Channel Myanmar

Alan Gibbs

Hitler: The Last Ten Days (1973) 6.5
Hitler: The Last Ten Days (1973) ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေအကြောင်း ဗားရှင်းအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ အထဲမှာဒီကားကတော့ အစောဆုံးတွေထဲက တစ်ကားဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်း ဥရောပတိုက်နဲ့ ရုရှားပြည်တစ်ဝက်ကို သိမ်းပိုက်ခဲ့တဲ့၊ဂျူးခြောက်သန်းကိုသုတ်သင်ခဲ့တဲ့ ယနေ့တိုင် နာမည်ဆိုးနဲ့ကျော်ကြားဆဲ အဒေါ့ဟစ်တလာရဲ့ဘဝနေဝင်ချိန်နောက်ဆုံး ၁၀ ရက်အတွင်းဖြစ်ပျက်ခဲ့သမျှကို တင်ဆက်ထားတာပါ။ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေမှာသူနဲ့အတူဘန်ကာထဲရှိနေခဲ့တဲ့ ဗိုလ်ကြီးဂါးဟတ်ဘိုတ့် ရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာကြောင့် ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးကို သိရှိနိုင်မှာဖြစ်ပါတယ်။၁၉၃၉ စပြီးဆင်နွှဲခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျာမနီဟာ ဆက်တိုက်အောင်ပွဲရခဲ့ပေမယ့်၁၉၄၃က စလို့အရေးနိမ့်လာခဲ့ပြီး ၁၉၄၅ မှာတော့ ရုရှားနဲ့ အမေရိကန်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်မှုနဲ့အတူဘာလင်မြို့ကွက်ကွက်လေးသာ ကျန်တော့တဲ့အထိ အခြေအနေဆိုးလာပါတယ်။ဒီလို ရှုံးနိမ့်မှုတွေနဲ့ အတူ တစ်ချိန်က ဥရောပတိုက်နဲ့ ရုရှားပြည်တစ်ဝက်အောင်နိုင်ခဲ့သူကြီးဟစ်တလာလည်း ဘာလင်မြို့တစ်နေရာက ဘန်ကာထဲမှာ လက်တစ်ဆုပ်စာလူယုံတွေနဲ့အတူပုန်းအောင်းနေရပါတယ်။ ရန်သူဝိုင်းတာခံနေရတဲ့ ဘန်ကာအတွင်းနေ့ရက်တွေမှာဟစ်တလာတစ်ယောက် လက်လျော့အရှုံးပေးခဲ့လား၊အခြေအနေကို ပြောင်းနိုင်ဖို့ဘယ်လို ဆုံးဖြတ်ချက်တွေ ချခဲ့လဲ၊ သူ့ရဲ့သစ္စာရှိ လူယုံတွေကကော နောက်ဆုံးအချိန်ထိသစ္စာရှိခဲ့ကြလား၊ ဟစ်တလာအနေနဲ့ အရှုံးသမားတစ်ယောက်ရဲ့ခါးသီးမှုရင်ဆိုင်ရင်းသူရဲ့နောက်ဆုံးနေ့ရက်တွေ၊‌နောက်ဆုံးစကားတွေ ၊နောက်ဆုံးလုပ်ဆောင်မှုတွေနောက်ဆုံးရွေးချယ်မှုတွေကိုခံစားကြည့်ရမှာပဲဖြစ်ပါတယ်။ File size…    2.2 GB /  1.1 ...
movie

Hitler: The Last Ten Days (1973)

Frenzy (1972) 7.4
Frenzy (1972) Frenzy (1972) =========================IMDb: 7.4/10Rotten Tomatoes : 97%Genre : Thriller/Crime လွန်ခဲ့တဲ့ နှစ်၅၀ ဝန်းကျင်လောက်က နာမည်ကြီးဝတ္ထုတစ်ပုဒ်ကို အခြေခံပြီးပြန်လည်မွမ်းမံရိုက်ကူးထားတဲ့ ဗြိတိသျှနိုင်ငံ လန်ဒန်မြို့ကို အခြေစိုက် ရိုက်ကူးထားတဲ့စုံထောက်ဇာတ်လမ်းဖြစ်ပါတယ်။ Jack the Ripper တို့လိုကွင်းဆက်လူသတ်သမားတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့လန်ဒန်က နက်ခ်တိုင်နဲ့ လည်ပင်းညှစ်သတ်တဲ့ မုဒိမ်းလူသတ်ကောင်တစ်ယောက်ကိုဖမ်းဆီးရှာဖွေကြမယ့် ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအကျဉ်းရစ်ချက်ဘလိန်နီဟာ လေတပ်အရာရှိဟောင်း အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီးဘဝကိုပေတေစုတ်ပြတ်စွာ ဖြတ်သန်းရင်း ဘုံဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်နေရာကသူနဲ့အမြင်မကြည်တဲ့ ဆိုင်မန်နေဂျာက အားတိုင်း ရှက်ကီခိုးထု ပစ္စည်းတွေခိုးပါတယ်ဆိုပြီးသောက်မြင်ကပ်ပုဒ်မနဲ့ ကွိုင်ရှာလို့ မန်နေဂျာနဲ့ စကားများပြီး အလုပ်ကထွက်လာခဲ့ပါတယ်။သွားစရာ စားစရာလည်းမရှိလို့ သူငယ်ချင်းတစ်ယောက် အကြံပေးတဲ့အတိုင်းကွာရှင်းထားတဲ့ မိန်းမဆီကို အပူကပ်ခဲ့ရပါတယ်။ မိန်းမဖြစ်သူကတော့ကြင်ဖက်ရှာဖွေရေး အေဂျင်စီထောင်ထားပြီး အတော်လေးအောင်မြင်နေတဲ့ အမျိုးသမီးဖြစ်နေပါတယ်။ငမူး ရစ်ချက် ဘလိန်နီကတော့ မူမူးရူးရူးနဲ့ အပြောမဆိုတတ် အော်ကြီးဟစ်ကျယ်မိန်းမဖြစ်သူကို ပြောလို့ဆိုလို့ပေါ့။ သူတို့ လန်ဒန်မြို့မှာပဲ နက်ခ်တိုင်လူသတ်သမားဆိုတဲ့လူကိုသဲလွန်စတောင် မရှာနိုင်သေးလို့ ရဲတွေခေါင်းကြိမ်းနေရဆဲပါ။ မိန်းမဖြစ်သူ ညစာလိုက်ကျွေးပြီးအပြန်အများသုံးပေါချောင်မကောင်း ...
movie

Frenzy (1972)

The Guns of Navarone (1961) 7.5
The Guns of Navarone (1961)  ဒီတစ်ခါတင်ဆက်ပေးမှာကတော့ war/adventure ရုပ်ရှင်တစ်ခုဖြစ်တဲ့ The Guns of Navarone ပါ မူရင်းစာအုပ် The Guns of Navarone ကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်Navarone ဆိုတဲ့ကျွန်းက အပြင်မှာ တကယ်မရှိပါဘူး ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း Roman Holiday, To kill a mockingbird တို့နဲ့ သိလောက်မယ့် မင်းသားကြီး Gregory Peck, David Niven, Anthony Quinn, James Darren တို့ပါ IMDb rating 7.5, rotten tomatoes 92% ရထားတဲ့ စစ်စွန့်စားခန်း ရုပ်ရှင်ကားကောင်းတစ်ခုပါပဲဇာတ်ကြောင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်‌တွေဟာ စစ်အင်အားပြသဖို့အတွက် ဂရိကျွန်းဆွယ်တစ်ခုဖြစ်တဲ့ ကာရိုစ်ကျွန်းကို ‌ရုတ်တရက်ထိုးစစ်ဆင်ဖို့ ကြံစည်ပါတယ် ကာရိုစ်ကျွန်းပေါ်မှာ သောင်တင်နေတဲ့ အင်္ဂလိပ်စစ်သား ၂၀၀၀ ကို ...
movie

The Guns of Navarone (1961)

The Protector (1985) 5.7
The Protector (1985) The Protector (1985)ဟောလိဝုဒ်ရဲ့ Hollywood Walk of Fame မှာ မှတ်ကျောက်တင်ခံထားရသလို၊ Academy Honorary Award ကိုရခဲ့တဲ့ ဟောင်ကောင်မင်းသား၊ တာရန်တီနိုကြီးက "one of the greatest physical comedians since sound came into film"လို့ ချီးကျူးခံထားရတဲ့ ဟောင်ကောင်မင်းသား ဂျက်ကီချမ်းရဲ့ သူဟောလိဝုဒ်မှာ စပေါက်တုန်း အမေရိကန်ဒါရိုက်တာရိုက်ပြီး အမေရိကန်မင်းသားနဲ့ အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ ကားဟောင်းတစ်ကားပါ။ သူနဲ့တွဲသရုပ်ဆောင်တဲ့ အမေရိကန်မင်းသားကလည်း The Godfather Part II တို့၊ Once Upon a Time in America တို့၊ Leon: The Professionalတို့လို ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့လူပါ။ဇာတ်လမ်းထဲမှာတော့ သူတို့က လုပ်ချင်တာလုပ်တဲ့ ရဲ၂ကောင်ပေါ့။ ဂျက်ကီကလည်း အမေရိကန်မှာ အခြေချနေတာ ...
movie

The Protector (1985)

1985