Channel Myanmar

Alan Shirahama

One in a Hundred Thousand (2020) 7.3
One in a Hundred Thousand (2020) One in a Hundred Thousand (2020) ********************************ဆာကူရာဂီရီနိုဆိုတဲ့ အထက်တန်းကျောင်းသူလေးက သူငယ်ချင်းဖြစ်သူ ခီရီတာနီရန်ကို အလယ်တန်းကတည်းက တိတ်တခိုးချစ်ခဲ့ရသူပါ။တစ်နေ့မှာတော့ မထင်မှတ်ထားဘဲ ဆာကူရာဂီကို ခီရီတာနီက ဖွင့်ပြောလိုက်ပါတယ်။ဆာကူရာဂီလည်း တစ်ဖက်သတ်ကြိတ်ကြွေနေရတဲ့ သူငယ်ချင်းက ဖွင့်ပြောတဲ့အတွက် ခီရီတာနီနဲ့ တွဲလိုက်ပါတော့တယ်။အဲဒီအချိန်မှာ ဆာကူရာဂီက မထင်မှတ်ထားတဲ့ရောဂါနဲ့ ကြုံတွေ့ခဲ့ရပါတယ် ..ဆာကူရာဂီ ခံစားနေရတဲ့ရောဂါက ဘယ်လိုမျိုးလဲ ..ရောဂါရှိနေတာတောင် ခီရီတာနီက ဆက်ချစ်နေဦးမလား အနားမှာရှိနေဦးမလားဆိုတာကို ကျောင်းသားအချစ်ဇာတ်လမ်းရယ် ဒရမ်မာရယ်ရောပြီး ရိုရိုချိုချိုလေး ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းကို Jiyeon မှ ရေးသားထားပါတယ်) File size…1.44GB / 678MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Jiyeon Encoded by AHtet
movie

One in a Hundred Thousand (2020)

Daytime Shooting Star (2017) 6.7
Daytime Shooting Star (2017) Daytime Shooting Star (2017)****************************IMDb..... 6.7 ဒီတစ်ခေါက်မှာတော့ မင်းသမီး Nagano Mei၊ မင်းသား Shirahama Alan နဲ့Miura Shohei တို့ အဓိကပါဝင်ထားတဲ့ မြူးမြူးကြွကြွ ကျောင်းသားအချစ်ကားလေးကိုCM ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း-ယိုဆနို ဆုဇုမဲရဲ့ မိဘတွေဟာ အလုပ်ကိစ္စနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့ဖို့ဖြစ်လာတော့ဇုဆုမဲလည်း ကျောင်းဆက်တက်ဖို့အတွက် ဦးလေးဖြစ်သူရှိရာ တိုကျိုမြို့ကို ပြောင်းလာခဲ့တော့တယ်။တိုကျိုရောက်တဲ့ ပထမဆုံးနေ့မှာတင် အိမ်ရှာရင်းမူးလဲတော့ ခပ်ကြောင်ကြောင် လူတစ်ယောက်ကဆုဇုမဲကို အိမ်ပြန်ခေါ်လာပေးပါတော့တယ်။ ဒါပေမဲ့ ဆုဇုမဲမထင်ထားမိတာက အဲဒီလူက သူ့ရဲ့အတန်းပိုင်ဆရာဖြစ်လာမယ်ဆိုတာပါပဲ။ အထက်တန်းပထမနှစ်တက်ရင်း ဆရာ့ကိုချစ်မိသွားခဲ့တဲ့ခေတ်လူငယ်ပီပီ ဆုဇုမဲဟာ ဆရာ့ကို ဖွင့်ပြောလုပ်ပါတော့တယ်။ဒါပေမဲ့ ဆုဇုမဲရဲ့ သူငယ်ချင်းဖြစ်တဲ့ မာမူရက ဆုဇူမဲကို ကြိုက်နေတဲ့ အချိန်မှာတော့...တောသူမလေး ဆုဇုမဲတစ်ယောက် မာမူရနဲ့ ဆရာ့ကြားမှာ ဘယ်လိုသုံးပွင့်ဆိုင်မလဲဆိုတာကိုပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မဲ့ အချစ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။  (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Nisarh ပဲ ဖြစ်ပါတယ်။) File Size : 2.54GB/ ...
movie

Daytime Shooting Star (2017)

Sana aka Minna no Uta (2023) 5.3
Sana aka Minna no Uta (2023) Minna No Uta (2023) Imdb -5.3ကက်ဆက်သံကြားမိသူတိုင်း ဆန်းကြယ်မှုထဲပတ်သက်မိပြီး ပျောက်ဆုံးကုန်ကြတဲ့ ထူးခြားဆန်းကြယ်ကက်ဆက်..ဇာတ်လမ်းအစကတော့ ရေဒီယိုအသံလွှင့်ရုံကနေ နားဆင်သူတွေနဲ့ လိုက်ဖ်ရှိုးလုပ်နေတုန်း လူတစ်ယောက်က ကက်ဆက်အကြောင်းမေးခဲ့တယ် ကက်ဆက်တိပ်ခွေရောက်လားပေါ့ စတူဒီယိုအဖွဲ့သားတွေက ဒါကိုရိုးရိုးတိပ်ခွေပဲထင်ကြပေမဲ့ ဒီဟာမှာကပ်ပါလာတဲ့ အမှောင်လောကသားကိုတော့ သူတို့မမြင်ခဲ့ကြ ဒီကက်ဆက်တိတ်ခွေနောက်ဆက်တွဲရလဒ်အနေနဲ့ကတော့ လိုက်ဖ်ရှိုးလွှင့်ဖို့ရက်သိပ်မကျန်တော့တဲ့ Generations ဆိုတဲ့အဖွဲ့ထဲက အဆိုတော်ပျောက်ဆုံးသွားတာပါမပျောက်ဆုံးခင် ဒီအဆိုတော်က သီချင်းညည်းသံတွေကြားခဲ့ရပြီး လေ့ကျင့်ချိန်မှာလည်း သူမဟုတ်သလို သူပဲထူးဆန်းတာတွေတွေ့‌သလိုဖြစ်နေတော့ အဖွဲ့သားတွေစိတ်ပူနေချိန်မှာပဲ ပျောက်ဆုံးသွားခဲ့တာပါ ဒီအမှုကို အစကလိုက်ရင်းကနေ ကက်ဆက်တိပ်ခွေရဲ့အတိတ်အကြောင်းပါ စုံစမ်းမိသွားပါတယ် ဒါကတော့ဘာများဖြစ်မလဲ မမြင်ရတဲ့ပရလောကသားကရော ဘာလိုချင်တာလဲဆိုတာကိုတော့( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် ) File size… 1.6GB  / 721MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Alex ~ ToMo
movie

Sana aka Minna no Uta (2023)

2023
Road To High & Low(2016) 6.4
Road To High & Low(2016) High & Low ဂျပန်ရုပ်ရှင်နဲ့ စီးရီးတွေဆိုတာကတော့ Gangster လူမိုက်တွေ ဂိုဏ်းတွေ အုပ်လိုက်ချကြတာတွေ ကြိုက်တဲ့လူတွေအတွက်တော့ ရှယ်ပါပဲ။ သူကတော့ စီးရီးကို Season 1 & 2 ရှိထားပြီး ရုပ်ရှင်ဆိုလည်း ၆ ကားထိ ထွက်ရှိရတဲ့ထိ အောင်မြင်မှုရထားပါတယ်။ (၆ ကားလုံးလည်း တင်ဆက်ပေးမှာပါ)။ High & Low ကြည့်ဖို့ အတွက် အကျဉ်းချုံး ဒါလေးကို ရှင်းပြထားချင်ပါတယ်။ ပထမဆုံး SWORD ဆိုပြီး နယ်မြေကြီးတစ်ခု ရှိပါတယ်၊ ဒီနယ်မြေထဲမှာ လူမိုက်ဂိုဏ်း ၅ ဂိုဏ်းက အချင်းချင်း သိပ်မတည့်ကြပဲ ကိုယ်စီအုပ်ချုပ်လျက်ရှိပါတယ်။1. ဆန်းနိုးလူမိုက်ဂိုဏ်း (SWORD ထဲက S) ဒီရုပ်ရှင်ရဲ့ဇာတ်ဆောင်လို့ပြောရမယ့် မင်းသားတို့ရဲ့အဖွဲ့ပါ ခေါင်းဆောင်ကော်ဘရာနဲ့အတူ ယာမာတိုတို့က ဖွဲ့စည်းထားတာပါ။2. ဝှိုက်ရတ်စကဲလ်ဂိုဏ်း- အဖြူရောင်လူပေလူတေများ (SWORD ထဲက W) ယောက်ျားသားတွေရဲ့နှိပ်စက်ရမ်းကားတဲ့ဒဏ်ကိုခံရတဲ့ မိန်းကလေးတွေကို ကာကွယ်ဖို့ဆိုပြီး ...
movie

Road To High & Low(2016)

HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)