Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ajay Devgn
7.4
Raid 2 (2025)
Raid 2 (2025) ******************* (Official WEB DL ထွက်ရှိလာပြီမလို့ ထပ်မံupdateပေးလိုက်ရပါတယ်)ဒီဇာတ်ကားလေးကတော့ IMDb rating 7.8အထိရရှိထားတဲ့ ဟင်ဒီစကားပြော ဘောလိဝုဒ် အမျိုးအစားCrime/Thriller ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Raid 1ထဲက မင်းသားကြီးအားဂျေးဒေ့ဗ်ဂန်ကပဲပြန်လည်သရုပ်ဆောင်ထားပြီး မင်းသမီး ကတော့ War 2019ထဲက ပရိတ်သတ် အသည်းစွဲလေးဖြစ်တဲ့ ဗာနီကပူးရ်ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းRaid 1ထဲက ဖြောင့်မတ်မှန်ကန်ပြီး တိုင်းပြည်အပေါ် သစ္စာရှိတဲ့အပြင် ဘယ်သူဖျက်ဖျက် တရားမပျက်ပါလေသောအကောက်ခွန်အရာရှိကြီးဖြစ်တဲ့အာမေးပတနာယက်ဟာ ဆိုရင်ဖြင့်လာဘ်စားမှုနဲ့ စွတ်စွဲခံရပြီး သူ့ရဲ့ တာဝန်ကျ သက်တမ်းတလျှောက် ၇၄ကြိမ်မြောက် အနေနဲ့ ဘွဂ်ျမြို့ကို တာဝန်ပြောင်းရွှေ့ချထားခြင်း ခံလိုက်ရပါတယ်။ဘွဂ်ျမြို့ကို ရောက်တယ်ဆိုရင်ပဲ သူတော်ကောင်းယောင်ဆောင်ထားတဲ့ ပြည်ထဲရေးဝန်ကြီး ဒါဒါဘိုင်ဆိုသူနဲ့ ထိပ်တိုက် တွေ့လိုက်ရပြီး ဒါဒါဘိုင်ရဲ့ ပိုင်ဆိုင်မှုတွေကို ဝင်စီးတော့တာပေါ့။အချက်အလက် အတိအကျနဲ့ စစ်ဆင်ရေး ဝင်စီးခဲ့ပေမဲ့လည်းရန်သူ့ဘက် က ခြေတစ်လှမ်းသာသွားတာကြောင့် ဘာမှမသိမ်းလိုက်ရတဲ့အပြင် တာဝန်ကနေပါ ရပ်ဆိုင်းခံလိုက်ရတော့တာပါပဲ။ ဒီလိုနဲ့ အာမေးပတနာယက်တစ်ယောက် ဒါဒါဘိုင်ကို ရိုက်ချိုးနိုင်ဖို့ လျှို့ဝှက်လှုပ်ရှားရာမှာတော့...ဝန်ကြီးဖြစ်တဲ့ ဒါဒါဘိုင်ကို ရာထူးမဲ့ အာမေးပတနာယက် တစ်ယောက် ...
movie
Raid 2 (2025)
4K HEVC
8.2
Drishyam 2 (2022) Hindi Version
Drishyam 2 (2022)IMDb Rating (8.2) / Rotten Tomatoes (70%)ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Drishyam (2015) ရဲ့အဆက် Drishyam-2 လာပါပြီ။ ရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါ ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါဇာတ်လမ်းအညွှန်းကတော့Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက် အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ် သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူးလက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ် သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား ကြည့်ရှူခံစားကြည့်ပါဦး။Drishyam ဇာတ်ကားက သိပ်ကောင်းပေမယ့် မူရင်းတော့ မဟုတ်ခဲ့ဘဲ တောင်ပိုင်းက မလာယမ်စကားပြောရုပ်ရှင်ကို Remake ပြန်ရိုက်ထားတာဖြစ်ပါတယ်။ မူရင်း Malayalam Version ဖြစ်တဲ့ Drishyam (2013 ) ...
movie
Drishyam 2 (2022) Hindi Version
2022
4K HEVC
8.2
Drishyam (2015) Hindi Version
Drishyam (2015) Hindi VersionIMDb Rating (8.2) / Rotten Tomatoes (78%)လေးတန်းအောင်ဇာတ်ကားလို့ ပြောတာနဲ့ မသိတဲ့လူမရှိတဲ့ အဂျေးရဲ့ Old but Gold ဇာတ်ကားလေးကို အသစ်တစ်ဖန်မွမ်းမံပြီး ပြန်လည်တင်ဆက်ပေးထားပါတယ် အတန်းပညာတွေမသင်ယူခဲ့ရပေမဲ့ မိသားစုကို ပညာနဲ့မဟုတ်ဘဲ သင်ညာနဲ့ ကာကွယ်သွားပုံတွေက ထိုင်ရာကမထ ကြည့်ချင်စိတ်ပေါက်အောင် လုပ်ပေးနိုင်မှာ အမှန်ပါပဲ ရုံတင်ချိန်တုန်းကလည်း 197 ကုဋေထိရရှိခဲ့တဲ့ ဝက်ဝက်ကွဲပေါက်ကားလေးကို ပြန်လည်ခံစား ကြည့်ရှုလိုက်ပါဦးရှင်ဗီဂျေးဆိုတာက ဇာတ်ကားတွေကြည့်ရတာ အလွန်နှစ်သက်တဲ့လူပေါ့ ရပ်ကွက်ထဲက လူတစ်ယောက် အခက်အခဲရှိရင် သူ့ဆီပဲ အကူအညီသွားတောင်းကြပါတယ် ဗီဂျေးက ဇာတ်ကားတွေကြည့်ပြီး ဇာတ်ကားထဲကအတိုင်း ဖြေရှင်းချက်ပေးလိုက်ရင် အဆင်ပြေသွားတာက များပါတယ် ဒီလိုအဆင်ပြေပြေ ဖြတ်သန်းနေကြတဲ့ သူတို့မိသားစုဘဝထဲ ကံဆိုးမိုးမှောင်ကျရောက်လာတဲ့နေ့မှာတော့ ပုံမှန်နဲ့မတူ မိုးတွေသည်းကြီးမည်းကြီးရွာနေခဲ့တာပေါ့ ဒီမိုးကြောင့် အိမ်ပြန်မအိပ်ဖြစ်တဲ့ရက်ကျမှ အိမ်မှာကျန်နေခဲ့တဲ့မိသားစုက လူသတ်မှုကို ပူးပေါင်းကျူးလွန်မိပါတယ် သတ်လိုက်မိတဲ့လူကလည်း ကြမ်းပေ့ ...
movie
Drishyam (2015) Hindi Version
4K HEVC
7.6
Raid (2018)
Raid (2018)ဒီဇာတ်ကားလေးဟာ ၁၉၈ဝခုနှစ်များဆီက အိန္ဒိယနိုင်ငံမှ အခွန်ဦးစီးဌာနအရာရှိတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ချမ်းသာလာပြီး တစ်ဖက်မှာလူအများအမြင်ကြည်အောင်ဘီလူးခေါင်းကွယ်ထားတတ်တဲ့ လူချမ်းသာတွေ၊ ပြည်သူတွေကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးသမားတွေကို သူတို့ဆီမှာအမှန်တကယ် တရားဘောင်အတွင်းကနှိပ်ကွပ်ခဲ့တဲ့အဖြစ်အပျက်လေးကိုအခြေတည်ထားတာပါ။ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့ အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့ အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက် လက်နောင်းမြို့ကို၄၉ကြိမ်မြောက် ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။အရင်အရာရှိတွေနဲ့မတူပဲ အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့ ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးတွေ မျက်ဖြူလန်တော့တာပါပဲ။ဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။နိုင်ငံရေးသဘောသဘာဝတွေ၊ ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊ လူထုကိုနိုင်ငံရေးသမားတွေဘယ်လို ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။Rating အနေနဲ့လည်း 7.6 အထိရရှိထားပြီး ငွေကြေးအရလည်းအောင်မြင်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thura Zarni Aung မှ တင်ဆက်ထားတာပါ။) File size…(7.6 GB )/ (2 GB)/ (1 GB) Quality…BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura Zarni Aung
movie
Raid (2018)
2018
4K HEVC
7.7
Chhaava (2025)
Chhaava (2025) "သူရဲကောင်း" IMDb- 7.7/10ဘတ်ဂျက် ရူပီး သန်းထောင့်လေးရာဝန်းကျင်သုံးခဲ့ပြီး Box officeမှာ ရူပီးသန်းရှစ်ထောင်လောက် ပြန်ရခဲ့တဲ့ အိန္ဒိယနန်းတွင်း ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။2025ခုနှစ်ရဲ့ လောလောဆယ်ထွက်ရှိထားတဲ့အိန္ဒိယရုပ်ရှင်တွေမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဆိုလည်း မမှားဘူးပေါ့။ မင်းသားက ဗစ်ကီ မင်းသမီးက ရာ့ရှ်မီးကားတို့ အဓိကပါဝင်ထားကြပါတယ်။ကမ္ဘာကြီးရဲ့ တခြားဘက်ခြမ်းမှာ လူသားတွေ အသက်ရှင်သန်ဖို့အရေး တိုက်ခိုက်နေကြတုန်းမှာ အိန္ဒိယမှာတော့ ဘာသာတရားပေါင်းစုံ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်တဲ့ ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလို့နေခဲ့ပါတယ်။ ဒါပေမဲ့ ၁၆ရာစု ပါနီပတ်တိုက်ပွဲအပြီးမှာ မူဂယ်အင်ပါယာရဲ့အလံဟာ ဒေလီထီးနန်းမှာလွှင့်ထူခဲ့ချိန် ရှိခဲ့ဖူးတဲ့ ငြိမ်းချမ်းမှုကလည်း ပျက်သုန်းခဲ့ရပါတော့တယ်။ရာစုနှစ်နဲ့ချီပြီး မူဂယ်အင်ပါယာကို အနိုင်တိုက်နိုင်တဲ့သူမရှိဘဲ အချိန်အကြာကြီး မင်းဆိုးမင်းညစ်မူဂယ်ဘုရင်တွေရဲ့ ရက်စက်ယုတ်မာတဲ့ အမှောင်ခေတ်မှာ ရှင်သန်ခဲ့ကြရတာပေါ့။မကောင်းမှုတွေ ဆိုးယုတ်မှုတွေ မြင့်တက်လာတဲ့အခါတိုင်းမှာ အဲဒီအရာတွေကနေ ကာကွယ်မဲ့သူက မွေးဖွားလာစမြဲမို့ ချက်တရာပါတီရှီဝါဂျီမဟာရာ့ဂျ်ဆိုတဲ့ မင်းကောင်းမင်းမြတ်တစ်ပါး ပေါ်ထွက်လာခဲ့ပါတယ်။မူဂယ်တွေ ရှီဝါဂျီကို ဘယ်လိုမှ မသုတ်သင်မရှင်းလင်းနိုင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ ရှီဝါဂျီ ဘ၀တစ်ပါးကူးပြောင်းသွားပြီဆိုတဲ့သတင်းနဲ့အတူ မူဂယ်အင်ပါယာကို ပြန်လည်ချဲ့ထွင်ဖို့ ကြိုးစားပါတော့တယ်။ ဒီမှာပဲ မူဂယ်အင်ပါယာကို ပြန်လည်တိုက်ခိုက်ဖို့ သူရဲကောင်းတစ်ယောက် ထွက်ပေါ်လာချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 3.4 GB ...
movie
Chhaava (2025)
5.0
Azaad (2025)
Azaad (2025)Netflixကနေ ထုတ်လွှင့်လိုက်တဲ့ မင်းသားကြီးအဂျေးရဲ့ ကိုလိုနီခေတ်နောက်ခံ ဟင်ဒီစကားပြော အက်ရှင်ဒရာမာရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယကို ဗြိတိသျှတို့အုပ်စိုးစဉ်ကာလက ရွာတွေမှာ ဗြိတိသျှအားကိုးနဲ့ ဖိနှိပ်နေတဲ့ မြေရှင်တွေရယ် အဖိနှိပ်ခံရွာသားတွေအကြောင်း ပုံဖော်ရိုက်ကူးထားတာပါ။ရွာတစ်ရွာက ဂိုဗင်ဆိုတဲ့လူငယ်လေးဟာ မြင်းတွေအရမ်းချစ်တဲ့သူပါ။ သူ့အဖေကလည်း သူတို့အရပ်က မြေရှင်ကြီးရဲ့မြင်းထိန်းတစ်ယောက်ပေါ့။ သူကိုယ်တိုင်လည်း မြင်းဇောင်းမှာ လက်တိုလက်တောင်းလုပ်ရသူ ဖြစ်ပါတယ်။မြင်းတွေနဲ့အမြဲထိတွေ့နေရပေမဲ့ အဲဒီခေတ်အခါက လူတန်းစားခွဲခြားမှုကြောင့် သူ့မှာမြင်းစီးခွင့်မရခဲ့ပါဘူး။ ဒီလိုနဲ့ မြင်းကောင်းတစ်စီးပိုင်ဆိုင်ခွင့်ရဖို့နဲ့ မြင်းစီးဖို့ဟာ သူ့ရဲ့အကြီးမားဆုံးအိပ်မက်ကြီး ဖြစ်လာပါတော့တယ်။ဂိုဗင်ဟာ လူတန်းစားခွဲခြားမှုကြောင့် မြင်းစီးခွင့်မရတာကို လက်မခံရုံမက မြေရှင်လူတန်းစားရဲ့ဖိနှိပ်မှုတွေကိုလည်း မကျေနပ်သူပါ။တစ်နေ့တော့ သူနဲ့ရန်စရှိတဲ့ ဗြိတိသျှအလိုတော်ရိ မြေရှင်ကြီးရဲ့သမီးဖြစ်သူနဲ့ ပြဿနာတက်ပြီး ထွက်ပြေးရဖို့အကြောင်းဖန်လာပါတော့တယ်။အဲဒီလိုနဲ့ ရွာပြင်ကိုထွက်ပြေးလာခဲ့တဲ့ဂိုဗင်ဟာ တစ်နေရာမှာ ဗြိတိသျှတို့ဆုကြေးထုတ်ထားတဲ့ တောပုန်းဓားပြဗစ်ခရမ်ဆင်းဂ်နဲ့ သူ့ရဲ့မြင်းကြီးအာဇတ်ကို တွေ့လိုက်ရပါတယ်။အာဇတ်ကိုမြင်မြင်ချင်း အရမ်းသဘောကျသွားတဲ့ ဂိုဗင်တစ်ယောက် မြင်းနောက်ကိုကောက်ကောက်ပါအောင်လိုက်ပြီး ဗစ်ခရမ်ဆင်းဂ်နောက်ကို ပါသွားတဲ့အခါ...။အပြစ်ပေးခံရမှာကြောက်ပြီး ထွက်ပြေးရင်း တောပုန်းဓားပြစခန်းကိုရောက်သွားတဲ့ ဂိုဗင်တစ်ယောက် ဘာတွေဆက်ဖြစ်လာမလဲ၊ ဗစ်ခရမ်ဆင်းဂ်၊ ဂိုဗင်နဲ့ မြင်းကြီးအာဇတ်တို့ရဲ့ကံကြမ္မာကရော ဘာတွေပြောင်းလဲသွားမလဲဆိုတာကို အချစ်၊ အလွမ်း၊ အကြမ်း ရသမျိုးစုံနဲ့ စိတ်၀င်စားစရာကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File ...
movie
Azaad (2025)
5.7
Golmaal 3 (2010)
Golmaal 3 (2010) ပရမ်းပတာ ၃အဂျေးနဲ့ ကရီနာကပူးရ်တို့ရဲ့ Golmaal series ထဲက တတိယမြောက်ကားကို ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးချင်ပါတယ်။ဒီ တတိယမြောက် Golmaal ရုပ်ရှင်ဟာဆိုရင် သူ့ခေတ်သူခါမှာတော့ တစ်နှစ်တာ ဒုတိယဝင်ငွေအများဆုံးဖြစ်ခဲ့တဲ့ထိ အောင်မြင်ခဲ့တာပါ။ဇာတ်လမ်းလေးကတော့ Golmaal ကားတွေရဲ့ထုံးစံ.. အစပိုင်းမှာ ဂိုပယ်တို့မိသားစု ဂိုအာကမ်းခြေမှာ စီးပွားရေးပေါင်းစုံလုပ်ဖို့ ကြိုးစားနေကြတုန်းမှာ ဘာလုပ်လုပ် သူတို့နဲ့ အကြံတူနေပြီး မြင်တာနဲ့ ရန်ဖြစ်ကြတဲ့ သားအဖလေးယောက်နဲ့ ကွိုင်တွေတက်ပုံကို မြင်ကြရမှာပါ။ဒါပေမဲ့ အဲဒီသားအဖလေးယောက်ထဲက မုဆိုးဖိုအဖေကြီးက ဂိုပယ်တို့အမေရဲ့ ရည်းစားဦးဖြစ်နေပြီး သူတို့ ပြန်ပေါင်းထုပ်ဖို့ ကြိုးစားကြတာကို သားတော်သမီးတော်များက မတည့်မရှုနဲ့ တကျက်ကျက်ဆန့်ကျင်ကြပုံတွေကို ဟာသတွေတခွီခွီနဲ့ ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ဒါ့အပြင် ဘောလီးဝုဒ်ရွှေခေတ်ရဲ့ ထုံးစံ အဆိုအကကောင်းကောင်း စော်လန်းလန်းတွေကို ကမ်းခြေမှာပတ်ပြေးခိုင်းထားတဲ့ သီချင်းအလန်းလေးတွေပါ ကြည့်ရမှာဖြစ်လို့ ရှေ့က Golmaal ကားတွေကိုကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးထားတာကြောင့် လက်မလွတ်တမ်းအားပေးလိုက်ဖို့ ညွှန်းဆိုတိုက်တွန်းလိုက်ပါတယ်။….. File size… 6.1 GB / 3.2 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Golmaal 3 (2010)
5.3
Golmaal Returns (2008)
Golmaal Returns (2008) "ပရမ်းပတာ"တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ Golmaal ဟာသ ဇာတ်လမ်းတွဲထဲက ဒုတိယမြောက်ကားလေးကို ပရိသတ်တို့အတွက် ပြန်လည်တင်ဆက်ထားပါတယ်ဒီကားထဲမှာ မင်းသားအဂျေး (Ajay Devgn) နဲ့ ဝါရင့်မင်းသမီးကရီနာကပူးတို့က ခေါင်းဆောင်ပါဝင်ထားပြီး ၂၀၀၈ မှာ ဝင်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်စာရင်းထဲ ပါခဲ့တာပါဇာတ်လမ်းအကျဉ်းကတော့ ဇာတ်လိုက်ကျော် ဂိုပယ်က စကားမပြောတတ်တဲ့ သူ့သူငယ်ချင်း လပ်ကီးရဲ့အစ်မဖြစ်သူ အက်တာနဲ့ အိမ်ထောင်ကျသွားခဲ့ပြီး ငါးလုပ်ငန်းကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေပါတယ်သူ့မိန်းမအက်တာက တီဗွီဇာတ်လမ်းတွဲတွေအကြည့်များပြီး သူ့ယောကျ်ားကို အိမ်ထောင်ရေးဖောက်ပြန်နေတယ်လို့ သံသယများနေတဲ့အပြင် ရဲအရာရှိတစ်ယောက်ကလည်း သူတို့ကုမ္ပဏီက ငါးပုဇွန်တင်တဲ့ သင်္ဘောထဲမှာ မူးယစ်ဆေးတွေရှိနိုင်တယ်လို့ သင်္ကာမကင်းဖြစ်နေပြန်ပါတယ်တစ်ရက်မှာ ဂိုပယ်က မီရာဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်မိလိုက်ရာကနေစလို့ ဘယ်လိုပြဿနာတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာမလဲ ဆိုတာကတော့ ----အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 4.1 GB / 1.98 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Golmaal Returns (2008)
7.5
Golmaal – Fun Unlimited (2006)
Golmaal: Fun Unlimited (2006)"ပရမ်းပတာ" ==================================Mumbai Cop Universe ရဲ့ ပဲ့ကိုင်ရှင် ဆရာကြီးရိုဟစ်ရှက်တီ ရိုက်ကူးထားပြီး မင်းသားကြီး အဂျေး၊ 3 idiots ထဲက ရာဂျူးသရုပ်ဆောင် ရှာမန်ဂျိုရှီ၊ ဒါ့အပြင် တခြား နာမည်ကြီးဟာသ သရုပ်ဆောင်တွေလည်းပါဝင်တဲ့ Indian classic vibe ရမယ့် ဟာသကားဟောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ အဂျေးတို့အဖွဲ့ဟာ ဘရုတ်ကျလွန်းလို့ ကောလိပ်ကနေ နှင်ထုတ်ခံထားရတဲ့ ကျောင်းသားဟောင်းတွေဖြစ်ပါတယ်။ကျောင်းထုတ်ခံထားရပေမဲ့ နေစရာအိမ်မရှိတဲ့အတွက် ကျောင်းထုတ်မခံရတဲ့ သူငယ်ချင်းအခန်းမှာ ကုပ်ကပ်နေရင်း ဘရုတ်ကျမှုတွေကို မရပ်နိုင်တဲ့အတွက် အဲဒီသူငယ်ချင်းပါ ကျောင်းထုတ်ခံလိုက်ရပါတယ်။အဲဒီလို ကျောင်းထုတ်ခံရလို့ နေစရာမရှိ ကြောင်ပျောက်နေတဲ့ သူငယ်ချင်းလေးယောက်ဟာ အကြွေးရှင်လိုက်လို့ ပြေးရင်းလွှားရင်း မျက်မမြင် အဘိုးကြီးအဘွားကြီးစုံတွဲနေတဲ့အိမ်ကို ရောက်သွားခဲ့ပြီး အဲဒီအဘိုးကြီးအဘွားကြီးစုံတွဲက မတွေ့ရတာ နှစ် ၂၀ ကျော်ပြီဖြစ်တဲ့ မြေးဖြစ်သူကို စောင့်နေမှန်းသိသွားတဲ့အချိန်မှာတော့ သူတို့အဖွဲ့ ဘယ်လိုတွေ အယောင်ဆောင်ပြီး ဘယ်လိုဘရုတ်ဆက်ကျကြမလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.8 GB / 1.96 GB Quality…WEB ...
movie
Golmaal – Fun Unlimited (2006)
6.1
Shivaay (2016)
Shivaay (2016)IMDb Rating (6.1)တောင်တက်လမ်းပြအဖြစ် တစ်ဘဝလုံး နှစ်မြုပ်ထားတဲ့ ရှီဗား ... သူ့ဘဝကတောင်တက်သမားတွေကို လမ်းပြလိုက် မြူနှင်းတွေကိုအဖော်ပြုပြီးကျေးငှက်တွေရဲ့သီချင်းသံနဲ့ ပျော်မွေ့ရင်း ပရဟိတ လုပ်ငန်းတွေနဲ့ပျော်မွေ့နေသူတယောက် ... တစ်နေ့တော့ ဘူဂေရီးယားကတောင်တက်အဖွဲ့ကို တောင်တက်လမ်းပြအဖြစ် လိုက်ရင် မမျှော်လင့်ပဲ နှင်းတောင်ပြိုကျရာမှ ချောက်ထဲ ပြုတ်ကျရင်း အဲ့ဒီအဖွဲ့မှာပါတဲ့ ဘူဂေးရီးယားသူ မိန်းမချောလေးအော်ဂါက တောင်တက်လမ်းပြလူကြမ်းကြီးရဲ့ နှလုံးသားကိုအချစ်ရဲ့ကျေးကျွန်အဖြစ်သိမ်းပိုက်နိုင်ခဲ့ပါတယ်...ဒီလိုနဲ့ အချစ်နယ်ကျွံကြရင်း ကိုယ်ဝန်ရှိသွားတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့်ကလေးကိုဖျက်ချပစ်ဖို့ အော်ဂါက ဆန္ဒရှိနေပေမဲ့ လူကြမ်းကြီးရဲ့ နှလုံးသားကလက်မခံပဲ ကလေးကိုမွေးပေးဖို့ တောင်းဆိုခဲ့ပါတယ် ... ဒီလိုနဲ့ ကလေးကိုမွေးပြီးပြီးချင်းမှာ အမေဖြစ်သူဟာ ဘူဂေးရီးယားကိုပြန်သွားခဲ့ပြီး သမီးလေးဖြစ်သူ ဂါရာ အသက်၉နှစ်အရွယ်ရောက်တဲ့အခါမှာတော့ မထင်မှတ်ပဲ သိမ်းဆည်းထားတဲ့ အမေဖြစ်သူရဲ့ပုံကိုတွေ့ရှိသွားရာမှ မိတဆိုး သမီးလေးက အမေဖြစ်သူဆီကိုသွားရောက်ဖို့ ပူဆာရာမှ သူတို့သားအဖ ၂ယောက် အမေရှိရာ ဘူဂေးရီးယားကိုလိုက်သွားကြပါတယ်တဖက်နိုင်ငံကိုရောက်တော့ ဟော်တယ်မှာ ကလေးသူငယ်တွေကိုလိင်လုပ်သားအဖြစ်ခိုင်းစေတဲ့အမှုကို တွေ့ရှိပြီး ကူညီပေးခဲ့မိရာမှ ကလေးဖမ်းတဲ့ ဂိုဏ်းနဲ့ပတ်သက်မိပြီး သမီးလေးဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်.. တောင်တက်သမားကြီးဟာ ပတ်စပို့ဟာသမီးဖြစ်သူနဲ့အတူတူပါသွားတဲ့ အတွက် ကလေးသခိုးအဖြစ် ယိုးစွပ်ခံရပြီးအမှုရင်ဆိုင်ရပါတော့တယ်.. အဲ့ဒီမှာ ...
movie
Shivaay (2016)
2016
5.8
Singham Again (2024)
Singham Again 2024 (IMDb 5.8/10) ဆင်ဂဟမ် ပြန်လာပြီ.....အခုတစ်ခါမှာတော့ ထူးထွေပြီး ညွှန်းနေစရာမလိုလောက်အောင် ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့ ရဲမှူးကြီး ဆင်ဂဟမ်ပြန်လာပါပြီဒါရိုက်တာရှက်တီရိုက်ကူးတင်ဆက်ပေးနေတဲ့ Police Universe ရဲ့ ငါးကားမြောက်ပဲ ဖြစ်ပါတယ်2017 ခုနှစ်ထဲက ကြေငြာခဲ့ပြီး ထွက်ရှိလာချိန်မှာလည်း ရုံဝင်ငွေ ဒေါ်လာ ၄၇ သန်းနီးပါးရရှိခဲ့ပြီး ကမ္ဘာအနှံ့ဆို တတိယမြောက်နဲ့ အိန္ဒိယမှာတော့ ဆဌမချိတ်တဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်Cast အင်အားကလည်း နာမည်ကြည့်ရုံနဲ့ လဲသေလို့ရအောင် အလောင်းဖျောက်ကားနဲ့နာမည်ကြီးတဲ့ အာဂျေး ဆလူးဘိုင်တစ်ဖြစ်လဲ ဆယ်လ်မန်ခန်း ရဲသားကြီး အာရှေးကူးမား တက်သစ်စ အာဂျွန်ကပူးရ် အက်ရှင်ဆရာကြီး တိုက်ဂါးတို့အပြင် ညှို့ဓာတ်ပြင်း မင်းသမီး ဒီပီကားပဒ်ကိုနီ ဝါရင့်မင်းသမီးကြီး ကရီနာကပူးရ်တို့ပါ ဝင်ရောက်သရုပ်ဆောင်ထားပါတယ် သရုပ်ဆောင်ကြေးနဲ့တင် မွဲသေလို့ရနိုင်တဲ့ ဇာတ်ကားပါပဲဇာတ်ကားနာမည် သရုပ်ဆောင်နဲ့တင် ရှိန်စရာမို့ဇာတ်လမ်းအကျဉ်းလေးကို နဲနဲလေးပဲပြောပါတော့မယ်။ ဇာတ်လမ်းကတော့ အာရှေးရဲ့ရဲအဖွဲ့သစ်ကို တည်ထောင်ပြီးချိန်မှာ အငြိုးကြီးတဲ့ရန်သူတွေက အာရှေးဇနီးကို ပြန်ပေးဆွဲတာကို ကယ်တင်ဖို့အတွက် ရာမာယနဇာတ်ကို Reference ယူထားပြီးတော့ အာရှေးနဲ့သူ့အဖွဲ့သားတွေက ကြိုးစားကြတာကို မိန်းမလဲကယ် နိုင်ငံတော်ကို ဘယ်လိုကာကွယ်မလဲဆိုတာ အချစ်အလွမ်းအက်ရှင်စုံစွာနဲ့ ...
movie
Singham Again (2024)
4K HEVC
6.4
Sooryavanshi (2021)
Sooryavanshi (2021)မြန်မာစာတန်းထိုးဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးSingham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေကစတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေလုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ...
movie
Sooryavanshi (2021)
2021
4K HEVC Web-DL
5.7
Singham Returns (2014)
ဇာတ်လမ်းအကျဉ်းကတော့သမာသမတ်ကျတဲ့ ရဲအရာရှိဘာဂျီရို ဆင်းဂမ်ရဲ့ နိုင်ငံရေးအကောက်ကြံတဲ့လူတွေကို ခြေမှုန်းတဲ့အကြောင်းပါပဲအသိဉာဏ်နည်းပြီး အယူသီးသူတွေရဲ့ကိုးကွယ်မှုကြောင့် အင်အားကြီးနေတဲ့ဘိုးတော်လိုလို ဘာလိုလို ဘာဘာကြီးဆိုသူဟာ နိုင်ငံရေးပါတီတစ်ခုက ခေါင်းဆောင်တစ်ယောက်နဲ့ပေါင်းပြီး ရွေးကောက်ပွဲအနိုင်ရဖို့ ပိုက်ဆံသုံးပြီး ဆင်းရဲတဲ့ပြည်သူတွေဆီက မဲတွေဝယ်ယူဖို့ကြိုးစားကြပါတယ်ဒီလိုနဲ့မထင်မှတ်တဲ့ ကိစ္စတစ်ခုကြောင့်သူတို့လုပ်ရပ်တွေ ပေါ်မလိုဖြစ်သွားတဲ့ အခါမှာတော့ သူတို့သရုပ်မှန်ကို ဖုံးကွယ်ဖို့ အကြမ်းဖက်ပြီးတော့ရော နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ပါ ကြိုးစားကြပါတော့တယ်ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ သူတို့ရှိတာသိပေမယ့် သက်သေမရှိလို့ ဖမ်းမရပဲ ဖြစ်နေခဲ့ပါတယ် ဆင်းဂမ်က သူတို့ကို ဘယ်လို အဆုံးသတ်ပေးမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုသွားရမှာပါ .......................................................ဆင်းဂမ်က တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဥပဒေရအပြစ်ပေးလို့မရတဲ့သူတွေကို ဘယ်လိုဘယ်နည်းနဲ့ အပြစ်ပေးလည်းဆိုတာတော့ ပထမကားကြည့်ပြီးတဲ့သူတွေသိပြီးသားဖြစ်မှာပါဒုတိယကားမှာလည်း ပထမကားထက် ပိုမိုက်တဲ့ပုံစံတွေနဲ့ ဥပဒေအရ ထိလို့မရတဲ့ လူဆိုးတွေကို ဆုံးမသွားမှာပါ ဇတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Chanyein Soe ဖြစ်ပါတယ် File size…3.77 GB / 1.75 GB Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Chanyein Soe
movie
Singham Returns (2014)
2014
6.8
Singham (2011)
ဇာတ်လမ်းကတော့ ငွေကြေးချမ်းသာတဲ့ ဒုစရိုက်သမားတွေက လာဘ်စားတဲ့ရဲတွေနဲ့ပေါင်းပြီး ဥပဒေကိုဂရုမစိုက် ထင်တိုင်းကြဲနေကြပါတယ်ဒါကိုမခံနိုင်တဲ့ သမာသမတ်ကျတဲ့ရဲတစ်ယောက်က သူတို့ကိုဆန့်ကျင်ဖို့ကြိုးစားတဲ့အခါမှာတော့ အဲဒီရဲကို လာဘ်စားတယ်ဆိုပြီးလုပ်ကြံအမှုဆင်ကာ ထောင်ချဖို့ကြိုးစားပါတော့တယ်ဘယ်လိုမှဖြေရှင်းလို့မရတော့တဲ့ အဆုံးမှာတော့ လုပ်ကြံတရားစွဲခံရတဲ့ရဲဟာ သူ့ရုံးခန်းမှာတင် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ်သုံးနှစ်ကြာပြီးနောက်မှာ အဲဒီရဲရဲ့မိန်းမပြန်အစဖော်တဲ့အတွက်ကြောင့် နောက်တစ်ခါဒီအမှုကို ပြန်စစ်ဖို့တာဝန်ကျတဲ့သူကတော့ ရဲအရာရှိ ဘာဂျီရိုဆင်းဂမ် ပဲဖြစ်ပါတယ်...ဆင်းဂမ်ဟာ သတ်သေသွားတဲ့ရဲအရာရှိဟောင်းရဲ့ ရုံးခန်းမှာထိုင်ပြီး ဒီဒုစရိုက်သမားတွေရဲ့ နည်းမျိုးစုံခြိမ်းခြောက်ဒုက္ခပေးတဲ့ကြားက ဘယ်လိုပြန်ပြီး အပြစ်ပေးနိုင်အောင်လုပ်သွားမလဲကိုတော့ ဇာတ်ကားထဲမှာဆက်ကြည့်သွားကြပါလို့ဘာသာပြန်ကတော့ May Thu ဖြစ်ပြီးအညွှန်းကို Chanyein Soe မှ ရေးပေးထားပါတယ် File size… 4.2 GB / 1.8 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by May Thu
movie
Singham (2011)
2011
6.3
Simmba (2018)
ဘောလီဝုဒ်ရဲ့ နာမည်ကြီးမင်းသား ရန်ဗီးဆင့်ရဲ့ ၂၀၁၉ ထွက် နာမည်ကျော် ရုံတင်ဇာတ်ကားကြီးအကြည်ထွက်လာလို့ အမြန်ဆုံးနင်ဆက်ပေးလိုက်ပါတယ်ဒါရိုက်တာကလည်း တခြားသူမဟုတ်ဘဲ အက်ရှင်အသားပေး ဒါရိုက်တာကြီး ရိုဟစ် ရှက်တီဖြစ်တဲ့အတွက်အက်ရှင်အလန်းစားတွေ မျှော်လင့်နေသူတိုင်းအတွက် အကြိုက်တွေ့မှာ အမှန်ပါပဲနောက်ခံသီချင်းအလန်းစားတွေနဲ့ ကြမ်းမှကြိုက်သူတွေကတော့ လုံးဝကို လက်လွတ်မခံပါနဲ့=============================================ဆင်(မ်)ဘား နာမည်အပြည့်အစုံကတော့ ဆန်ဂရမ် ဘာလေရောင်သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ် သူကောင်းစားရေး "ဒါ ၂၁ ရာစုပဲ၊ ဒီမှာ လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုအတွက်နဲ့ပဲရှင်သန်နေကြတာ အဲ့ဒါက ကိုယ့်ကောင်းစားရေးအတွက်ပဲ"ငယ်စဉ်ကတည်းက ခါးပိုက်နှိုက်လုပ် မရိုးမသားငွေရှာတဲ့ ဆင်(မ်)ဘားတစ်ယောက် တနေ့ ရဲအဖမ်းခံရပါလေရာ၊သူ သြဇာရှိလွန်းတယ်ထင်တားတဲ့သူခိုးခေါင်းဆောင်က ရဲအရှေ့ရောက်တော့ ခွေးရှေ့က ကြောင်လေးလိုဖြစ်သွားပြီး ပိုက်ဆံတွေပေးလိုက်ရတာ မြင်လိုက်ရတယ်အဲ့ဒိအချိန်မှာ သူသိလိုက်ရတာ လောကမှာ သြဇာအာဏာအရှိဆုံးကယူနီဖေါင်း၊ ယူနီဖေါင်းဝတ်ထားတဲ့သူကို လူဆိုး လူမိုက်မှန်သမျှ ကြောက်ရတယ် သူ့အတွက် ပိုက်ဆံရှာဖို့ အလွယ်ဆုံးနဲ့ အာဏာရှိဖို့က ရဲလုပ်မှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ရဲတစ်ယောက်ဖြစ်အောင်လုပ်ပြီးအကျင့်ပျက်ချစား၊ လာဘ်ယူတဲ့နေရာမှာ နာမည်ကျော်တဲ့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ မီရာမာ(ရ်) ရဲစခန်းကို ပြောင်းရွေ့မိန့်ကျတဲ့အခါမှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့အပြောင်းလဲကြီး တစ်ခုဖြစ်လာပါတော့တယ် ခံစားချက်မဲ့ လောဘသားလို့ထင်ထားတဲ့ ဆင်(မ်)ဘားဟာအဲ့ဒိမြို့မှာ ညီမလေးတစ်ယောက်လို သံယောဇဉ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်အဲ့ဒိညီမလေးကို သူလာဘ်ယူနေတဲ့ လူဆိုးလူမိုက်တွေ ...
movie
Simmba (2018)
2018
The Legend of Bhagat Singh (2002)
အိန္ဒိယနိုင်ငံတော်လှန်ရေး သူရဲကောင်း ဘဂတ်စင့် အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်မျက်နှာဖြူအင်္ဂလိပ်လက်အောက်ကနေ အိန္ဒိယနိုင်ငံကြီး လွတ်လပ်ရေး ရဖို့ ကြိုးစားကြရာမှာ ပေးဆပ်မှုတွေ မျက်ရည်တွေ သွေးမြေကျခဲ့ရမှုတွေကို သမိုင်းအတိုင်းရိုက်ကူး ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ခုပါ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး လူတွေ ရဲ့ နှလုံးသားထဲဝင်ရောက်ခဲံပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်File size…(3.5 GB)/(1.6 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Crime, History Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Emma
movie
The Legend of Bhagat Singh (2002)
5.6
Baadshaho (2017)
1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့် အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ်ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူးပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့်ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေက ပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်ထဲကို ပြန်အပ်ရပါတယ်။ဂီတန်ဂျလီကတော့ ...
movie
Baadshaho (2017)
2017
5.4
Auron Mein Kahan Dum Tha (2024)
Auron Mein Kahani Dum Tha (2024)ဒီနေ့မှာတော့ action crime drama အမျိုးအစားနဲ့ ဘောလိဝုဒ်ပရိသတ်မဟုတ်တဲ့ လူတွေနဲ့တောင် မစိမ်းလောက်မယ့် မင်းသားကြီး Ajay Devgn ရဲ့ဇာတ်ကားအသစ်စက်စက်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းခရစ်ရှ်နား (Ajay Devgn) ဟာ လူသတ်မှု၂ခုနဲ့ ထောင်ဒဏ် ၂၅ နှစ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်ဖြစ်ပါတယ်။ လူနေတည်ကြည်ပြီး ကောင်းမွန်စွာပြုမူနေထိုင်တာကြောင့် အထက်က သူ့ကို ပြစ်မှုထောင်ဒဏ်တစ်ဝက်တိတိ လျှော့ချပြီး နောက်တစ်နေ့မှာတင် ထောင်ကလွတ်တော့မှာပါ။ဒါပေမဲ့ သူကအဲဒီလို ပြစ်ဒဏ်လျှော့ပေါ့ပေးတာကို လက်မခံနိုင်ကြောင်း စာတင်လျှောက်ထားခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ အကျဉ်းသားတိုင်းလိုချင်တဲ့ ပြစ်ဒဏ်လျှော့ပေါ့မှုမျိုးကို ရုတ်သိမ်းပေးဖို့ တောင်းဆိုရတဲ့အကြောင်းအရင်းက ဘာများဖြစ်မလဲ။ဘာကြောင့် ဒီလိုပြစ်မှုကို ကျူးလွန်ပြီး ဘာအတွက်ကြောင့်များ ထောင်ကထွက်ပြီး အပြင်လောကကို မရင်ဆိုင်ချင်လဲဆိုတာ ခရစ်ရှ်နားရဲ့ ဇာတ်ကြောင်းကို နောက်ကြောင်းအတူပြန်ရင်း ဇာတ်လမ်းလေးကို လိုက်ပါစီးမြောကြည့်လိုက်ရအောင်ပါခင်ဗျာ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။) File size… 2.16 GB / 1.08 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie
Auron Mein Kahan Dum Tha (2024)
6.9
Ishq (1997)
Ishq 1997 ( ချိုမြိန်တဲ့သောက) IMDb - 6.8/10Ishq ဇာတ်ကားဟာ1997 ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး IMDb - 6.8ရရှိထားကာ အဲဒီနှစ်ရဲ့ တတိယ၀င်ငွေအများဆုံးရခဲ့ပါတယ်။ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း. နာမည်ကျော် ခန်း ၃ ခန်းထဲက Pk မင်းသားဖြစ်တဲ့ အမီရာခန်း ( Aamir Khan ) ၊ မင်းသားကြီး အဂျေး ( Ajay Devgn ) ၊ မင်းသမီးကြီး Juhi Chawla နဲ့ Kajol တို့ရဲ့ ငယ်စဉ်ကာလ နုပျိုချောမောမှုတွေနဲ့အတူ Chemistry မိမိရိုက်ကူးတာပါ..ဇာတ်ကားအကျဉ်းကတော့-ဆင်းရဲသားကို မစင်ပုံရွံသလို ရွံတတ်ကြတဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး နှစ်ဦးဟာ သူတို့ရဲ့သားနဲ့သမီးကို သဘောမတူတဲ့လူနဲ့ ယူသွားမှာကြောက်လို့ သူတို့မသိစေဘဲ လက်ထပ်စာချုပ်ကြိုချုပ်ပေးထားဖို့လုပ်ရာက အသိုင်းအဝိုင်းထဲကမဟုတ်တဲ့လူနဲ့တွေ့ဆုံမိပြီး သဘောကျသွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ? ဘယ်လို ပြဿနာ ဘယ်လိုအရှုပ်အထွေးတွေဖြစ်လာဦးမလဲ? ချစ်သောသူချင်းပေါင်းရပါ့မလား? အလွဲလွဲအမှားမှားနဲ့ပဲ ချစ်ရသူနဲ့လက်ထပ်မယ့သူ မတူကွဲပြားသွားမလား? ဘာညာသာရကာကတော့ ...
movie
Ishq (1997)
4.2
Son of Sardaar (2012)
Son of Sardaar (2012)မင်းသားကြီး အဂျေးသရုပ်ဆောင်ထားတဲ့ ဟင်ဒီစကားပြောဒီရုံကားက 2010 ကထွက်ရှိထားတဲ့ တမီလ်စကားပြော "Maryada Ramanna" ကို remake ပြန်လည်ရိုက်ကူးထားတာပါ တိုက်ဂါး မင်းသားကြီး Salman Khan လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်မွေးရပ်မြေ အိန္ဒိယကို မြေကွက်ရောင်းဖို့ပြန်လာတဲ့ အဂျေး ..ဒီမွေးရပ်မြေမှာကသူတို့မိသားစုနဲ့ ကမ္ဘာ့ရန်သူတွေဖြစ်တဲ့ စန်ဒူးမိသားစုရှိတယ်ပေါ့ဗျာ မျိုးဆက်သာတုန်းမယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ တွေ့တာနဲ့အချင်းချင်းသတ်နေကြတဲ့ ဒီ၂ဖက်မိသားစု ဒီရန်ပွဲမှာ သူ့အဖေကနစ်နာသူအဖြစ်နဲ့ အသတ်ခံလိုက်ရတယ် ဒီ ရန်ငြိုးကို ဦးလေးဖြစ်သူက အဂျေးတို့ကိုပြန်ဆပ်ခိုင်းပြီး ရန်ကြွေးကိုမဆပ်ရသေးဘဲ မင်္ဂလာမဆောင်ရဘူးဆိုပြီး ရာဇသံပေးလို့ အဂျေးရဲ့မိခင်ဖြစ်သူက သားတွေခေါ်ပြီးထွက်ပြေးလာခဲ့ရာက အခုဒီမွေးရပ်မြေကို အဂျေးတစ်ယောက် မြေပြန်ရောင်းဖို့ဇာတ်လမ်းစလာခဲ့တာပေါ့ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲရွာမှာ စောင့်ဆိုင်းနေတဲ့ သူတို့ရဲ့ကမ္ဘာ့ရန်ဘက်ကြီးရဲ့သမီးကိုမှ မြင်မြင်ချင်းချစ်မိသွားတဲ့ အဂျေးတစ်ယောက် ဘယ်လိုဇာတ်လမ်းနဲ့နှစ်ပါးသွားကြမလဲ တစ်ဖက်ကကလဲ့စား တစ်ဖက်ကချစ်ခြင်းမေတ္တာနဲ့ ဘယ်လမ်းကိုရွေးမယ်ဆိုတာကိုတော့...(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပြီး Khaing Swe Swe Theint မှ ဘာသာပြန်ဆိုပေးထားပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Son of Sardaar (2012)
2012
1
2
Next