Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ajith Kumar
6.7
Good Bad Ugly (2025)
Good Bad Ugly (2025)"ကောင်း ဆိုး ရုပ်ဆိုး" ===================================မင်းသားကြီး အာဂျိသ်ကူးမားနဲ့ အသံဩဩနဲ့မင်းသား အာဂျွန်ဒါ့စ်တို့ရဲ့ အသစ်ထွက် တမီစကားပြော အက်ရှင်ဟာသ ရုံတင်ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ မင်းသားကြီး အာဂျိသ်ကူးမားရ်က အေကေဆိုတဲ့ ဂန္ထဝင်လူဆိုး ဂိုဏ်းစတားကြီးပေါ့။အေကေဟာ တစ်ချိန်တုန်းက လူတကာ ရဲတကာ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ဂိုဏ်းစတားကြီးဖြစ်ခဲ့ပေမဲ့ သားလေးမွေးလာပြီးတဲ့နောက်မှာ သူ့ကိုယ်သူ အဖမ်းခံလိုက်ပြီး လူကောင်းအဖြစ် ပြုပြင်ဖို့ ကြိုးစားနေတဲ့သူပါ။ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းဖို့ကြိုးစားပေမဲ့ အတိတ်ကရန်သူတွေက သားဖြစ်သူကို ပြန်ပေးဆွဲလာတဲ့အချိန်မှာတော့ ဂျွန်ဝစ်ဆန်ဆန်ပဲ ဂိုဏ်းစတားအဖြစ်ပြန်ခံယူပြီး ပွဲကြမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.7 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Good Bad Ugly (2025)
4K HEVC
7.8
Vidaamuyarchi (2025)
VidaaMuyarchi 2025 ထာဝရအဆုံးထိIMDb 7.8/10အက်ရှင်နဲ့အချစ်၊ အလွမ်း နှစ်မျိုးလုံးကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကာယယ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ခရီးထွက်လာချိန် အားလပ်ရက်ဆိုတော့ သူငယ်ချင်းတွေနဲ့ ခရီးထွက်လာတဲ့ အာဂျွန်ဆိုတဲ့ကောင်လေးနဲ့ဆုံခဲ့ပါတယ်။ ခရီးမှာလည်း နှစ်ယောက်သားအတူလည်ပတ်ပျော်ရွှင်ခဲ့တဲ့အပြင် ဖုန်းနံပါတ်တွေပါလဲခဲ့ကြပါတယ်။ အဲဒီအချိန်ကစလို့ စာတွေပို့ရင်း အဆက်အသွယ်မပြတ်ခဲ့ကြဘူးပေါ့။အတူရှိလာကြရင်း နှစ်လအကြာမှာ အာဂျွန်က လက်ထပ်ခွင့်တောင်းလို့ စေ့စပ်ခဲ့ကြပြီး သုံးနှစ်အကြာမှာသူတို့နှစ်ဦး ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အားလုံးက အားကျရတဲ့စုံတွဲအဖြစ် ပျော်ရွှင်စွာနေထိုင်လာခဲ့တာပါ။ ကာယယ် ကိုယ်ဝန်ဆောင်ချိန်မှာလည်း မွေးလာမယ့်ကလေးကို တွေးဆချစ်လို့ ပျော်နေခဲ့ကြပါတယ်။သူတို့ရဲ့ ပျော်ရွှင်နေတဲ့ဘဝထဲ ရောက်လာတဲ့မုန်တိုင်းကတော့ ကာယယ် ကိုယ်ဝန်ပျက်ကျသွားခြင်းရယ်ပါ။ နောင်လည်း ကိုယ်ဝန်ဆောင်နိုင်ဖို့မသေချာတော့ကြောင်း ဆရာဝန်ကပြောလိုက်တဲ့အချိန်ကစလို့ သူတို့အိမ်ထောင်ရေးဟာ ဟိုကြောင့်ဒီကြောင့်နဲ့ အဖုအထစ်လေးတွေ စတင်လာခဲ့ပါပြီ။ကိုးနှစ်အကြာမှာတော့ ကာယယ်က သူ ကောင်လေးတစ်ယောက်တွေ့နေပြီဖြစ်ကြောင်း၊ အာဂျွန်ကလည်း သူတို့အိမ်ထောင်ရေးကို ပြင်ဆင်ဖို့ကြိုးစားနေတာသိပေမဲ့ သူကွာရှင်းလိုကြောင်း၊ မိဘအိမ်ပြန်နေမယ့်အကြောင်း ဖွင့်ဟပြောပြလာပါတော့တယ်။ အာဂျွန်က သူ့ရဲ့ရိုးသားမှုကိုအသိအမှတ်ပြုလို့ သူ့မိဘအိမ်ပြန်တဲ့လမ်းခရီးကို သူတို့ရဲ့နောက်ဆုံးခရီးစဉ်လို့သတ်မှတ်ပြီး အတူသွားကြရအောင်ဆိုပြီး သူလိုက်ပို့လေရဲ့။လမ်းမှာသူတို့ကားကိုလိုက်နှောင့်ယှက်တဲ့ အမူးသမားလူငယ်အုပ်စုနဲ့တွေ့လာရချိန်မှာတော့......၁၂ နှစ်ကြာ အတူရှိခဲ့တဲ့ သူတို့ရဲ့ချစ်ခရီးလမ်းဟာ ဒီလိုပဲအဆုံးသတ်သွားရမှာလား၊ လမ်းကလူတွေက သူတို့ကိုဘာလို့ နှောင့်ယှက်ရတာလဲ၊ သူတို့နှစ်ဦးကြားတကယ်ပဲဘာတွေဖြစ်တာလဲဆိုတာ ကြည့်ရှုအဖြေရှာကြည့်ကြရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ...
movie
Vidaamuyarchi (2025)
4K HEVC
6.6
Aśoka (2001) Ashoka the Great
IMDb Rating (6.6) / Rotten Tomatoes (100%)သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်...တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့....ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး ...
movie
Aśoka (2001) Ashoka the Great
6.8
Thunivu (2023)
Thunivu (2023) Action, Adventure, Thriller IMDb 6.7/10 (23K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ တမီလ်မင်းသားကြီး Ajith Kumar (အဂျစ်ကူမား)ရဲ့ ရုံတင်ငွေ ၂၅၀ကုဋေထိ ပြန်လည်အမြတ်ရရှိထားတဲ့ အက်ရှင်ကားကောင်းတခုပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာ ဂိုဏ်းစတားအုပ်စုတစ်စုဟာ ဘဏ်အတွင်းပိုင်းလူတွေ..ရဲတွေနဲ့ ပူးပေါင်းပြီး ဘဏ်တစ်ခုကို ဓါးပြတိုက်ဖို့ အစီအစဉ်ရေးဆွဲကြပါတယ်။သူတို့တွေ ဘဏ်ထဲကိုဝင်စီးပြီး ပိုက်ဆံတွေလုယက်ကြတော့မယ့်အချိန်မှာပဲ သူတို့လုံးဝထင်မှတ်မထားတဲ့ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့ သူတို့ကို ပြန်လည်ခုခံမယ့်လူတစ်ယောက်ပေါ်လာတာပါပဲ။ သူဟာ ရဲလည်း မဟုတ် စစ်သားလည်းဟုတ်မနေဘဲ သူတို့ဓါးပြတိုက်မယ့်ဘဏ်ကိုပဲ ဓါးပြတိုက်ဖို့ရောက်လာတဲ့ လူတစ်ယောက်ပါ။ဓါးပြတိုက်မှုတစ်ခုလုံးကို သူ အုပ်စိုးလိုက်တဲ့အချိန်မှာတော့ ရှေ့ဆက်ပြီး ဇာတ်လမ်းဇာတ်ကွက်များနဲ့ လှည့်ကွက်တွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ရှာဖွေကြတော့နော်။ File size…3.11GB / 1.4GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Taylor ~ Yunni ~ Cherry
movie
Thunivu (2023)
2023
7.6
Valimai (2022)
Valimai (2022)ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့လတ်တလောထွက်ရှိထားတဲ့မှုခင်းအက်ရှင်ကားတစ်ကားဖြစ်တဲ့ Valimai ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ Arjun ဆိုတဲ့ရဲအရာရှိကတော့အရည်ချင်းရှိပြီးအမှုကိုင်တွယ်ပုံတမူထူးခြားတာနဲ့နာမည်ကြီးတဲ့ရဲကောင်းတစ်ယောက်ပေါ့ချန်နိုင်းဆိုတဲ့မြို့မှာ လူသတ်မှုတွေ ဓားပြတိုက်မှုတွေ မူးယစ်ဆေးဝါးမှုတွေဆွဲကြိုးလုယက်မှုတွေမြောက်များစွာဖြစ်ပွားတဲ့အချိန်မှာတော့ Arjunတစ်ယောက်အမှုကိုင်တွယ်ဖို့ ပြောင်းရွေ့တာ၀န်ပေးခံလိုက်ရပါတယ်။တစ်နေ့မှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တဲ့အမှုကို ကိုင်တွယ်ရင်းသေကြောင်းကြံစည်မှုမဟုတ်ဘဲ လူသတ်မှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာလိုက်တူးဆွရင်း တူးဆရင်းနဲ့ အဲမြို့မှာ ဖြစ်ပွားနေတဲ့မှုခင်းများစွာကဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းတည်းနဲ့ဆက်စပ်မှုရှိလောက်တာကိုသိလိုက်ရပေမဲ့လည်းအမှုဖြေရှင်းဖို့အခက်ခဲများစွာရှိနေတော့ Arjun တစ်ယောက်ဘယ်လိုဖြေရှင်းမလဲအခက်ခဲကိုဘယ်လိုကျော်ဖြတ်မလဲ ဘယ်လိုလှည့်ကွက်တွေရှိနေဦးမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့်အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.4GB / 2.85GB / 6GB Quality…1080p WEB DL / 720p / 4k HEVC WEB DL Format…mp4 Duration….2h 58mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena & Go-O & Eliza
movie
Valimai (2022)
2022
4K HEVC Web-DL
8.1
Nerkonda Paarvai(2019)
Nerkonda Paarvai(2019)အညွှန်း***************************IMDb...8.1အမျိုးသမီးငယ်(၃)ယောက်ဟာ စိတ်လှုပ်ရှားလွန်းလို့စကားတောင်မပြောနိုင်ကြဘူး...သူတို့(၃)ယောက်ထဲက တစ်ယောက်ဟာ ယောင်္ကျားတစ်ယောက်ရဲ့ခေါင်းကိုရိုက်လိုက်မိလို့ပြင်းထန်စွာဒဏ်ရာရသွားခဲ့တယ်...ဆေးရုံရဲ့အရေးပေါ်ခန်းထဲရောက်သွားသလို ရိုက်ခဲ့တဲ့လက်နက်တစ်ခုကြောင့်မျက်လုံးထဲလည်းအစတွေဝင်သွားခဲ့တယ်...ကြည့်ရတာအမျိုးသားတစ်စုနဲ့ အမျိုးသမီး(၃)ယောက်တို့ပြဿနာတက်ခဲ့ပုံပါပဲ...နောက်တစ်ခုက ဒဏ်ရာရတဲ့လူနာနဲ့ လူနာရှင်တွေဟာ ရဲစခန်းမှာအမှုဖွင့်ခဲ့ခြင်းမရှိခဲ့ပါဘူး..နောက်ရက်အတန်ကြာတဲ့အခါမှာ ဒဏ်ရာရရှိခဲ့တဲ့အမျိုးသားရဲ့သူငယ်ချင်းအပေါင်းအပါတွေဟာသူတို့ကိုလုပ်ခဲ့တဲ့အမျိုးသမီးတစ်ဉီးကိုပြန်ပေးဆွဲပြီး မုဒိမ်းကျင့်ခဲ့ပါတယ်...နစ်နာသူအမျိုးသမီးဟာ ရဲစခန်းကိုအမှုဖွင့်တိုင်ကြားခဲ့ပါတယ်...အတိုင်ခံရတဲ့ မုဒိမ်းမှုကျူးလွန်သူတွေထဲမှာ မြို့ရဲ့အာဏာရှိလူကြီးတစ်ယောက်ရဲ့တူတစ်ယောက်ပါဝင်နေတာကြောင့်မုဒိမ်းမှုကျူးလွန်ခံရတဲ့မိန်းကလေးကိုတောင် အသားရေဖျက်မှုနဲ့တရားပြန်စွဲလိုက်ပါသေးတယ်...အင်အားကြီးသူနဲ့ ခိုကိုးရာမဲ့နေတဲ့နစ်နာသူမိန်းကလေးတို့ ယှဉ်နိုင်စွမ်းမရှိပါဘူး...ဒါပဲမဲ့ အကြောင်းတစ်ခုကြောင့် ကင်းကွာနေတဲ့ နာမည်ကြီးရှေနေတစ်ဦးဟာ မိန်းမငယ်သုံးယောက်ရဲ့ ဒုက္ခကိုသိရှိသွားတဲ့အချိန်မှာတော့...ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဗျို့...အိန္ဒိယကားကောင်းတွေနင်းကန်ကြိုက်သူတို့ကြည့်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်... File Size : (2.7GB)(1.4GB) and (3580MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:30:00 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Nerkonda Paarvai(2019)
7.1
Viswasam (2019)
Genre - Drama/Mystery IMDb Rating - 7.1/10 Google user - 88%တမီးလ်မင်းသားကြီး အာဂျီးကူးမားရဲ့ ယခုနှစ်မှာရုံတင်သွားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။မတင်တော့ဘူးလို့ ထားပေမဲ့ တောင်းဆိုသူတွေလည်းရှိနေတာမို့ တင်ဆက်ပေးလိုက်တာပါ။ဇာတ်လမ်းအကျဉ်း --------------------------သူကူးဒူရိုင်းဆိုတဲ့ လူလတ်ပိုင်းတစ်ယောက်...လူရမ်းကားကြီးတော့ မဟုတ်ရှာ။ဒါပေမဲ့ အားလုံးက ကြောက်ချစ်ရိုသေရသူပေါ့။ရွာဘုရားပွဲမှာလည်း သူအစီအစဉ် ချပေးမှ...ရွာသားတွေ အပေါ်လည်း ဩဇာညောင်းချက်ကနှစ်ယောက် မရှိ။ဘုရားပွဲကာလ ကျရောက်လာတော့....သူ့ဇနီးကို သွားခေါ်ဖို့ ပတ်ဝန်းကျင်က တိုက်တွန်းလာကြတယ်။"တချိန်က နင်တို့အတူ ဘုရားပွဲမှာ ပျော်ရွှင်ခဲ့ကြသလိုခုနေ ငါ မသေခင် မြင်သွားခဲ့ချင်သေးတယ်" တဲ့။သူ့အဖွားက ပြောရှာတယ်။မျက်နှာကိုသာ ပြုံးထားရတာရင်ထဲမှာတော့ မိုးတွေ ထစ်ချုန်းနေတာကို.. သူ ကိုယ်တိုင်ပဲ သိပါတယ်။နေရာဒေသတစ်ခုကို ခရီးထွက်ဖို့ ယူစရာတွေ လိုပေမဲ့အတိတ်ကအချိန်ကို ခရီးထွက်ဖို့တော့ ရင်ဘတ်တစ်ခုရှိရင် ရတယ်မဟုတ်လား။ရင်ထဲ ပူမိသမျှကို လူသိခံရမှာလည်း ခက်ပါရဲ့။တချိန်က ရပ်ရွာကို လာပြီး အခမဲ့ဆေးကုခန်းလေးလာဖွင့်ခဲ့တဲ့ အရမ်းလှတဲ့ ဆရာဝန်မလေး။ရပ်ရွာကို လာပြီး ဆေးကုခန်းလေး လာဖွင့်ခဲ့တာကသူကူးဒူရိုင်းရဲ့ ...
movie
Viswasam (2019)
2019
6.1
Vivegam (2017)
အဂျေးကူမား အရေးကြီးသဲလွန်စတစ်ခုရတာနဲ့ သေနတ်နဲ့အပစ်ခံရ လုပ်ကြံဇာတ်ခင်းခြင်းခံရနဲ့ ဇာတ်လမ်းကို အဆုံးထိဆွဲခေါ်သွားမှာဖြစ်ပါတယ်ရင်ဆိုင်နေရတဲ့ရန်သူတွေက ဘယ်ကလဲ ဒီကိစ္စတွေရဲ့လက်မည်းကြီးကဘယ်သူလဲ ဆက်လက်ကြည့်ရှုသွားရမှာဖြစ်ပါတယ်Storylineကတော့ ပုံမှန်ထက်မပိုတဲ့ဇာတ်လို့ပဲ ပြောရမှာပါPlot twistကလည်းသိပ်မထူးဆန်းပါဘူးအိန္ဒိယကားတွေအကြည့်များသူတွေအတွက်ကတော့ ခန့်မှန်းနိုင်မှာပါတမီးလ်ကားဖြစ်တာနဲ့အညီ အက်ရှင်ခန်းတွေကတော့ မင်းသားအသားပေးဖြစ်ပါတယ်သေမင်းကလာခေါ်ချင်တောင် လက်ဖက်ရည်တိုက်ပြီး လိုက်ခဲ့ပါကွာ ပြောရမယ့်အထိကို မင်းသားက ကြမ်းတာပါအေးဂျင့်တွေပြေးလိုက်လွှားလိုက်နဲ့ဖိုက်နေရတဲ့ကြားကမှာ ဇနီးတစ်ယောက်ရဲ့ခင်ပွန်းအပေါ်ဘယ်လိုချစ်လဲဆိုတာလေးတော့ တော်ကီအကောင်းစားတွေနဲ့ရိုထားတာကတော့ သဘောခွေ့စရာလေးပါဘာပဲပြောပြော ကြည့်ပျော်ပြီး စိတ်ချမ်းသာရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့......QTY - 720p HDripDuration - 2hr 04minGern - Action/ ThrillerTranslator - Soe Bo BoEncoder - Kyaw Ye Aung
movie
Vivegam (2017)
2017