Channel Myanmar

Ajay Ghosh

Dear Uma (2025) 6.7
Dear Uma (2025) Dear Uma (2025) "ချစ်ရပါသော အူမာ"တေလဂူး ဖန်စီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အူမာဆိုတာ ဝေးလံတဲ့ရွာလေးမှာ မွေးပေမဲ့ ထိပ်တန်းဆေးကျောင်းကို တက်ခွင့်ရပြီး လူတကာချစ်ကြတဲ့ မိန်းကလေးဒေ့ဗ်ကတော့ အူမာနဲ့ဆန့်ကျင်ဘက် တော်လှန်လိုစိတ်ရှိပြီး ဘဝမှာ အငြင်းခံရတွေချည်းကြုံနေရတဲ့ ရော့ခ်စတားဖြစ်ချင်သူတစ်ယောက်မတည်ငြိမ်တဲ့သူ့ဘဝကို တည်ငြိမ်အေးချမ်းအောင်လုပ်ပေးနိုင်မယ့် မိန်းကလေးကိုရှာရင်း အူမာနဲ့ဆုံခဲ့ရာကနေသူတို့ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်လာမှာလဲ ထင်သလောက်ပဲ ရိုးစင်းမလား အလှည့်အပြောင်းတွေ ဖြစ်လာဦးမှာလား ဆိုတာကတော့အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.6 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 34min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Dear Uma (2025)

Veeraaraju 1991 (2025)
Veeraaraju 1991 (2025) Veeraaraju 1991 (2025) ပင်လယ်ပြာကလဲ့စားနယ်လိုပင်လယ်ကမ်းရိုးတန်းတစ်လျှောက်က တံငါရွာလေးအတွက်တော့ ပင်လယ်ပြာကြီးဟာ သဘာဝကပေးတဲ့ရွှေတွင်းပါပဲ။ငါးတွေလှိုင်လှိုင်ပေါတဲ့ ဒီပင်လယ်ရွာလေးမှာ တစ်ရွာလုံး တံငါလုပ်ငန်းနဲ့ အသက်မွေးကြတာပေါ့။ဒီရွာလေးမှာ တံငါသည်တွေကို အနိုင်ကျင့်နေတဲ့လူကတော့ ဒေဗာရာဂျူဆိုတဲ့သူဇာတ်မြင့်တဲ့သူဆိုပီပီ အပေါ်ဖားအောက်ဖိ လူတစ်သိုက်နဲ့ တံငါသည်ရွာသားတွေကို ညှင်းပန်းနေပြီး ဖိနှိပ်ပြီးတော့ သူ့ရဲ့သားဖြစ်သူကလည်း မိန်းမပျိုမြင်ရင်အပျိုအအိုမရှောင် ခြေတော်တင်ချင်တဲ့ ရေပေါ်ဆီပါ။ဒါပေမဲ့ ဒီရွာလေးမှာ နောက်ထပ်ရာဂျူတစ်ယောက်ရှိပါသေးတယ်။ သူကတော့ ဗယ်ရာရာဂျူပါပဲ။ သူကတော့ ဒေဗာရာဂျူနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး +ရွာသားတွေကို အနိုင်ကျင့်သူတွေကို ကောင်းကောင်းပညာပြတတ်တဲ့ ယမကာလုလင် အမှန်တရားဘက်တော်သားလေးပေါ့။ဒီလိုနဲ့တစ်နေ့ ဒေဗာရာဂျူရဲ့သားဖြစ်သူက ဗယ်ရာရာဂျူရဲ့ညီမ ဗယ်လီကို ဆွဲလားရမ်းလားလုပ်ရင်းကနေ ဗယ်ရာရာဂျူနဲ့ငြိပြီးတော့ နှုတ်ခမ်းမွေးရိတ်တာခံလိုက်ရပါတော့တယ်။ဒါကတော့ နှုတ်ခမ်းမွေးဆိုတာ ‌ယောက်ျားမာန ယောက်ျားသိက္ခာလို့ မှတ်ယူထားတဲ့ ဒေဗာရာဂျူကို အကြီးအကျယ်ပေါက်ကွဲသွားစေတော့တာပါပဲ။ဒီကနေစလိုက်တဲ့ ရာဂျူနှစ်ယောက် အားပြိုင်မှုက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ Cym ~ KKKZ ~ Yunniတို့ပဲဖြစ်ပါတယ်) File size… 2.2 GB / 1.1 GB Quality…WEB DL 1080p ...
movie

Veeraaraju 1991 (2025)

Thalakona ( 2024 ) 6.5
Thalakona ( 2024 ) Thalakona 2024နိုင်ငံရေးပါတီတစ်ခုမှာ ရွေးကောက်ပွဲနီးလာတဲ့အချိန် လူငယ်ဥက္ကဋ္ဌမရှိတဲ့အတွက် အဲဒီနေရာအတွက် ရွေးကောက်ရန် အဖွဲဝင်တွေကိုခေါ်ပြီး ဒီမိုကရေစီဆန်ဆန် သင့်တော်သူများကို ထင်မြင်ချက်ပေးခိုင်းပေမဲ့လည်း အရိုးစွဲနေတဲ့ ထုံးစံတွေအတိုင်း ဝန်ကြီးရဲ့ညီဖြစ်သူဗီဂျေးကို ဒီနေရာပေးဖို တင်ပြသူအများအပြားရှိခဲ့သလို အမြင်အသစ်တွေနဲ့ ပါတီအတွက် အကူအညီရပြီး တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ရီဗန့်သ်ကို ထောက်ခံသူတွေလည်းရှိပါတယ်။ သိုပေမဲ့လည်း ဝန်ကြီးဘက်ကလူတွေနဲ့ အချင်းမများချင်တဲ့အတွက် ဗီဂျေးကိုပဲ ဒီနေရာအတွက် ပေးလိုက်ဖို ရီဗန့်သ်တစ်ယောက် လိမ္မာပါးနပ်စွာနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ရာဗန့်သ်တစ်ယောက် ဗီဂျေးကို ဝန်ကြီးရဲ့အင်အားနဲ့မမျှလိုပေးလိုက်ရပေမဲ့ ဒီနေရာကို ပြန်လည်ရယူနိုင်ဖို အခွင့်အလမ်းကို အမြဲရှာဖွေလျက်ရှိပါတယ်။တစ်ဖက်မှာလည်း ဆာရာဆိုတဲ့ကောင်မလေးဟာ မစ်ပြိုင်ပွဲတစ်ခုမှာ မစ်အိန္ဒိယအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ သူဟာလည်း ကိုယ့်ကိုယ်လာမထိသရွေ့ အေးဆေးပဲ လာထိလိုကတော့ မီးပွင့်သွားမယ်ဆိုတဲ့သူမျိုးဖြစ်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ ဆာရာနဲ့ ဗီဂျေးတို တွေ့ကြပြီး ဗီဂျေးက ဆာရာ့အပေါ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်မိရာက ဆာရာက ဗီဂျေးနဲ့ သူ့လူတွေကိုပြန်သမလိုက်ရာကနေ အဲဒီလို ဖြစ်ပျက်နေတဲ့ ဗီဒီယိုက ရာဗန့်သ်လက်ချက်နဲ့ ပြန့်သွားတဲ့အခါမှာတော့ .........ဗီဂျေးတစ်ယောက် ဒီအရှုပ်ကိစ္စကြီးကို သူ့အစ်ကိုဝန်ကြီးအားကိုးနဲ့ ဘယ်လိုရှင်းသွားမလဲ ....... ရာဗန့်သ်တစ်ယောက်ကရော ဒီအရှုပ်ကို အခွင့်ကောင်းယူပြီး လူငယ်ဥက္ကဋ္ဌရာထူးနေရာကို ဘယ်လိုအရယူသွားမလဲ ...... ဒီအရှုပ်တွေကြားထဲမှာ ဝင်မပါချင်တဲ့ ဆာရာတစ်ယောက် သူငယ်ချင်းတွေနဲ့အတူ ...
movie

Thalakona ( 2024 )

Game Changer (2025) 6.1
Game Changer (2025) Game changer (2025) ဝှက်ဖဲRRR၊ ဘိုင်ရာဗားကားတို့နဲ့ လူသိများတဲ့ မင်းသားရမ်ချာရန်ရဲ့ရုံတင်ကားသစ်လေးဒစ်ဂျစ်တယ်ဗားရှင်းနဲ့အတူပဲ ပရိသတ်ရှေ့မှောက်သို့ ရရှိလာပါပြီ။RRR ကားပြီးကတည်းက ထွက်သမျှကားတိုင်း ထင်သလောက်မပေါက်ဖြစ်နေတဲ့ ဘိုင်ရာဗားတို့ ဒီတကားတော့ ဘယ်လိုကြမ်းနိုင်ဦးမှာလဲ ….ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲ အိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့ အက်ရှင်ခန်းတွေနဲ့အတူ ဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။မင်းသမီးကတော့ ကျန်တဲ့သူတော့မသိ ကျွန်တော်တော့ Lust Stories ထဲမှာမှတ်မိနေတဲ့ ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။…..ဇာတ်လမ်းအကျဉ်းလေးကတော့ ရမ်နန်ဒန်ဟာ ရာထူးတိုးပြီးလို့ နယ်ပြောင်းတာကို နောက်ကလိုက်ရန်ရှာတဲ့လူမိုက်ငချွတ်လေးတွေရှိလို့ အေးဆေးရထားလေးစီးမသွားရပဲ ငချွတ်လေးတွေကို ဆုံးမပေးပြီးမှ ခရီးဆက်ရတဲ့ ဘက်စုံတော်ဖြောင့်မတ်တဲ့အရာရှိတစ်ဦးပါ။မိုပီဒေဗီကတော့ လက်ရှိပြည်နယ်မှာဝန်ကြီးချုပ်ဖြစ်ချင်နေပေမယ့် အဖေရောညီနဲ့ပါမတည့်တာကြောင့် ပါတီမှာ ပြသနာပတ်ရှာနေတဲ့ ဝန်ကြီးတစ်ယောက်ပေါ့ အဲ့ချိန်မှာ အားလုံးကိုပြုပြင်ပြောင်းလဲရေးဝင်မယ့် ခရိုင်မှူးကြီးရမ်နန်ဒန်နဲ့ ဟောက်စားတစ်သိုက် ရင်ဆိုင်ရတဲ့ပွဲမှာ ဘယ်သူ့လက်ထဲက ဘာဝှက်ဖဲတွေထုတ်လာပြီး ဘယ်လိုအနိုင်ကျဲကြမလဲဆိုတဲ့ နိုင်ငံရေးအက်ရှင်ဘောလိဝုဒ်ဇာတ်ကားလေးကို ပရိသတိကြီးအတွက် တင်ဆက်ပေးပါရစေအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။ File size… 4 GB /2.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 45min Subtitle….Myanmar Subtitle (Hard ...
movie

Game Changer (2025)

4K HEVC
Pushpa: The Rise (2021) 8.1
Pushpa: The Rise (2021) Pushpa : The Rise (2021) ===================== IMDB- 8.1/10ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလိုဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင်ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကိုမှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာကCM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီးအထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာသရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။Box Office မှာလည်း ၀ငျငွေများစွာ ...
movie

Pushpa: The Rise (2021)

2021
4K HEVC Web-DL
Matka (2024) 4.7
Matka (2024) Matka (2024) "ဗာဆူ"အသစ်ထွက်ရှိလာတဲ့ တေလဂူး အက်ရှင်ဇာတ်ကြမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေကတော့ Varun Tej နဲ့ ဟိုတလောက နာမည်ကြီးသွားတဲ့ ဘာစကာဇာတ်ကားထဲက မင်းသမီး Meenakshi Chaudhary ပဲ ဖြစ်ပါတယ်ဇာတ်လမ်းကိုတော့ ၁၉၅၈ ကနေ ၁၉၈၂ မှာတည်ထားပြီး ဗာဆူဟာ အမေနဲ့အတူတူ ဒုက္ခသည်ဘဝနဲ့ ပြောင်းရွှေ့လာပြီး စားစရာကို လုယက်တောင်းရတဲ့ ဘဝပါအဲဒါကြောင့်ပဲ ဗာဆူက ငယ်ငယ်လေးနဲ့ လူသတ်မှုကြောင့် ကလေးထောင်ရောက်ခဲ့ပြီး မိစ္ဆာတွေကြားမှာ မိစ္ဆာတစ်ကောင်အသွင်ပြောင်းလာခဲ့တယ်ထောင်ကထွက်လို့ သူ့မှာရည်မှန်းချက်တစ်ခုပဲရှိပါတယ် သူ့ကိုယ်သူ တစ်ရာမှာ တစ်ယောက်လို့ယုံကြည်ပြီး အထက်ကိုတက်လှမ်းနိုင်ဖို့ပါပဲဒီလိုနဲ့ အိန္ဒိယမှာ လောင်းကစားအင်ပါယာတစ်ခုထူထောင်နိုင်ခဲ့ပုံ၊ အချစ်နဲ့ မိသားစုဘဝ၊ အနိမ့်အမြင့်အတက်အကျတွေကို လိုက်ပါခံစားကြည့်ရှုလိုက်ပါဦး(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်) File size… 2.9 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Matka (2024)

Viswam (2024) 5
Viswam (2024) Viswam 2024ဒီတစ်ခေါက် 2024 ခုနှစ်ထွက် ဘောလိဝုဒ်ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား အကြမ်းဖက်မှုတွေကိုလုပ်ဆောင်နေတဲ့ လူတစ်စုက ကလေးငယ်လေးတစ်ယောက်ကို လိုက်လံရှင်းလင်း သတ်ဖြတ်ကြမယ့်စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအကျဉ်းအကြမ်းဖက်လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ ဂျာလာလူဒင်ကာရက်ရှီဆိုတဲ့လူက ဦးဆောင်ပြီး သူတို့လမ်းမှာ အဟန့်အတားဖြစ်လာမယ့် ဝန်ကြီးတစ်ဦးကို အဲဒီဝန်ကြီးရဲ့ညီဖြစ်သူနဲ့ပေါင်းသတ်လိုက်ပါတယ်။သူတို့အဲဒီလို ဒုစရိုက်မှုကျူးလွန်နေတာကို မတော်တဆ ကလေးမလေးတစ်ယောက်ကမြင်သွားခဲ့ပါတယ်။ဂျာလာလူဒင်တို့လည်း ဒီမျက်မြင်သက်သေကလေးမလေးကို သတ်ဖို့လုပ်ကြတော့တာပေါ့။ ထိတ်လန့်နေတဲ့ ဒီကလေးမလေးကို သူ့အဘိုးဖြစ်သူတို့က သက်သာရာသက်သာကြောင်း ဘုရားကျောင်းလိုက်ပို့တဲ့အချိန်မှာ သူ့ကိုသတ်ဖို့လိုက်လာတဲ့ လူမိုက်အုပ်စုနဲ့တွေ့ပါတော့တယ်။ဒီကလေးမလေးနဲ့ သူတို့မိသားစုကို ကယ်တယ်ပေးသွားမယ့် ကယ်တင်ရှင်က ဘယ်သူဖြစ်ပြီး ဘယ်လိုအကြောင်းအရာများနဲ့ပေါ်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။) File size… 3.5 GB / 1.8 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Viswam (2024)

Prathinidhi 2 (2024) 6.7
Prathinidhi 2 (2024) Prathinidhi 2(2024) အမှန်တရားဘက်တော်သားဒီတစ်ခါမှာတော့ IMDB 8.7/10 ရထားတဲ့အပြငိ ပရိသတ်အကြိုက်တွေ့စေမယ့် ဘောလီးဝုဒ်နိုင်ငံရေး ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အကျင့်ပျက်ခြစားမှုတွေ အာဏာကို အလွဲသုံးစားလုပ်မှုတွေ အနိုင်ကျင့်မှုတွေရဲ့အောက်မှာ ပြားပြားဝပ်နေရတဲ့ အိန္ဒိယပြည်သူတွေရဲ့ဘဝ... ကလောင်ရှိပေမယ့် ရေးချလို့ရမယ့်စာရွက်မရှိ.... စာရွက်ရှိသော်လည်း ချရေးပေးမယ့် ကလောင်မရှိဆိုသလို အမှန်တရားကိုဖော်ထုတ်မယ့်သူမရှိလို့ အောက်ခြေမှာဖြစ်ချင်တိုင်းဖြစ်နေတဲ့ အိန္ဒိယနိုင်ငံ ....ဒီနိုင်ငံအတွက် အမှန်တရားအတွက် ဘာမဆိုလုပ်ရဲပြီး အကြောက်အရွံ့မရှိတဲ့ ရုပ်သံလိုင်းတစ်ခု... ဒါမှမဟုတ် အမှန်တရားဘက်တော်သားတစ်ယောက်ရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှူသွားလှည့်ပါဦး။(အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကပဲရေးသားပေးထားပါတယ်) File size… 1.8 GB / 946 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Prathinidhi 2 (2024)

Saripodhaa Sanivaaram (2024) 7.6
Saripodhaa Sanivaaram (2024) Saripodhaa Sanivaaram (2024) "စနေကောင်"IMDB 7.6 တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့ တေလဂူးအက်ရှင်ကားအသစ်စက်စက်ကို အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်ယင်ကောင်မင်းသား ခေါ်ကြတဲ့ Nani ရဲ့ ဈေးအကြီးဆုံးရုပ်ရှင်ဖြစ်ပြီး ရီဗျူးကောင်းလေးတွေလည်း အသင့်အတင့် ရထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ဆူယာခေါ် စနေကောင်ဟာ "ဒေါသအင်မတန်ကြီးသူပါ ဒါကိုသိတဲ့ သူ့အမေက ဒေါသထိန်းချုပ်နည်းတစ်ခုကို သင်ပေးခဲ့တယ်ဘယ်လိုလဲဆိုတော့ တစ်ပတ်မှာခြောက်ရက် ဒေါသအတိုင်း စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒေါသထွက်ရတဲ့အကြောင်းရင်းကို ရေးမှတ်ထားပြီး စနေနေ့မှာမှ အဲဒီလူကို ဒေါသထွက်နေတုန်းပဲဆိုရင် ကြိုက်တာသာလုပ်ပါလို့ သူ့အမေက ပြောခဲ့တာပါဒီလိုနဲ့ သူ့အမေသေပြီးနောက်ပိုင်း အဲဒီလမ်းစဥ်အတိုင်းလိုက်နာလာခဲ့ရာမှာ သူငယ်ငယ်က ချစ်ရတဲ့ကောင်မလေးကလည်း ရဲမေအဖြစ် ပြန်ရောက်လာပြီး သူတို့နယ်က အကျင့်ပျက်ရဲတစ်ယောက်ကို သူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ ဆိုတာကတော့……အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 3.04 GB / 1.55 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Saripodhaa Sanivaaram (2024)

Visaranai (2015) 8.4
Visaranai (2015) Visaranai (2016) "ထောင်ချောက်"CM ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်အား ပြန်လည်အသက်သွင်းထားတဲ့ တကားအဟောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရီဗျူးကောင်းတွေရထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတစ်ချို့ကြောင့် အတော်လေးလူပြောစရာဖြစ်ခဲ့ပြီး သရုပ်ဆောင်တွေကိုအမှန်တကယ် ရိုက်နှက်ခဲ့တယ်ဆိုကာ ဝေဖန်ခံခဲ့ရပါသေးတယ်တေလဂူးစကားပြောတဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ တမီးလ်ရွှေ့ပြောင်းလုပ်သားတွေက ဘာသာစကားတောင် မတတ်ဘဲ ပင်ပင်ပန်းပန်းရပ်တည်ကြရပါတယ်အိမ်ခြေရာမဲ့ တမီးလ်အလုပ်သမားလေးယောက်ဟာ ပန်းခြံထဲမှာအိပ် ကြုံရာကျပန်းလုပ်ကိုင်ကြရင်း ဘုမသိဘမသိ ရဲဖမ်းတာခံလိုက်ရပြီး စခန်းရောက်တော့ ဘာမပြောညာမပြော ရိုက်နှက်စစ်ဆေးခံရပါတယ်ဘာအကြောင်းရင်းမှ မသိဘဲ ဒုစရိုက်ကျော့ကွင်းထဲ သွတ်သွင်းခံလိုက်ရတဲ့ သူတို့တွေ ဘာဆက်ဖြစ်မှာလဲ ဘယ်လိုမြှုပ်ကွက်တွေရှိနေမှာလဲ ...တမီးလ်မဆလာရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဒီရုပ်ရှင်လေးမှာ ပရိသတ်ကြီး ခံစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.79GB / 851MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Visaranai (2015)

Music Shop Murthy (2024) 7.5
Music Shop Murthy (2024) Music Shop Murthy (2024) “DJ မူရ်သီ” Genre – Comedy, Drama, Musicဟာသမင်းသားကြီး Ajay Ghosh ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး Chandini Chowdary လည်း အားဖြည့်ပါဝင်ထားတဲ့ တေးဂီတသံစုံ ဟာသဒရမ်မာကားသစ်လေး ဖြစ်ပါတယ်။မူရ်သီဆိုတဲ့ ဘဲကြီးက တေးသီချင်းတွေကို ဝါသနာပါ ရူးသွပ်ပြီး ကိုယ်တိုင်လည်း တေးဂီတခွေဆိုင်လေးဖွင့် ဘုရားပွဲ ကနားပွဲ မသာပွဲတွေဆိုလည်း လိုက်လိုက်ပြီး လော်နဲ့ သီချင်းဖွင့်ပေးပြီး စီးပွားရေး လုပ်ကိုင်နေသူကြီးပေါ့။ဒါပေမဲ့လည်း သမီးနှစ်ယောက်နဲ့ ဇနီးမယားကို ထောက်ပံ့ဖို့အတွက်ကျ ခေတ်မှီလာတဲ့ ဒီလိုခေတ်ကြီးမှာ ဒီအလုပ်က အဆင်မပြေတော့ပါဘူး ဒါကြောင့် မိန်းမဖြစ်သူကလည်း တခြားအလုပ်ပြောင်းလုပ်ဖို့ နားပူနားဆာတိုက်နေပေမဲ့ ရူးသွပ်မှုနောက်ကိုပဲ လိုက်နေဆဲပေါ့လေ။တစ်ဖက်မှာလည်း အမေရိကားကနေ ကျောင်းတက်လာတဲ့ အန်ဂျနာဟာ အိန္ဒိယရှေးရိုးစွဲ မိဘတွေနဲ့ အဆင်မပြေတွေဖြစ် သူ ဝါသနာပါတဲ့ ဒီဂျေအလုပ်ကိုလည်း အရက်မူးသမားတွေ ရှိတဲ့ဆိုင်မှာ ဖျော်ဖြေပေးရတာ အောက်တန်းကျတယ် ဘာပြုတယ်နဲ့ သားအဖနှစ်ယောက်က တဂျိမ်းဂျိမ်းပေါ့။ဒီလိုနဲ့ တေးသီချင်းတွေကို နှစ်သက်ပေမဲ့ ခေတ်ပေါ်ရေစီးကြောင်းကို မသိတဲ့ မူရ်သီတစ်ယောက် ဒီဂျေပညာရှင်မလေး အန်ဂျနာနဲ့ ...
movie

Music Shop Murthy (2024)

Bharathanatyam (2024) 7.5
Bharathanatyam (2024) Bharathanatyam (2024) "ဒါရိုက်တာ"တေလဂူး မဆလာ ဟာသရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရာဂျာဆိုတာ လက်ထောက်ဒါရိုက်တာအဖြစ် လေးနှစ်လုပ်ကိုင်ခဲ့ပြီး ကိုယ်တိုင်ရုပ်ရှင်ရိုက်ဖို့ ပရိုဂျူဆာတွေ လိုက်ကမ်းလှမ်းနေရတဲ့လူ ။သူ့ကောင်မလေးကိုတောင် မုန့်ဝယ်မကျွေးနိုင်၊ သူ့ဇာတ်ညွှန်းကလည်း ထုတ်လုပ်သူတိုင်းက ဟိုဟာဖြစ်တယ် ဒီဟာမပါဘူးဆိုပြီး ပယ်ချခံရတယ်အစစအရာရာ ကံဆိုးနေတဲ့ ရာဂျာတစ်ယောက် တစ်နေ့မှာ ဘဝအလှည့်အပြောင်းတစ်ခုကြုံရပြီး မြေအောက်ဒုစရိုက်လောကနဲ့ ပတ်သက်ဆက်နွယ်မိသွားတဲ့အခါ အန္တရာယ်များတဲ့ အခြေအနေတွေကနေ ဒုစရိုက်သားတွေကို ဘယ်လိုကွက်ကျော်ရိုက်ပြီး ရှောင်တိမ်းမှာလဲရုပ်ရှင်ဆိုတာ ကမ္ဘာပေါ်မှာ အလှပဆုံးလိမ်လည်မှုပဲ ဆိုတဲ့စကားအတိုင်း အရှုပ်အထွေးများကြားမှာ လွတ်မြောက်အောင်ကြိုးစားပုံကို ပရိသတ်အကြိုက် မြူမြူးကြွကြွလေး တင်ဆက်ထားတာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bharathanatyam (2024)

2024
Happy Ending (2024) 7.5
Happy Ending (2024) Happy Ending 2024ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ကျိန်စာအတိုက်ခံလိုက်ရပြီး သောက်ကျိုးနည်းဘဝကို ပိုင်ဆိုင်သွားရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဟာ့ရှ်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ကြည့်ချင်လွန်းပြီး အိမ်ကိုလိမ် ကျောင်းလစ်ပြီး ရုပ်ရှင်သွားကြည့်ပါတော့တယ်။ သူရုပ်ရှင်ကြည့်တဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူတို့မြို့က တရားဟောဆရာကြီး ဘာဘာဆိုတဲ့ ဆွာမိကြီးဟာလည်း သူ့ရဲ့ချုပ်တည်းမှုကို စမ်းသပ်တဲ့အနေနဲ့ ရုပ်ရှင်ရုံထဲကို တိတ်တဆိတ် ရောက်ရှိလို့နေခဲ့ပါတယ်။ရုပ်ရှင်ကြည့်ကြရင်းနဲ့ မီးပျက်သွားတဲ့အခါ ပြဿနာဖြစ်ကြရင်း ဘာဘာရုပ်ရှင်ရုံထဲရောက်နေတာကို ဟာ့ရှ်က ဖော်မိသလိုဖြစ်သွားရကနေ ဘာဘာတစ်ယောက် အရှက်ရပြီး သိက္ခာတွေလည်း ကျသွားရပါတော့တယ်။ ဒီလိုနဲ့ ဘာဘာတစ်ယောက် သူ့ကို လူလေးစားမခံရအောင် လုပ်တာဟာ ဟာ့ရှ်ကြောင့်ပါဆိုပြီးတော့ ဟာ့ရှ်ကို သူစိတ်ဝင်စား ချစ်မြတ်နိုးတဲ့သူတိုင်း သေရပါစေဆိုပြီး ကျိန်စာတိုက်လိုက်တဲ့နောက်မှာတော့ ........ ဟာ့ရှ်တစ်ယောက် ဒီကျိန်စာကြီးနဲ့ ဘယ်လိုတွေ အထီးကျန်ဖြတ်သန်းရမလဲ ... မထင်မှတ်ဘဲ ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့တဲ့အချိန်မှာ သူ့ရဲ့ကျိန်စာနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ...ကျိန်စာကိုရော ပျက်ပြယ်သွားအောင်လုပ်နိုင်ပါ့မလားဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်) File size…1.84GB / 825MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle ...
movie

Happy Ending (2024)

2024
The Family Star (2024) 5.6
The Family Star (2024) The Family Star (2024) ( ချစ်ခြင်းဖြင့်မုန်းစေ) အသစ်စက်စက် ထွက်ရှိလာပြီး IMDb 5.5/10 ရရှိထားပြီး မင်းသားဗီဂျေးအငယ်နဲ့အတူ အကြည့်တွေစူးရှလှပတဲ့မင်းသမီးလေးမရူနာထာကူးရ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလိဝုဒ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားလေးမှာဆိုရင်တော့ ဂိုဗာဒါဟာ ပါလေရာပါတဲ့ ပွကြီးပါ။ အမေ၊ အစ်ကိုတွေ၊ မရီးတွေရဲ့ အရေးမှန်သမျှကို ခေါင်းပေါ်တင်ထားရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါပဲ။ကိုယ့်အတွက် အိမ်ထောင်ရေးဆိုတာကို မစဉ်းစားနိုင်လောက်အောင် အလုပ်တွေလုပ်၊ အိမ်မှာ လောက်ငှပြည့်စုံဖို့အရေး ငွေကို တစ်ပြားက နှစ်ပြားခွာတဲ့ လူပျိုကြီးပါပေါ့။အင်ဒူကတော့ ချမ်းသာတဲ့သူဌေးမလေးဖြစ်ပြီး ဂိုဗာဒါနဲ့ အိမ်အငှားကိစ္စတစ်ခုကတဆင့်သိပြီး ကြိုက်သွားကြပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းက နှစ်ယောက်ကြားဝင်လာတဲ့အခါမှာတော့ အချင်းချင်းအထင်တွေလွဲမုန်းတီးပြီး ကလဲ့စားချေမယ်တွေပါ ဖြစ်ကုန်တော့တာပါပဲ။ချစ်ခြင်းနဲ့မုန်းတဲ့အမုန်းတရားမှာ ဘာကအနိုင်ရသွားမလဲ။ သူတို့ကြားက နားလည်မှုတွေလွဲခဲ့ရတဲ့ ဖြစ်ရပ်ကရောဘာဖြစ်မလဲ။ ဂိုဗာဒါတစ်ယောက် အိမ်တွင်းရေးအရှုပ်တော်ပုံတွေကနေရော ရုန်းထွက်နိုင်သွားမလား....။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ကပဲဖြစိပါတယ်ရှင်။ File size…2.56GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD ...
movie

The Family Star (2024)

2024
Eagle (2024) 8.3
Eagle (2024) Eagle (2024) "လင်းယုန်" IMDb - 8.3/10စောင့်မျှော်နေကြတဲ့ မင်းသားကြီး ရာဗီရဲ့ တလေဂူးလ်အက်ရှင် ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။တောင်ထိပ်ပေါ်က ဆယ်ဧကကျယ်တဲ့လယ်ကွင်းကြီးထဲမှာ အေးချမ်းသာယာတဲ့ လယ်တောအိမ်လေးနဲ့ တောင်ခြေက မျိုးနွယ်စုနှစ်ခုပေါင်း လူသုံးရာကျော်ကိုအလုပ်ပေးထားတဲ့ ရက်ကန်းရုံတစ်ခုရှိပါတယ်။ အဲဒီဒေသမှာပဲ ရာသီအတိအကျမှာထွက်တဲ့ ရှားပါးဝါဂွမ်းကနေ ချည်ထည်ရက်လုပ်တဲ့ ရက်ကန်းရုံပေါ့။ အဲဒီတောင်ကုန်းပေါ်က လယ်တောအိမ်မှာနေတာကတော့ လင်းယုန်တစ်ဖြစ်လဲ ဆာဟာဒေ့ဗ်။ သူခွင့်မပြုဘဲ ခြံဝင်းထဲကို ပုရွက်ဆိတ်တစ်ကောင်တောင်ဝင်ခွင့်မရှိဘူးတဲ့။ ဒါပေမဲ့လည်း အချိန်တစ်နှစ်ကျော်လွန်ခဲ့ချိန်မှာတော့ တောင်ကုန်းပေါ်မှာ ဘာမှမရှိ ပြာအတိပဲကျန်ခဲ့ပါတော့တယ်။ဒီဇာတ်လမ်းကို အစဆွဲထုတ်လာတာကတော့ ဂျာနယ်လစ်မမလေး နာလီနီ။ စျေးထဲက ချည်ထည်လေးကိုကိုယ်ကြည့်မိရာက ဆောင်းပါးတစ်ပုဒ်ဖန်တီးမိပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့ အရှုပ်တော်ပုံကြီးထဲကို တစထက်တစ ဝင်ရောက်မိပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alex ~ BpL ~ Yunniတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.1GB/ 1.5GB Quality…WEB DL 1080p /720p Format…mp4 Duration….2h ...
movie

Eagle (2024)

2024
Guntur Kaaram (2024) 6.1
Guntur Kaaram (2024) Guntur Kaaram 2024 (IMDB 6.1/10) အမိမဲ့သားNF WEB DL အကြည်ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်=======================================အားလုံးနဲ့ရင်းနှီးတဲ့ ဝန်ကြီးချုပ်မင်းသား တောင်ပိုင်းစတားမဟေ့ရှ်ဘာဘူရဲ့ ရုံတင်ကားသစ်လေးကို Netflix ကနေ ထုတ်လွှင့်လိုက်တာနဲ့ တစ်ပြိုင်နက် CM ကနေပါ တင်ဆက်ပေးလိုက်ပါတယ်....ခေါင်းဆောင်မင်းသား မဟေ့ရှ်ဘာဘူအပြင် ပရိသတ်တွေနဲ့မစိမ်းတဲ့ Dhamaka ထဲက မင်းသမီးချောလေး ဆရီလီလာကို အဆစ်ငမ်းရမယ့်အပြင် လတ်တလောထွက်ရှိထားတဲ့ Hi Nanna ထဲကယောက္ခထီးကြီး ဂျာရရမ် ပါလေရာမင်းသားကြီး ပရာကတ်ရှ်ရာ့ဂျ်တို့လို ဇာတ်ပို့တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်ဇာတ်လမ်းအစ ရာမာနာ(မဟေ့ရှ်ဘာဘူ) ဆယ်နှစ်သားအရွယ်မှာ သူ့အမေကသူ့ကိုစွန့်ပစ်ခဲ့ပါတယ် သူ့အဖေကိုလည်းထားခဲ့ပြီးတော့ နောက်အိမ်ထောင်ပြု သားထပ်မွေးသွားပါတယ် အရွယ်ရောက်လာချိန်မှာတော့ ရာမာနာဟာ ဘယ်သူမှထိန်းမရတဲ့ ဘယ်သူ့ကိုဂရုမစိုက်တဲ့လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ သူ့စိတ်ထဲမှာမမေ့နိုင်သေးတာတော့ သူ့အမေပေါ့သူ့အဘိုး ဗန်ကတ်ဆွာမိဟာ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ပါ အဲ့ဒါအပြင် သူ့အမေရော သူ့ရဲ့အဖေကွဲညီကိုပါ နိုင်ငံရေးလုပ်ခိုင်းထားပါတယ်သူတို့မိသားစုရဲ့နိုင်ငံရေးလောကမှာ ပထမသားကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့ အမည်းစက်တစ်ခုဖြစ်နေတဲ့အခါမှာ ရာမာနာကို ဟိုက်ဒရာဘတ်ကိုခေါ်ပြီး အမွေ ဖြတ်ဖို့လုပ်ပါတော့တယ်အဲ့ချိန်မှာ ရာမာနာနဲ့ သူချစ်ရတဲ့အမေမိသားစုကြားဘာတွေဆက်ဖြစ်မလဲဆိုတာတော့....... CM ပရိသတ်ကြီးပဲ ဒီအချစ်အက်ရှင်ဇာတ်ကားလေးကို ဆက်လက်ခံစားကြည့်ရှုပေးကြပါလို့ ပြောကြားလိုပါတယ် အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ...
movie

Guntur Kaaram (2024)

2024
4K HEVC
Mangalavaaram (2023) 6.8
Mangalavaaram (2023) Mangalavaram (2023) အင်္ဂါနေ့ရဲ့အိပ်မက်ဆိုးများ IMDb - 6.8/10ယခုတစ်ခါမှာတော့ Horror, Thriller အက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ တစ်ခါက ရာဗီနဲ့ စိုင်လူဆိုတဲ့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ရာဗီရဲ့ အဖေကအမြဲရိုက်နှက်ပြီး နှိပ်စက်နေသလို စိုင်လူရဲ့အဖေဟာလည်း ‌နောက်မိန်းမယူထားပြီး စိုင်လူရဲ့ အမွေတွေကိုပဲ မျက်စောင်းထိုးနေတဲ့သူဖြစ်ပါတယ်။ အဖေဆိုးတွေနဲ့ ကြီးပြင်းခဲ့ကြရတဲ့ ဒီသူငယ်ချင်းလေးနှစ်ယောက်ကအရမ်းကိုချစ်ကြပြီးတော့ ရာဗီလေးဟာ စိုင်လူအတွက်ဆိုရင် ကာချယ်ရဖို့ ညဘက်ကြီး ဘုရားကျောင်းထဲက ကျပ်ခိုးသွားယူပြီး ကိုယ်တိုင်လုပ်ပေးခဲ့သူပါ။ဒီလိုနဲ့ သူတို့တွေ ကြီးပြင်းလာကြပြီး တစ်ရက် သူတို့ရွာမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ကြုံတွေ့လာရပါတော့တယ်။ ရွာရဲ့ အိမ်နံရံပေါ်မှာ အင်္ဂါနေ့တိုင်းရွာမှာ ဖောက်ပြန်နေတဲ့သူတွေရဲ့ နာမည်တွေကို ချရေးထားပြီး အဲဒီနံရံမှာရေးထားတဲ့ နာမည်စာရင်းထဲကသူတွေအကုန်လုံးဟာလည်း သေဆုံးကုန်ပါတယ်။သူတို့ရဲ့ရွာမှာက ဓလေ့တစ်ခုရှိနေပါတယ်။ အဲဒီဓလေ့ကတော့ မဟာလက်ရှ်မီးကို ကိုးကွယ်တဲ့ရွာ ဖြစ်တဲ့အလျောက် မဟာလက်ရှ်မီးဟာ အင်္ဂါနေ့ကို သဘောအကျဆုံးဖြစ်တဲ့အတွက် အင်္ဂါနေ့တိုင်းမှာ ရွာရဲ့ ရေကန်ထဲကို သက်ဆင်းတယ်ဆိုတဲ့အယူနဲ့ အင်္ဂါနေ့တိုင်းမှာ ရွာက တခြားနေ့တွေထက်ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိပါတယ်။ဒီလို လူအစည်ဆုံးဖြစ်တဲ့ အင်္ဂါနေ့မှာမှ ဘာလို့ နံရံမှာ ...
movie

Mangalavaaram (2023)

2023
Bedurulanka 2012 (2023) 6.3
Bedurulanka 2012 (2023) Bedurulanka 2012 (2023)IMDB 6.2/10 ရထားတဲ့ အိန္ဒိယ Telugu ဘာသာစကားပြော ဟာသ/ဒရာမာ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ် Telugu မင်းသား Kartikeya Gummakonda သရုပ်ဆောင်ထားပါတယ်2012 ဆိုတာ တစ်ချိန်က နာမည်ပေါက်သွားခဲ့တဲ့ Hollywood ကမ္ဘာပျက်ဇာတ်လမ်းပါ ဒီကားလေးကလည်း အဲဒီ 2012 ဒီဇင်ဘာ 21ရက်နေ့အကြောင်းကိုသတင်းမီဒီယာတွေ တကြော်ကြော်ပြောနေတာတွေနဲ့ စတင်ထားပါတယ် Bedurulanka ဆိုတဲ့ ရွာလေးက ပညာတတ်နည်းပါးပြီး အုပ်ချုပ်ရေးမှူးကအစ တကယ့်သောက်တလွဲပါ ထိုအချိန်မှာ မီဒီယာရဲ့စကားတွေကို ထပ်ဆင့်ခုတုံးလုပ်ပြီး စီးပွားရှာချင်တဲ့ လူတစ်စုကလည်း ရှိနေပြန်ပါတယ်ရှီဗာဆိုသူက ရွာမွေးခြံပေါက်ဆိုပေမဲ့ မြို့မှာ ရုပ်ရှင်ဇာတ်ကားတွေအတွက် CGI effect တွေပြုလုပ်တဲ့ artist တစ်ယောက်ဖြစ်ပါတယ် ရွာမှာတော့ သူချစ်ရတဲ့ မိန်းကလေးကျန်နေခဲ့ပါတယ်တစ်နေ့ လက်ပေါက်ကပ်တဲ့ စီးပွားရှင် နဲ့ အနုပညာသမား ရှီဗာနဲ့ စကားအဝေ မတည့် ဖြစ်ပြီး ရှီဗာတစ်ယောက် အလုပ်ကထွက်လို့ ရွာပြန်လာပါတော့တယ် "ကမ္ဘာမီးလောင် သားကောင်ချနင်း" ဆိုတဲ့ အတိုင်း ဘေးဒုက္ခရောက်မယ်ဆိုကာမှ | အသွင်ပေါ်လာတဲ့လူတွေရဲ့ ကိုယ်ကျင့်တရားကို ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးပဲ အပန်းပြေအောင်ရိုက်ကူးထားပါတယ်အညွှန်းကို KKKZ ...
movie

Bedurulanka 2012 (2023)

2023
Purusha Pretham (2023) 7.2
Purusha Pretham (2023) Purusha Pretham(2023)IMDb 7.2/10The times of India. 3.5/5စုံထောက်မှုခင်းကားလည်းကြိုက် ဟာသကားလည်းကြိုက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် ၂၀၂၃ ထွက် အသစ်စက်စက်ကားသစ်လေးတစ်ကားလာပါပြီ။ရာဇဝတ်သားတွေကို ဖမ်းဆီးဆုံးမရာမှာ လက်သံပြောင်ပြီး အမှုတွေလိုက်တာတော်တဲ့ SI ဆီဘတ်စတေရှန်ဟာ ရဲလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ယောက်ပါ။တစ်နေ့မှာတော့ ဒီလိုအမှုလိုက်ကျွမ်းတဲ့စုံထောက်ကြီးရဲ့အပိုင်ဘက်ခြမ်းကမြစ်ထဲမှ အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အမှုလိုက်ရင်းမှာပဲ အလောင်းဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတဲ့အခါ စခန်းတစ်ခုလုံ းပြဿနာတွေအမျိုးမျိုးတက်ပြီး အမျိုးစုံကြိုးခုန် ပြဿနာတွေတက်လာပါတော့တယ်။ဘာပြဿနာတွေရှုပ်လာမလဲ၊ ဘာတွေဆက်ဖြစ်မလဲ၊ အလောင်းကရော ဘယ်ရောက်သွားတာလဲ စတာတွေကိုတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်အဖြေရှာကြည့်ဖို့ CM Bollywood Team ရဲ့ Aditi, V, ZWE, YH, Cherry, BpL နဲ့ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.97GB  / 973MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ V~ ZWE~ YH~ Cherry~  BpL ~ Yunni
movie

Purusha Pretham (2023)

2023
Organic Mama Hybrid Alludu (2023) 8.1
Organic Mama Hybrid Alludu (2023) Organic Mama Hybrid Alludu(2023)IMDb-8.1/10တေလဂူးရဲ့ အကောင်းဆုံးဒါရိုက်တာ Flimfare ဆုရဖူးတဲ့ S.V Krishna Reddy ရိုက်ကူးထားတဲ့ တေလဂူး အချစ်ဇာတ်‌လမ်းပေါ့ပေါ့ပါးပါးလေးနဲ့ CM ပရိသတ်ကြီး အပန်းပြေနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းဒါရိုက်တာဖြစ်ရဖို့ရူးသွပ်လွန်းတဲ့ ဗီဂျေးဟာသူ့ရဲ့ပွဲဦးထွက်နှစ်ကားမှာပဲ အရှုံးပေါ်ခဲ့လို့ မိသားစုကယုံကြည်မှုမရပဲ မိသားစုစီးပွားရေးကိုပဲလုပ်ဖို့ဖိအားပေးနေရတဲ့လူငယ်လေးပါ ဗီဂျေးကလည်း ဒါရိုက်တာပဲလုပ်ချင်တဲ့ခေါင်းမာပြီး ပါးနပ်ထက်မြတ်တဲ့လူငယ်တစ်ယောက်ဆိုတော့ အိမ်နဲ့အတိုက်အခံပေါ့ တစ်နေ့အဖေစိတ်ချမ်းသာဖို့ဆိုပြီး ကြယ်ငါးပွင့်ဟိုတယ်မှာ ကွန်ဒါပီလီအရုပ်တွေတက်ရောင်းပေးရင်းကနေ မင်းသမီးလေးနဲ့ဆုံပါတော့တယ်မင်းသမီးလေးကလည်း သူကြွယ်သူဌေးမြေရှင်ကြီးရဲ့ တစ်ဦးတည်းသောချစ်မ၀သမီးလေးပေါ့ တွေ့ရာလူနဲ့ကြိုက်သွားမှာဆိုးလို့ ကျောင်းတောင်မထားရက်လောက်အောင် အချစ်ခံရတဲ့သမီးလေး သူဌေးသမီးလေး ဟာစီနီနဲ့ ရိုးသားကြိုးစားဖိုးသခွားဒါရိုက်တာလေးဗီဂျေး ရှေ့ဆက်ပေါင်းစည်းနိုင်မလား ဗီဂျေးကရောအိမ်မက်အတိုင်းအောင်မြင်တဲ့ဒါရိုက်တာကြီးဖြစ်နိုင်မလား ခံစားကြည့်ပါဦး File size…2.5GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2 h 22 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~NyeinAye
movie

Organic Mama Hybrid Alludu (2023)

2023