Channel Myanmar

Akemnji Ndifornyen

The Ballad of Wallis Island (2025) 7.4
The Ballad of Wallis Island (2025)  The Ballad of Wallis Island (2025)IMDb Rating (7.4) / Rotten Tomatoes (98%) ဒီနှစ် Sundance ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး ပွဲတော်အတွင်း ပြသခဲ့တဲ့ 2025 ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားအဖြစ် သတ်မှတ်ခံခဲ့ရသလို၊အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားအဖြစ်လည်း ချီးကျူးခံထားရပါတယ်။ရီဗျူးတွေ အရဆိုရင်လည်း ကြည့်ရှုခံစားသူ ပရိတ်သတ်တွေကို အားရကျေနပ်စေတဲ့ ရုပ်ရှင် ကားလေးဖြစ်ပါတယ်။ ဟာသလေးနှောတဲ့ ဒရမ်မာ ဆန်ဆန် ကားလေးပါ။နှလုံးပီတိ ဂွမ်းဆီထိဆိုသလို ၊ နှလုံးသား အရည်ပျော်စေလောက်အောင် စိတ်ချမ်းမြေ့စရာ၊ ကြည်နူးစရာ ကောင်းလှတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အရေးကြီးဆုံးအရာဟာ ချစ်ခြင်း မေတ္တာတရားပဲ မဟုတ်ပါလား။ ဇာတ်လမ်းအကျဉ်းချားလ်စ် ဟာ ထီဆုကြီးနှစ်‌ခါပေါက်ပြီး ၊ အမျိုးသမီး ဖြစ်သူ မယ်ရီနဲ့ ကမ္ဘာပတ်ကာ ခရီး‌တွေ ‌ထွက်ခဲ့သူပေါ့။မယ်ရီ ဆုံးသွားတဲ့နောက်မှာတော့ ချားလ်စ်လည်း ခရီးထွက်တာကို ရပ်လိုက်ပြီး ၊ အရမ်းကို ဝေးလှတဲ့ ကျွန်းတစ်ကျွန်းမှာ ...
movie

The Ballad of Wallis Island (2025)

2025
4K HEVC
The Last Witness (2018) 5.6
The Last Witness (2018) The Last Witness(2018)IMDb....5.6စိတ်​ဝင်​စားဖွယ်​ပိုလန်​နိုင်​ငံ​ရေးကား​ကို တင်​ဆက်​​ပေးလိုက်​ပါတယ်​.....ဒီကား​ထဲမှာဆိုရင်​​တော့ ဆိုဗီယက်​ပြည်​​ထောင်​စု​တွေကြီးစိုးတဲ့စစ်​ပွဲကာလမှာ ပိုလန်​နိုင်​ငံရဲ့အရာရှိ​တွေပြည်​သူ​တွေ ထောင်​​သောင်းချီပြီးအစုလိုက်​အပြုံလိုက်​အသတ်​ခံခဲ့ရပါတယ်....​ ဒီကိစ္စကို ပိုလန်​နိုင်​ငံရဲ့အထက်​လူကြီး​တွေကလည်း တိကျတဲ့အ​ဖြေတစ်​ခုမ​ပေးနိုင်​ကြပါဘူး..ဒါ​ပေမဲ့ ဒီကိစ္စနဲ့ ပတ်​သတ်​ပြီးတိကျတဲ့အ​ဖြေတစ်​ခု​ဖော်​ထုတ်​ချင်​တဲ့သူက​တော့ မစ္စတာစတီဖင်​အန်​ဒါဝတ်​လို့​ခေါ်တဲ့ ဂျာနယ်​လစ်​တစ်​​ယောက်​ပါ ...ဂျာနယ်လစ်တစ်ယောက်အတွက်ရက်စက်တဲ့ဆိုးယုတ်မှုကြီးကိုဖော်ထုတ်ဖို့ရာမလွယ်ပါဘူးးး...သို့ပေမဲ့ သူဟာ ဒီဖြစ်ရပ်ကြီးကို ဇွဲရှိရှိနဲ့လိုက်လံရှာဖွေဖော်ထုတ်ရာမှာ မမျှော်လင့်တဲ့သူတွေ ပါဝင်ပတ်သက်နေပြီးသူ့အတွက်လည်း အန္တရယ်ပေါင်းများစွာနဲ့ကြုံရပါတော့တယ်..သူဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ကြည့်လိုက်ပါဦး.ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Pyae Xeinn Settဖြစ်ပါတယ်...File Size : 990MB/ 380MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:35:00 Genre :  History, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Xeinn Sett Encoded by Tiff
movie

The Last Witness (2018)

Catherine Called Birdy (2022) 6.5
Catherine Called Birdy (2022) Catherine Called Birdy (2022) ===================== IMDb Rating - 6.5/10"ရှင်တို့ယောကျ်ားတွေက နတ်ဘုရားတွေမဟုတ်ဘူး။ ကျွန်မတို့ဘယ်လိုလူလဲ၊ ဘယ်ကိုသွားရမလဲ၊ ဘယ်လောက်တန်တယ်ဆိုတာ ရှင်တို့ဆုံးဖြတ်စရာမလိုပါဘူး။ ကျွန်မတို့ကအရာဝတ္ထုပစ္စည်းတွေမဟုတ်ဘူး လူတွေပါ..."အင်္ဂလန်အလယ်ခေတ်က အဲဒီလိုကျား/မခွဲခြားမှုတွေ၊ မိန်းကလေးတွေကို ရောင်းကုန်တစ်ခုလိုသဘောထားတာတွေကို ဟာသနဲ့ဒရမ်မာလေးနှောပြီး ရိုက်ကူးထားတဲ့ ခေတ်ဟောင်းနောက်ခံရုပ်ရှင်လေးတစ်ပုဒ်ပါ။ ဘာဒီလို့ချစ်စနိုးခေါ်ကြတဲ့ အသက် ၁၄ နှစ်အရွယ် ကတ်သရင်းလေးဟာ သခင်ရိုလိုနဲ့လေဒီအက်ရှ်လင်းတို့ရဲ့တစ်ဦးတည်းသော သမီးငယ်လေးပါ။ ‌သူ့မှာ အက်ဒ၀ပ်နဲ့‌ရောဘတ်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရှိပါတယ်။ စီးပွားကျနေတဲ့ စံအိမ်သခင်ရိုလိုဟာ ဘေးစကားတွေနားယောင်ရင်း သူတို့‌ခေတ်ထုံးစံအတိုင်း အရွယ်ရောက်ခါနီးသမီးပျိုကို သူဌေးတွေနဲ့ပေးစားဖို့ကြံပါတယ်။လင်ယူသားမွေးကိစ္စတွေကိုလန့်နေတဲ့ ကလေးသာသာ ဘာဒီလေးဟာ ပိုးပန်းသူ တွေကို နည်းအမျိုးမျိုးနဲ့ လန့်ပြေးအောင်လုပ်ပါတယ်။ ‌ဖခင်ကရိုက်နှက်ပေမဲ့ မမှုပါဘူး။ သူအပျိုဖြစ်တာမသိအောင်လည်း ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ‌ တစ်နေ့မှာ သူ့အဘိုးအရွယ်လောက်ရှိတဲ့ သခင်ကြီးတစ်ယောက်ကို လက်ထပ် ရဖို့ဖြစ်လာပါတယ်။ သူ့အတွက်ကယ်တင်ရှင်ဟာ ဦးလေးဖြစ်သူ အန်ကယ်ဂျော့ဂ်ျလို့ ထင်ခဲ့ပေမဲ့ ထင်သလိုဖြစ်မလာဘဲ ဘ၀အပြောင်းအလဲများစွာကို ရင်ဆိုင်ရတဲ့အခါ... ဘာဒီတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ဥရောပအလယ်ခေတ်က မိန်းကလေးတွေရဲ့ဘ၀နဲ့ ကွဲပြားတဲ့ခေတ်အခြေအနေကို မီးမောင်းထိုးပြပြီး စိတ်၀င် စားစရာရိုက်ကူးထားပါတယ်။ ခေတ်ဟောင်းနောက်ခံကားပေမဲ့ ဟာသလေးတွေနှော ထားတာမို့ ခပ်မြူးမြူးလေးနဲ့ တကယ်ကြည့်ကောင်းပါတယ်။IMDb rating 6.5/10 နဲ့ Rotten Tomatoes 88% ...
movie

Catherine Called Birdy (2022)

2022