Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ahn Jae-hong
7
The Day He Arrives (2011)
The Day He Arrives (2011) ******************************IMDb - 7 CM ပရိတ်သတ်ကြီးတွေကို 2011 ခုနှစ်က ထွက်ရှိထားတဲ့ Movie လေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Castတွေအနေနဲ့ကတော့ "Bad Guys, City Hunter, The Rebel" အစရှိတဲ့ နာမည်ကြီး ဇာတ်ကားတွေထဲက မင်းသားကြီး Kim Sang Joong, "The Uncanny Counter, Alchemy of Souls" ထဲက မင်းသားကြီး Yu Jung Sang တို့နဲ့အတူ တခြားသော ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း *****************Sang-Joon(Yu Jun-Sang) ဟာ အရင်တုန်းက ရုပ်ရှင်လောကမှာ နာမည်ကြီးခဲ့ပေမဲ့ အခုချိန်မှာတော့ ရုပ်ရှင်တွေကို မဖန်တီးတော့ဘဲ နယ်ဘက်မှာ ပါမောက္ခအဖြစ်နေထိုင်နေသူဖြစ်ပါတယ်။ ရုပ်ရှင်ဝေဖန်ရေးသမားအဖြစ် လုပ်ကိုင်နေတဲ့ သူ့ရဲ့အသိ Young-Ho(Kim Sang-Joong)ရှိတဲ့ ဆိုးလ်ဆီကို သွားရောက်လည်ပတ်တဲ့ သုံးရက်တာကာလကို ရိုက်ကူးတင်ဆက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati ...
movie
The Day He Arrives (2011)
6.8
On the Beach at Night Alone (2017)
On the Beach at Night Alone (2017)~ IMDb - 6.8/10, RT - 92%, Meta - 80% ~On the Beach at Night Alone ကို ဟုန်းဆန်းဆူရဲ့ မာစတာပိစ်ကားလို့ ဆိုကြတယ်။ Right Now, Wrong Then ထဲက မင်းသားနဲ့မင်းသမီးဖြစ်ခဲ့တဲ့ Jung Jae-young နဲ့ Kim Min-hee ကိုပဲ သုံးထားတယ်။ သူ့ရဲ့လက်စွဲတော်လည်းဖြစ်ခဲ့ သူ့မိန်းမလည်းဖြစ်တဲ့ Kim Min-hee ကတော့ ဒီတစ်ကားလုံးရဲ့ အခရာပါပဲ။ ပြောရရင် ဒီကားက Right Now, Wrong Then အပြီး သူနဲ့ကင်မင်ဟီးဖောက်ပြန်နေတာကို လူသိသွားပြီးတဲ့နောက် ရိုက်ခဲ့တဲ့ကား။ အဲဒီအခြေအနေကလည်း ဒီကားမှာ ထင်ဟပ်နေတယ်။ ဆိုတော့ ...
movie
On the Beach at Night Alone (2017)
2017
6.7
Missing You (2016)
Missing You (2016)*******************IMDb....6.7 ဒီတစ်ခါမှာတော့ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ Crime, Thriller အမျိုးအစား ရုပ်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးပါရစေ။ ဒီကားမှာတော့ Sunny ဇာတ်ကားမှ Shim Eun-Kyung နဲ့အတူ အားလုံးနဲ့မစိမ်းတဲ့ ဇာတ်ရန်သရုပ်ဆောင်များဖြစ်ကြတဲ့ Yoon Je-Moon နဲ့ Kim Sung-Oh တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။- ဇာတ်လမ်းအကျဉ်း -ဟီဂျူ (Shim Eun-Kyung) ဆိုတဲ့ မိန်းကလေး အသက် ၇ နှစ်အရွယ်မှာ စုံထောက်တစ်ဦးဖြစ်တဲ့ သူ့အဖေက တာဝန်ထမ်းဆောင်ရင်း အသတ်ခံလိုက်ရပါတယ်။ လူသတ်သမား ဂင်ဂီဘုမ်း (Kim Sung-Oh) ဆိုသူကတော့ လူသတ်မှု ၇ ခုထဲမှာမှ တစ်မှုအတွက်ပဲ အပြစ်ရှိကြောင်း စီရင်ချက်ချခံခဲ့ရပြီး အပြစ်မရှိကြောင်း စီရင်ချက်ချခံရတဲ့ အမှု ၆ ခုထဲမှာ ဟီဂျူ့အဖေ အသတ်ခံရတဲ့အမှုလည်း ပါဝင်သွားပါတော့တယ်။ ၁၅ နှစ်ကြာပြီး ယခုလက်ရှိမှာတော့ ဟီဂျူက ကင်းထောက်လူငယ် ဂုဏ်ပြုဆုလက်မှတ်ကို ရရှိထားပြီး ဂင်ဂီဘုမ်းပြန်လွတ်လာမဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေပါတယ်။ တစ်ဖက်မှာလည်း စုံထောက်ဂျိုဒယ်ယောင်း (Yoon ...
movie
Missing You (2016)
6.3
Familyhood (2016)
Familyhood (2016) ***************** Comedy/ drama အမျိုးအစားလေးတစ်ခုဖြစ်တဲ့ familyhood ဇာတ်ကားလေးကတော့ အောင်မြင်မှုနဲ့ငွေကြေးအားလုံး ပိုင်ဆိုင်ထားပေမဲ့ သူ့ဘက်မှာအမှန်တကယ် ရပ်တည်ပေးမယ့်သူတစ်ယောက်မှ မရှိတဲ့ မင်းသမီးတစ်ယောက် သူ့ဘက်တော်သားဖန်တီးဖို့ ကလေးမွေးဖို့ရာ ကြိုးစားတဲ့အခါ ဖြစ်လာတဲ့ ဂယက်လေးတွေကို ဟာသအနေနဲ့ပုံဖော်ထားတာဖြစ်ပါတယ် ..Queen of umbrella ထဲက မင်းသမီးကြီး Kim Hye Soo, Penthouse ထဲက မင်းသမီး Kim Hyun Soo နဲ့ Train to busan ထဲက မင်းသားကြီး Ma Dong Seok တို့က အဓိကပါဝင်ထားလို့ cast တွေနဲ့တင် ကြည့်ရတာတန်နေတဲ့ Movie လေးဖြစ်မှာပါ ..ဇာတ်လမ်းအကျဉ်း ************** ဂိုဂျူယွန်း(Kim Hye Soo)ကတော့ Dating scandal ပေါင်းများစွာနဲ့ နာမည်ကြီးတဲ့အပြင် ထင်ရာစိုင်းတတ်တဲ့အကျင့်ကြောင့် 'အရူးမ'လို့ လူသိများတဲ့ မင်းသမီးတစ်ယောက်ပါ ..ဖြောင်းဂူ(Ma Dong Seok)ကတော့ ဂိုဂျူယွန်းထင်ရာစိုင်းသမျှကို သည်းခံရင်း သူ့ရဲ့စတိုင်လစ်အနေနဲ့ အနှစ်၂၀ကျော်လက်တွဲလုပ်လာခဲ့တဲ့ သစ္စာရှိအခင်ဆုံးသူငယ်ချင်းတစ်ယောက်ပေါ့ ..ဒန်ဂျီ(Kim Hyun Soo)ဆိုတဲ့ အလယ်တန်းကျောင်းသူလေးကတော့ မိဘတွေမရှိတော့တဲ့နောက် ...
movie
Familyhood (2016)
6.7
C’est Si Bon (2015)
C'est Si Bon (2015) ******************** နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Han Hyo Joo, Kang Ha Neul, Jung Woo ,Jin Goo, Jo Bok Rae တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဂီတကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တစ်ခေတ်တခါက ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးစတိတ်စင်ဖြစ်တဲ့ ဆဲရှီဘုံဆိုတာက အဆိုတော်တွေကိုမွေးထုတ်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ယွန်းဆဲတက္ကသိုလ်ကျောင်းသား ဆေးကျောင်းသားလေးဖြစ်တဲ့ ယွန်းဟျွန်းဂျူ (Kang Ha Neul ) ဟာဆိုရင် အပတ်စဉ် ဆဲရှီဘုံရဲ့ထိပ်တိန်းဆုကို သိမ်းပိုက်ထားတဲ့သူပါ။ဟားဗတ်မှာ ကျောင်းဆက်တက်မှာမို့ သီချင်းဆိုတာကို ရပ်နားတော့မဲ့တစ်နေ့မှာ သူ့နေရာကို လုယူမယ့် ဆုန်းချန်းရှစ် (Jo Bok Rae)ကပေါ်လာပါတယ်။အဆိုအပိုင်းမှာ တစ်ဖက်ကမ်းတော်ကြပေမဲ့ နှစ်ယောက်ကို အဆိုတော်အဖွဲ့ဖွဲ့ဖို့လုပ်ရင်းကနေ ရွာသားလေးအိုဂွန်းထယ် (Jung Goo)ကပါ သူတို့အဖွဲ့ထဲပါလာပါတယ်။တစ်ယောက်နဲ့တစ်ယောက် ရွဲ့စောင်းနေကြတဲ့ သူတို့ကြား မင်ဂျာယောင်း (Han Hyo Joo)လို့ခေါ်တဲ့ သရုပ်ဆောင်ဝါသနာပါတဲ့ ကောင်မလေးက သူတို့ကြားထဲဝင်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။မင်ဂျာယောင်းအချစ်ကိုဘယ်သူရသွားမှာလဲ။သူငယ်ချင်းတွေ ဘယ်လိုအခက်အခဲတွေဖြတ်ကျော်ရင်ဆိုင်ရင်း အောင်မြင်သွားကြမလဲဆိုတာ ဒီဇာတ်ကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ် ..(အညွှန်းကို Shwe Pyae မှ ရေးသားပေးထားပါတယ်)File size…2.97GB / 988MB Quality… WEB-DL ...
movie
C’est Si Bon (2015)
6.8
The Last Ride (2016)
The Last Ride (2016)CM ပရိသတ်ကြီးကို အူတက်အောင်ခွီရမယ့် ကိုရီးယားကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဂိုဟွမ်လို့ခေါ်တဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ Lou Gehrig's Disease လို့ခေါ်တဲ့ ကြွက်သားအားနည်းတဲ့ရောဂါဖြစ်နေပြီး ၃ နှစ်ကြာဆေးရုံပေါ်မှာလှဲနေရတာပါ။ မကြာခင်သေရတော့မယ်ဆိုတာ ဆရာဝန်ပြောလိုက်ပြီးတော့နောက် သူ့မိဘတွေက ဂိုဟွမ်ပျော်အောင်ထားပေးဖို့ကြိုးစားပါတော့တယ်။ မိဘတွေရော သူ့သူငယ်ချင်းနှစ်ယောက်ကရောဂိုဟွမ်ကိုနည်းပေါင်းစုံနဲ့ ပျော်အောင်ထားပေးပေမယ့် ဂိုဟွမ်ကတော့ မပျော်နိုင်ဘူးဖြစ်နေပါတယ်။ သူငယ်ချင်းတွေက မေးလိုက်တဲ့အခါမှာတော့ ဂိုဟွမ်တစ်ယောက် မသေခင် စော်နဲ့နပ်ချင်နေတာဖြစ်နေပါတော့တယ်။ သူတို့သူငယ်ချင်းရဲ့ နောက်ဆုံးဆန္ဒကို သူတို့တွေဘယ်လိုဖြည့်ဆည်းပေးမှာလ မိဘတွေမသိအောင်သူတို့ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲဆိုတာ တစ်ကားလုံး တစ်လွဲတွေနဲ့ လုံးဝအူတက်နေအောင် ကြည့်ရှူရမှာပါ။မင်းသားတွေကလည်း God's Quiz ထဲက မှုခင်းဆရာဝန်မင်းသား Ryu Deok-hwan, Fight for My way , Reply 1998, Be Melodramatic, Mask Girl ထဲက Ahn Jae-hong ဆိုတဲ့ မျက်နှာပြောင်တဲ့ မင်းသားတွေပါဝင်ထားပြီး Box Office မှာ ဒေါ်လာ၂၁ သိန်း ကျော်ရရှိထားတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ(စကားလုံးတွေ ...
movie
The Last Ride (2016)
2016
6.7
Nobody’s Daughter Haewon(2013)
Nobody's Daughter Haewon(2013)******************************** ပုံမှန်ကြည့်နေကြ ဇာတ်ကားတွေလိုမဟုတ်ဘဲ ပုံပြင်တစ်ပုဒ်ပြောပြနေသလိုမျိုးဇာတ်ရှိန်ဖြည်းဖြည်းလေးနဲ့ ဇာတ်ကားတွေကိုကြိုက်တယ်ဆိုတဲ့သူတွေဆိုရင် ဒီဇာတ်ကားကို အကြိုက်တွေ့စေမှာပါ။ဟယ်ဝန်းဆိုတဲ့တက္ကသိုလ်ကျောင်းသူအချောအလှလေးနဲ့ တက္ကသိုလ်ကပါမောက္ခတစ်ယောက်ရဲ့တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဖြစ်ချင်တော့ ပါမောက္ခဟာ အိမ်ထောင်ရှိယောက်ျားဖြစ်ပြီးတော့ ကလေးလည်းရှိပါတယ်။ဟယ်ဝန်းလည်း ဒါကိုသိပေမဲ့ ပိုးဖလံမျိုးမီးကိုတိုးဆိုသလိုပဲ သိလျက်နဲ့နောက်မဆုတ်နိုင်ဖြစ်နေတာပါ။ဟယ်ဝန်းဟာ စိတ်ဆုံးဖြတ်ပြီး ပါမောက္ခနဲ့လမ်းခွဲခဲ့ပေမဲ့လည်း သူ့အမေက ကနေဒါကိုအပြီးထွက်သွားတဲ့နေ့မှာစိတ်ဓါတ်ကျပြီး ပါမောက္ခကိုဖုန်းပြန်ခေါ်မိရာက သူတို့ဇာတ်လမ်းက တစ်ဖန်ပြန်စပါတော့တယ်။ဒီဇာတ်ကားတစ်ခုလုံးက ဟယ်ဝန်းရဲ့ဘဝကိုပဲအခြေခံပြီးတော့ သူ့ရဲ့ဘဝအဖြစ်အပျက်ကိုပြောပြနေသလိုမျိုး ရိုက်ပြထားတာပါ။ဒီတော့ အေးစက်စက်အချောအလှတက္ကသိုလ်ကျောင်းသူလေးနဲ့ ပါမောက္ခရဲ့အချစ်ဇာတ်လမ်းကရော ဘယ်လိုမျိုးအဆုံးသတ်မလဲ၊ ဟယ်ဝန်းရဲ့ဘဝကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဇာတ်ကားကြည့်ပြီး ကြည့်ရှုခံစားလိုက်ကြပါဦး။ File Size : (2.2GB) and (844MB) Quality : Blu-Ray 1080p/720p Format…mp4 Duration…01:30:00 Genre : Romance,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie
Nobody’s Daughter Haewon(2013)
6.9
Rebound (2023)
Rebound (2023)၂၀၁၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ အားကစားရုပ်ရှင် Rebound ထွက်ရှိလာပါပြီဇာတ်လမ်းအကျဉ်းကတော့ အလားအလာမရှိဘူးလို့ သတ်မှတ်ခံထားရတဲ့ ဘူဆန်ဂျွန်အန်းအထက်ကျောင်းကိုယ်စားပြု ဘတ်စကတ်ဘောအသင်းဟာ နည်းပြအသစ် Kang Yang-Hyeon ရဲ့ ဦးဆောင်မှုအောက်မှာ ပြောင်းလဲလာခဲ့တဲ့အကြောင်းပါတစ်ချိန်က ထိပ်တန်းကစားဖြစ်ခဲ့ဖူးသူ Kang Yang-Hyeon ဟာ နည်းပြဖြစ်လာတဲ့အချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝအတွေ့အကြုံကို အသုံးချပြီး ဘယ်လိုဗျူဟာတွေနဲ့ အသင်းကိုကိုင်တွယ်သွားမလဲအောက်ဆုံးမှာရောက်နေတဲ့အသင်းကို National Championship ပွဲစဉ်အထိ ဘယ်လိုများဆွဲခေါ်သွားမလဲဆိုတာအပြင် ကစားသမားတွေရဲ့ ဘတ်စကတ်ဘောအပေါ်ထားတဲ့ ခံယူချက်တွေ အိပ်မက်တွေကို သေချာကြည့်ရှုခံစားနိုင်မှာဖြစ်လို့ Sports Drama နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့ သဘောကျနှစ်ခြိုက်ကြမှာပါCasts တွေအနေနဲ့လည်း Fight for My Way ထဲက Ahn Jae-Hong နဲ့ Doctor Romantic S3 ထဲက အဆိုးလေး Lee Shin-Young နဲ့ Secret Romantic Guesthouse ထဲကအချောလေး Jung Gun Joo တို့အပြင် သရုပ်ဆောင်အားလုံးက Basketball ကိုပါ ...
movie
Rebound (2023)
2023
7.4
Microhabitat (2017)
Microhabitat ( 2017 ) ----------------------------အိမ်မဟုတ်တောင် လူတစ်ယောက်အတွက် နေစရာ အမိုးတစ်ခု အကာတစ်ခုနဲ့ နေရာတစ်ခုတော့ အနည်းဆုံးရှိဖို့က မရှိမဖြစ်ပေါ့။ မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ အမိုးတစ်ခု အကာတစ်ခုထက် ပိုပြီးလုံခြုံတဲ့နေရာတစ်ခု လိုလိမ့်မှာပဲ။ အစစအရာရာဈေးတွေတက်လာပြီး လခတွေမတက်လာတဲ့အခါကျတော့ နေဖို့ထိုင်ဖို့တင် တော်တော်များများသုံးလိုက်ရတဲ့အခါ တခြားကိုယ်နှစ်ခြိုက်တဲ့အရာတွေကို လျှော့ချရဖို့ဖြစ်လာတယ်။စီးကရက်ဟာ ဈေးတက်တဲ့ခေတ်မှာ ဇိမ်ခံပစ္စည်းပါပဲ။ စီးကရက် တစ်နေ့တစ်ဘူးကို တစ်လစာစုလိုက်ရင် အိမ်ငှားခတစ်လစာလောက်ရှိတယ်။ အကုန်ဈေးတက်လာပြီး နေဖို့စားဖို့နဲ့တင် ရသမျှကုန်တဲ့အခါကျ စီးကရက်တို့ ဝီစကီတို့ကို လျှော့တာလို့ ဖြတ်တာတို့ လုပ်ရမယ့် အခြေအနေဆိုက်သွားပါလိမ့်မယ်။Microhabitatထဲက "မီဆို" ကတော့ စီးကရက်နဲ့ ဝီစကီကို ဖြတ်မယ့်အစား အိမ်နဲ့မနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ သူက အရင်က သူ့ဆီလာနေခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အိမ် တစ်အိမ်ပြီး တစ်အိမ်သွားနေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နှစ်တွေလည်းကြာ ဘဝတွေလည်းပြောင်းနဲ့ တစ်အိမ်မှ အဆင်မပြေခဲ့ပါဘူး။ မပြောင်းလဲတဲ့သူဆိုလို့ သူပဲကျန်တာကိုး။ ဒီလိုနဲ့သူ သူ့ဘာသာ အခန်းကျဉ်းလေးငှားဖို့ ရှာခဲ့တယ်။ စုတ်ပြတ်သက်နေတဲ့ အခန်းတောင် သူ တတ်နိုင်တဲ့ဈေးမှာ မရှိနေဘူး။ ဒီအချိန်အထိ မီဆိုရဲ့ ...
movie
Microhabitat (2017)
2017
6.5
The Sound of a Flower (2015)
မင်းသားကြီး ရူဆင်းရုန်းနဲ့ ဆူဇီ ပါဝင်သရုပ်ဆောင်ထားတဲ့ TSOAF ဂျိုဆွန်းခေတ်မှာ သီချင်းတောင်ဆိုခွင့်မရှိတဲ့ အမျိုးသမီးတွေရဲ့ အနှိမ်ခံဘဝကို ပေါ်လွင်အောင်ရိုက်ကူးထားပါတယ် ဂျင်ချယ်ဆောင်းဆိုတဲ့ အမျိုးသမီးငယ်လေးက အစဉ်အလာတွေ ဖိနှိပ်မှုတွေကနေ ဘယ်လိုရုန်းထွက်မလဲ ကိုရီးယားခေတ်ဟောင်းရဲ့ လှပတဲ့ သီချင်းလေးတွေကို ခံစားရင်းနဲ့ ဦးနဲ့သမီးအချစ်ဇာတ်လမ်းလေးကဘယ်လိုဖြစ်မလဲဆိုတာစိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ် File Size : (1.5 GB) & (900 MB) Quality : Bluray rip 1080p & 720 p Running Time : 01:49:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ChitThe Encoded by Mr. Anderson
movie
The Sound of a Flower (2015)
6.1
Red Carpet (2014)
ငယ်စဉ်တည်းက ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ အိမ်မက်မက်ခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် Porn Director တစ်ယောက်အဖြစ်ရပ်တည်နေရတဲ့ ပတ်ဂျောင်ဝူ... အမေဖြစ်သူနဲ့ လေဖြတ်နေတဲ့အဖေ ကို သူ့ရိုက်ထားတဲ့ ဇာတ်လမ်းလေး TVမှာလာတာကို ပြချင်ခဲ့ပေမယ့် လွှင့်မရတဲ့ဇာတ်ကားဖြစ်နေတော့ အကြောင်းအမျိုးမျိုးပြပြီး လိမ်ထားရတာပေါ့ဒီလိုနဲ့တစ်နေ့ သူ့ဆီကို အိမ်ဝယ်တာ အလိမ်ခံရတဲ့ ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ် အလိမ်ခံခဲ့ရတာကြောင့် နေရာမရှိဘဲ ပတ်ဂျောင်ဝူရဲ့ အိမ်မှာ ကပ်နေရတဲ့သူကတော့ ငယ်ငယ်က ကလေးသရုပ်ဆောင်လုပ်ခဲ့ဖူးပြီး မင်းသမီးဖြစ်ချင်နေတဲ့ ဂျောင်အွန်းဆူပါရုပ်ရှင်ရိုက်ဖို့အတွက် လူသစ်မိန်းကလေးသရုပ်ဆောင်ရှာနေတဲ့ ပတ်ဂျောင်ဝူးက ဒါရိုက်တာဆိုတာသိပေမယ့် ဘာကားရိုက်တဲ့ ဒါရိုက်တာမှန်းမသိဘဲ သူလည်းသွားလျောက်လေတော့...ဘာဆက်ဖြစ်မလဲ ဒီဇာတ်ကားလေးက ဟာသဆန်ဆန်ရိုက်ကူးထားပေမယ့် ပေးချင်တဲ့ မက်ဆေ့ကတော့ တော်တော်ကောင်းပါတယ် Porn ကားရိုက်တဲ့ မိန်းကလေးတိုင်း အပျက်မ မဟုတ်ပါဘူး...အလုပ်တစ်ခုဖြစ်ပြီး ဒါဟာလည်း အနုပညာတစ်ရပ်ပါပဲ ဇာတ်ကားထဲမှာ ဘယ်လိုပဲ ဖြစ်နေပါစေ အပြင်မှာတော့ မိန်းကလေးအားလုံးနဲ့ တန်းတူဆက်ဆံရမှာပါပဲ လေးစားမှု့ရှိရမှာပါပဲ လူတွေနေ့စဉ်ဘဝမှာ ဖြစ်ပျက်နေကြအရာတွေကို ကျန်းမာရေးရှူ့ထောင့်ကဖြစ်စေ ၊ လူ့သဘောသဘာဝကို ဖြစ်စေ ဖော်ပြပေးတဲ့ဇာတ်ကားတစ်ရပ်ပါအနုပညာဆိုတာကို ကျွန်တော်တို့ ဘယ်လို ...
movie
Red Carpet (2014)
5.5
Miss & Mrs. Cops (2019)
Weightlifting fairy ကားထဲက မင်းသမီးလေး ပါတဲ့ ကားသစ်လေးပါအလွန်တရာထူးချွန်တဲ့ စုံထောက်ပတ်ခ်မီယောင်းဟာ အိမ်ထောင်ကျ၊ကလေးရပြီးနောက်မှာ သူမ ချစ်ခင်နှစ်သက်ရတဲ့စုံထောက်အလုပ်ကိုစွန့်လွှတ်ခဲ့ရပြီး ပြည်သူ့တိုင်ကြားချက်များဌာနမှာပဲပြောင်းရွှေ့တာဝန် ထမ်းဆောင်နေခဲ့ရပါတယ်သူ့ယောင်းမဖြစ်သူ ချွဲဂျီဟေးကလည်း ရဲဖြစ်ဖို့မွေးဖွားလာတယ်ထင်ရတဲ့ရဲမေတစ်ယောက်ပါပဲတစ်ရက်မှာတော့ ဂျီဟေးဟာ သံသယရှိသူတစ်ယောက်ကိုဖမ်းဆီးရာမှာ အလွန်အကျွံအားသုံးတယ်ဆိုတဲ့ ပြစ်မှုနဲ့ အရေးယူခံရပြီးမီယောင်းရှိရာ ဌာနကို ခေတ္တပြောင်းရွှေ့ခန့်ထားခံခဲ့ရပါတယ်ပုံမှန်ဆိုမတည့်လေ့ရှိတဲ့ သမီးယောင်းမနှစ်ယောက်ဟာမတော်တဆ မှုခင်းတစ်ခုထဲပါဝင်မိပြီး သူတို့မထင်ထားလောက်တဲ့အထိပြစ်မှုကကြီးမားနေတဲ့အခါမှာတော့..သာမန်ချိန်းခြောက်အကြပ်ကိုင်မှုလို့သာ ယူဆထားခဲ့တဲ့ အမှုခင်းလေးတစ်ခုဟာကွင်းဆက်ရာဇဝတ်မှုကြီးဖြစ်နေတဲ့အခါမှာတော့..သမီးယောင်းမနှစ်ယောက်ဘယ်လိုဖော်ထုတ်ကြမလဲဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာဟာသနှောပြီးကြည့်ရမှာပဲဖြစ်ပါတယ်ဝါရင့်သရုပ်ဆောင်တွေဆိုတော့ ကြည့်ရတာ အပိုအလိုမရှိ ကွက်တိပါပဲနော် File Size : (1 GB , 367 MB)Quality : WEB-DL 720pRunning Time : 1 hr 47 minFormat : Mp4Genre : Comedy , CrimeSubtitle : Myanmar Subtitle (Hard Sub)Translated by NeveEncoded ...
movie
Miss & Mrs. Cops (2019)
2019
6.9
Tazza: The Hidden Card (2014)
Tazza; The Hidden Card (2014) =========================IMdb Rating (6.9)ဒီဇာတ်ကားမှာ Big Bang အဖွဲ့က T.O.P မှအဓိက ဇာတ်ဆောင်အဖြစ် ကြမ်းကြမ်းတမ်းတမ်းပါဝင်သရုပ်ဆောင်ထားပါတယ်။T.O.P ဟာ တောင်ကိုရီးယားရဲ့ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။(မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့်မိသားစုနဲ့အတူကြည့်ဖို့တော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။)2006 မှာထွက်ခဲ့တဲ့ Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။ "High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။ဇာတ်လမ်းအရတော့ ကိုရီးယားဖဲလောကမှာ ...
movie
Tazza: The Hidden Card (2014)
2014
6.5
Time to Hunt(2020)
Time to Hunt(2020)စီးပွားပျက်ကပ် ကြုံနေရတဲ့ ကိုးရီးယားနိုင်ငံရဲ့ ခေတ်ပျက်ကြီးထဲမှာ အကုန်လုံးလုံးလိုလိုခက်ခဲစွာရုန်းကန်နေရတယ်....ဒီလို ရုန်းကန်နေထိုင်နေရတဲ့ ဘဝကြီးထဲကနေ လွတ်မြောက်ဖို့ လူငယ်လေး သုံးယောက်အကြံကြီးတစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်...နာမည်ကြီး လောင်းကစားရုံကို ဓားပြတိုက်ဖို့ပဲပါပဲ....ဒီဓားပြမှုကြီးကို လုပ်နေစဉ်မှာပဲ သူတို့(၃)ယောက်မမျှော်လင့်တဲ့ ဖြစ်ရပ်ဆိုးတွေဆိုက်တိုက်ကြုံပါတော့တယ်...မမျှော်လင့်ပဲ ... IMDB rating 6.5 အထိရထားပြီး Parasite ထဲက မင်းသားလည်းသရုပ်ဆောင်ထားသည့်သည်းထိတ်ရင်ဖို ဇာတ်ကားမို့ CM ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kinnov ပဲဖြစ်ပါတယ်..File Size : (1.04 GB) and (380 MB) Quality :WEB-DL720p Format…mp4 Duration…01:30:00 Genre : Crime , Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Kinnov Encoded by Phyo Pyae zawgyiTime to Hunt(2020)စီးပွားပျက်ကပ် ကြုံနေရတဲ့ ကိုးရီးယားနိုင်ငံရဲ့ ခေတ်ပျက်ကြီးထဲမှာ ...
movie
Time to Hunt(2020)
6.3
Secret Zoo(2020)
Secret Zoo(2019)(unicode)ဒီဇာတ်ကားလေးက 2020 ဇန်နဝါရီလကပဲ ရိုက်ကူးပြီးစီးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး IMDB ကတော့ 10 out of 6.3 ရထားပါတယ်။ Runningman ကြည့်တဲ့သူတွေဆို လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်က ဇာတ်ကား promotion အတွက်ဒီဇာတ်ကောင်တွေ လာသွားတာကိုမှတ်မိကြမယ်ထင်ပါတယ်။ဇာတ်လမ်းအကြောင်းအရာလေးကတော့ရှေ့နေတစ်ယောက်ဖြစ်သူ ဂန်းထယ်ဆူက ရှေ့နေအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ JH မှာတရားဝင်ဝန်ထမ်းဖြစ်ဖို့ အမြဲအိမ်မက်နေခဲ့သူပါ။တစ်နေ့တော့သူ့အတွက် တရားဝင်ဝန်ထမ်းဖြစ်ဖို့အခွင့်အရေးတစ်ခုကလည်း ကျရောက်လာပါတယ်။အဲ့ဒါကတော့ အကြွေးနဲ့သိမ်းခံရတော့မယ့် နိုင်ငံခြားက ဝယ်ယူထားတဲ့တိရိစ္ဆာန်ရုံတစ်ခုကို ဦးစီးပေးဖို့ကုမ္ပဏီကခိုင်းစေလာပါတယ်။ကြည့်ရင်တော့လွယ်တယ်ထင်ရပေမယ့် တကယ်သွားကြည့်တဲ့အခါမှာတော့ ထူးခြားတာက အဲ့တိရိစ္ဆာန်ရုံမှာ ပြစားလို့ရတဲ့ တိရိစ္ဆာန် တစ်ကောင်မှမရှိတာပါပဲ။ကျန်တဲ့ အသေးအမွှားတိရိစ္ဆာန်လေးတွေပဲ ကျန်ခဲ့ပြီး တခြား တန်ဖိုးကြီးတိရိစ္ဆာန်တွေကအကြွေးကြောင့် ရောင်းစားခံလိုက်ရတဲ့ အခြေအနေပါ။အဲ့ဒီလို ပြစားစရာတိရိစ္ဆာန်တောင်မရှိတဲ့ တိရိစ္ဆာန်ရုံကြီးကို ဂန်းထယ်ဆူကို ၃လအတွင်းဦးစီးပြီး အကြွေး သိန်းတစ်သောင်းကို JH ကဆပ်ခိုင်းထားပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်တွေမရှိတဲ့ တိရိစ္ဆာန်ရုံကိုဦးစီးပြီး အကြွေးဆပ်ဖို့ရှိသမျှအကြံထုတ်ရပါတော့ပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်ရုံကြီးကို ဘယ်လိုလည်ပတ်အောင်လုပ်မလဲ။အကြွေး ဘယ်လိုဆပ်မလဲဆိုတာကတော့ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာကြည့်စေချင်ပါတယ်။။ပိတ်ရက်မှာဒီကားလေးနဲ့ ရယ်မောပြီးအနားယူခံစားကြည့်စေချင်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ...
movie
Secret Zoo(2020)
Twenty (2015)
ဆယ်ကျော်သက်အရွယ်မှာ လမ်းပျောက်တာတို့ ကြုံဖူးကြပါလိမ့်မယ်ဒီကားလေးကတော့ ဘဝတစ်ကွေ့ အသက်၂၀ အရွယ်မှာ သူငယ်ချင်းသုံးယောက်လမ်းပျောက်တဲ့ လက်တွေ့ဆန်ဆန် ဟာသကားလေးပါကောင်မလေးတွေကိုစိတ်ဝင်စားပြီး အရမ်းဗွေတဲ့ သူဌေးသားလူဆိုး ချာချီဟို(Kim Woo Bin)၊အချိန်ပိုင်းအလုပ်နဲ့ကျောင်းတက်နေရပြီး ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး (Lee Jun Ho)၊ရိုးအပြီးဘာမှမသိရှာတဲ့ စာဂျပိုး ဂျောင်းဂျယ် (Kang Ha Neul)...ဇာတ်လမ်းကတော့ ရိုးရိုးလေးဆိုပေမယ့် လက်တွေ့ဆန်လွန်းလို့ တစ်ကားလုံး အခွီတွေချည်းပဲနော်...စကားအပြောအဆိုတွေနဲ့ တချို့အခန်းတွေက ++ လေးတွေပါပေမယ့်မထင်ထားတဲ့ဟာသလေးတွေနဲ့ တစ်ကားလုံးအူတက်အောင်ရယ်ရမှာပါ...ဒီကားကို နှစ်ခါလောက်ပြန်ကြည့်မိမယ်ဆိုတာ မှန်းရဲပါတယ် ကြည့်ပြီးနောင်တမရစေရပါဘူး...ကိုးရီးယားကားဆိုပြီး မိန်းကလေးတွေအကြိုက်လို့ပဲမထင်လိုက်နဲ့နော်..သိချင်ရင် ဒေါင်းကြည့်ကြနော်ဒီကားကြည့်ပြီး အမောပြေကြလိမ့်မယ်လို့ အာမခံပါတယ် ။( အညွှန်းနဲ့ဘာသာပြန်သူကတော့ Hnin Pale ဖြစ်ပါတယ် )[Unicode]ဆယ်ကျော်သက်အရွယ်မှာ လမ်းပျောက်တာတို့ ကြုံဖူးကြပါလိမ့်မယ်ဒီကားလေးကတော့ ဘဝတစ်ကွေ့ အသက်၂၀ အရွယ်မှာ သူငယ်ချင်းသုံးယောက်လမ်းပျောက်တဲ့ လက်တွေ့ဆန်ဆန် ဟာသကားလေးပါကောင်မလေးတွေကိုစိတ်ဝင်စားပြီး အရမ်းဗွေတဲ့ သူဌေးသားလူဆိုး ချာချီဟို(Kim Woo Bin)၊အချိန်ပိုင်းအလုပ်နဲ့ကျောင်းတက်နေရပြီး ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး ...
movie
Twenty (2015)
2015
6.4
The King’s Case Note (2017)
movie
2017
6.9
Fabricated City (2017)
Fabricated City (2017) IMDb - 6.9/10_____Rotten - 67% ဒီဇာတ်ကားလေးက K2 မင်းသားလေးရဲ့ ၂၀၁၇ ထွက် Action ဇာတ်ကားလေးပါ၊ ဇာတ်လမ်းမှာ Ji Chang Wook က နိုင်ငံံလက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမားဟောင်းတစ်ဦး ရန်ငြိုးရန်စ မရှိတဲ့ အင်တာနက်ဂိမ်းကို အစွဲအလန်းကြီးတဲ့လူငယ်လေးတစ်ဦးပါ။ ဂိမ်းထဲမှာတော့ သူက ကွန်မိုဒိုခေါင်းဆောင် ကပ္ပတိန်တစ်ယောက်ပါ။ တစ်နေ့တော့ ဂိမ်းဆိုင်မှာ ကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းလေး သွားပြန်ပေးခဲ့တယ်။ သူဖုန်းသွားပြန်ပေးခဲ့တဲ့ ကောင်မလေးက မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့အမှုမှာ သူ တရားခံဖြစ်သွားတယ်။ မှုခင်းဆေးပညာအရ စစ်ဆေးထားတဲ့ရလဒ်တွေအရ DNAရော လက်ဗွေရာ အားလုံးဟာ သူဘာမှမလုပ်ရဘဲနဲ့ကို မငြင်းနိုင်လောက်အောင်ကို သက်သေတွေက ပြည့်စုံနေလေရဲ့။ “အစားမတော်တစ်လုတ် အသွားမတော် တစ်လှမ်း” ဆိုသလိုလဲ မင်းသားလေး ရေတိမ်နစ်ပြီး ထောင်နန်းတစ်သက်တစ်ကျွန်း ကျခံဖို့ အပြစ်ပေးခံရလိုက်ရတယ်။ မင်းသားလေး အမေကလည်း ဒီအမှုကနေလွတ်အောင် အပြင်ကနေ အမျိုးမျိုးကြိုုးစားပေးနေရှာတယ်။ ဒီအမှုကို သူ့အမေ အယူခံဝင်နိုင်တဲ့အခါ သူ မကျူးလွန်ထားတဲ့အမှုကနေလွတ်ဖို့ ထောင်ထဲမှာ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရင်းက သူ့အမေလည်း ရုတ်တရက် ...
movie
Fabricated City (2017)
2017