Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alan Dale
Captain America: The Winter Soldier (2014)
Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ...
movie
Captain America: The Winter Soldier (2014)
4K HEVC
6.2
After the Sunset (2004)
After the Sunset (2004)****************************အလစ်သုတ်ရာမှာ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ မက်စ် နဲ့ လိုလာတို့ဟာတစ်နေ့မှာတော့ FBI အေးဂျင့် စတန်လေ ကိုယ်တိုင် စောင့်ရှောက်နေတဲ့ ကြားကနေစိန်တုံးတစ်တုံးကို ခိုးယူသွားခဲ့ပါတယ်။ အဲဒီစိန်တုံးက နပိုလီယံ ပိုင်ဆိုင်ခဲ့တဲ့စိန်တုံး သုံးတုံး ထဲက ဒုတိယမြောက် အတုံးဖြစ်ပါတယ်။ ဒီကိစ္စ ပြီးတဲ့နောက်မှာတော့မက်စ်နဲ့ လိုလာတို့ဟာ သူခိုးလောကကနေ အနားယူခဲ့ပြီး Bahamas နိုင်ငံကParadiseကျွန်းပေါ်မှာ အပန်းဖြေနေခဲ့ကြပါတယ်။ ဖြစ်ချင်တော့ နပိုလီယံရဲ့ တတိယမြောက်စိန်တုံးဟာ တနေ့မှာ Paradiseကျွန်းပေါ်ကို ဆိုက်ဆိုက်မြောက်မြောက် ရောက်လာပါတော့တယ်။ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။မက်စ်နဲ့ လိုလာတို့ဟာ တကယ်ပဲအနားယူသွားတာလား။တတိယမြောက် စိန်တုံးကို ထပ်အလစ်သုတ်ဦးမလား။FBIအေးဂျင့် စတန်လေ ကရော ဒီတခေါက် ဘာအကြံအစည်တွေများ ရှိနေဦးမလဲ။သူတို့တွေရဲ့ အားပြိုင်မှု ကြားထဲ Paradise ကျွန်းပေါ်က ဒေသခံ ဂိုဏ်းတစ်ခုကပါပါ၀င်လာတဲ့ အချိန်မှာတော့......IMDb rating 6.2 ရရှိထားပြီး ကြာမြင့်ချိန် ၁နာရီ ၄၀မိနစ် ...
movie
After the Sunset (2004)
6.2
Indiana Jones and the Kingdom of the Crystal Skull (2008)
Indiana Jones and the Kingdom of the Crystal Skull (2008)IMDb Rating (6.2) / Rotten Tomatoes (77%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ ...
movie
Indiana Jones and the Kingdom of the Crystal Skull (2008)
2008
4K HEVC
A Little Bit of Heaven (2011)
တကယ်လို့များ ဘုရားသခင်နဲ့တွေ့ပြီး လိုချင်တဲ့ ဆု ၃ခု ဆုတောင်းခွင့်ရခဲ့မယ်ဆိုရင်....IMDB 6.2/10 ရရှိထားတဲ့ A little bit of Heaven (2011)ဆိုတဲ့ ဒီ Romance/Dramaကားလေးမှာ မင်းသမီး Kate Garry Hudson (How to lose a guy in 10 days/Almost Famous)နဲ့ မင်းသား Gael García Bernal (Bad Education)တို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားကြတာပါ။ဇာတ်လမ်းအကျဉ်း မာလေက ဘဝကို ပျော်ပျော်နေတတ်ပြီး စိတ်ရှုပ်စရာတွေကို ရယ်စရာလုပ် တောက်ထုတ်တတ်တဲ့၊ ချိန်းတွေ့တာမျိုးလုပ်ပေမယ့် အချစ်ကိုဘဝထဲအဝင်မခံတတ်တဲ့၊ အလုပ်အကိုင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ.. သူငယ်ချင်းကောင်းတွေ ဝန်းရံထားပြီး ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားပေမယ့် လျစ်လျူရှုတတ်တဲ့အဖေနဲ့ ပွစိပွစိပြောတတ်တဲ့အမေကြား အလိုက်အထိုက်ဆက်ဆံရင်း နေနေရသူပေါ့.. အေးချမ်းနေတဲ့ မာလေ့ရဲ့ဘဝထဲကို မထင်မှတ်ဘဲ ကင်ဆာဆိုတဲ့ မုန်တိုင်းကြီးက ရုတ်တရက်ရောက်ရှိလာခဲ့ချိန်မှာတော့.. မာလေက ဘုရားသခင်ဆိုသူနဲ့ စကားပြောခွင့်ရခဲ့ပါတော့တယ်.. သူ့ကိုယ်သူ ဘုရားသခင်လို့ဆိုသူက လိုချင်တဲ့ ဆု ၃ခု ...
movie
A Little Bit of Heaven (2011)
Entourage(2015)
ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie
Entourage(2015)
7.8
The Girl with the Dragon Tattoo (2011)
The Girl with the Dragon Tattoo (2011) IMDb - 7.8/10_______Rotten - 86% Won 1 Oscar. Another 26 wins & 91 nominations ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိ အုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကိုဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီးတစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ်ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ် ကတော့ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲဖော်ထုတ်မိလို့ အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ် ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ်၄၀ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့မိသားစုအတွင်းလူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာအဖြေသိရဖို့ မီကယ်ဘလွန်းကစ်ကိုငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ် ထိုအမှုဟာ ဘလွန်းကစ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်ယူဖို့ တိုင်းပြည်ရဲ့အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်နေခဲ့ပြီး ဘလွန်းကစ်နဲ့အတူ နဂါးရုပ်ဆေးမင်ကြောင်နဲ့မိန်းကလေးပါ စုံစမ်းရေးထဲကို ပါဝင်လာတဲ့အခါမှာတော့.... Millennium Trilogy ရဲ့အောင်မြင်ခဲ့တဲ့ပထမဆုံးဝတ္တု ဖြစ်တဲ့ The girl with the dragon tattoo ဝတ္တု ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာလည်းအောင်မြင်ခဲ့ပြီး IMDb7.8နဲ့ RT86%ရရှိထားတဲ့ crime flim ...
movie
The Girl with the Dragon Tattoo (2011)
2011
5.6
Don’t Be Afraid of the Dark (2010)
Weekend မှာ အေးဆေးဖီးလ်ဖို့ ဥစ္စာစောင့်တွေ ဒဏ္ဍာရီတွေ ပါတဲ့ ထူးဆန်းထွေလာ သည်းထိတ်ရင်ဖိုဇာတ်ကားလေးတစ်ကား တင်ဆက်လိုက်ပါတယ်။ နာနာဘာဝတွေဟာ သနားစရာလည်းကောင်းသလို ကြောက်စရာလည်းအင်မတန်ကောင်းလှပါတယ်။ သူတို့ဟာလူ့အသိုင်းဝိုင်းနဲ့ တစ်နည်းနည်းတဖုံဖုံနဲ့ ဆက်နွယ်နေရပါတယ်။ ကောင်းကျိုးပေးတဲ့ နာနာဘာဝတွေရှိသလို ဆိုးကျိုးတွေပေးတဲ့ နာနာဘာဝတွေလည်းရှိပါတယ်။ ဒီဇာတ်ကားလေးတဲ့ကျောရိုးကတော့ နာနာဘာဝ တွေထဲကမှ ဆိုးကျိုးတွေပေးတဲ့ ဥစ္စာစောင့် လေးတွေနဲ့ဖွဲ့စည်းထားပါတယ်။ ---------------------------------------------------------------------------------------------- အဲလက်တစ်ယောက် ကလေးနဲ့မိန်းမကိုပစ်ပြီး ဒီဇိုင်နာအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ဖို့တာစူနေပါတယ်။ သမီးလေး(ဆယ်လီ)ကိုသံယောဇဉ်မကင်းတာကတစ်ကြောင်း တာဝန်မကင်းတာကတစ်ကြောင်းမို့ ဒီဇိုင်နာမလေး ခင်နဲ့နီးစပ်စေရန်ခေါ်ထားပါတယ်။ အဲလက် ဟာ ဒီဇိုင်နာခင်နဲ့ ပူးပေါင်းပြီးတော့ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို လေလံဆွဲပြီး သမိုင်းပညာရှင်တွေရဲ့အကူညီနဲ့ ပြန်လည်မွမ်းမံပါတော့တယ်။ သူတို့လေလံဆွဲထားတဲ့ အိမ်ကြီးက နိုင်ငံကျော်အနုပညာရှင်ကြီးရဲ့အိမ်တစ်လုံးပါ။ သူတို့ရဲ့ ရည်ရွက်ချက်က သမိုင်းဝင်အိမ်ကြီးကို အနုစိတ်ပြန်မွမ်းမံပြီး လေလံပြန်တင်ဖို့ပါ..။ ဒါပေမဲ့ ဒီအိမ်ကြီးမှာ သူတို့မသိတဲ့ ကြောက်မက်ဖွယ် အဖြစ်ဆိုးအတိတ်ကြီးရှိနေတာကို သူတို့ မသိပါဘူး..။ အဲဒီအဖြစ်ဆိုးကြီးက အိမ်ကြီးပြန်လည်မွမ်းမံပြီးတဲ့နေ့မှာပဲ ပြန်လည်နိုးကြားလာပါတော့တယ်။ ...
movie
2010
6.6
Tangled: Before Ever After (2017)
movie
Tangled: Before Ever After (2017)
7.6
Tangled Ever After (2012)
movie
Tangled Ever After (2012)