Channel Myanmar

Akradech Maneeploypech

Handle Me with Care (2008) 7.1
Handle Me with Care (2008) Handle Me with Care (2008)IMDb ~~~ 7.1‘ကွဲကြေလွယ်သည်၊ သတိနှင့် ကိုယ်တွယ်ပါ’ဒါကို ဖန်ပုလင်းတွေ၊ ဖန်ခွက်တွေထည့်ထားတဲ့ စက္ကူဘူးတွေမှာ ရေးထားကြတာကို မြင်ဖူးကြမှာပါ။ပစ္စည်းတွေကိုကျ မကျိုးပဲ့ရအောင် သတိနဲ့ကိုင်တွယ်ဖို့ သတိပေးတတ်ကြတဲ့ ကျွန်တော်တို့လူတွေဟာ အချင်းချင်းကိုတော့ အကြင်နာတရားနဲ့ ဆက်ဆံဖို့ မေ့လျော့နေကြပါတယ်။ဒီဇာတ်ကားက ဒါကို ဖော်ပြထားတာပါပဲ။ခွမ်ဆိုတဲ့ကောင်လေးမှာ မွေးကတည်းက လက်တစ်ဖက်အပိုပါလာတယ်။ သာမန်လူတွေနဲ့မတူဘဲ လက်သုံးဖက်ရှိတဲ့လူဖြစ်နေတာပါ။ အဲဒီလိုလူတစ်ယောက်က လူမှု့အသိုင်းအဝိုင်းမှာ လွယ်လွယ်ကူကူရှင်သန်နိုင်မယ်လို့ ထင်ပါသလား။ သေချာပေါက် ကဲ့ရဲ့ခံရ၊ လှောင်ပြောင်ခံရ၊ သူ့ကို ကျိန်စာသင့်နေတဲ့လူဆိုပြီး သနားစရာကြည့်ကြတာတွေကို အမြဲကြုံနေရတာပါ။ပထမဆုံး သူ့အမေဆုံးတယ်။ ပြီးတော့ သူဝတ်ဖို့အင်္ကျီကို အမြဲချုပ်ပေးနေကျ အပ်ချုပ်ဆရာလည်း ဆုံးသွားတဲ့အခါ ခွမ်တစ်ယောက် ခံနိုင်ရည်အားကုန်ဆုံးပြီးတော့ သူ့လက်အပိုတစ်ဖက်ကိုဖြတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့ လက်ဖြတ်ပြီးတော့ရော သူ့ဘဝက သာမန်လူတွေလို လွယ်ကူသွားပါ့မလား... သာမန်လူဖြစ်တာကကောင်းတာလား၊ ထူးခြားတဲ့လူဖြစ်တာက ကောင်းတာလား...ဒီဇာတ်ကားကနေ သိလိုက်ရတာက လူ့အသိုင်းအဝန်းကိုယ်တိုင်ကိုက လူတွေကို စိတ်ဒါဏ််ရာအပေးနိုင်ဆုံးနေရာဆိုတာပါပဲ။ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းပါတယ်။(အညွှန်းကိုတော့ Yee Waiက ...
movie

Handle Me with Care (2008)

Sars Wars: Bangkok Zombie Crisis (2004)
Sars Wars: Bangkok Zombie Crisis (2004) SARs War : Bangkok Zombie Crisis (2004)ဆားဗိုင်းရပ်စ်နံပါတ်၄ အာဖရိကမှာ ဖြစ်ပွားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီရောဂါကို ကူးစက်လိုက်တဲ့သူတွေဟာ သွေးဆာနေတဲ့ ဇွန်ဘီတွေဖြစ်ကုန်ကြပါတယ်။ ဒီလိုနဲ့ ရောဂါဟာ ပျံ့နှံ့လာရင်းနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း ကောင်မလေးတစ်ယောက်ဟာ အဆောက်အဦတစ်ခုတည်းမှာ ပြန်ပေးဆွဲခံထားရပါတယ်။ အဲဒီကောင်မလေး ပြန်ပေးဆွဲခံထားရတဲ့ အဆောက်အဦဟာ ဆားဗိုင်းရပ်စ်ပျံ့နှံ့ရာရဲ့ အစကနဦးဖြစ်နေတဲ့အခါမှာတော့ ဒီကောင်မလေး အဆောက်အဦထဲကနေ ဘယ်လို လွတ်မြောက်အောင်လုပ်မလဲ ...... ပြန်ပေးဆွဲတဲ့သူတစ်သိုက်နဲ့ ပြန်ပေးဆွဲခံရတဲ့ကောင်မလေး ဇွန်ဘီတွေနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ... ပြန်ပေးဆွဲခံရတဲ့ကောင်မလေးကို လာကယ်တဲ့ကောင်လေးကရော ဘယ်လိုတွေစွန့်စားကယ်ထုတ်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ထိုင်းဇွန်ဘီကားလေးတစ်ကားဖြစ်ပါတယ်။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Fantasy, Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 1.7GB ...
movie

Sars Wars: Bangkok Zombie Crisis (2004)

2004
Meat Grinder (2009) 5.3
Meat Grinder (2009) Meat Grinder (2009)Slasherရုပ်ရှင်​တွေမှာ Sawနဲ့ Wrong Turn franchise​တွေက iconic filmတွေ ဖြစ်သလို အ​ရှေ့တိုင်းဘက်မှာ​ဆို ဟောင်​ကောင်ရုပ်ရှင်​တွေရဲ့ ပြကွက်​ကြမ်းကြမ်းနဲ့ အ​ပြောကြမ်းကြမ်း​တွေက slasher genre ကိုမှ ကြိုက်တဲ့သူတွေကြား ရေပန်းစားပါတယ်။ အ​ရှေ့တိုင်း ရုပ်ရှင်တွေက လက်​တွေ့ဘဝနဲ့ ပိုနီးစပ်တာ​ကြောင့် ​ဖြစ်ရပ်မှန်လိုလို စိတ်ကူးယဉ်လိုလို မတင်မကျဖြစ်​စေသလို ဆင်ဆာ​တွေလည်း ရှယ်ပလန်နဲ့ ထိခဲ့တာပါ။အခုဇာတ်ကားကလည်း မူရင်းဖြစ်တဲ့ ထိုင်းနိုင်ငံအပြင် နိုင်ငံအများစုမှာ ပေါက်​ရောက်ခဲ့သလို ရှယ်အဘန်းခံ၊ ရှယ်ဆင်ဆာဖြတ်ခံခဲ့ရတာ​ကြောင့် originalနဲ့ uncut version ၂မျိုးဖြန့်ချီခဲ့ရတာပါ။ ဆင်ဆာ​ဖြေ​လျှော့မှု​ စပေးခဲ့တယ်ဆိုတဲ့ ၂၀၀၉မှာ ပြခဲ့တာ​တောင် ရက်စက်ကြမ်းကြုတ်မှု​နဲ့ ​သွေးသံရဲရဲပြကွက်​တွေ များလွန်းတာ​ကြောင့် ကြာချိန် ၁၀၂မိနစ်ထိရှိတဲ့ မူရင်းversionကို ၈၄မိနစ်ထိ ဖြတ်ချပြီး ပြသခဲ့ရပါတယ်။ တချို့​သော ဇာတ်ဝင်ခန်း​တွေကို စ ဆုံး ပြန်ရိုက်ကူးရတာ​တွေရှိသလို blur effect​ ထည့်ခဲ့ရတာ​တွေလည်း ရှိပါတယ်။၂၀၁၀ခုနှစ်မှာ​တော့ uncut versionကိုဖြန့်ချီခဲ့ပြီး Negative review​ များစွာရခဲ့သလို ​တောင်ကိုရီးယားနိုင်ငံမှာ၂ခါတိတိ banခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံတစ်ဝန်းလုံးက ခေါက်ဆွဲဆိုင်​တွေရဲ့ ဆန္ဒပြခြင်းကို ခံခဲ့ရပြီး မူရင်းနာမည် Kuai-tiao Nuea ...
movie

Meat Grinder (2009)

2009