Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Akshay Kumar
4.1
Kannappa (2025)
Kannappa (2025) IMDb - 4/10WEB DL HDTC ဗားရှင်းဖြင့်တင်ဆက်ထားပါသောကြောင့်ကြော်ညာများပါဝင်ခြင်းကို သတိပြုပါ။ဘာဟုဘာလီသရုပ်ဆောင် တလေဂူးမင်းသားကြီး ပရာဘာ့စ်ရဲ့ ရုံတင်ကားသစ်ကြီး HDTCဗားရှင်း ထွက်လာတာမို တင်ဆက်ပေးလိုက်ပါတယ်။အရှေးကူးမားလည်း ပါဝင်အားဖြည့်ပေးထားပြီး တက်သစ်စမင်းသမီးချောလေး ပရီတီးမူခွန်ဒန်ရဲ့ အကအလှတွေကိုပါရှုစားကြရမှာပါ။(*ဘာသာရေးကားဖြစ်တာမို အခေါ်အဝေါ်တွေ အမည်တွေလွဲမှားခဲ့ပါက ကျွန်တော်တို Bollywood Teamကနေ အနူးအညွတ်တောင်းပန်အပ်ပါတယ်။*)ရွာမှာဖြစ်နေတဲ့ ကပ်ဘေးကြီးအဆုံးသတ်စေဖို ဘုရားနာမည်တပ်ပြီး ရွာရဲ့နတ်ဆရာမက သီနာဒူရဲ့သူငယ်ချင်းဖြစ်သူကိုယဇ်ပူဇော်လိုက်ပါတယ်။အဲဒီကစလို သီနာဒူတစ်ယောက် ဘုရားဆိုတာကို ကျောက်တုံးကြီးတစ်တုံးကလွဲရင် ဘာမှကောင်းကျိုးမပေးတဲ့အရာဆိုပြီးအမုန်းတရားကြီးထွားခဲ့ပါတယ်။အရာအားလုံးကို မြင်တော်မူတဲ့ အရှင်သိဝက သီနာဒူ ကလေးဘ၀ကတည်းက စောင့်ကြည့်နေပြီး တစ်နေ့ကျရင် သူ့ကိုကိုးကွယ်ယုံကြည်တဲ့သူဖြစ်လာမယ်ဆိုတာ သိနေခဲ့တာပေါ့။မုဆိုးတစ်ယောက်ဖြစ်လာတဲ့သီနာဒူ ဘုရားပေါ်သက်ဝင်ယုံကြည်လာပုံနဲ့ စရီကာလာဟာသ်စတီဗိမာန်တော်ကြီး တည်ဆောက်ကိုးကွယ်လာပုံကိုမြင်တွေ့ရမဲ့ စိတ်ဝင်စားစရာ သမိုင်းဝင်ဘာသာရေးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 3.6 GB / 1.8 GB Quality… HDTC 1080p HEVC/ 720p Format…mkv/ mp4 Duration….3h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Kannappa (2025)
7.0
2.0 (2018) Enthiran 2
၂၀၁၈ ခုနှစ်မှာ ထွက်ထားတဲ့ ဟင်ဒီစတားနဲ့တမီးလ်စတားတို့ အားပြိုင်ထားတဲ့ ၂၀၁၈ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားဟာ ၂၀၁၀မှာ ထွက်ခဲ့တဲ့ Enthiran ရဲ့ အဆက်ဆိုလည်း မမှားပါဘူး။ပထမဇာတ်ကားထဲမှာတော့ ချက်တီးစက်ရုပ်ကိုမသမာသူတွေရဲ့ လက်ချက်ကြောင့် သိမ်းဆည်းခံခဲ့ရတာ အားလုံးသိမယ်ထင်တယ်။ဇာတ်လမ်းအကျဉ်းကို ချပြရမယ်ဆိုရင်လူတိုင်းလည်းသိပြီးထားလောက်ပါပြီ။မြို့ထဲမှာ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပျက်ပုံကို စတင်တွေ့မြင်ရမှာပါ။ရှိရှိသမျှ မိုဘိုင်းဖုန်းတွေဟာ ဘာရယ်ကြောင့်မှန်းမသိaလထဲ လွင့်ထွက်ပျံသန်းသွားခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။တခြားမိုဘိုင်းဖုန်းအရောင်းကိုယ်စားလှယ်တွေနဲ့ဆက်သွယ်ရေးဝန်ကြီးတွေပါ အသတ်ခံရပါသေးတယ်။ဖုန်းတွေ ဘယ်ရောက်သွားကြတာလဲ။ဘယ်သူ့လက်ချက်လဲ ဆိုတာ အားလုံး ပဟေဠိဖြစ်နေကြချိန်မှာဒါကို အဖြေရှာဖို့ ဒေါက်တာဗာစီကရန်ဟာ ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ စစ်တပ်ကတောင် မနိုင်တဲ့ ထိုအရာကြီးကိုချေမှုန်းဖို့... ချက်တီးစက်ရုပ်ကို ပြန်လည်အသက်သွင်းဖို့ အကြောင်းဖန်လာပါပြီ။ကဲ ချက်တီးနဲ့အတူ မိုက်ခရိုဘော့လေးတွေလည်းပါဝင်ခံစားလိုက်ပါဦးဗျာ။ File Size : (2.20 GB) , (1.10 GB) Quality : AMZN WEB-DL (1080p 5.1,720p) Running Time : 2hr 28min Format : Mp4 Genre : ...
movie
2.0 (2018) Enthiran 2
2019
8.2
Kesari Chapter 2: The Untold Story of Jallianwala Bagh (2025)
Kesari Chapter 2: The Untold Story of Jallianwala Bagh 2025 (ဂျယ်လီယန်ဝါလာဘာ့ဂ်သတ်ဖြတ်မှု)မင်းသားကြီး အရှေးကူးမားပါဝင် သရုပ်ဆောင်ထားတဲ့အပြင် Student of the Year 2 နဲ့ Pati Patni Aur Woh လို ရိုမန့် ကားတွေနဲ့ နာမည်ရလာတဲ့ မင်းသမီးလေး အာနန်ယာပန်ဒေးပါဝင်ထားပြီး သမိုင်းကြောင်းကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ ရုံတင်ကားကြီး ထွက်ရှိလို့လာပါပြီ။2019မှာ ထွက်ရှိခဲ့တဲ့ Kesari ဇာတ်လမ်းရဲ့ Spiritual Sequel အနေနဲ့ Chapter 2 ဆိုပြီး ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ Kesari မှာတော့ မွတ်ဆလင်များနဲ့ဖြစ်ခဲ့တဲ့ ၁၉ရာစုဝန်းကျင်က စစ်ပွဲကို အခြေခံထားခဲ့ပြီး ယခု Kesari Chapter 2 မှာတော့ ဂျယ်လီယန်ဝါလာဘာ့ဂ် သတ်ဖြတ်မှုအကြောင်းကို အခြေခံထားပြီး ပန်ဂျပ်တို့ရဲ့ တော်လှန်လှုပ်ရှားပုံတွေကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ရှန်ကရန်နာရ်ဆိုတဲ့ ရှေ့နေဟာ ဗြိတိသျှအုပ်ချုပ်ရေးဘက်မှာ အရမ်းကို အားကိုးရတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူနာမည်ကြီးတဲ့ တခြားအချက်ကတော့ လိုက်တဲ့အမှုတိုင်းကို ...
movie
Kesari Chapter 2: The Untold Story of Jallianwala Bagh (2025)
4K HEVC
5.8
Inside Man: Most Wanted (2019)
ဘရန်စတူးဝဒ် က FBI မှာ အလုပ်လုပ်နေတဲ့ ဓားစာခံညှိနှိုင်းရေးအရာရှိဖြစ်ပြီး ဓားစာခံညှိနှိုင်းရေးနဲ့ပတ်သတ်တဲ့ အတန်းတွေကိုလည်း ပို့ချနေသူပါ။ရမ်မီ ကတော့ နယူးယောက်ရဲတပ်ဖွဲ့မှာလုပ်ကိုင်နေတဲ့ ဓားစာခံညှိနှိုင်းရေးမှူးဖြစ်ပြီး ဓားစာခံခေါ်ထားတဲ့ ပြစ်မှုကျူးလွန်သူတွေနဲ့ ညှိနှိုင်းရာမှာ ကျွမ်းကျင်လွန်းသူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ အမေရိကရဲ့ ဗဟိုဘဏ်ကြီးကို ဓားပြတစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး အထဲမှာ ဓားစာခံတွေကိုပါ ထိန်းသိမ်းထားလိုက်ပါတော့တယ်။နိုင်ငံနဲ့ဆိုင်တဲ့ အမှုဖြစ်သွားလို့ နယူးယောက်ရဲတပ်ဖွဲ့နဲ့တင်မပြီးတော့ဘဲ FBI က အေးဂျင့် စတူးဝဒ် တို့ပါ ရောက်လာရပါတယ်။ဒီဘဏ်ဓားပြတွေကရော ဘယ်သူတွေလဲ၊ သူတို့ရည်ရွယ်ချက်က ဘာလဲ၊ ဘာကြောင့် ဗဟိုဘဏ်ကိုမှ ဓားပြတိုက်ရသလဲ။အေးဂျင့်စတူးဝဒ် နဲ့ စုံထောက် ဘရန်တို့ရော ဓားစာခံတွေကို အန္တရာယ်မဖြစ်စေဖို့ ဓားပြတွေနဲ့ ညှိနှိုင်းနိုင်ပါ့မလား။ဒီအမှုကြီးကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုကြရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File size… (1.74 GB) / ( 1.00 GB) Quality… WEB-DL 1080p HEVC /720p Format…mkv ...
movie
Inside Man: Most Wanted (2019)
6.6
Bombay Talkies (2013)
Bombay Talkies ဟာဘောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ နှစ်တစ်ရာပြည့်အဖြစ်ပွဲထွက်ခဲ့တာဖြစ်ပြီး Karan Johar, Dibakar Banerjee, Zoya Akhtar နဲ့ Anurag Kashyap တို့ နာမည်ကျော်ဒါရိုက်တာလေးဦးရဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ဖွဲ့စည်းထားတဲ့ anthology film ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဒါရိုက်တာလေးဦးရဲ့ anthology သုံးကားတွဲထဲက ပထမဆုံးဇာတ်ကားဖြစ်ပြီး နောက်ပိုင်းမှာ အားလုံးသိကြတဲ့ Lust Stories (2018) Ghost Stories (2020) တို့ဆက်ပြီး ထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းတိုတွေထဲမှာ Rani တို့လို Nawazuddin Siddiqui တို့လိုနာမည်ကျော်တွေ ပါဝင်သလို သရုပ်ဆောင်ဘက်မှာမခေတဲ့ အဲ့ဒီခေတ်အခါက တက်သစ်စတွေလည်းအင်တိုက်အားတိုက်ပါဝင်ထားပါတယ်။ Amitabh Bachchan တို့ Katrina Kaif တို့ကိုလည်း cameo နေရာမှာတွေ့မြင်ရမှာပါ။ ဘောလိ၀ုဒ်နှစ်တစ်ရာ ဂုဏ်ပြုသီချင်းဖြစ်တဲ့ အပိတ်သီချင်းမှာတော့ ပိတ်ကားပေါ်မှာ တစ်စုတစ်စည်းထဲ မြင်ရခဲတဲ့ ဘောလိ၀ုဒ်ရဲ့နာမည်ကျော် ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေ အများကြီးကို သီချင်းတစ်ပုဒ်ထဲမှာတွေ့မြင်ရမှာဖြစ်တဲ့အတွက် ဘောလိ၀ုဒ်ချစ်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဆိုတာတော့လက်တို့လိုက်ပါရစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Alias ပဲ ဖြစ်ပါတယ်။Genre..... ...
movie
Bombay Talkies (2013)
2013
7.3
Sky Force (2025)
Sky Force (2025) "လေသူရဲ"IMDb 7.3အရှေးကူးမားပါဝင်ထားတဲ့ ဟင်ဒီအက်ရှင် ရုံကားထွက်ရှိလာပါပြီဒီကားဟာဆိုရင် Ashay Kumar ရဲ့ နောက်ဆုံးထွက်ထားတဲ့ ကားတွေထက် rating ပိုကောင်းခဲ့ပါတယ်ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ပါကစ္စတန်- အိန္ဒိယ တိုက်ပွဲအကြောင်းပါ၁၉၇၁ မှာ ပါကစ္စတန်ဟာ အိန္ဒိယလေတပ်စခန်းကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ရာမှာ ပါကစ္စတန် လေတပ်ဗိုလ်တစ်ဦးကို အိန္ဒိယဘက်က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်အဖမ်းခံထားရတဲ့ အဆိုပါ ပါကစ္စတန်ဗိုလ်ဟာ ၁၉၆၅ တုန်းက ဂုဏ်ပြုဆုတံဆိပ်ရခဲ့သူဖြစ်ပြီး သူ့ကို စစ်ကြောမေးမြန်းရမယ့် အိန္ဒိယဗိုလ်ကတော့ အရှေးကူးမားပဲ ဖြစ်ပါတယ်ဒီလိုနဲ့ ၁၉၆၅ တုန်းက ညီအရင်းလို ချစ်ရတဲ့ အရဲကိုးစွန့်စားတတ်လွန်းတဲ့ တက်ဘီရဲ့ ဇာတ်လမ်းကိုပြန်ရောက်သွားပြီး အတိတ်နဲ့ အခုလက်ရှိ ဘယ်လိုဆက်စပ်နေမှာလဲ ဒီအက်ရှင်ကားလေးမှာ ခံစားကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…6 GB / 1.9 GB / 1 GB Quality…4k HEVC WEB DL / WEB DL 1080p HEVC/ ...
movie
Sky Force (2025)
4K HEVC
5.9
De Dana Dan (2009)
De Dana Dan (2009) (ဘယ်တစ်ယောက် ညာတစ်ယောက်)ဒီတစ်ခါမှာတော့ ဟောင်းပေမဲ့ကောင်းနေဆဲ ဇာတ်ကားတစ်ခု တင်ဆက်ပေးပါရစေဗျ။De Dana Dan ဆိုတဲ့ ၂၀၀၉ ခုနှစ်ထွက် အိန္ဒိယ-ဟင်ဒီစကားပြော ဟာသအချစ်ဇာတ်ကားဟာ ဆုပေါင်း ၉ ခုတောင် လျာထားစာရင်းဝင်ခဲ့တဲ့အပြင် Box Office မှာလည်း အထူးအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ အောင်မြင်တာလည်း မပြောနဲ့လေ။ ဆုပေါင်းမရေမတွက်နိုင်လောက်အောင်ရရှိထားတဲ့ နာမည်ကျော်မင်းသားကြီး အရှေးကူးမားကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာကိုးဗျ။ IMDb rating ကလည်း 5.9 ရရှိထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ နီတင်ဘန်ကာလို့ခေါ်တဲ့ ကောင်လေးဟာ လက်အောက်ငယ်သားများအပေါ်အင်မတန်နှမြောတွန့်တိုတတ်တဲ့ သန်းကြွယ်သူဌေးမကြီးကူဂျိကာအတွက် ကားမောင်းပေးရတဲ့ မျက်နှာမွဲလူဆင်းရဲဒရိုင်ဘာလေးတစ်ယောက်ပေါ့ဗျာ။ဒါပေမဲ့ သူ့မှာ သူ့ကိုအင်မတန်ချစ်ပေးတဲ့ နီတင်ဆိုတဲ့ ချစ်သူလေးတစ်ယောက်ရှိသတဲ့။ သူ့ချစ်သူလေးတို့မိသားစုဟာ အရင်က မိဘချင်းခင်မင်ရင်းနှီးကြပေမဲ့ ထီဆုကြီးပေါက်သွားတဲ့နောက်မှာတော့ သူ့အဖေကြီးက ဘဝမေ့ပြီး ဆင်းရဲသားနင်းပြားနီတင်နဲ့ သဘောမတူဘဲ သူ့သမီးကို ချမ်းသာတဲ့သူနဲ့ပဲလက်ထပ်ပေးချင်နေပါတယ်။နီတင်ဘန်ကာရဲ့အချစ်ဆုံးသူငယ်ချင်း ရမ်မီရှာရာဆိုတဲ့ကောင်လေးဟာလည်း အကြွေးတွေနစ်နေပြီး အမေနဲ့ညီမအတွက်ဘဝကိုရုန်းကန်နေရတဲ့သူပဲဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူလေးဟာလည်း စင်္ကာပူမှာအချမ်းသာဆုံးမိသားစုတွေကနေ ဆင်းသက်လာသူလေးပါ။ သူ့ရဲ့ဇာတာခွင်က ထူးခြားတာကြောင့် သူနဲ့ဇာတာတူသူ အမျိုးသားကိုပဲ လက်ထပ်ခွင့်ရမယ့်သူဖြစ်ပါတယ်။ဒီလိုနဲ့ နီတင်နဲ့သဘောမတူတဲ့ သူဌေးလက်သစ်ရယ် ချမ်းသာသလောက် ဇာတာခွင်ကိုယုံကြည်တဲ့စင်္ကာပူသူဌေးကြီးရယ်တို့ဟာ သူတို့စိတ်ကြိုက်သတို့သားလောင်းတစ်ယောက်ကိုတွေ့ပြီး လက်ထပ်ပေးဖို့စီစဉ်ပါတော့တယ်။ဖြစ်ချင်တော့ အဲဒီသတို့သားက တစ်ဦးတည်းဖြစ်နေသလို သူတို့ထင်သလို သူဌေးသားစင်းလုံးချောလေးဖြစ်မနေဘဲ လူလိမ်လူညာမိသားစုသာ ဖြစ်နေတဲ့အခါမှာတော့...Nomination ၆ ခု ...
movie
De Dana Dan (2009)
5.8
Singham Again (2024)
Singham Again 2024 (IMDb 5.8/10) ဆင်ဂဟမ် ပြန်လာပြီ.....အခုတစ်ခါမှာတော့ ထူးထွေပြီး ညွှန်းနေစရာမလိုလောက်အောင် ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့ ရဲမှူးကြီး ဆင်ဂဟမ်ပြန်လာပါပြီဒါရိုက်တာရှက်တီရိုက်ကူးတင်ဆက်ပေးနေတဲ့ Police Universe ရဲ့ ငါးကားမြောက်ပဲ ဖြစ်ပါတယ်2017 ခုနှစ်ထဲက ကြေငြာခဲ့ပြီး ထွက်ရှိလာချိန်မှာလည်း ရုံဝင်ငွေ ဒေါ်လာ ၄၇ သန်းနီးပါးရရှိခဲ့ပြီး ကမ္ဘာအနှံ့ဆို တတိယမြောက်နဲ့ အိန္ဒိယမှာတော့ ဆဌမချိတ်တဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်Cast အင်အားကလည်း နာမည်ကြည့်ရုံနဲ့ လဲသေလို့ရအောင် အလောင်းဖျောက်ကားနဲ့နာမည်ကြီးတဲ့ အာဂျေး ဆလူးဘိုင်တစ်ဖြစ်လဲ ဆယ်လ်မန်ခန်း ရဲသားကြီး အာရှေးကူးမား တက်သစ်စ အာဂျွန်ကပူးရ် အက်ရှင်ဆရာကြီး တိုက်ဂါးတို့အပြင် ညှို့ဓာတ်ပြင်း မင်းသမီး ဒီပီကားပဒ်ကိုနီ ဝါရင့်မင်းသမီးကြီး ကရီနာကပူးရ်တို့ပါ ဝင်ရောက်သရုပ်ဆောင်ထားပါတယ် သရုပ်ဆောင်ကြေးနဲ့တင် မွဲသေလို့ရနိုင်တဲ့ ဇာတ်ကားပါပဲဇာတ်ကားနာမည် သရုပ်ဆောင်နဲ့တင် ရှိန်စရာမို့ဇာတ်လမ်းအကျဉ်းလေးကို နဲနဲလေးပဲပြောပါတော့မယ်။ ဇာတ်လမ်းကတော့ အာရှေးရဲ့ရဲအဖွဲ့သစ်ကို တည်ထောင်ပြီးချိန်မှာ အငြိုးကြီးတဲ့ရန်သူတွေက အာရှေးဇနီးကို ပြန်ပေးဆွဲတာကို ကယ်တင်ဖို့အတွက် ရာမာယနဇာတ်ကို Reference ယူထားပြီးတော့ အာရှေးနဲ့သူ့အဖွဲ့သားတွေက ကြိုးစားကြတာကို မိန်းမလဲကယ် နိုင်ငံတော်ကို ဘယ်လိုကာကွယ်မလဲဆိုတာ အချစ်အလွမ်းအက်ရှင်စုံစွာနဲ့ ...
movie
Singham Again (2024)
4K HEVC
6.4
Sooryavanshi (2021)
Sooryavanshi (2021)မြန်မာစာတန်းထိုးဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးSingham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေကစတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေလုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ...
movie
Sooryavanshi (2021)
2021
4K HEVC Web-DL
6.3
Simmba (2018)
ဘောလီဝုဒ်ရဲ့ နာမည်ကြီးမင်းသား ရန်ဗီးဆင့်ရဲ့ ၂၀၁၉ ထွက် နာမည်ကျော် ရုံတင်ဇာတ်ကားကြီးအကြည်ထွက်လာလို့ အမြန်ဆုံးနင်ဆက်ပေးလိုက်ပါတယ်ဒါရိုက်တာကလည်း တခြားသူမဟုတ်ဘဲ အက်ရှင်အသားပေး ဒါရိုက်တာကြီး ရိုဟစ် ရှက်တီဖြစ်တဲ့အတွက်အက်ရှင်အလန်းစားတွေ မျှော်လင့်နေသူတိုင်းအတွက် အကြိုက်တွေ့မှာ အမှန်ပါပဲနောက်ခံသီချင်းအလန်းစားတွေနဲ့ ကြမ်းမှကြိုက်သူတွေကတော့ လုံးဝကို လက်လွတ်မခံပါနဲ့=============================================ဆင်(မ်)ဘား နာမည်အပြည့်အစုံကတော့ ဆန်ဂရမ် ဘာလေရောင်သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ် သူကောင်းစားရေး "ဒါ ၂၁ ရာစုပဲ၊ ဒီမှာ လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုအတွက်နဲ့ပဲရှင်သန်နေကြတာ အဲ့ဒါက ကိုယ့်ကောင်းစားရေးအတွက်ပဲ"ငယ်စဉ်ကတည်းက ခါးပိုက်နှိုက်လုပ် မရိုးမသားငွေရှာတဲ့ ဆင်(မ်)ဘားတစ်ယောက် တနေ့ ရဲအဖမ်းခံရပါလေရာ၊သူ သြဇာရှိလွန်းတယ်ထင်တားတဲ့သူခိုးခေါင်းဆောင်က ရဲအရှေ့ရောက်တော့ ခွေးရှေ့က ကြောင်လေးလိုဖြစ်သွားပြီး ပိုက်ဆံတွေပေးလိုက်ရတာ မြင်လိုက်ရတယ်အဲ့ဒိအချိန်မှာ သူသိလိုက်ရတာ လောကမှာ သြဇာအာဏာအရှိဆုံးကယူနီဖေါင်း၊ ယူနီဖေါင်းဝတ်ထားတဲ့သူကို လူဆိုး လူမိုက်မှန်သမျှ ကြောက်ရတယ် သူ့အတွက် ပိုက်ဆံရှာဖို့ အလွယ်ဆုံးနဲ့ အာဏာရှိဖို့က ရဲလုပ်မှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ရဲတစ်ယောက်ဖြစ်အောင်လုပ်ပြီးအကျင့်ပျက်ချစား၊ လာဘ်ယူတဲ့နေရာမှာ နာမည်ကျော်တဲ့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ မီရာမာ(ရ်) ရဲစခန်းကို ပြောင်းရွေ့မိန့်ကျတဲ့အခါမှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့အပြောင်းလဲကြီး တစ်ခုဖြစ်လာပါတော့တယ် ခံစားချက်မဲ့ လောဘသားလို့ထင်ထားတဲ့ ဆင်(မ်)ဘားဟာအဲ့ဒိမြို့မှာ ညီမလေးတစ်ယောက်လို သံယောဇဉ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်အဲ့ဒိညီမလေးကို သူလာဘ်ယူနေတဲ့ လူဆိုးလူမိုက်တွေ ...
movie
Simmba (2018)
2018
7.4
Aankhen (2002)
Aankhen (2002)IMDb Rating (7.4) / Rotten Tomatoes (71%) Bollywood Thriller/Comedy ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။မင်းသားကြီး Amitabh Bachchan၊ Akshay Kumer၊ Arjun Rampal၊ Paresh Rawal တိုနဲ့ မင်းသမီးချော Sushmita Sen တို့ပါဝင်သရုပ်ဆောင်ထားပြီး (8 Nominations) လည်းရထားပါသေးတယ်။ဇာတ်ကားလေးကတော့ ဘဏ်နေဂျာတစ်ယောက်ဖြစ်တဲ့ မစ္စတာ ရဂျ်ပွတ် ဟာတစ်နေ့မှာတော့ အလုပ်ကနေထုတ်ခံလိုက်ရပါတယ်။သူ့ဘဝတစ်ခုလုံးကို ဘဏ်မှာပဲမြှပ်နှံထားတဲ့ ရဂျ်ပွတ် ဟာဘဏ်ကိုစိတ်အနာကြီးနာပြီး ပြန်ပြီးလက်စားခြေဖို့ဆုံးဖြတ်လိုက်ပြီး နည်းလမ်းပေါင်းစုံစဉ်းစားပါတော့တယ်။ဒီလိုနဲ့ တစ်ကမ္ဘာလုံးမှာတစ်ခါမှမလုပ်ဖူး မဖြစ်ဖူး မကြုံဖူးတဲ့ပုံမျိုးနဲ့ ဘဏ်ဓားပြတိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီမှာပဲ မျက်မမြင်သုံးယောက်ကိုလိုက်ရှာပြီး အဲဒီမျက်မမြင်သုံးယောက်ကိုလေ့ကျင့်ပေးမယ့်ဆရာမနဲ့ပေါင်းပြီးတော့ ဘဏ်ကိုနေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်ဖို့အစီအစဉ်ဆွဲပါတော့တယ်။ဒီလိုနဲ့ ဘဏ်ကိုဓားပြတိုက်ရင်း ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုလေ့ကျင့်မှုတွေနဲ့ ဘယ်လိုစီစဉ်သွားမလဲဆိုတာကိုကြည့်ရှုရင်းနဲ့သူလေ့ကျင့်ပေးထားတဲ့ မျက်မမြင်သုံးယောက်ကရော သူစီစဉ်သလိုဖြစ်ပါ့မလား ဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။မင်းသားကြီး Amitabh Bachchan ကိုယ်တိုင်းအဓိကပါဝင်သရုပ်ဆောင်ထားတာဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ဖြစ်ပါတယ်။)File size…(3 GB) / ...
movie
Aankhen (2002)
2002
7.6
Toilet – Ek Prem Katha (2017)
"Toilet"လို့ပြောလိုက်တာနဲ့ပရိသတ်ကြီးပိုပြီး စိတ်ဝင်စားလာသလိုနည်းနည်းလည်းကြောင်သွားမယ်ထင်တယ်ဗျမြန်မာလိုအဓိပ္ပာယ်ပြန်ရရင်တော့သန့်စင်ခန်း (သို့) ရေအိမ်ပေါ့ဗျာအရပ်အခေါ်တော့"အိမ်သာ"ပေါ့ဇာတ်ကားနာမည်ထက်ပိုအံ့သြဖို့ကောင်းတာက အိန္ဒိယနိုင်ငံမှာ သန့်စင်ခန်းတစ်ခုကြောင့်အစိုးရအထိဂယက်ရိုက်ခဲ့ရတယ်ဆိုတာပါပဲဇာတ်လမ်းအကျဉ်းကတော့ မန်ဂါဝန်ဆိုတဲ့ရွာတစ်ရှာမှာ ဓလေ့တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ မနက်အစောအာရုဏ်မတက်ခင် အမျိုးသမီးတွေစုပြီးလိုတာပါတီလို့ခေါ်တဲ့ရွာနဲ့ခပ်လှမ်းလှမ်းကိုရေအိမ်စုဝေးသွားကြတဲ့ဓလေ့ပါအမျိုးသားတွေကတော့ကြုံရာကျပန်းပေါ့ဗျာ သူတို့ရဲ့အယူသည်းတဲ့ယဉ်ကျေးမှုရအိမ်တိုင်းမှာသန့်စင်ခန်းဆိုတာမရှိကြပါဘူးသန့်စင်ခန်းတွေကိုအိမ်ထဲမှာဆောက်ရင် နိမိတ်မကောင်းဘူး ညစ်ပတ်တယ် ရွံစရာကောင်းတယ်စသဖြင့် အယူအစွဲတွေနဲ့သမုတ်ထားကြတာပါရွာထဲက Akshay Kumar (Kesav)ကတော့စက်ဘီးရောင်းတဲ့သူပါတစ်နေ့စက်ဘီးမှာတာသွားပို့ရင်း Jaya လို့ခေါ်တဲ့BCAကျောင်းသူ (ကွန်ပြူတာကောလိပ်ကျောင်းသူ)လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်ဒီမိန်းကလေးနဲ့တွေ့မှသူ့ရဲ့နှလုံးသားဟာပြန်အသက်ဝင်လာခဲ့ပါတယ်သူဘာလို့ အသက်၃၆နှစ်ထိမိန်းမမရတာလဲဆိုတာတော့စိတ်ဝင်စားစရာတစ်ပိုင်းပေါ့ဗျာဒီလိုနဲ့အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့သူ့ရဲ့အချစ်တွေကနှလုံးသားကနေတစ်ဆင့် ပါးစပ်ဖျားကတော်ကီတွေအဖြစ်ရောက်လာလို့နောက်ဆုံးကောင်မလေးနဲ့ညားသွားပါတယ်မင်္ဂလာဦးညမှာတင်အခက်တွေ့တာတစ်ခုက အစောကကျွန်တော်ပြောခဲ့သလိုတာပါတီပဲကောင်မလေးက ကီရှက်ဖ်နဲ့အိမ်မှာ သန့်စင်ခန်းမရှိတာမသိဘူးဗျလူကလည်းပညာတတ်/ အယူမသည်းတဲ့သူ /ဒီလိုအပြင်ထွက်ပြီး ကိစ္စဝိစ္စရှင်းရတော့မယ်ဆိုတော့သူလည်း ပျားတုတ်တော့တာပဲဒီလိုနဲ့အချစ်တွေပြည့်ဝနေတဲ့သူတို့ရဲ့အိမ်ထောင်ရေးက သန့်စင်ခန်းဆိုတဲ့ဗီလိန်ကြောင့်အချိန်ကြာလာတော့လည်းမကျေနပ်စရာတွေဖြစ်လာတာပေါ့အရေးပေါ်အစီအစဉ်တွေနဲ့ ဖြေရှင်းခဲ့ပေမယ့်လည်းအဆင်မပြေခဲ့ပါဘူး နောက်ပိုင်း သူတို့လင်မယားကွဲရမယ့်အခြေအနေအထိဖြစ်သွားခဲ့ပါတယ်ဒီသန့်စင်ခန်းမရှိတာနဲ့ပတ်သတ်ပြီး လင်မယားကွဲရတယ်လို့ပြောရင်ဘယ်သူယုံမှာလဲဗျာ သန့်စင်ခန်းမရှိတာများဆောက်လိုက်ပေါ့လို့ဖြေကြမှာပါ ဒီဇာတ်ကားလေးကြည့်လိုက်ရင်တော့ယုံသွားမှာအသေအချာပါပဲဒါပေမယ့်အဲ့ဒီသန့်စင်ခန်းလေးတစ်ခုဆောက်ရဖို့အရေးတစ်ဖက်ကလည်း မိန်းမ တဖက်ကလည်းရှေးရိုးစွဲနေတဲ့ရွာခံတွေနဲ့ကီရှက်ဖ်ရဲ့အဖေ ဒီကိစ္စတွေကြားမှာတိုင်ပတ်သွားတာက ကီရှက်ဖ်နဲ့ဂျာရာပေါ့ သူတို့၂ယောက်ပေါင်းပြီးဒီလိုမှားယွင်းနဲ့အယူအဆ ရှေးရိုးအစဉ်အလာတွေကိုဘယ်လိုအတူရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့...................,ပညာပေးဇာတ်ကားဖြစ်သလို ဟာသ/ အချစ်/ အလွမ်းတွေပြည့်နှက်နေတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ(ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ) File size… 4 GB / 1.7 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Pyae Xeinn Sett
movie
Toilet – Ek Prem Katha (2017)
2017
7.9
Sarfira (2024)
Sarfira 2024 အိပ်မက်များနဲ့ကျွန်တော်IMDb -7.9/10မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့ အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။ ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။ အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊ လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။ သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။ ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊ သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့ ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.3 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h ...
movie
Sarfira (2024)
7.1
Khel Khel Mein (2024)
Khel Khel Mein (2024) "အရင်းနှီးဆုံးသူစိမ်းများ" IMDb - 7.1/10Remakeမင်းသားကြီးရဲ့ ဘောလိ၀ုဒ်ဟာသဒရာမာရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က Perfect Strangers (2016)ဇာတ်လမ်းကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာ။ နိုင်ငံတော်တော်များများ ပြန်ရိုက်ထားကြတဲ့အပြင် မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကိုက နှစ်ကားထိရှိတယ်။ 12th Man (2012)နဲ့ 1001 Nunakal (2022)တဲ့။ဒီရုပ်ရှင်မှာတော့ အရှေးကူးမား၊ တာ့ပ်ဆီး၊ ပရေ့ဂ်ယာဂျေစ်ဝယ်လ်နဲ့ ဗာနီကပူးရ်တို့လို နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားကြပါတယ်။အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အလင်းဖွင့်ပေးချင်တဲ့ စေတနာကိုလည်းမြင်တွေ့ရမှာပါ။ဇာတ်အလမ်းအကျဉ်းပြောရရင် သူငယ်ချင်းသုံးယောက်ရှိတယ်၊ သုံးယောက်လုံးက အိမ်ထောင်သည်တွေ။ တစ်ကောင်ရဲ့ခယ်မ မင်္ဂလာဆောင်ရှိရာမြို့ကို သွားကြဖို့ စီစဉ်ထားကြတယ်၊ သွားကြတယ်ပေါ့။ မင်္ဂလာဆောင်မှာတွေ့ကြပြီး သူငယ်ချင်းစုံတွဲသုံးတွဲ အတူတူရှိနေရာကစ ဂိမ်းတစ်ခုကစားဖို့ လုပ်ကြတဲ့အချိန်မှာတော့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ၊ သိုဝှက်ထားတဲ့ စိတ်ခံစားမှုတွေ ဘွင်းဘွင်းကြီးပေါ်လာပြီး ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 1.74 GB / 845 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15min Subtitle….Myanmar ...
movie
Khel Khel Mein (2024)
7.6
Stree 2: Sarkate Ka Aatank (2024) Stree 2
Stree 2 (2024) "ဆတ္ထရီ ၂"imdb 7.6/24kတချို့သော ဝင်ငွေကောင်းတဲ့ နာမည်ကြီးရုံတင်ကားတွေထက်ကို ရုံတင်ဝင်ငွေသောက်သောက်လဲရပြီး အောင်ပွဲခံခဲ့တဲ့ မင်းသမီးချောလေး Shraddha Kapoorရဲ့ ရုံတင်ကားကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။၂၀၁၈ကထွက်ခဲ့တဲ့ Stree (2018)ရဲ့ အဆက်ပေါ့။“အို ဆတ္ထရီ မနက်ဖြန်မှ လာခဲ့ပါ”လို့ ချန်ဒေရီမြို့က အိမ်တိုင်းရဲ့ရှေ့မှာ စာရေးထားရလောက်တဲ့ထိ သောင်းကျန်းခဲ့တဲ့ သရဲမလေး။ညဘက်ကြီး အပြင်ထွက်တဲ့ ယောကျ်ားသားတွေ နောက်ပြန်လှည့်ကြည့်တဲ့အခါ ဖမ်းစားတတ်တဲ့သရဲမလေး။ အပ်ချုပ်သမားလေး ဗစ်ကီချစ်ခဲ့ရတဲ့သရဲမလေး။ဒီရုပ်ရှင်မှာတော့ ပထမကားအပြီး နှစ်အနည်းငယ်အကြာနဲ့ ဆက်ပါတယ်။ ပျောက်ကွယ်သွားတဲ့ ဆတ္ထရီကိုပဲ မေ့ပျောက်မရသူ မောင်ဗစ်ကီတစ်ယောက် လွမ်းဆွတ်မှုနဲ့အတူ တမ်းတနေရချိန်။ဘယ်ကမှန်းမသိတဲ့ စာတစ်စောင်ရောက်လာတာက "သူ ပြန်လာပြီ"တဲ့။ ဘာမှ အဓိပ္ပါယ်သိပ်မရှိတာမို့ ဗစ်ကီတစ်ယောက် မေ့မေ့ပျောက်ပျောက်နဲ့နေရင်းက ဇာတ်အလှည့်အပြောင်းတွေ ဖြစ်လာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… (6.4 GB) / (2.2 GB) / (1.1 GB) Quality…WEB DL 4K HEVC/1080p HEVC/ 720p Format…mkv/ mp4 Duration….2h 27m Subtitle….Myanmar Subtitle ...
movie
Stree 2: Sarkate Ka Aatank (2024) Stree 2
4K HEVC
6.1
Blank (2019)
Blank (2019) "ကွက်လပ်"IMDb - 6.1/10 ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီအက်ရှင်ဇာတ်ကြမ်းကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသာကြီး ဆန်နီဒိုး၊ ငယ်ဘ၀ကတည်း ရုပ်ရှင်တွေ၊ ရှိုးတွေရိုက်ကူးခဲ့တဲ့ မင်းသားကာရန်တို့ အဓိကပါဝင်ထားကြပါတယ်။မြို့ထဲကို RDXထက် အဆပေါင်းများစွာ ပေါက်ကွဲအားပြင်းတဲ့ ဖောက်ခွဲရေးပစ္စည်း ၂၅ကီလိုကျော်ခိုးသွင်းလာတဲ့ သတင်းကိုသိရပေမဲ့ ဘယ်သူတွေ၊ ဘယ်နှစ်ယောက်၊ ဘယ်ကလာတာလဲ ဘာဆိုဘာမှန်းမသိရဘဲနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ ဗျာများနေရချိန်။မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်လာတဲ့လူနာက အသေခံဗုံးခွဲတဲ့သူဖြစ်နေပြီး အတိတ်ကလည်း မေ့နေတဲ့အခါ...။ ဖောက်ခွဲရေးပစ္စည်းတွေကို အချိန်မီဖမ်းဆီးနိုင်မှာလား...။ အတိတ်မေ့နေတဲ့ အသေခံဗုံးခွဲသမားရဲ့ တကယ့်အကြောင်းအရင်းမှန်ကရော...။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Thura ~ ToMo ~ Alex ~ Zweတို့ပဲဖြစ်ပါတယ်။ File size… 1.5 GB / 784 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Thura ~ ToMo ...
movie
Blank (2019)
4.8
The Shaukeens (2014)
The Shaukeens (2014) "ခြောက်ဆယ်ကျော်အချစ်" IMDb - 4.8/10၁၉၈၂ခုနှစ်ကထွက်ရှိခဲ့တဲ့ Shaukeenကို ပြန်လည်ဆန်းသစ်ထားတဲ့ ၂၀၁၄ထွက် ဟိန္ဒူရုပ်ရှင်အဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။မင်းသားကြီးအက်ရှေးကူးမားနဲ့ ရုပ်ရှင်ကားကြီးတွေမှာ ဇာတ်ပို့နေရာကတွေ့ရတတ်တဲ့အဘိုးကြီးသုံးယောက်အဓိကပါဝင်ထားကြပါတယ်။လာလီ၊ ကေဒီနဲ့ ပင်ကီဆိုတဲ့ ခြောက်ဆယ်ကျော်အဘိုးကြီးသုံးယောက်။ ရတာမလို လိုတာမရနဲ့ ဘ၀မှာ အထီးကျန်နေကြပြီး အသက်ကြီးပေမဲ့ မပျက်စီးချင်ကြသေးဘဲ ရင်ခုန်သံတွေပျိုမြစ်လတ်ဆတ်နေတုန်းအချိန်။ သုံးယောက်တည်းမှာ လူပျိုကြီးဘ၀နဲ့ ဖြတ်သန်းလာခဲ့ရသူ ကေဒီက အချမ်းသာဆုံးနဲ့ တအားပွေးချင်တဲ့သူ။ သူငယ်ချင်း လာလီနဲ့ပင်ကီကိုမြှောက်ပေးပြီး သူ့အပန်းဖြေအိမ်မှာ စကီလေးတွေခေါ်ပြီးပျော်ပါးဖို့ ကြိုးစားရာကစ သူတို့တွေစွဲလန်းမိသွားတာ အဟာနာဆိုတဲ့ အမျိုးသမီးလေး။ အဟာနာက ဆိုရှယ်မီဒီယာကို တအားစွဲလန်းနေတဲ့သူတစ်ယောက်။ဒီမှာပဲ အက်ရှေးရဲ့ဖန်ဖြစ်တဲ့ အဟာနာကို အက်ရှေးနဲ့တွေ့ပေးဖို့အရေး အဘိုးကြီးသုံးယောက်ကြိုးစားရာကစဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.2GB /1.4GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
The Shaukeens (2014)
6.6
Aitraaz (2004)
Aitraaz (2004) “ကန့်ကွက်ချက်” Genre – Drama, Romance, Thriller IMDB – 6.6/10ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း ဆရာကြီးတွေဖြစ်ကြတဲ့ Akshay Kumar တို့ Kareena Kapoor တို့ Priyanka Chopra တို့ အုပ်လိုက်အစွမ်းပြထားကြတဲ့ ၂၀၀၄ ခုနှစ်ထွက် အချစ်လျှို့ဝှက်သည်းဖို ဘောလိဝုဒ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါစေဗျာ။ဒါရိုက်တာဆိုရင်လည်း ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးခဲ့တဲ့ Burmawalla ညီအစ်ကိုနှစ်ယောက်ပါ။ သူ့ခေတ်သူ့အခါက ရုံတင်ဝင်ငွေ ၂၆ ကုဋေ ရရှိခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် မိုက်ကယ်ဒေါက်ဂလပ်နဲ့ ဒယ်မီမိုးလ်တို့ရဲ့ Disclosure ကို အနည်းငယ် အခြေခံထားတယ်လို့ဆိုပြီး ဒီရုပ်ရှင်နဲ့ Chopra ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ် အသိအမှတ်ပြုခဲ့ကြကာ ဆုပေးပွဲတွေမှာလည်း စကာတင်တွေ ဝင်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်တော့ အစပိုင်းကို ပျော်ရွှင်ဖွယ်ရာ အချစ်ကားဆန်ဆန် အစပျိုးထားပါတယ်။ ဖုန်းကုမ္ပဏီမှာ လုပ်နေတဲ့ ...
movie
Aitraaz (2004)
6.7
Waqt (2005)
Waqt The Race Against Time(2005)ဆန့်ကျင်ဘက်မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အားပြိုင်မှုIMDb-6.7/10ဘောလိဝုဒ်ပရိသတ်ကြီးအတွက် Legend တွေရဲ့ တစ်ခေတ်တခါက ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် အမီတာဘဂျမ်း ၊ ပရီရန်ကား ၊ အရှေးကူးမား တို့လို ထိပ်သီးအနုပညာရှင်တွေချည်းပါဝင်ထားတဲ့ကားဖြစ်ပါတယ်ဘဝနေဝင်ချိန်နဲ့ နီးနေပြီဖြစ်တဲ့ဖခင်ဖြစ်သူက သူကိုယ်တိုင်လည်း ဘဝကို ကြိုးစားရှင်သန်ခဲ့သလိုသူကြိုးစားတည်ထောင်ခဲ့တဲ့ ဘဝကို သားဖြစ်သူလက်ထဲအကြွင်းမဲ့ယုံကြည်အပ်နှံထားခဲ့ချင်တယ် သူထွက်မသွားခင် သားဖြစ်တဲ့သူကို ဘဝကြီးအကြောင်း သေချာနားလည်ပြီး အဖိုးတန်တဲ့ လူတော်လူကောင်းတစ်ယောက်အဖြစ်နဲ့ မြင်ခဲ့ချင်တယ် သားဖြစ်သူရဲ့သွေး မျိုးဆက်လေးရလာခဲ့ရင်ဆိုပြီးတော့လည်း တွေးတွေးပြီးပျော်နေတတ်တဲ့သူသားဖြစ်တဲ့သူကတော့ အဲဒီအချက်တွေနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့သူပါပဲ တော်တတ်ပြီးသားအဖေနဲ့ မပူပန်ရတဲ့စည်းစိမ်တွေကြား ဘာလိုနေသေးလဲဆိုပြီး ဘဝကိုပျော်ပျော်ပဲဖြတ်သန်းနေခဲ့တယ် ။သားဖြစ်သူကအားမကိုးရ သုံးစားမရတဲ့အပြင် ရန်သူတော်ရဲ့ သမီးကိုမှအရယူလာတော့ ဘဝဆိုတာရင်ဆိုင်ကြည့်စမ်းဆိုပြီး အကြမ်းနည်းသုံးအိမ်ပေါ်ကနှင်ချတော့တာပဲသိက္ခာ ဥစ္စာ အစစပြည့်စုံနေတဲ့မိသားစုကနေ ရုတ်တရက်ကြီး ဘာမှမရှိတဲ့ဘဝကို ရောက်သွားတဲ့သူက သူ့အဖေဗီဇတွေပါပြီး တိုးတက်အောင်လုပ်နိုင်မလား ဖခင်မေတ္တာကိုရော နားလည်သဘောပေါက်သွားမလား20 ရာစုဝန်းကျင်က ထွက်ရှိခဲ့တဲ့ ဂန္တဝင်တင်တဲ့ဘောလိဝုဒ်ကောင်းများစွာလို ဒီကားကရော အဲဒီစံနှုန်းကိုမီရဲ့လား ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…5.62GB / 2.35GB Quality…AMZ WEB DL 1080p / 720p Format…mp4 Duration….2h 33m Subtitle….Myanmar ...
movie
Waqt (2005)
2005
5
Bade Miyan Chote Miyan (2024)
Bade Miyan Chote Miyan (2024)Sultan (2016)၊ Bloody Daddy (2023)တို့လိုရုပ်ရှင်တွေရဲ့ ဖန်တီးသူ ဒါရိုက်တာကြီး Ali Abbas Zafarရဲ့လက်ရာ ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်ကြီးကတော့ဖြင့် လူကြီးမင်းတို့ရှေ့မှောက်မှာ မြန်မာစာတမ်းထိုး ကြည်တောက်ရှင်းရယ်နဲ့ ရောက်ရှိလို့လာခဲ့ပါပြီ။ ဆိုနက်ခ်ရှီ၊ အာလေယာနဲ့ မာနူရှီတို့လို မင်းသမီးချောတွေလည်းပါဝင်အားဖြည့်ထားပါတယ်။နာမည်မရှိ၊ အကြောက်တရားမရှိ၊ မျက်နှာကိုတောင်မသိမမြင်ရဘဲ သူ့ကိုယ်သူကြမ္မာဆိုးလို့ခေါ်တဲ့ မကောင်းဆိုးဝါးလို ဗီလိန်ကြီးလိုချင်တာက လက်စားချေမှု။အားအပြင်းဆုံး အန္တရာယ်အပေးနိုင်ဆုံးလက်နက်ကို စစ်တပ်ယာဉ်တန်းနဲ့ သယ်ဆောင်လာတုန်းမှာပဲ ဖြတ်လုခံလိုက်ရပြီး လိုက်ပါစောင့်ရှောက်တဲ့လူတွေပါ အသတ်ခံလိုက်ရတယ်။ လုယူသွားတဲ့သူက လက်စားချေဖို့ ဆန္ဒပြင်းပြနေတဲ့ အကြမ်းဖက်သမားဗီလိန်ကြီး။ဒီလိုစိတ္တဇဆန်ဆန် ဗီလိန်ကို ရင်ဆိုင်နိုင်ဖို့က သူ့ထက်ပိုစိတ္တဇဆန်နိုင်မဲ့ စစ်သည်နှစ်ယောက်ကိုစုစည်းဖို့ပဲရှိတယ်ဆိုတဲ့ ဗိုလ်မှူးအမိန့်နဲ့ မီရှာတစ်ယောက် ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့ကို သွားပင့်ရပါတော့တယ်။ဘာအထောက်အထားမှမသိရတဲ့ ဗီလိန်ဆရာကြီးလိုချင်တဲ့ လက်စားချေမှုကဘာလဲ။ အရွှန်းတွေဖောက်ရင်း မျက်နှာကြောမတည့်ကြတဲ့ အရှေးနဲ့ တိုက်ဂါးတို့ကရော အဲဒီဗီလိန်ကိုတားဆီးနိုင်မှာလား။ အပစ်အခတ် အတိုက်အခိုက်ခပ်ကြမ်းကြမ်းတွေနဲ့ အိန္ဒိယအက်ရှင်ရုပ်ရှင်ကားကြီးပီသစွာ ပုံဖော်တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.5GB / 1.6GB Quality…WEB ...
movie
Bade Miyan Chote Miyan (2024)
2024
1
2
3
4
Next