Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aleksei Nesterov
7.5
Enemy at the Gates (2001)
Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်ပေးခဲ့တဲ့တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကိုလက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကိုအင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေအတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလိုသူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်ကမီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။ Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေကဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီးအမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကိုသူရဲကောင်းဆန်ဆန် ရေးသားပြီး ...
movie
Enemy at the Gates (2001)
4K HEVC
5.7
The Dyatlov Pass Incident(2013)
၁၉၅၉ ခုနှစ်မှာ အီဂါ ီယာလို့ဗ် ခေါင်းဆောင်တဲ့ ရုရှားတောင်တက်သမား၉ယောက်အဖွဲ့ဟာ ရုရှားနိုင်ငံ မြောက်ပိုင်း ယူရယ်တောင်ရိုင်းတွေကိုစွန့်စားတောင်တက်ခဲ့ကြပါတယ်။ နှစ်ပတ်အကြာမှာ သူတို့စခန်းချထားတဲ့နေရာနဲ့ နည်းနည်းလှမ်းတဲ့နေရာတွေမှာ ၉ယောက်လုံးကို ထူးဆန်းစွာသေဆုံးလျက် တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကိုတော့ The DyatlovPass incident (ဒီယာလို့ဗ်တောင်ကြားလမ်းမတော်တဆမှု)လို့ခေါ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ဖြစ်ရပ်မှန်ဖြစ်ပြီး ယနေ့တိုင် ကမ္ဘာပေါ်ကဘယ်သိပ္ပံပညာရှင်မှ အဖြေမထုတ်နိုင်၊မဖြေရှင်းနိုင်သေးတဲ့လျို့ဝှက်ဆန်းကြယ်ဖြစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဒီဖြစ်ရပ်ကိုအခြေခံပြီးစိတ်ကူးပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာအော်ရီဂွန်တက္ကသိုလ်က ကျောင်းသား ၅ယောက်က အဲ့ဒီမတော်တဆမှုဖြစ်ရပ်ကို အဖြေထုတ်မယ်၊မှတ်တမ်းရိုက်ကူးထားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီဖြစ်ရပ်ဖြစ်ခဲ့တဲ့ ယူရယ်တောင်တွေဆီကို ဒီယာလို့ဗ်တို့အဖွဲ့လမ်းစဉ်အတိုင်း တောင်တက်လာကြပါတယ်။ အဲ့ဒီနောက်မှာဒီ ၅ယောက်အဖွဲ့လည်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားတဲ့ သတင်းတွေထွက်ပေါ်လာပါတော့တယ်။ မူလ ဒီယာလို့ဗ်အဖွဲ့တုန်းကလို မဖြေရှင်းနိုင်တဲ့ ပဟေဠိဖြစ်ရပ်တစ်ခုဖြစ်ပြီး တကယ်များတည်ရှိနေကြမလားမသိနိုင်တဲ့ နှင်းလူတွေကြောင့်လား ၊ ဂြိုလ်သားတွေကြောင့်များလား၊ပရလောက နာနာဘာဝ ဝိနာဘာဝတွေ လုပ်တာလား ၊ ဒါမှမဟုတ်အစိုးရစစ်တပ်ရဲ့လုပ်ရပ်လား ။သူတို့ရိုက်ကူးထားတဲ့ footage မှတ်တမ်းပုံစံအနေနဲ့ ကြည့်ရှုရမယ့် horrorဇာတ်လမ်းတစ်ပုဒ် ...
movie
The Dyatlov Pass Incident(2013)