Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aidan Gillen
5.4
Amongst the Wolves (2025)
Amongst the Wolves (2025)Danny က အာဖဂန်စစ်ပွဲကနေ ပြန်လာပြီး PTSD ရှိတဲ့ အိမ်ခြေမဲ့ စစ်သားဟောင်းတစ်ဦးဖြစ်တယ်။သူက သူ့ရဲ့သားလေးကို အုပ်ထိန်းစောင့်ရှောက်ခွင့်လိုချင်ပေမဲ့ သူ့ရဲ့ဇနီးက အိမ်ခြေမဲ့ဖြစ်နေတဲ့ Danny ကို သားလေးနဲ့ တွေ့ခွင့်မပေးတဲ့ ပြဿနာတွေလည်းရှိနေတယ်။အဲဒီအချိန်မှာ Power ဆိုတဲ့ မူးယစ်ဆေးခေါင်းဆောင်နဲ့ အဖွဲဆီက ထွက်ပြေးနေတဲ့ Will လိုခေါ်တဲ့ ဆယ်ကျော်သက် အိမ်ခြေမဲ့ကောင်လေးနဲ့ Danny တိုတွေ့ပြီး သံယောဇဉ်တွေ တွယ်လာကြတယ်။Danny က Will ကို မူးယစ်ဆေးမှောင်ခိုအဖွဲကနေ ဘယ်လိုတွေကာကွယ်ပေးပြီး သူ့အတိတ်ကအမှားတွေကို ပြန်ပြင်မလဲ၊Power ရဲ့ ရန်ကနေ သူ့မိသားစုအပေါ်ခြိမ်းခြောက်မှုတွေပါ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖိုစရာ အခန်းတွေနဲ့ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.4 GB) / (840 MB) Quality…. ...
movie
Amongst the Wolves (2025)
2025
6.3
Maze Runner: The Death Cure (2018)
Maze Runner: The Death Cure (2018) ************************************* IMDb.....6.3 ဒီ Maze Runner 3 မှာတော့ ပထမ၂ကားထဲက လွတ်မြောက်လာကြတဲ့ ကောင်လေးတွေထဲက သောမတ်စ်ကလွတ်မြောက်လာတဲ့ လူတွေကို စုစည်းပြီး သူ့သူငယ်ချင်းတွေကို ကယ်ဆယ်ဖို့ ရည်ရွယ်ကာ အဖွဲ့တစ်ဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ မလွတ်သေးဘဲ ကျန်နေခဲ့သေးတဲ့ သူ့သူငယ်ချင်းတွေကိုတင်ဆောင်လာတဲ့ ရထားကို ဖြတ်တိုက်ပြီးတော့ ကယ်ဖို့ကြိုးစားရင်း မအောင်မြင်ဘဲ သောမတ်စ်တစ်ယောက်သူ့ရဲ့ အဖွဲ့နဲ့အတူ Cranks(Zombie) တွေရှိနေတဲ့ လိုဏ်ခေါင်းထဲကို ရောက်သွားပြီး အန္တာရယ်တွေနဲ့ရင်ဆိုင်ကြရပြန်ပါတော့တယ်.. သူတို့ထဲကမှ ဒီဖုတ်ကောင်ကူးစက်တဲ့ရောဂါကို ခံနိုင်ရည်ရှိတာကတော့မင်ဟိုဆိုတဲ့ ကောင်လေးပါ.. ဒီလိုနဲ့ မင်ဟိုကို ဖြေဆေးဖော်ဖို့ The Last City မြို့က လူတွေက လိုက်ဖမ်းရင်းနောက်ဆုံးမှာ သူတို့ ဘယ်လိုတွေဖြစ်ကြမလဲ.. ဖုတ်ကောင်တွေရန်ကရော ကာကွယ်နိုင်ပါ့မလား..Maze ထဲကလွတ်မြောက်လာတဲ့ ပထမဆုံး Runner တွေကရော ဘာအတွက် ထွက်ပြေးနေရတာလဲ..ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျပဲ ...
movie
Maze Runner: The Death Cure (2018)
6.3
Maze Runner: The Scorch Trials (2015)
Maze Runner: The Scorch Trials (2015) ************************************* IMDb.....6.3 အားလုံးပဲစောင့်မျှော်နေကြတဲ့ Maze Runner 2 လာပါပြီ.. ဒီ Maze Runner 2 မှာတော့သောမတ်စ် ဆိုတဲ့ကောင်လေးကို WCKD အဖွဲ့က အဖွဲ့ဝင်တွေ ခေါ်ဆောင်သွားတာနဲ့ အစပျိုးထားပါတယ်...နှစ်တွေကြာလာတဲ့ အချိန်မှာတော့ သောမတ်စ်နဲ့အတူ ကျန်ရှိနေသေးတဲ့ ဂလိတ် အဖွဲ့ဝင်တွေကိုမစ္စတာ ဂျန်ဆန်က ကယ်တင်ခဲ့တယ်.. သူကတော့ WCKD အဖွဲ့ဝင်တွေရဲ့ ရန်ကနေ ကယ်တင်ပေးဖို့လို့ပြောပေမဲ့ သောမတ်စ်က မသင်္ကာလို့ စုံစမ်းလာတဲ့ အခါမှာတော့ မစ္စတာ ဂျန်ဆန်ကလည်း WCKD အဖွဲ့နဲ့ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတာကို သူ သိလာခဲ့ရပါတယ်.. ဒီနောက်ပိုင်းမှာတော့ သူတို့တွေဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားလိုက်ပါဦး.. (ဇာတ်ကားအညွန်းရေးသူကတော့ Carey Nyein ပဲဖြစ်ပါတယ်) File Size : 1.89GB/ 980MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:12:00 Genre : ...
movie
Maze Runner: The Scorch Trials (2015)
Dance First (2023)
ဒီဇာတ်လမ်းလေးကတော့ နိုဘယ်ဆုရှင် စာရေးဆရာတစ်ဦးဖြစ်တဲ့ ဆန်မြူရယ်ဘက်ကပ်ရဲ့ ဘဝဇာတ်ကြောင်းကို သူ့ရဲ့အတွင်းစိတ်ထဲကလူတစ်ယောက်နဲ့ စကားပြောနေဟန်နဲ့ဆွဲခေါ်သွားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။စာရေးဆရာ ဆန်မြူရယ်ဘက်ကပ် နိုဘယ်ဆုရရှိပြီးနောက် ဆုကြေးငွေကို မည်သူ့ကိုပေးရမလဲလွန်ဆွဲနေရင်းနှင့် သူ၏ငယ်ဘဝတွေဆီကို တဆင့်ချင်းဆွဲခေါ်သွားပါတော့တယ်။ မိခင်ဖြစ်သူနှင့် သူ၏ဆက်ဆံရေး အဆင်မပြေပုံ၊ စာရေးဆရာဂျွိုက်စ်ထံ သွားရောက်ပညာဆည်းပူးရာမှ ဂျွိုက်စ်၏သမီးဖြစ်သူကြောင့် မိတ်ဆွေဆက်ဆံရေး အက်ကြောင်းထင်ခဲ့ရပုံ၊ အချစ်ဆုံးသူငယ်ချင်း အဲဖရက်အပေါ် သူ၏အပြစ်ရှိစိတ် ၊အမြဲတမ်းနိုင်စားခဲ့ရသော မိမိ၏ဇနီးဖြစ်သူအပေါ် အားနာစိတ် စသည်ဖြင့် စာရေးဆရာဆန်မြူရယ်ဘက်ကပ် ဘဝနေဝင် ချိန်အထိ သူ၏ဘဝအပေါ်ရှူမြင်ပုံ သူ၏နောင်တတရားတို့ကို တဆင့်ချင်းဆွဲခေါ်သွားမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(697 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Dance First (2023)
6.7
King Arthur: Legend of the Sword (2017)
2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ...
movie
King Arthur: Legend of the Sword (2017)
2017
4K HEVC
8.0
Bohemian Rhapsody (2018)
Bohemian Rhapsody (2018) IMDb - 8.0/10_____Rotten - 60% Won 4 Oscars. Another 40 wins & 76 nominations ၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။လက်ရှိမှာတေ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့ အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါလိမ့်မယ်။ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေ အားလုံး ကောင်းနေပါတယ်။Queen တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် Live Aid ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။ဖရက်ဒီမာကျူရီရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ သီချင်းဟာ မာစတာပိစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။သမိုင်းတစ်လျှောက် ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ...
movie
Bohemian Rhapsody (2018)
2018
4K HEVC
12 Rounds (2009)
နယူးအော်ရီလန်က ရဲအရာရှိ ဒန်နီဖစ်ရှာ (John Cena) ဟာ နာမည်ကြီးခိုးမှုတစ်ခုရဲ့ တရားခံနောက်ကိုလိုက်နေတုန်းမှာ အဲဒီတရားခံရဲ့ ကောင်မလေးဟာ မတော်တဆ သေသွားခဲ့ရပါတယ်.လက်စားချေဖို့ကို ဆာလောင်နေတဲ့ ဉာဏ်ကြီးရှင်တရားခံဟာ တစ်နှစ်အကြာမှာ ထောင်ကနေ ဖောက်ပြေးလာပြီး ဒန်နီရဲ့ ဇနီးလောင်းကို ပြန်ပေးဆွဲသွားပါတော့တယ်.. သူ့ဇနီးလောင်းကိုကယ်ဖို့အတွက် ဒန်နီဟာ အဲဒီတရားခံနဲ့ ဉာဏ်ချင်းယှဉ်ပြိုင်ပြီး ၁၂ ချီရှိတဲ့ ကစားနည်းတစ်ခုကို သူ့ဇနီးလောင်းရဲ့အသက်နဲ့ရင်းပြီး ကစားရတဲ့အခါ....ဒန်နီက သူ့ဇနီးလောင်းကိုကယ်ဖို့ အောင်မြင်သွားမလား....ဒါမှဟုတ် တရားခံဖြစ်တဲ့ မိုင်းစ်ကပဲ ဒန်နီကိုဘယ်လိုတွေလှည့်စားပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ အနိုင်ယူသွားမလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သင့်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.အဓိကဇာတ်ဆောင်အနေနဲ့ WWE Superstar John Cena ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe
movie
12 Rounds (2009)
6.2
Shanghai Knights (2003)
ဂျက်ကီချန်း ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေShanghai Knights ဇာတ်ကားဟာ 2003 ခုနှစ်ကထွက်ရှိထားတဲ့ တရုတ်အမေရိကန်အက်ရှင်ကားတစ်ကားဖြစ်ပါတယ် IMDb rating 6.2/10 ရရှိထားပြီး Jackie Chan ၊ Owen Wilson ၊ Donnie Yan ၊ Aaron Taylor စတဲ့သရုပ်ဆောင်ကြီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့Chon Wang ဟာ အမိမြေတရုတ်နိုင်ငံကိုစွန့်ခွာပြီး အမေရိကန်နိုင်ငံ Carson မြို့လေးမှာ အရာရှိတစ်ယောက်အဖြစ်အသက်မွေးဝမ်းကျောင်းသူပါ....ဖခင်ဖြစ်သူကတော့ တရုတ်တော်ဝင်နန်းတွင်းတံံဆိပ်ကိုထိန်းသိမ်းရသူတစ်ဦးဖြစ်ပြီး သားလုပ်သူကိုမနှစ်မြို့သူတစ်ဦးဖြစ်ပါတယ်....တော်လှန်ပုန်ကန်မှုတွေဖြစ်တဲ့အချိန်မှာ သူပုန်တွေက Chon Wang အဖေ့ကိုသတ်ပြီး တံဆိပ်တုံးလုယူသွားခဲ့ပါတယ်.....ဒီဖြစ်ရပ်ကြောင့် Chon Wang ဟာ ပါတနာRoy O'Bannonနဲ့ပူးပေါင်းပြီး လူသတ်သမားတွေထွက်ပြေးရာလန်ဒန်ကို လိုက်သွားပါတော့တယ်.....နောက်ဆုံးမှာ အဖေ့အတွက်ကလဲ့စားချေနိုင်မှာလား....တရားခံတွေကရောဘယ်သူတွေလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါ.... File size…(2.1 GB)/(1.2 GB) Quality….. Blu-Ray 1080p / 720p Format…mp4 Duration….01:54:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min ...
movie
Shanghai Knights (2003)
2003
Wake Wood (2009)
IMDb 5.5 နဲ့ Rotten Tomatoes 88%အထိရရှိခဲ့တဲ့ ၂၀၀၉ခုနှစ်ထွက် သဘာ၀လွန် horrorကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၉နှစ်အရွယ်သမီးဖြစ်သူ အဲလစ်ဟာ လည်ပင်းကိုခွေးကိုက်ခံရပြီး သေဆုံးသွားပြီးတဲ့နောက်မှာ ပက်ထရစ်နဲ့ လူဝိစ်တို့ ဇနီးမောင်နှံဟာ မြို့ပြနဲ့ဝေးလံတဲ့တစ်နေရာက Wake Woodလို့အမည်ရတဲ့ မြို့လေးတစ်မြို့မှာအခြေချဖို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။မြို့ငယ်လေးရဲ့ အကြီးအကဲဖြစ်သူ အာသာဟာ ပက်ထရစ်နဲ့လူဝိစ်တို့ရဲ့သမီးဖြစ်သူကို ထူးဆန်းတဲ့သဘာ၀လွန်ဓလေ့ထုံးတမ်းတွေကိုအသုံးပြုပြီး သေရွာကပြန်ခေါ်ကာ လူ့ဘ၀ကို ခေတ္တပြန်ရောက်လာအောင် ကူညီပေးနိုင်ကြောင်းကမ်းလှမ်းလာပါတယ်။ဒီလိုနဲ့ ပက်ထရစ်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ အာသာနဲ့ တင်းကြပ်တဲ့စည်းကမ်းတွေ အပေးအယူတွေကို သဘောတူညီမှုရပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။စပွိုင်လာကင်းအောင် အများကြီးမညွှန်းထားပါဘူး။ ဇာတ်အိမ်ကအတော်ကောင်းသလို ၉နှစ်သမီးအဲလစ်ရဲ့သရုပ်ဆောင်ချက်ကလည်း အတော်ပီပြင်တာမလို့ Horror ပရိတ်သတ်တွေအနေနဲ့ မြည်းစမ်းကြည့်ဖို့ မမှားတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ကြောင်း ညွှန်းဆိုပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ (သွေးသံတရဲရဲဇာတ်၀င်ခန်းတွေပါရှိတာကိုတော့ သတိပြုပေးစေလိုပါတယ်) File size…(1.5 GB)/(713 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Wake Wood (2009)
5
Barber (2023)
Barber (2023)~ IMDb - 5/10, Rotten Tomatoes - 75% ~ဒီကားလေးကတော့ လတ်တလောမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ Crime, Drama, Mystery ကားလေးပါ။ Game of Thrones မှာ ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်သွားခဲ့တဲ့ "Little Finger" သရုပ်ဆောင်မင်းသား Aidan Gillen က အဓိကဇာတ်ကောင် အလွတ်စုံထောက်ဗယ်လ်ဘာဘာ အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဇာတ်အိမ်ကိုတော့ အိုင်ယာလန်နိုင်ငံ ကိုဗစ်လော့ဒေါင်းအချိန်ကာလအတွင်းကို တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗယ်လ်ဆီကို မုဆိုးမအဖွားကြီးတစ်ယောက်က ဆာရာဆိုတဲ့ မြေးမလေးပျောက်ဆုံးမှုအတွက် အမှုလိုက်ပေးဖို့ လာငှားရမ်းရာကနေ စတင်ပါတယ်။ ဗယ်လ်တစ်ယောက် အမှုလိုက်ရင်း ရဲတပ်ဖွဲ့အင်စပက်တာနဲ့ ကျောင်းတော်ဟောင်းက ရန်စတွေအပြင် ဗယ်လ်ရဲ့သပွတ်အူလိုဘ၀ကိုပါ စိတ်၀င်တစားကြည့်ရှုရမှာပါ။ သာမန်လူပျောက်မှုလေးတင်မဟုတ်ဘဲ နောက်ကွယ်မှာ Plot Twist လေးတွေပါ ရှိနေတာမို့ အားလုံးပဲ ဗယ်လ်နဲ့အတူ ဆာရာကိုလိုက်ရှာကြည့်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe ...
movie
Barber (2023)
2023
8.5
The Dark Knight Rises (2012)
The Dark Knight Rises (2012) IMDb Rating (8.4) ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight ...
movie
The Dark Knight Rises (2012)
2012
4K HEVC IMAXHDR
6.3
Those Who Wish Me Dead 2021
ဒီရုပ်ရှင်မှာတော့ အန်ဂျလီနာ ဂျိုလီက ဦးဆောင်ပါဝင်ထားပါတယ်။ကျန်တဲ့သရုပ်ဆောင်တွေကိုလည်း ရင်းနှီးထားတဲ့သူ များမှာပါ။Game of Thrones ထဲက လက်သန်း ရယ်Marvel's Punisher ကြီးရယ် ပါပါသေးတယ်။ဇာတ်လမ်းကတော့ action thriller ပါပဲ။ဂျိုလီကတော့ မီးသတ်အဖွဲ့ခေါင်းဆောင်ပေါ့။တစ်နေ့မှာ သူနဲ့သူအဖွဲ့ တောမီးကို ငြိှမ်းနေတုန်းမှာလေကြောင်းတွက်ဆမှု မှားယွင်းခဲ့လို့ လူ ၃ ယောက် အသက်ဆုံးခဲ့ရပါတယ်။အဲဒီ စိတ်ဒဏ်ရာတွေနဲ့ ပေပေတေတေ နေထိုင်နေတုန်းမှာသူ့ဆီကို ကောင်လေးတစ်ယောက် လူသတ်သမားတွေလက်က ထွက်ပြေးပြီး ရောက်လာပါတယ်။ကောင်လေးကို လိုက်သတ်တဲ့လူတွေလက်က ကယ်ပြီးလျို့ဝှက်ချက်တွေကို ဖွင့်ချနိုင်ဖို့ တောမီးကြီးတစ်ခုကိုပါ အံတုပြီး ပြေးကြရပါတော့တယ်.... File size…(1.7 GB) and (1 GB) Quality….BluRay 1080p and 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translator... Mr. Anderson
movie
Those Who Wish Me Dead 2021
7.4
Calvary 2014
ဖာသာဂျိမ်းက လူကောင်းတစ်ယောက် ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကောင်းမွန်အောင် ကြိုးစားနေထိုင်ခဲ့သူပေါ့။ တစ်ရက်မှာတော့ သူတာဝန်ထမ်းဆောင်ရာ ကက်သလစ်ဘုရားကျောင်းကို လူတစ်ယောက် ရောက်လာပြီး အပြစ်ဝန်ခံ အပြစ်ဖြေတာလာလုပ်ပါတယ်။ ဒီလို ဝန်ခံမှုလုပ်တဲ့အခါ တစ်ဖက်လူကို ဘုန်းတော်ကြီးတွေက မသိရတာ များပါတယ်။ အဲဒီလူက သူငယ်ငယ်က ဘုန်းကြီးတစ်ပါးက သူ့ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တဲ့အကြောင်း ဝန်ခံပြောဆိုပါတယ်။ နောက်တစ်ပတ် တနင်္ဂနွေရောက်ရင် ကမ်းခြေမှာ ဂျိမ်းကို လာသတ်မယ်ဆိုတဲ့အကြောင်းပါ အသိပေးသွားပါတယ်။ ဒီလိုလုပ်ရတာက ဘုရားကျောင်းအဖွဲ့အစည်းအတွက် ဘုန်းကြီးဆိုးတွေကို သတ်တာထက် ဂျိမ်းလို ဘုန်းကြီးကောင်းတွေကို သတ်တာက ပိုထိခိုက်မှာပဲလို့ ယူဆတယ်လို့ သူက ဆိုသွားပါတယ်။ ဖာသာဂျိမ်းက သူ့အထက်က ဘုန်းတော်ကြီးကို ဒီအကြောင်း လျှောက်တင်တဲ့အခါ ရဲတိုင်ဖို့ မတိုင်ဖို့က ကိုယ်တိုင် ဆုံးဖြတ်ဖို့အကြောင်းကိုပဲ ပြောသွားပြီး ဘာတာဝန်မှ မယူသွားပါဘူး။ တစ်ပတ်အတွင်းမှာ ဂျိမ်းက ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ၊ ဘဝအတွက် ဘာတွေ ...
movie
Calvary 2014