Channel Myanmar

Aju Varghese

Sthanarthi Sreekuttan (2024) 7.1
Sthanarthi Sreekuttan (2024) Sthanarthi Sreekuttan (2024) အဖြူရောင်စိန်ခေါ်မှုများကျောင်းသားဘဝရဲ့ ရိုးရှင်းတဲ့ အလှတရားတွေ ရယ်မောပျော်ရွှင်စရာတွေနဲ့ စိန်ခေါ်မှုတွေကို မြင်တွေ့လိုပါသလား ဒါဆိုရင်တော့ ဒီကားက ကျောင်းနေအရွယ် ကလေးတစ်ဦးရဲ့ ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိမှုခရီးလမ်းကြောင်းကို နွေးထွေးတဲ့ ဟာသတွေနဲ့ ပုံဖော်ထားမျိုးပါဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ကတော့ K.R. Narayanan U.P. ကျောင်းက ခုနစ်တန်းကျောင်းသားလေး ဆရီကူတန်ပါပဲ ဆရီကူတန်က အမြဲတမ်း ဆရာမတွေကို စနောက်တတ်ပြီး ဆူဆူပူပူလုပ်တတ်တဲ့ ကျောင်းသားလေးတစ်ယောက်ပေါ့သူ့ရဲ့ အတန်းထဲက စာတော်ပြီး သူ့ပြိုင်ဘက်ဖြစ်တဲ့ အမ်ဘာဒီနဲ့ သူမကြိုက်တဲ့ ဆရာမချက်ကရာပါနီ့ကို စိန်ခေါ်ဖို့အတွက် သူတို့အတန်းရဲ့ ခေါင်းဆောင်နေရာအတွက် ဝင်အရွေးခံဖို့ ဆုံးဖြတ်လိုက်ပါတယ်ဆရီကူတန်က အတန်းခေါင်းဆောင်ဖြစ်ဖို့ သူငယ်ချင်းတွေနဲ့အတူ ရယ်စရာကောင်းတဲ့ အကြံအစည်တွေ အလွဲအချော်တွေ လုပ်ဆောင်ရင်း သူ့အရည်အချင်းတွေကို သက်သေပြဖို့ ကြိုးစားပါတော့တယ် ဒီဇာတ်လမ်းကကလေးဘဝရဲ့ အပြစ်ကင်းစင်မှု အတန်းတွင်း နိုင်ငံရေးတွေနဲ့ လူမှုရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ထိထိမိမိ တင်ဆက်ထားပါတယ်ဆရီကူတန်ရဲ့ ချစ်စရာကောင်းတဲ့ စရိုက် သူငယ်ချင်းတွေကြားက ခင်မင်မှုတွေနဲ့ ကျောင်းဆရာ ဆရာမတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးတွေက ကြည့်ရှုသူတွေကို ...
movie

Sthanarthi Sreekuttan (2024)

Daveed (2025) 6.3
Daveed (2025) Daveed (2025) နောက်ဆုံးအလှည့်IMDb 6.6/10 အက်ရှင် ပရိသတ်တွေအတွက် လက်ဝှေ့ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။အာရှစ် အာဘူက လက်ဝှေ့ပါရမီရှင်တစ်ဦးပါ။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် သူ့ရဲ့တောက်ပခဲ့တဲ့ အတိတ်‌နေ့ရက်တွေကို မေ့လျော့လို့ သာမန်ဘဝမှာ အေးဆေးသက်သာစွာ နေထိုင်‌နေလေရဲ့။ အာဘူ စားဝတ်နေရေးအတွက် လုပ်နေတဲ့အလုပ်ကတော့ အခမ်းအနား ပွဲတွေမှာ လူရမ်းကားတွေကိုဆွဲထုတ်ဖို့ ဘော်ဒီဂတ်လိုမျိုး အလုပ်ပါ။ဘဝရည်မှန်းချက် ဦးတည်ရာမရှိ ပုံမှန်ဝင်ငွေမရှိနဲ့ သူ့မိန်းမအပေါ်ပဲ လုံးလုံးလျားလျား မှီခိုနေသူပေါ့။ သူ့နေ့ရက်တွေကိုတော့ သူတို့ရဲ့သမီးလေးကို တုန်နေအောင်ချစ်ရင်းပဲ ကုန်ဆုံးစေပါတယ်။တစ်ခါတစ်‌လေတော့လည်း အိမ်နားက ကန်လေးမှာ ငါးမျှားတာက သူ့‌အလုပ်တွေထဲက တစ်ခုပေါ့လေ။တစ်နေ့ သူ့အလုပ်မှာ နာမည်ကြီးရုပ်ရှင် စတားတစ်ယောက်လာတာမို့ လူတွေကိုရှင်းလင်းပေးရင်း တွန်းတိုက်ရင်း နာမည်ကြီးနေတဲ့ တူရကီလက်ဝှေ့သမားတစ်ယောက်ကို သွားလို့ရန်စမိပါတော့တယ်။မမြင်ရတဲ့ ကံကြမ္မာ အလှည့်အပြောင်းအနေနဲ့ အာဘူတစ်ယောက် သူ့ရဲ့လက်ဝှေ့သမားဘဝကို ဘယ်လိုပြန်လည်ရောက်ရှိလာမလဲ၊ သူဒီဘဝက ထွက်လာခဲ့ရတဲ့ အကြောင်းရင်းက ဘာလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုခံစားကြည့်ရင်း အဖြေထုတ်ရမှာပဲ ဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ...
movie

Daveed (2025)

Bad Boyz (2024)
Bad Boyz (2024) Bad Boyz (2024) "ဇိုးကြီးများ"မဆလာပရိသတ်တို့အတွက် မလေယာလမ် အက်ရှင်ဟာသ ဇာတ်လမ်းတစ်ပုဒ် တင်ဆက်လိုက်ပါတယ်အန်ဒါပါတို့ သူငယ်ချင်းလေးယောက်က ကျောင်းတွင်း 'Bad Boys' ကလပ်မှ ဖြစ်ပြီး အန်ဒါပါကတော့ မေရီဆိုတဲ့ မိန်းကလေးကို ကြိတ်သဘောကျနေတာပါအန်ဒါပါ စာမေးပွဲကျလို့ မေရီက အဖတ်မလုပ်တော့ပေမဲ့ မေရီ့ကို ဆွဲလားရမ်းလားလုပ်တဲ့ ကောင်တွေကို အုပ်စုလိုက် ဖိုက်ပြလိုက်ရင်း အန်ဒါပါဟာ မေရီ့အချစ်ကို ရခဲ့တဲ့အပြင် ဇိုးဘွဲ့ပါ ရသွားပါတော့တယ်နောက်ပိုင်း သူတို့တတွေ တကယ့်မူးယစ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ ဘယ်လိုရယ်ရမလဲ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.6 GB / 1.4 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bad Boyz (2024)

Thrayam (2024) 5.2
Thrayam (2024) Thrayam (2024)"လှုပ်လှုပ်ရှားရှား ညလေးတစ်ည" မလေယာလမ် သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်ညအချိန်မှာ တချို့က အပျော်ရှာကြသလို တချို့က စီးပွားရှာဖို့ရုန်းကန်ရပြီး မဟုတ်တာလုပ်ကြသူတွေလည်း ရှိနေပါတယ် ဒီဇာတ်လမ်းလေးမှာ တစ်ညတာအချိန်က ဇာတ်ကောင်ပေါင်းများစွာရဲ့ အဖြစ်အပျက်တွေ၊လှုပ်ရှားမှုတွေကို အချိတ်အဆက်တွေနဲ့ ပုံဖော်ထားတာပါ မိန်းမတစ်ယောက်ကိုချစ်မိလို့ သောကများနေတဲ့ လူတစ်ယောက်၊ ကောင်မလေးတစ်ယောက်ကို အပြာဗီဒီယိုနဲ့ ငွေညှစ်ချင်တဲ့ ကလေကဝတစ်သိုက်နဲ့ဉာဏ်များတဲ့ မဒီလေးတစ်ယောက် တစ်ညဆိုတဲ့ အချိန်ကာလက အဖြစ်အပျက်တွေကြားမှာ ဘယ်လိုဆက်နွယ်နေမှာလဲ၊ မထင်မှတ်ထားတာတွေပါ ဆက်ဖြစ်လာတဲ့အခါမှာတော့ .....အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ ToMo မှ ဖြစ်ပါတယ် File size…1.4 GB / 750 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ V ~ ToMo
movie

Thrayam (2024)

The Secret of Women (2025) 7.0
The Secret of Women (2025) The Secret of Women (2025) "မိန်းမနှစ်ဦး"တစ်မျိုးဆန်းတဲ့ မလေယာလမ် သည်းထိပ်ရင်ဖို ဇာတ်လမ်းအသစ်လေးပဲ ဖြစ်ပါတယ်အသက်ငယ်ငယ် ကောင်မလေးတစ်ယောက် တိုက်ခန်းမှာတစ်ယောက်တည်းရှိနေချိန်မှာ အမည်မသိယောကျ်ားတစ်ဦး ခိုးဝင်လာတယ်သို့ပေမဲ့ ကိုယ်ခံပညာတတ်ထားတဲ့ ကောင်မလေးနဲ့အတွေ့မှာတော့ အဲဒီလူမှောက်သွားတဲ့အထိ ခံလိုက်ရပါတယ် သူနဲ့မသိတဲ့လူက ဘာဖြစ်လို့များ သူ့ကိုရန်ပြုဖို့လာတာလဲတစ်ဖက်မှာလည်း လှေပေါ်က ခုန်ချတဲ့ ကောင်လေးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က ရေထဲဆင်းကယ်ပြီး သူ့အိမ်ကိုခေါ်လာပါတယ်ဒီလို ပဟေဠိဆန်တဲ့ မိန်းမနှစ်ယောက်ရဲ့ လျှို့ဝှက်ချက်က ဘာလဲ သူတို့နှစ်ယောက် ပတ်သက်ဆက်နွယ်မှုကရော ဘာဖြစ်မှာလဲဆိုတာ ပရိသတ်တို့ကြည့်ရှုကာ အဖြေရှာလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…1.2 GB / 635 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

The Secret of Women (2025)

Hello Mummy (2024)
Hello Mummy (2024) Hello Mummy (2024) ဘွန်နီရဲ့ တစ္ဆေခြောက် အချစ်ပုံပြင်IMDb 6.9/10ရယ်ရယ်‌မောမော ဟာသလေးကိုမှ သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်ကွက်လေးတွေပါ‌‌ ရောနှောပါဝင်ထားတဲ့ ဇာတ်လမ်း‌လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဘွန်နီဟာ အလိုလိုက်ခံ သူဌေးသားလေးပီပီ ပေါ့ပေါ့နေ ပေါ့ပေါ့စားနေသူတစ်ဦးပါ။ရည်မှန်းချက် ဘဝအိမ်မက်ရယ်လို့လည်း မရှိဘဲ ရ န်ဖြစ်လိုက် ပျော်ပါးလိုက်နဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။အိမ်မွေးတိရစ္ဆာန်‌ ဆက်စပ်ပစ္စည်းရောင်းတဲ့ဆိုင်‌လေးဖွင့်ထားတာကလွဲလို့ ကောလိပ်ကလည်းထွက်လိုက်ရပြီး ရန်ဖြစ်သောက်စားနေတဲ့သူတို့သားကို မိဘတွေက စိတ်မချတော့ပါဘူး။အဲဒီမှာ ဘွန်နီရဲ့ယောက်ဖဖြစ်သူ အောင်သွယ်တော် မြားနတ်မောင် အေဂျင်စီ‌ ထောင်ထားသူ သွန်မ်စန်ကို အပူကပ်ကြပါတော့တယ်။သွန်မ်စန်ကလည်း နားအေးရင်ပြီးရောဆိုပြီး ဘွန်နီကို စတီဖင်ဆိုတဲ့ကောင်မလေးနဲ့တွေ့ပေးဖို့ စီစဉ်ပေးပါတော့တယ်။ဒီလိုနဲ့ဘွန်နီက စတီဖင်ကိုတွေ့တွေ့ချင်း သဘောကျသွားပြီး သူတို့အဆင်ပြေသွားရာက လက်ထပ်ဖြစ်သွားပါတယ်။စတီဖင်က မိခင်ဆုံးပါးသွားရှာပါပြီ။ သူက သိပ္ပံပညာရှင်ဖြစ်ချင်တဲ့အိမ်မက်နဲ့ ပညာသင်ဆုတွေလျှောက်ထားပြီးာကြိုးစားသူလေးတစ်ဦးပါ။သူ့ဖခင်ကလည်း စည်းကမ်းတင်းကြပ်တဲ့ အငြိမ်းစား သင်္ချာပါမောက္ခဖြစ်နေပါတယ်။ဘွန်နီက သူတို့အိမ်ထောင်ရေးမှာ စည်းကမ်းတင်းကြပ်တဲ့ စတီဖင်ရဲ့ဖခင်နဲ့ပဲ ရင်ဆိုင်ရမယ်ထင်ခဲ့တာပါ။တကယ်တမ်းကျ စတီဖင်ရဲ့ သေဆုံးသွားတဲ့မိခင်က မကျွတ်လွတ်‌သေးဘဲ သူတို့အိမ်ထောင်ရေးကိုလည်း သဘောမတူနိုင်ဖြစ်ပြီးတော့ လိုက်ခြောက်လှန့်ပါတော့တယ်။အလိုလိုက်ခံသူဌေးသားလေးရဲ့ ဘာလုပ်လုပ်တလွဲတွေဖြစ်နေပုံနဲ့ ယောက္ခမရဲ့ တမလွန်ကကန့်ကွက်မှုကို တွန်းလှန်ပုံ‌တို့ကို ရယ်မောလိုက်သည်းထိတ်ရင်ဖိုဖြစ်လိုက်နဲ့ ရိုလာကိုစတာစီးသလို ကြည့်ရှုခံစားရမှာပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM ...
movie

Hello Mummy (2024)

Swargam (2024) 6.6
Swargam (2024) Swargam (2025) ကောင်းကင်ဘုံ"အိမ်"တဲ့ စကားလုံးလေးတစ်လုံးတည်းပေမဲ့ နွေးထွေးလုံခြုံစေတာမျိုး။ အားလုံးမှာ ဖြစ်မြောက်ချင်တဲ့ ရည်မှန်းချက်တွေရှိခဲ့ရင်တောင် မောပန်းနွမ်းနယ်လာတဲ့အခါ၊ အောင်မြင်ပျော်ရွှင်မှုကိုမျှဝေလိုတဲ့အခါ အိမ်ကိုတမ်းတ တတ်ကြပါတယ်တဲ့။အရွယ်ရောက်လာလို့ လူတွေအများကြီး ကိုယ့်ဘဝထဲဝင်လာလေ၊ ကြုံတွေ့ရဝာာတွေများလာလေ၊ တာဝန်ဝတ္တရား လုပ်ပိုင်ခွင့်တွေရှိလာလေ ငယ်ဘဝကိုတမ်းတလေပါပဲ။ဒီဇာတ်ကားလေးမှာလည်း အိမ်နီးနားချင်း ခရစ်ယာန်ဘာသာဝင်မိသားစုနှစ်ခုရဲ့ အ‌ခြေအနေချင်းမတူကြတော့ သဘောထားကွဲလွဲရာမှတစ်ဆင့် ချည်နှောင်မိတဲ့ သိမ်မွေ့တဲ့ နှောင်ကြိုးလေးကို မြင်တွေ့ရမှာပါ။ဘေးအိမ်က မနက်အစောကြီး ဘုရားရှိခိုးလို့လန့်နိုးလာတာ၊ သီချင်းတွေ၊ တူရိယာတွေတီးမှုတ်နေလို့ မနှစ်သက်တာမျိုးက ကြုံတွေ့ဖူးကြမှာပါ။ အဲဒီကနေ ကူညီရိုင်းပင်းလာမှု၊ နားလည်လာမှုစတဲ့ နွေးထွေးတဲ့ အိမ်နီးနားချင်းသံယောဇဉ်နဲ့ မိသားစု ချစ်ခင်မှုကို ဟာသလေးနှောပြီး ပါဝင်ထားပါတယ်။ဘဝမှာဟန်ချက်ညီ နေထိုင်နိုင်ဖို့ အရာရာကို ချဲ့ကားနေဖို့မလိုဘဲ တစ်ဦးအပေါ်တစ်ဦး နားထောင်ပေးနိုင်ဖို့၊ မေတ္တာထားပေးနိုင်ဖို့၊ နားလည်ပေးနိုင်ဖို့လိုအပ်တယ်ဆိုတာ ဒီဒရမ်မာလေးကြည့်ပြီး ဘဝအမောပြေကြစေဖို့ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 1.8 GB / 995 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Swargam (2024)

Identity (2025) 8.9
Identity (2025) Identity (2025) ဖြစ်တည်မှုCM Bollywood ပရိသတ်ကြီးအတွက် ဇာတ်လမ်းဆန်းဆန်း rating ကောင်းကောင်းနဲ့ မလေယာလမ်းစကားပြော အိန္ဒိယကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးရဲ့အစမှာတော့ အိမ်ထောင်ကွဲလို့ အမေတစ်ယောက်အဖေတစ်ယောက် အုပ်ထိန်းခွင့်ယူကြတဲ့အခါမှာ အဖေ့ဘက်လိုက်နေရတဲ့ ဟာရန်လေးဟာ ဖခင်အရက်သမားရဲမှူးရဲ့သင်တန်းကျောင်းနေရသလို ထိန်းကျောင်းပုံကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ထရော်မာဝင်ပြီး ဘာမဆိုပြည့်စုံမှကြိုက်တဲ့ စိတ်ရောဂါရသွားပါတယ်….နှစ်တွေကြာပြီးနောက် စတိုးဆိုင်တစ်ခုက အဝတ်လဲခန်းမှာ ကင်မရာခိုးထားပြီး ကောင်မလေးတွေကို ဗီဒီယိုရိုက်ငွေညှစ်လုပ်စားနေတဲ့ အမာရ်ဆိုတဲ့ လူယုတ်မာတစ်ကောင်ရှိပါတယ်။တစ်နေ့မှာတော့ ခွင်ဖန်နေတုန်း ချောင်းရိုက်ကောင်ကို ဘယ်ကမှန်းမသိတဲ့ဘဲတစ်ပွေက အရှင်လတ်လတ်မီးရှို့ပြီး အလောင်းကိုချောင်းထဲပစ်ချလိုက်ပါတယ်ဒီအမှုကို ရဲတွေကလည်း ကြိုးစားပမ်းစားစစ်ဆေးဖို့ ကြိုးစားကြရင်း ဘယ်သူတွေနဲ့ဘယ်လိုပတ်သက်ဆက်နွယ်နေမလဲဆိုတာ ပိတ်သားပြင်ထက်မှာပဲ ဆက်လက်ရှုစားနိုင်ဖို့ မနှေးလေးတင်ဆက်ပေးပါရစေ။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 3.64 GB / 1.7 GB / 900 MB Quality…4k HEVC / WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Identity (2025)

4K HEVC
Anand Sreebala (2024) 7.3
Anand Sreebala (2024) Anand Sreebala (2024) "အဖြစ်မှန်"ပရိသတ်အကြိုက်ဖြစ်စေမယ့် မလေယာလမ် မှုခင်းဒရာမာ ရုပ်ရှင်လေး လာပါပြီဇာတ်လမ်းအကျဉ်းကိုပြောရရင် တစ်ညမှာ မိဘနှစ်ပါးက ဥပဒေကျောင်းသူသမီးပျောက်လို့ ရဲစခန်းကိုလာတိုင်ပေမယ့် ရဲတွေက ချက်ချင်းတာဝန်ယူဖြေရှင်းဖို့ နှောင့်နှေးနေခဲ့ပါတယ်နောက်တစ်ရက်မှာတော့ ရဲတွေက မိန်းကလေးအလောင်းကို ရှာတွေ့ခဲ့ပြီး အမှုစုံစမ်းမှုက သိပ်မကြာလိုက်ဘဲ သေကြောင်းကြံမှုအဖြစ်သာ အမှုပိတ်ခဲ့ရာမှာတစ်နှစ်ကြာတော့ သတင်းရှာနေတဲ့ တီဗွီသတင်းထောက်မလေးဟာ အဆိုပါအမှုကို လူစိတ်ဝင်စားအောင် ပြန်လုပ်ဖို့အကြောင်းဖန်လာတဲ့အခါ ရဲတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ သူ့ကောင်လေး အာနန့်ကို အလွတ်စုံထောက်လုပ်ခိုင်းပါတော့တယ် အမှုမှန်ပေါ်ပေါက်လာမှာလားဒီဇာတ်လမ်းထဲမှာ ပရိသတ်တို့ ဆက်လက်အဖြေရှာလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ File size… 1.6 GB / 827 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Anand Sreebala (2024)

Thaanara (2024) 6.4
Thaanara (2024) Thaanara (2024) "အမှုပွေတဲ့ ညတစ်ည"ခေတ်ကျပ်ကြီးထဲမှာ စိတ်ညစ်စရာတွေ ခဏဖယ်ထားပြီး ခဏတာရယ်မောရစေမဲ့ ဘောလိဝုဒ်ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။မတူညီတဲ့ ဘ၀အဖုံဖုံကို အတည်အ‌ပေါက်လိုလိုနဲ့ ဟာသနှောပြီး တင်ဆက်ထားတာ ဖြစ်ပါတယ်။ စစချင်းမှာပါလာတဲ့ နိုင်ငံရေးအကြောင်းတွေကိုကြည့်ပြီး အတည်အပေါက်လို့တော့ မထင်လိုက်ပါနဲ့ဦး။ နောက်ပိုင်း အခွီတွေချည်း ဆက်တိုက်လာမှာပါ။ဇာတ်လမ်းမှာ အတိုက်အခံပါတီအမတ်တစ်ဦးဖြစ်တဲ့ အာဒါ့ရှ်ဟာ အလုပ်ခရီးတစ်ခုဗန်းပြပြီး အမိုက်စားစကီလေးတစ်ဗွေနဲ့ အိမ်ကိုပြန်လာပါတယ်။ဖြစ်ချင်တော့ သူခရီးသွားတဲ့ သတင်းကြောင့် သူ့အိမ်မှာ သူခိုးတစ်ယောက်‌ရောက်နေပါတယ်။သူခိုးကလည်း အိမ်ရှင်တွေမရှိတာကြောင့် စားလိုက်သောက်လိုက် ထင်တိုင်းကျဲနေတော့တာပေါ့။ အာဒါ့ရှ်နဲ့ စကီလေးတို့ အိမ်ရောက်လာချိန်မှာတော့ စည်းစိမ်ယစ်နေတဲ့ သူခိုးခမျာ ဘုံပျောက်ပါတော့တယ်။ အဲဒီနောက် မမျှော်လင့်ဘဲ အိမ်ကို နောက်ထပ်ရောက်ချလာသူကတော့ အာဒါ့ရှ်ရဲ့မိန်းမပါပဲ။ဒီလိုနဲ့ အိမ်တစ်လုံးထဲမှာ လွှတ်တော်အမတ်ရယ်၊ စကီလေးတစ်တစ်‌ဗွေရယ်၊ အမတ်ဇနီးရယ်၊ သူခိုးတစ်ယောက်ရယ် ဘယ်လိုတွေ ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုတွေ ကမောက်ကမဖြစ်ကုန်မလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size… 1.8 GB / 980 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 58m Subtitle….Myanmar ...
movie

Thaanara (2024)

A.R.M (2024) 7.6
A.R.M (2024) A.R.M (2024) "အာဂျာယန်ရဲ့ ဒုတိယမြောက်ခိုးယူမှု" IMDb - 7.6/10ဒီနေ့တော့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ရသမျိုးစုံနဲ့ အိန္ဒိယရုပ်ရှင်တွေထွက်ရှိလာတဲ့နေ့တစ်နေ့ပါပဲ။ အခုတဖန်တင်ဆက်ပေးမှာက အလန်းစား မလေယာလမ်းရုပ်ရှင်ကားကြီး။ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ကြယ်တစ်စင်းကြွေသတဲ့ကွယ်။ ဘုရင်ကြီးက ဒီအကြောင်းကိုကြားလေတော့ ကြယ်အကြွေကိုသိမ်းယူပြီး နာမည်ကြီးပန်းပဲဆရာကြီးဆီမှာ မီးအိမ်တစ်လုံး သွန်းလုပ်စေခဲ့တာပေါ့။ဒီမီးအိမ်လေးကြောင့် တိုင်းပြည်ဟာ ကြွယ်၀ချမ်းသာတယ်လို့ တစ်ယောက်စကားတစ်ယောက်နား ပြောကြသတဲ့ကွယ်။တစ်နေ့ ဘုရင်ကြီးမှာ ဒုက္ခကြုံလာရတော့ ကြယ်ကြွေခဲ့တဲ့ရွာက သူရဲကောင်းကြီးတစ်ဦး ဖြေရှင်းပေးခဲ့ပါလေရော။ ဒီလိုနဲ့ ဘုရင်ကြီးက လိုရာဆုလာဘ်တောင်းစေတဲ့အခါ မီးအိမ်ကိုပဲ သူတို့ရွာမှာ ပြန်လည်ထိမ်းသိမ်းထားချင်ပါတယ်လို့ ဆိုသတဲ့ကွယ်။ ဒါက သူရဲကောင်းကြီးရဲ့ဇာတ်လမ်း။ဒီရုပ်ရှင်ကတော့ အာဂျာယန်ရဲ့ဇာတ်လမ်း။ တစ်ရွာလုံးကို ဒုက္ခပေးတဲ့ ဘဲလ်သံတချွင်ချွင်နဲ့ သူခိုးကြီးရဲ့ မြေးဖြစ်သူပေါ့။ အဘိုးဖြစ်သူသမိုင်းကြောင်းကြောင့် အနှိမ်ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်။ ဒီကောင်လေး ဘယ်လိုဖြစ်လာမလဲ၊ သူ့ကိုအနိုင်ကျင့်လှောင်ပြောင်တဲ့ တစ်ရွာလုံးကို သူ ဘယ်လိုတုံ့ပြန်မှာလဲ။ ခံစားကြည့်ရှုပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.2 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

A.R.M (2024)

Helen (2019) 7.7
Helen (2019) Helen (2019)"ဟယ်လန်" ===================၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်ကောင်းတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်ဖန်တီးသူတွေက ဘာမှတရားဝင်မပြောထားပေမဲ့ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်တွေအပေါ်မှာအခြေခံရိုက်ကူးထားတာလို့ ပရိသတ်တွေကဆိုကြပါတယ်။ဇာတ်လမ်းကတော့.. အဖေတစ်ခု သမီးတစ်ခုဘဝမှာနေရင်း သူနာပြုဘွဲ့ရထားပြီး ကနေဒါကိုအလုပ်သွားလုပ်ဖို့ကြိုးစားနေတဲ့ ဟယ်လန်ဆိုတဲ့ သာမန်ကောင်မလေးတစ်ယောက်။သူဟာ ကနေဒါကိုမသွားနိုင်ခင် ကြက်ကြော်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေရင်း ရုတ်တရက် ခြေရာလက်ရာမရှိပျောက်ဆုံးသွားတဲ့အခါမှာတော့..။ တိုက်ပွဲတစ်ခုကို တစ်ယောက်တည်းရင်ဆိုင်နေရတဲ့ဟယ်လန်ရဲ့ ရုန်းကန်မှုတွေ၊ ဖခင်ဖြစ်သူရဲ့ ပူပင်သောကတွေ၊ ဗျာများရပုံတွေကို အချိတ်အဆက်မိမိနဲ့ မွန်းကျပ်စရာကောင်းလောက်အောင် ပုံဖော်ပြထားတာမလို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်ကြတဲ့ပရိသတ်တွေအတွက် အချိန်ပေးရတာတကယ်တန်စေမယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.67 GB / 880 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Helen (2019)

Gaganachari (2024) 7.4
Gaganachari (2024) Gaganchari (2024)"အာကာသခရီးသည်" ===============================အိန္ဒိယ ရုပ်ရှင်လောကထဲမှာ ဇာတ်လမ်းကောင်းတွေ အထွက်များတဲ့ Mollywood ကနေ အသစ်ထွက်လာတဲ့ IMDb 7.5/10 ရ ဒက်စတိုးပီးယန်းဆန်ဆန် ဇာတ်အိမ်ဆန်းဆန်းရုပ်ရှင်သစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ ဝာတိယဂာမ္ဘာစစ်ဖြစ်ပြီးချိန် ကမ္ဘာပျက်ကပ်အလွန် ၂၀၄၀ ခုနစ်ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပါတယ်။အဲဒီခေတ် အိန္ဒိယနိုင်ငံအတွင်းမှာ စက်သုံးဆီတွေသုံးခွင့်ပိတ်ပင်ထားပြီး ဂြိုဟ်သားတွေရဲ့စိမ့်ဝင်မှုကိုလည်းကြုံနေရပါသေးတယ်။ အဲဒီလို ကမ္ဘာပျက်ကပ်အလွန်ခေတ်ကြီးထဲမှာ စပ်စုတတ်တဲ့ လူငယ်နှစ်ယောက်က ဂြိုဟ်သားမုဆိုးဆိုတဲ့ ရေလည်ကြမ်းတဲ့ဘဲကြီးတစ်ပွေအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ကြိုးစားရင်း အဲဒီကာလကြီးမှာ လူတွေကြုံတွေခဲ့ရတဲ့အကြောင်းတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.1 GB / 976 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Gaganachari (2024)

Virunnu aka Virundhu(2024) 7.6
Virunnu aka Virundhu(2024) Virundha 2024 (စားသောက်ပွဲတော်)ဂျွန်အာဘရာဟမ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ ကီရာလာ-တမီလ်နန်ဒူနယ်စပ် တံတားပေါ်မှာ ကားကိုပဲတွေ့ပြီးတော့ အလောင်းကိုတော့ ၅ရက်အကြာမှ ရေထဲမှာ သေနေတာကို တွေ့ခဲ့ရပါတယ်။အလောင်းစစ်ဆေးမှုလုပ်တဲ့အချိန်မှာ ဂျွန်ဟာ သေဆုံးတာ၄ရက်သာရှိသေးပြီးတော့ ရေထဲကိုရောက်နေတာဟာလည်း ၂ရက်သာရှိသေးတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဒီလိုနဲ့ ဆန်းကြယ်နေတဲ့ ဒီအမှုကို ရဲတွေဟာလည်း ကြိုးစားပြီးတော့ ဒီအမှုကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။တစ်ဖက်မှာတော့ ကင်ဆာရောဂါကြောင့် ဆုံးပါးသွားခဲ့ရတဲ့အဖေကို အောက်မေ့တဲ့အနေနဲ့ ဖခင်ဆုံးသွားတဲ့ ဗုဒ္ဓဟူးနေ့မှာ ကင်ဆာသည်တွေကို ဆေးရုံဆီ အခမဲ့ပို့ဆောင်ပေးလျက်ရှိတဲ့ သုံးဘီးမောင်းသမားလေးဟာ သူ့ညီမရဲ့ မင်္ဂလာပွဲအတွက် စီစဉ်ပေးလျက်ရှိပါတယ်။ဒီလိုနဲ့ ညီမလေးရဲ့ မင်္ဂလာပွဲပြုလုပ်မယ့် မနက်အစောပိုင်းမှာပဲ သုံးဘီးမောင်းပြန်လာရာကနေ အိမ်နားတစ်နေရာမှာ မတော်တဆမှုတစ်ခုဖြစ်ထားတဲ့အတွက် ကူညီဖို့သွားရင်း သေခါနီးဆဲဆဲ မိန်းမတစ်ယောက်ဟာ သူ့ကို မသေခင် မှာစရာတွေ မှာပြီး အကူအညီတောင်းသွားခဲ့ပါတယ်။တိုက်ဆိုင်ချင်တော့ အဲဒီမိန်းမဟာ ဟိုးရှေ့ရက်ကမှ ဆုံးသွားခဲ့တဲ့ ဂျွန်အာဘရာဟမ်ဆိုတဲ့သူရဲ့ဇနီးသည်ဖြစ်နေခဲ့တာပါပဲ ။ ဒီလိုနဲ့ သုံးဘီးဆရာဟာ ဒီရှပ်ထွေးဆန်းကြယ်လှတဲ့ အမှုထဲမှာ ပါဝင်လာခဲ့ရင်းကနေ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Alex~ KKKZ တို့ပဲဖြစ်ပါတယ်) File size… 3.36 GB / 1.5 ...
movie

Virunnu aka Virundhu(2024)

Nunakkuzhi (2024) 7.5
Nunakkuzhi (2024) Nunakkhuzhi (2024) "အပျော်မှအပျက်ဆီသို့"ယခုအခါမှာတော့ IMDB 7.5/10 ရရှိထားတဲ့ ဘောလီးဝုဒ်ဟာသကားလေးကို တင်ဆက်ပေးသွားမှာပါ။မိခင်ဖြစိသူရဲ့ ဖူးဖူးမှုတ်ဂရုစိုက်မှုတွေကြောင့် ကလေးစိတိမကုန်သေးတဲ့ အက်ဘီ... ဖခင်ဖြစ်သူရဲ့ မသေခင်ဆန္ဒကြောင့်အိမ်ထောင်ပြုပီ့း ကုမ္ပဏီကိုဦးဆောင်ခဲ့ရသော်လည်း ကလေးစိတ်မကုန်သေးသော အက်ဘီ...မိန်းမဖြစ်သူနဲ့မင်္ဂလာဦးဗီဒီယိုတွေရိုက်ပြီးသိမ်းထားတတ်တဲ့ အက်ဘီ.. သူဦးဆောင်နေတဲ့ကုမ္ပဏီကို အခွန်ကိစ္စနဲ့ပတ်သက်ပြီးလာရောက်စစ်ဆေးတဲ့အခါ သူ့ကွန်ပျူတာကိုသိမ်းသွားတဲ့အခါ.... သူ့မိန်းမနဲ့ကြားအိမ်ထောင်ရေးအဆင်မပြေဖြစ်လာမလား ...သူတို့လင်မယားရဲ့မင်္ဂလာဦးဗီဒီယိုတွေကရော လူံခြုံမှုရှိပါ့မလား... ဒီအဖြစ်အပျက်တွေကနေ သင်ခန်းစာရပြီး ရင့်ကျက်လာမှာလား.. စတာတွေကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Team ပဲ ရေးသားပေးထားပါတယ်) File size… 1.8 GB / 824 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nunakkuzhi (2024)

Adios Amigo (2024) 6.1
Adios Amigo (2024) Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်းသြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ...IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။(ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်) File size… 2.69GB / 1.25GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Adios Amigo (2024)

Malayalee from India (2024) 6
Malayalee from India (2024) Malayalee From India 2024 ကြုံရဆုံရ ဒီဘဝIMDb - 6.1/10Heavy plotတွေပဲကြည့်ရတာ ရိုးအီနေသူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဟာသခပ်များများပါတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယဉ်ကျေးမှုမတူ လူမျိုးမတူ အတွေးအမြင်မတူတဲ့ ဆရာတပည့်နှစ်ယောက်ကြားက သံယောဇဉ်အကြောင်းလေးကို ပုံဖော်ထားတာပါ။မလေယာလီသား ဂိုပီဟာ သူငယ်ချင်းနဲ့ပေါင်းပြီး ပြဿနာအိုးလုပ်နေတဲ့ ဇိုးတစ်ယောက်၊ ဒီလိုနဲ့ အရေးအခင်းတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် ပဲလှော်ကြားဆားညှပ်အဖြစ်ရောက်ပြီး ဂိုပီတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပို့ခံလိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဂိုပီရဲ့ဆရာက ပါကစ္စတန်လူမျိုးအိန္ဒိယနဲ့ပါကစ္စတန်ရဲ့ ရန်စတွေက အခုထိလည်း မငြိမ်းသေးတာမလို့ ဘုနဲ့ဘောက်ဖြစ်ရတဲ့ထဲ ဆရာသမားက မလေယာလီသားတစ်ယောက် တစ်ပတ်ရိုက်တာခံရဖူးတာကြောင့် မလေယာလီသားကို ပိုပြီးတော့ မျက်စိဆံပင်မွေးစူးနေတဲ့အခါ....အလွဲလွဲအချော်ချော်နဲ့ ဘယ်လောက်ပဲမတည့်အတူနေဖြစ်နေပါစေ အရေးကြုံလာတော့ သွေးစည်းရသလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်း ရန်ဖြစ်ငြင်းခုန်ရင်းနဲ့ ဘယ်လိုသံယောဇဉ်တွယ်လာကြမလဲ။ ဘဝကပေးတဲ့အတွေ့အကြုံတွေကြောင့် ဇိုးလေးဂိုပီတစ်ယောက်ရော လူကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.8GB / 946MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Malayalee from India (2024)

2024
Guruvayoor Ambalanadayil (2024) 6.9
Guruvayoor Ambalanadayil (2024) Guruvayoor Ambalanadayil (2024) "ရည်းစားဟောင်း"IMDb 7.0 ရထားတဲ့ အသစ်ထွက် မလေယာလမ်း ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်သရုပ်ဆောင်တွေအဖြစ် Prithviraj Sukumaran နဲ့ Basil Joseph တို့ ဦးဆောင်ပါဝင်ပြီး ဟာသသရုပ်ဆောင် ယိုဂီဘာဘူပါ အားဖြည့်ထားတဲ့ ဒီကားလေးမှာဆိုရင် ဗီနူးဟာ တစ်ချိန်ကစွန့်ခွာသွားတဲ့ အဆက်ဟောင်းကို မေ့မရနိုင်နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပြီးနောက်မှာတော့ယောက်ဖလောင်း အာနန်ဒန်ရဲ့ အစ်ကိုလို၊ သူငယ်ချင်းလို ဖေးမအားပေးမှုကြောင့် သူ့ညီမ အန်ဂျလီနဲ့ လက်ထပ်မယ့်အရေး အရာအားလုံး အဆင်ပြေချောမွေ့တော့မယ့်ဟန် ရှိပေမယ့် ကံဆိုးချင်တော့ ချစ်ယောက်ဖရဲ့ ဇနီး တနည်းအားဖြင့် သူ့မရီးဟာဖြင့် သူ့ကိုသိပ်ကိုမုန်းလှချည့်ဆိုတဲ့ ရည်းစားဟောင်း ပါဗာသီဖြစ်နေတဲ့ အခါမှာတော့ …အမုန်းတရားတွေကနေ ဖြစ်လာတဲ့ မိသားစုပြဿနာတွေမှသည် ဘယ်လိုတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.15GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Guruvayoor Ambalanadayil (2024)

2024
Varshangalkku Shesham (2024) 7.2
Varshangalkku Shesham (2024) Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု)ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ်အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် ...
movie

Varshangalkku Shesham (2024)

2024
A Ranjith Cinema (2023) 5.9
A Ranjith Cinema (2023) A Ranjith Cinema 2023 (ဟာသ) Imdb -5.8/10ဘဝကရိုလာကိုစတာစီးသလိုဖြစ်ချင်ရင်တော့ ဒီကားလေးကြည့်သင့်ပါတယ် Netflix ကနေထုတ်လွှင့်ထားတဲ့ Prankတွေ ဗီဒီယိုတွေရိုက်တင်ပြီး ပျော်စေပြက်စေသဘောမျိုးနဲ့ လူကြည့်များအောင်နည်းလမ်းစုံသုံးကြတဲ့ပရိုဂရမ်ကြောင့် ဘဝတွေကဘာတွေဖြစ်သွားကြတယ်ဆိုတာကို တင်ဆက်ထားတာပါဘဏ်ကိုအနုကြမ်းဝင်စီးနေကြတဲ့ ဓားပြတစ်ဖွဲ့.. သေနတ်ကိုယ်စီနဲ့ ဘဏ်ထဲကလူတိုင်းကို ခြိမ်းခြောက်ပြီး ကြမ်းပေါ်ဝပ်ခိုင်းထားတယ် သေနတ်တွေနဲ့ဆိုတော့ လူတွေကမတတ်သာဘဲ ခိုင်းသမျှလုပ်နေရင်း လုံခြုံရေးကဝင်ကယ်လို့ ဓားပြတွေရဲစခန်းရောက်သွားလေရဲ့ ဒီတော့စုံစမ်းစစ်ဆေးရင်းပေါ်လာတာကတော့ တီဗီမှာထုတ်လွှင့်ဖို့ prank တစ်ခုပါတဲ့လေ ဓားပြတွေကလည်း သရုပ်ဆောင်တွေဖြစ်ပြီး သေနတ်တွေကလည်းအတုပေါ့ဒီလိုနဲ့တရားရင်ဆိုင်နေချိန် နောက်ထပ် prank တစ်ခုထပ်လုပ်ကြပြန်တယ် အဲဒါကတော့ လူခေါင်းတစ်ခေါင်းကို အိတ်ထဲထည့်ပြီး အိတ်ခဏကိုင်ထားပါဆိုပြီး ရဲဖမ်းအောင်လုပ်တာပါ ဖြစ်ချင်တော့ ဒီ prank အလုပ်ခံရတဲ့လူက ဆန်နီ ..ဆန်နီကအဲဒီနေ့မှာ သိန်းထောင်ချီမြတ်မဲ့မီတင်တစ်ခုကိုသွားနေတဲ့လမ်းမှာပေါ့ ကံဆိုးချင်တော့ကားပျက်ရာကနေ ဒီ prank နဲ့တိုးပြီး မီတင်ရော ငွေတွေပါလက်လွှတ်လိုက်ရတယ် ဒီ prank ကြောင့် ဆန်နီနဲ့အတူ တခြားနစ်နာသူလည်းရှိပါတယ် အဲဒါကတော့ပြည်သူ့ရှေ့နေတစ်ယောက်ပါ ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဇာတ်ရှိန်မြင့်အောင်ခေါ်သွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Zwe ~ Alex ~ ...
movie

A Ranjith Cinema (2023)

2023