Channel Myanmar

Aleksandar Stepanuleski

Housekeeping for Beginners (2024) 6.9
Housekeeping for Beginners (2024)    Housekeeping for Beginners (2024)IMDb Rating (6.9) / Rotten Tomatoes (93%) သာမန်ဇာတ်လမ်းဇာတ်ကွက်မျိုးမဟုတ်ဘဲ လက်တွေ့မှာရှိနိုင်ချေနည်းတဲ့ မိသားစုတစ်စုအကြောင်း ဒရာမာဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။မက်စီဒိုးနီးယားဖွား ဩစတြီးယားမှာ ကြီးပြင်းခဲ့တဲ့ ဒါရိုက်တာ Goran Stolevski ရဲ့ masterpiece တစ်ခုလို့ပြောလို့ရပါတယ်။IMDB 6.9 နဲ့ Tomatometer 93% အထိရထားတဲ့အပြင် သက်ဆိုင်ရာနယ်ပယ် ဆုပေါင်းများစွာ ရထားတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ခုလို့ ဆိုရပါမယ်။ဇာတ်လမ်းထဲမှာတော့သွေးသားတော်စပ်တဲ့ လူငါးယောက်ဟာ တစ်မိုးအောက်မှာအတူနေခဲ့ကြတာပါ။ဇာတ်ဆောင်ဖြစ်သူ ဒီတာဟာ အမေဖြစ်ချင်လျှက်နဲ့ ဖြစ်ခွင့်မရတဲ့အခါမှာ သူ့ရဲ့ အသိမိတ်ဆွတွေထဲက ခိုကိုးရာလိုနေသူတွေအတွက် မိခင်သဖွယ်ကြည့်ရှစောင့်ရှောက်တဲ့သူဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့အလျောက် မျောက်ကို မဖိထားရင် မိုးပေါ်တက်ကတတ်တယ် ဆိုတဲ့ စကားအတိုင်း သက်ရွယ်စုံနေတဲ့ ဒီတာတို့မိသားစုကြီးဟာ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်လာခဲ့ပါတယ်။ပြဿနာကိုယ်စီရှိကြပေမယ့်လည်း ဒါကို ဒီတာက မညည်းမညူပဲကြိုးစားဖြေရှင်းပေးရှာပါတယ်။အခုလို သွေးသားမတော်စပ်ဘဲ စရိုက်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ ...
movie

Housekeeping for Beginners (2024)

2024