Channel Myanmar

Ai Mikami

Undead Lovers (2024) 6
Undead Lovers (2024) Undead Lovers (2024)IMDb - 6ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~တကယ်လို့ ကိုယ်ချစ်ရတဲ့သူကို ဖွင့်ပြောပြီး တစ်ဖက်ကလည်း ပြန်ကြိုက်ပြီဆိုတာနဲ့ သူက ကိုယ့်ရှေ့ကနေ ပျောက်သွားရင် ဘယ်လိုလုပ်ကြမလဲ။ ဒီဇာတ်ကားထဲမှာတော့ သူကြိုက်တဲ့ကောင်လေးကို ဖွင့်ပြောပြီးတိုင်း အဲဒီကောင်လေးက ပျောက်သွားလို့ လိုက်ရှာရတဲ့ အထက်တန်းကျောင်းသူလေးရဲ့ တမူထူးခြားတဲ့  romance ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။"ရိနို ဟဆဲဘဲ"ဆိုတဲ့ ကောင်မလေးက သူငယ်ငယ်တုန်းက ဆုံဖူးပြီး သူ့အသက်ကို ကယ်ခဲ့တဲ့ "ဂျွန် ခိုနို"ဆိုတဲ့ ကောင်လေးကို ပြန်တွေ့ရဖို့ မျှော်လင့်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ ကျောင်းလမ်းမှာ ကောင်လေးတစ်ယောက်နဲ့  တွေ့ခဲ့ပြီး အဲဒီကောင်လေးက သူရှာနေခဲ့တဲ့ ဂျွန်ဖြစ်နေခဲ့တာပါ။သူက ဂျွန်ကို အားကစားပြိုင်ပွဲဝင်ဖို့ ကူညီပေးခဲ့ပြီး တစ်ချိန်မှာတော့ ချစ်တဲ့အကြောင်းဖွင့်ပြောခဲ့ပါတယ်။အဲဒါကြောင့် ဂျွန်ကလည်း သဘောကျနေတာဖြစ်ကြောင်း ပြန်ပြောနေဆဲမှာပဲ ရိနိုရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာလည်း ဂျွန်က ရိနိုရှေ့ကို ပုံစံမျိုးစုံနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပေမဲ့ သူဖွင့်ပြောလိုက်တိုင်း ကောင်လေးက ပြန်ပျောက်သွားခဲ့ပါတယ်။ အချစ်ရူးလေး ရိနိုလည်း ...
movie

Undead Lovers (2024)

658km, Yôko no tabi (2023) 6.5
658km, Yôko no tabi (2023)  ယိုကိုက လူတွေနဲ့ အဆက်အဆံမလုပ်ဘဲ သူ့ရဲ့ တိုက်ခန်းသေးသေးထဲမှာပဲ နေတဲ့သူပါ။ သူရဲ့ အိပ်မက်တွေကို လက်လျှော့လိုက်ရပြီးတဲ့ နောက် ဒီလိုနေလာတာ နှစ်ကို ဆယ်နဲ့ချီကြာနေပါပြီ။ တစ်နေ့မှာ သူ့အစ်ကို ဝမ်းကွဲ ရောက်လာပြီး ယိုကိုရဲ့ အဖေဆုံးပြီ ဖြစ်ကြောင်း သတင်ပေးလာပါတယ်။စျာပနပွဲအတွက် မွေးရပ်မြေကို အတူပြန်ခဲ့ကြပါတယ်။ ကားရပ်နားစခန်းမှာ မတော်တဆတစ်ခုကြောင့် လူချင်းကွဲသွားကြပြီး မွေးရပ်မြေကို ပြန်ဖို့ ကားကြုံစီးဖို့ ကြိုးစားရပါတော့တယ်။လူတွေနဲ့ အဆက်အဆံမလုပ်တတ်တဲ့ ယိုကိုတစ်ယောက် လူတွေကို အကူအညီတောင်းရာမှာ အဆင်ပြေပါ့မလား? လမ်းခရီးမှာရော ဘာဆက်ဖြစ်ကြမှာလဲ ဆိုတာကို စိတ်ဝင်စားသဖွယ် ရိုက်ပြထားပါတယ် File size…(1.6 GB)/(730 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer
movie

658km, Yôko no tabi (2023)

The Legend And Butterfly(2023) 6.7
The Legend And Butterfly(2023) The Legend And Butterfly(2023)******************************ဂျပန် တန်းမွန်းခေတ်က ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကို အခြေခံပြီး ဒါရိုက်တာOtomo Keishiကရိုက်ကူးတင်ဆက်ထားပါတယ်.. သမိုင်းကြောင်းလေးကိုအနည်းငယ်ပြောပြရရင် ဂျပန်ဟာအဲဒီခေတ်အဲဒီအခါတုန်းကပုဂံမတိုင်ခင် မြန်မာနိုင်ငံလိုပဲ တစ်နယ်စီသီးခြားကွဲပြားနေခဲ့တာပါ ..ဒါပေမဲ့ အနော်ရထာလက်ထက်မှာပုဂံအင်ပါယာအနေနဲ့စုစည်းနိုင်ခဲ့သလိုပါပဲ ..ဇာတ်လမ်းထဲကဇာတ်လိုက်ဖြစ်တဲ့ အိုဒါ နိုဘူနဂဆိုတာ ဂျပန်ပြည်ကိုပထမဆုံးအကြိမ်စုစည်းနိုင်ခဲ့တဲ့daimyō(စစ်ဘုရင်)တစ်ပါးဖြစ်ခဲ့ပါတယ်.. ဇာတ်လမ်းအကျဥ်းကတော့ အိုဝါရီစီရင်စုရဲ့ သခင် အိုဒါ နိုဘူနဂ နဲ့ မီနိုစီရင်စုကမင်းသမီးနိုဟီမဲတို့ရဲ့လက်ထပ်ပွဲနဲ့အစပြုထားပါတယ် တစ်နိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Daimyō ကြီးဖြစ်လာမှာပေမဲ့နိုဘူနဂဟာ သမိုင်းမှာ အိုဝါရီရဲ့အရူးလို့နာမည်ပြောင်ရတဲ့အထိကိုပေါကြောင်ကြောင်နဲ့ပါ ...တဖက်မှာတော့ မင်းသမီးနိုကအလွန်ထက်မြက်ပြီးမြွေပွေးရဲ့သမီးလို့ပါ နာမည်ကြီးသူပါ ..စရိုက်ရောပညာဉာဏ်ပါမတူတဲ့သူတို့နှစ်ယောက် နိုင်ငံရေးပရိယာယ်တွေကြောင့်သာလက်ထပ်လိုက်ပြီးနောက်ပိုင်းမှာတော့... File Size : (2.9GB) (1.1GB)and (313MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…02:48:00 Genre : History  ,Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Vo Aung Din Encoded by Phyo Pyae
movie

The Legend And Butterfly(2023)

Character (2021) 6.6
Character (2021) CHARACTER 2021IMDb rating - 6.6/10 Genre - Psychological Thriller, Familyကိုယ်လုပ်တာတွေကို အကုန်ပုံတူကူးချပြီး လိုက်လုပ်တတ်တဲ့ copycat သူငယ်ချင်းမိတ်ဆွေမျိုး ကြုံဖူးကြလား Copycatတွေက နေ့စဉ်ဘဝမှာဆိုရင် ဘေးနားကလူတွေကရဲ့ ဝတ်ပုံစားပုံတွေ အကျင့်တွေကအစ ပုံတူကူးချပြီးနေထိုင်တတ်ပါတယ်။ သို့ပေမဲ့ တခြားသူကျူးလွန်ထားတဲ့ လူသတ်မှုတွေကိုလိုက်ကြည့်ပြီး ပုံတူကူး လိုက်သတ်တတ်တဲ့ Copycat killer တစ်ယောက်ဆိုရင် ဘယ်လိုဖြစ်မလဲ...ဇာတ်လမ်းထဲမှာတော့ "ယမရှိရို ခဲအိဂေါ့"ဆိုတဲ့ Mangaစာရေးဆရာတစ်ယောက်က mangaဆွဲတာလည်း သေသပ်လှပပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်းဆွဲနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ပြဿနာက သူရေးချင်တဲ့အမျိုးအစားက Thriller,Crimeဖြစ်ပြီး သူကိုယ်တိုင်ကတော့ သဘောကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ တော်ပေမဲ့အသက်ဝင်တဲ့ဇာတ်ကောင်ကိုမရေးဆွဲနိုင်တာကြောင့် ကိုယ်ပိုင်Mangaကို debutမလုပ်နိုင်သေးပါဘူး။ဒီလိုနဲ့စိတ်ဓာတ်ကျပြီးအလုပ်ထွက်ဖို့ပြင်နေတုန်း သူ့ရဲ့ဆရာဖြစ်သူက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက်ကြီးမှာ သွားဆွဲခိုင်းခဲ့ပါတယ်။ ပုံကြမ်းဆွဲနေတုန်း စံအိမ်ထဲကသီချင်းသံကအရမ်းကျယ်လို့ အိမ်နီးချင်းက ပြဿနာလှမ်းရှာတာကြောင့် သူပါအခြေအနေမဟန်မှာစိုးလို့ အိမ်ပိုင်ရှင်တွေကိုလှမ်းပြောဖို့လုပ်ပါတယ်။ ဒါပေမဲ့အထဲက တုံ့ပြန်သံမကြားတာနဲ့ အထဲဝင်သွားတဲ့အခါ အိမ်ရှင်တွေကို ဓားနဲ့ထိုးသတ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ သူ့ဘဝမှာပထမဆုံး အဖြစ်ပျက်ဆိုးနဲ့ကြုံရတာမို့ကြောက်လန့်နေခဲ့တုန်းမှာ လူသတ်သမားဖြစ်သူကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲတွေကမေးလို့ထွက်ချက်ပေးတဲ့အခါမှာတော့ သူဟာ လူသတ်သမားကိုမမြင်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။အဲဒီကစလို့ ...
movie

Character (2021)