေး ဖြစ်ပါတယ်။အာရစ်စ်နဲ့ နီဆာဆိုတာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်စုံမက်လို့ ပေါင်းဖက်ခဲ့ကြတဲ့ ဆရာနဲ့ ကျောင်းသူ လင်မယားတစ်တွဲပေါ့။သမီးလေးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီး အာရစ်စ်ကတော့ ကျောင်းမှာ စာဆက်သင်တယ် နီဆာကျတော့ ကိတ်မုန့်တိုက်လေး ဖွင့်ထားပြီး အောင်မြင်နေတာပေါ့။ဒီလိုမျိုး သာယာငြိမ်သက်နေတဲ့ဘဝထဲကို မုန်တိုင်းတစ်ခုက သတိမပေးပဲ ဝင်ရောက်တိုက်ခတ်လာပါတော့တယ်။အဲဒါကတော့ နီဆာရဲ့ ညီမအရင်းဖြစ်သူ ရာနီဟာ အရွယ်ရောက်လာပြီး မြို့မှာ တက္ကသိုလ်တက်ရမှာဖြစ်တဲ့အတွက် အမေဖြစ်သူက “သွား အစ်မအိမ်သွားနေလိုက်” ဆိုရာကနေ ဒီဇာတ်လမ်းတစ်ပုဒ် ဖြစ်လာတာပါပဲ။အိမ်ထောင်ဦးစီးတစ်ယောက်နဲ့ ဆင်ခြင်သုံးသပ် ပညာယူစရာလေးတွေ၊ မိန်းမပျိုလေးတွေအတွက်လည်း မဖြစ်သင့်တာ မဖြစ်ရအောင် ပညာယူစရာလေးတွေ စသဖြင့်ဖော်ကျူးထားတဲ့ အင်ဒိုနီးရှား ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aung ...
movie
Ipar Adalah Maut (2024)
2024