Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aisling Bea
5.5
Swede Caroline (2024)
ရှပ်တွန်မောလက်ပြိုင်ပွဲဆိုတာက ကမ္ဘာ့စံချိန်တင် အကြီးဆုံး အလေးဆုံး အရှည်ဆုံးစတဲ့အသီးအနှံတွေပြိုင်ကြတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပကြတဲ့အပြင်ဒီလိုအသီးအနှံစိုက်ပျိုးတာကိုရူးသွပ်တဲ့သူတွေအတွက် အိမ်မက်တစ်ခုလို့တောင်ဆိုလို့ရတယ်။၂၀၁၇ ပြိုင်ပွဲမှာ မထင်ထားတဲ့သူ ကာရိုလိုင်းဆိုတဲ့အမျိုးသမီးတစ်ယောက်က ယောကျ်ားတွေနဲ့ရင်ဘောင်တန်းပြီးပြိုင်နိုင်လောက်တဲ့အထိ အရည်းအချင်းရှိတဲ့သူဖြစ်ကြောင်းကိုထုတ်ပြနိုင်ခဲ့ပါတယ်။ဒါပေမယ့် အကဲဖြတ်ဒိုင်တွေဟာ ကာရိုလိုင်းရဲ့ ပြိုင်ပွဲဝင်ကျောက်ဖရုံသီးကို အက်ကွဲကြောင်းပါတယ်ဆိုတဲ့ပြစ်ချက်လေးတစ်ခုနဲ့ပြိုင်ပွဲကနေထုတ်ပစ်ခဲ့ပါတယ်။တစ်ချို့က အမျိုးသမီးဖြစ်နေလို့ထုတ်ပစ်တာဆိုကြတယ်။ကာရိုလိုင်းရဲ့အိမ်နီးချင်းမိတ်ဆွေပေါလ်ကတော့ မကျေနပ်ကြောင်းဖော်ထုတ်ခဲ့ပေမယ့် သူတို့လည်းမတတ်နိုင်ဘဲပြိုင်ပွဲကနေ အောင့်သက်သက်နဲ့ထွက်လာခဲ့ရတယ်။ဒီအခြေအနေကို အစအဆုံးမြင်လိုက်ရတဲ့ ရုပ်ရှင်ဒါရိုက်တာပိုးဝင်နေတဲ့ ကတ်စီဟာ ကာရိုလိုင်းတို့ကို စိတ်ဝင်စားသွားပြီး ၂၀၁၈ ပြိုင်ပွဲအတွက် ကာရိုလိုင်းရဲ့တစ်နှစ်တာလုံးပြိုင်ပွဲအတွက်ပြင်ဆင်ပုံတွေကို မှတ်တမ်းရိုက်ကူးမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်။ File Size… (1.93 GB) / ( 639 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 38m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML
movie
Swede Caroline (2024)
5.5
Get Away (2024)
ဒီတစ်ခါ cm ပရိသတ်ကြီးကို အင်္ဂလိပ်စကားပြော ဆွီဒင်ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အားလပ်ရက် ပိတ်ရက်ခရီးထွက်လာကြတဲ့ မိသားစုတစ်စုဟာ ဆွီဒင်နိုင်ငံက အစွန်အဖျားကျွန်းလေးတစ်ခုဖြစ်တဲ့ ဆဗယ်တာဆိုတဲ့ ကျွန်းဆီကို ခရီးထွက်လာခဲ့ကြတာပါ။ ဒီကျွန်းမှာ ဆယ်နှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်တဲ့ကရန်တန်ပွဲကို ဆင်နွှဲလေ့ရှိပါတယ်။ကရန်တန်ပွဲတော်ဆိုတာက လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က ကူးစက်ရောဂါကြီး ဖြစ်ပွားနေကြချိန် တစ်ကျွန်းလုံးကို အားလုံးနဲ့အဆက်အသွယ်ဖြတ် ကွာရန်တင်းလုပ်ခဲ့တာကို အစွဲပြုပြီးခေါ်ဆိုတဲ့ နာမည်တစ်ခုပါ။ ဒီမိသားစုဟာ ကရန်တန်ပွဲတော်ချိန်ခါဒီကျွန်းကို ရောက်လာချိန်မှာ နယ်ခံအားလုံးက သူတို့ကို မလိုလားဟန်ပြပေမယ့် အရေးမစိုက်ဘဲ ခေါင်းမာမာနဲ့ ဆက်ပြီး နေခဲ့ကြပါတယ်။ဒီလိုနဲ့ ကရန်တန်ပွဲနေ့ကို ရောက်လာချိန်မှာတော့....။ဒီဇာတ်ကားလေးမှာ လူတွေဟာ အချိန်မရွေး သားကောင်ကနေ မုဆိုး၊မုဆိုးကနေ သားကောင်ဘဝကိုရောက်သွားနိုင်တယ်ဆိုတာ ထင်ဟပ်ပြသထားနိုင်သလို စိတ္တဇ လူသတ်သမားဆိုတာ ထင်မထားသူဖြစ်နေနိုင်ပြီး ချိုပေါက်နေတာ မဟုတ်ဘူးဆိုတာပါပဲ။ File size… (1.25GB) / (661MB) Quality… WEB-DL 1080p HEVC / ...
movie
Get Away (2024)
5.9
And Mrs (2024)
IMDb Rating – 5.9/10ဒီကားကိုတော့ ဒါရိုက်တာ Daniel Reisinger ရိုက်ကူးထားပြီးမင်းသား Colin Hanks နဲ့ မင်းသမီး Aisling Bea နဲ့Billie Lourd တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားတော့ အချစ်ဒရာမာဇာတ်လမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။ရင်ထဲကိုထိသွားစေမယ့် လက်ရာကောင်းလေးပါ။ဂျမ်မာ နဲ့ နေသန်နဲ့က အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ပြီးတော့လက်ထပ်ဖို့အတွက် အရာအားလုံးကို စီစဉ်ပြီးနေပါပြီ။နေသန်ကတော့ ရိုးအတဲ့လူဖြစ်ပြီးတော့ ဂျမ်မာကတော့ချစ်တာကိုထုတ်မပြတတ်တဲ့အပြင် လက်ထပ်တာကိုလည်းမယုံဘူးဆိုပြီး နေလာခဲ့တဲ့သူပါ။ဒီလိုနဲ့ လက်မထပ်ခင်မှာတင်ပဲ နေသန်က ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ ချစ်ရသူသေဆုံးသွားတဲ့နောက်မှာ ဂျမ်မာကနေသန့်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်ပေးဖို့အတွက် ဆုံးဖြတ်လိုက်တဲ့အခါနေသန်အမြဲဖြစ်ချင်ခဲ့သလို သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကိုဆက်ကျင်းပဖို့ ကြိုးစားပါတော့တယ်။သတို့သားသေဆုံးသွားတဲ့ မင်္ဂလာပွဲကို ဆက်ကျင်းပဖို့အတွက်နေသန့်ညီမ အော်ဒရေးရဲ့ အကူအညီနဲ့အတူ မိသားစုဝင်တွေရဲ့သဘောမတူမှုတွေကြားမှာ ဂျမ်မာ ဘယ်လိုဆက်လုပ်မှာလဲ....တရားဥပဒေအရ လိုအပ်ချက်တွေကို ပြည့်မီအောင် ဂျမ်မာလုပ်နိုင်မှာလား...လူတွေရဲ့ ထောက်ခံမှု၊ ကန့်ကွက်မှုမျိုးစုံရဲ့ ကြားကနေ ဂျမ်မာရဲ့နေသန့်ဆန္ဒကို ဖြည့်ဆည်ပေးတဲ့ကိစ္စက အောင်မြင်သွားမလား...ချစ်ရသူကို သူဘယ်လောက်ချစ်ကြောင်း မပြောဖြစ်ခဲ့လို့နောင်တရခဲ့တဲ့ဂျမ်မာရဲ့ လက်ထပ်ပွဲအတွက် ...
movie
And Mrs (2024)
5.8
Greatest Days (2023)
ကိုယ်ငယ်ငယ်တုန်းက ငယ်သူငယ်ချင်းတွေနဲ့ရူးသွပ်ခဲ့တဲ့အရာလေးတွေ အမှတ်တရတွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။ ဒီ Greatest Days ဆိုတဲ့ဇာတ်ကားလေးထဲမှာလဲ မိန်းကလေးသူငယ်ချင်းငါးယောက်ရဲ့ငယ်ငယ်တုန်းက The Boys ဆိုတဲ့ယောက်ျားလေးအဆိုတော်အဖွဲ့ကိုရူးသွပ်ခဲ့ပုံတွေ သူတို့ရဲ့ပျော်ရွှင်စရာမှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကိုရိုက်ကူးထားတာတွေ့ရမှာပဲဖြစ်ပါတယ်။ဒါပေမယ့် အမှတ်တရတွေဆိုတာကပျော်ရွှင်စရာကောင်းတဲ့အမှတ်တရတွေရှိသလို ဝမ်းနည်းစရာအမှတ်တရတွေလဲရှိပါတယ်။ဒီလိုနဲ့သူတို့ငါးယောက်မှာ ဝမ်းနည်းစရာအမှတ်တရတစ်ခုကိုကြုံခဲ့ပြီးတဲ့ အချိန်ပြီးတဲ့နောက်မှာတော့ သူငယ်ချင်းတွေလဲလူစုကွဲသွားကြပြီး ၂၅ နှစ်ကြာမြင့်သွားခဲ့ပါတယ်။ဒီလိုနဲ့ ၂၅ နှစ်ကြာပြီးတဲ့နောက်မှာသူတို့သူငယ်ချင်းတွေထဲက ကောင်မလေးတစ်ယောက်က ငယ်ငယ်တုန်းကရူးသွပ်ခဲ့ရပြီး အခုထက်ထိလဲရူးသွပ်နေတဲ့ The Boys အဖွဲ့ရဲ့ပြန်လည်ဆုံစည်းခြင်းဖျော်ဖြေမှုပွဲကိုသွားဖို့ ကံစမ်းမဲလက်မှတ်ကံထူးသွားခဲ့ပါတယ်။ဒီလိုနဲ့တစ်ကွဲတစ်ပြားဖြစ်နေတဲ့သူငယ်ချင်းတွေကို ပြန်လည်စုစည်းပြီးတော့အဲ့ဒီခရီးစဉ်ကိုအတူတူသွားကြတဲ့ပုံတွေနဲ့ သူတို့ရဲ့ငယ်ဘဝတွေနဲ့လက်ရှိ ဘဝတွေမှာ ဘာတွေများကွာခြားသွားလဲဆိုတာတွေကို ကြည့်ပြီးတော့ငယ်သူငယ်ချင်းတွေကိုပြန်အမှတ်ရစေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.09GB / 887MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 52m Genre ….. Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Greatest Days (2023)
5.5
Riverdance: The Animated Adventure (2021)
ချစ်စရာ ကာတွန်းကားလေးတစ်ခုတင်ဆက်ပေးထားပါတယ်။ Magical Fantasy အမျိုးအစားပါပဲ။ ကီဂန်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက မိဘမရှိလို့ အဖိုးနဲ့အဘွားက မွေးစားထားခဲ့ရတာပါ။ သူ့ရဲ့အဖိုးကတော့ မီးပြတိုက်စောင့်တဲ့အလုပ်ကိုလုပ်ပါတယ်။ ပြီးတော့ အဘိုးကအမြဲပြောတယ်၊ မီးပြတိုက်ရဲ့အလင်းရောင်ဟာ အမှောင်ထုကြီးကို သယ်ဆောင်လာမယ့် မုဆိုးကြီးကို အမြဲဟန့်တားပေးနေတဲ့ အရာပါပဲတဲ့။ မီးပြတိုက်အလင်းရောင်သာ မရှိတော့ရင် မုဆိုးကြီးဟာ မှော်သမင်ကြီးတွေကို လိုက်ဖမ်းလိမ့်မယ်၊ မှော်သမင်ကြီးတွေသာ မရှိတော့ရင် မြစ်တွေလည်း ရေတွေခန်းခြောက်ပြီး သက်ရှိတွေအားလုံး ဒုက္ခရောက်ကြလိမ့်မယ်တဲ့။ ကီဂန်လေးက ဒါကို ပုံပြင်လိုပဲ သဘောထားပြီး မယုံခဲ့ပေမဲ့ တစ်နေ့မှာတော့ အဘိုးကိုယ်စား မီးပြတိုက်ကို မီးထွန်းဖို့ ပျက်ကွက်ခဲ့တဲ့အခါ....အကအလှလေးတွေ ရယ်စရာလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းရုပ်ရှင်ဖြစ်လို့ ကလေးရော လူကြီးရော သဘောကျကြမယ်ထင်ပါတယ် File size…(1.7 GB)/(700 Mb)/(350 Mb) Quality….HDrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Animation, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Riverdance: The Animated Adventure (2021)
Home Sweet Home Alone(2021)
Home Alone(2021) ==============Comedy,Familyခရစ်စမတ် ရာသီစာလို့ပြောလို့ရပြီးကလေးဘဝက လူတိုင်းနှစ်သက်ခဲ့တဲ့ Home Alone ရဲ့ RemakeHome Sweet Home Alone ထွက်ရှိလာပါပြီ. ဇာတ်လမ်းကတော့ ခရစ်စမတ် မိသားစုအားလပ်ရက်ခရီးမှာ မက်စ်ဝဲမာဆာဆိုတဲ့၁၀ နှစ်သားကောင်လေးက အိမ်မှာ ၁ ယောက်ထဲကျန်ခဲ့တဲ့ ပုံစံနဲ့တည်ထားပါတယ်သူ့ဆီကနေ မက်ကင်ဇီစုံတွဲက တန်ဖိုးကြီးကြွေရုပ်ကို လုယူဖို့ကြိုးစားတဲ့ပုံစံကို တင်ဆက်ထားတာပါဒါကို မက်စ်ဝဲလ်တစ်ယောက် ဘယ်လိုအလွဲလွဲအချော်ချော်တွေ လုပ်ရင်းနဲ့ ဖြတ်သန်းသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ . ၁၉၉၀ ကျော်က Home Alone ကားတွေလောက်မှီမယ်မထင်ပေမယ့်...ငယ်ဘဝဇာတ်ကားတွေကို ပြန်လည်သတိရစေပြီးခရစ်စမတ်မှာ မိသားစုနဲ့ ကြည့်ရှုဖို့အတွက် ကားကောင်းလေးဖြစ်စေမှာပါ( ဇာတ်လမ်းအညွှန်းကိုတော့ Thiha Yan Naing ရေးသားပြီးဘာသာပြန်သူများကတော့ Thiha Yan Naing & Thura Hein တို့ဖြစ်ပါတယ်) File size…970MB / 1.4GB Quality… 720 p / 1080p WEB RIP X264 ...
movie
Home Sweet Home Alone(2021)
2021