Channel Myanmar

Akmal Saleh

200% Wolf (2024) 5.8
200% Wolf (2024)  လူသားပုံစံနဲ့ဝံပုလွေအသွင်နှစ်မျိုးရှိတဲ့ သမန်းဝံပုလွေတွေက ညအချိန်မှာကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ကြတယ်။ ကမ္ဘာရဲ့အပြင်ဘက်လကမ္ဘာမှာတော့ သမန်းဝံပုလွေတွေရဲ့ မိတ်ဆွေ ရှေးဘိုးဘေး ဝိညာဉ်တို့နေထိုင်ကြတယ်။ ဖရက်ဒီ က ‌သမန်းဝံပုလွေဖြစ်ပေမဲ့ ကံမကောင်းအကြောင်းမလှလို့ သူရဲ့ ဝံပုလွေပုံစံက ခွေးပုလေးဖြစ်နေခဲ့တယ်။အုပ်စုထဲမှာ သူများလေးစားတာကို လိုချင်တဲ့ ဖရက်ဒီ က လဝိညာဉ်တွေဆီတိုင်တည်ဆုတောင်းရင်းနဲ့ မထင်မှတ်ပဲ လဝိညာဉ်ပေါက်စလေး မူးပူး ရဲ့အစွမ်းကြောင့် ဝံပုလွေဖြစ်သွားပါတော့တယ်။လပေါ်ကနေ ရောက်လာတဲ့ ဝိညာဉ်ပေါက်စလေး မူးပူး ဟာ ကမ္ဘာပေါ်မှာအသက်မရှင်သန်နိုင်တာကြောင့် ဖရက်ဒီတို့ သူငယ်ချင်းတစ်စု မူးပူးလေးကိုအိမ်ပြန်ပို့နိုင်ဖို့ နည်းလမ်းရှာဖို့အတွက် ရှာပုံတော်ဖွင့်ကြပါတော့တယ်။ဒီ animation ကာတွန်းလေးကတော့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့သင့်တော်တဲ့ animation လေးတစ်ခုပဲဖြစ်ပါတယ်။ File size…1.54GB / 867MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Animation , Action , Adventure , Comedy ...
movie

200% Wolf (2024)

Night at the Museum: Kahmunrah Rises Again (2022) 5
Night at the Museum: Kahmunrah Rises Again (2022) Night at the Museum: Kahmunrah Rises Again (2022)သင်ဟာ Night at the museumရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ ငယ်ငယ်က ပြတိုက်တွေသွားလည်တဲ့အခါ ဒီအရုပ်တွေများ ညဘက်ဆိုရင်အသက်ဝင်လာပြီး လျှောက်သွားနေမလားလို့ တွေးမိမှာပါပဲ။ ၂၀၀၆ ခုနှစ်မှာ ပထမဆုံးစတင်ထွက်ရှိပြီး ပရိသတ်တွေရဲ့အသဲနှလုံးကို ဖမ်းစားခဲ့တဲ့ ဒီရုပ်ရှင်လေးက ၂၀၀၉နဲ့ ၂၀၁၄မှာ live action sequelအသီးသီးထွက်ရှိခဲ့ပြီးတော့ နောက်ဆုံးရုပ်ရှင်ကတော့ animationသီးသန့်အနေနဲ့ ပွဲထုတ်ထားပါတယ်။၂၀၂၂ animationမှာတော့ Night at the museum sequelတလျှောက်မှာ အပွဲပွဲနွှဲလာခဲ့တဲ့ လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကြီးကိုစွန့်ခွာလို့ တိုကျိုပြတိုက်ကို ပြောင်းရတာနဲ့ အစချီထားပါတယ်။ဒါပေမဲ့ လာရီနဲ့ပွဲတိုင်းကျော်ခဲ့တဲ့ ပြခန်းထဲကရဲဘော်တွေကတော့ လာရီနေရာမှာမှာ အစားထိုးဝင်လာတဲ့ ညစောင့်တိုင်းကို အမျိုးမျိုးခြောက်လွှတ်နေကြတာပေါ့။ ရဲဘော်တွေကိုလည်း ဖျောင့်ဖျလို့မရ ကြီးလေးတဲ့တာဝန်ကြီးကို တခြားသူကိုလွှဲအပ်ခဲ့ရမှာကိုလည်း စိတ်မချပြန် နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ပြတိုက်ကြီးကိုလည်း သံယောဇဉ်မပြတ်တဲ့လာရီတစ်ယောက် တက်ဒီပြောသလိုပဲ သားဖြစ်သူ နစ်ခ်ဒေလီကို သူ့နေရာအစားဝင်ခိုင်းဖို့ တွေးနေတော့တာပေါ့။တစ်ဖက်မှာတော့ ဘာလုပ်လုပ် တလွဲတချော်နဲ့တိုင်ပတ်နေပြီး ချစ်သူကောင်မလေးကိုပါ ဖွင့်မပြောရဲတဲ့အထိကို ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်ကောင်လေး နစ်ခ်ဒေလီကတော့ သူ့ရဲ့ဘဝကြီးကို အကြီးအကျယ်စိတ်ပျက်နေသူလေးပါ။ ဒါကိုအဖေဖြစ်သူလာရီက ...
movie

Night at the Museum: Kahmunrah Rises Again (2022)

2022