Channel Myanmar

Agnes O'Casey

Small Things Like These (2024) 7.2
Small Things Like These (2024)   Peaky Blinder မင်းသားကြီး ခီလီယံ မာဖီရဲ့ အိုင်ယာလန်သမိုင်းဖြစ်ရပ်မှန် ဒရာမာ ရုပ်ရှင်အသစ်ကို တင်ဆက်ပေးထားပါတယ်။ဇာတ်လမ်းအခြေခံကတော့ Magdalene asylums ဒါမှမဟုတ်Magdalene laundries (ယေရှုခရစ်တော်ရဲ့ နောက်လိုက် မေရီမက်ဒလင်းရဲ့နာမည်ကို အစွဲပြု) ဆိုတဲ့ ၁၈ ရာစုနဲ့ ၂၀ ရာစုကြားကအမျိုးသမီး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွေရဲ့အရှုပ်တော်ပုံအကြောင်းတွေကို အခြေခံထားတာပါ။ အင်္ဂလန်၊စကော့တလန်၊ ဝေလ၊ အိုင်ယာလန်၊ အမေရိက၊ ကနေဒါ၊ ဆွီဒင်၊ဩစတြေးလျလို နိုင်ငံကြီးတွေမှာပါ ရှိပါတယ်။ သီလရှင်တွေကခရစ်ယာန်ဘာသာရေးအောက်ကနေ ဦးစီးတာပါ။ မူလရည်ရွယ်ချက်ကတော့ လိင်လုပ်သား အမျိုးသမီးတွေ၊ ခင်ပွန်းမရှိဘဲ ကိုယ်ဝန်ရှိသူတွေ၊ မိသားစုစောင့်ရှောက်မဲ့သူမရှိတဲ့ မိန်းကလေးငယ်တွေကိုစောင့်ရှောက်ဖို့ပါပဲ။ ဒါပေမဲ့ စားစရာနေစရာလောက်ပဲရပြီး ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရတာတွေ၊ ထောင်တွေထက်တောင် တင်းကြပ်တဲ့စည်းကမ်းတွေ နဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုတွေ အနိုင်ကျင့်မှုတွေကြောင့်နာမည်ပျက်မျိုးစုံနဲ့ ပိတ်ခဲ့ရတဲ့ အဖွဲ့အစည်းစနစ်လည်းဖြစ်ပါတယ်။နောင်မှာ ဒီဂေဟာတွေက လွတ်မြောက်လာသူတွေကို တရားဝင်ပါပြန်လည်တောင်းပန်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဘေလ်ဖာလောင်ဟာ သဘောကောင်းပြီး အလုပ်ကြိုးစားတဲ့သူဖြစ်သလို ...
movie

Small Things Like These (2024)

4K HEVC
The Miracle Club (2023) 6.4
The Miracle Club (2023)  The Miracle Club ဇာတ်ကားဟု ၂၀၂၃ ခုနှစ်ထွက်Family Drama ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်...ဇာတ်လမ်းကျောရိုးလေးကတော့ အိုင်ယာလန်မြို့လေးတစ်မြို့က မိန်းမ ၄ ယောက်ဟာ ဘုရာကျောင်းရဲ့ဘာသာရေးခရီးစဉ်တစ်ခုနဲ့ အံ့ဖွယ်ဖြစ်ရပ်တွေ နာမကျန်းသူတွေပြန်ကောင်းတယ်လို့ နာမည်ကြီးတဲ့ ပြင်သစ်က နေရာတစ်ခုကိုသွားရောက်ခဲ့တဲ့အကြောင်းလေး ဖြစ်ပါတယ်။ဒီခရီးစဉ်မှာ ပါဝင်ကြတဲ့ မိန်းမ ၄ ယောက်ဟာ အတိတ်နောက်ကြောင်းတွေ ဘယ်လိုရှိကြမလဲ သူတို့ရဲ့ကိုယ်စိတ်နာမကျန်းမှုတွေဟာ အံ့ဖွယ်ဖြစ်ရပ်တွေကြောင့်ပျောက်သွားနိုင်မလား ဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းဆိုပေမဲ့ နာမည်နဲ့လိုက်အောင်ကြည့်ရှုသူတွေကို ကိုယ်စိတ်ချမ်းသာအောင် လုပ်ပေးနိုင်မဲ့feel good ဇာတ်ကားကောင်းလေး ဖြစ်တာမို့ စိတ်ခွန်အားတွေရအောင် ကြည့်လိုက်ကြရအောင်... File size…1.88GB / 609MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

The Miracle Club (2023)

Lies We Tell (2023) 6.2
Lies We Tell (2023)  19ရာစု အိုင်ယာလန် နိုင်ငံမှာ အခြေတည်ထားပြီး ဇာတ်ဆောင်က Maud Ruthyn ဆိုတဲ့ အမျိုးသမီးကလေး တစ်ယောက် ဖြစ်ပါတယ်။အဖေသေပြီးတဲ့ မိဘမဲ့ Maud ဟာ အုပ်ထိန်းသူ မရှိတဲ့အတွက် သူ့ရဲ့ အမွေထိန်းသိမ်းသူ နှစ်ယောက်နဲ့ တိုင်ပင်နေပါတယ်။ Maudရဲ့ အဖေက ညီဖြစ်သူကို အုပ်ထိန်းသူနေရာပေးဖို့ သေတမ်းစာထဲ ထည့်ရေးခဲ့ပါတယ်။ သို့ပေမဲ့ ဦးလေးဖြစ်သူရဲ့ လူသတ်မှု သံသယရှိသူ ဖြစ်ဖူးတဲ့ နောက်ကြောင်း ရာဇဝင်ကြောင့် အမွေထိန်းသိမ်းသူတွေက သဘောမကျလှပါဘူး။ဒါပေမဲ့လည်း Maudက သူ့အဖေအလိုအတိုင်း ဦးလေးဖြစ်သူ Silas နဲ့ ဝမ်းကွဲ မောင်နှမတွေဖြစ်တဲ့ Edward နဲ့ Emily ကိုပါ အိမ်မှာခေါ်ထားခဲ့ပါတယ်။ စစချင်းမှာ Maudဟာ ဦးလေးကိုရော ဝမ်းကွဲနှစ်ယောက်ကိုပါ သိပ်ကို ခင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဦးလေးဖြစ်သူဟာ သူထင်ထားသလိုမဟုတ်ဘဲ ကောက်ကျစ်ရက်စက်သူ ဖြစ်နေတဲ့အခါ သူ့ကံကြမ္မာက အလှည့်အပြောင်းဖြစ်လာပြီး ...
movie

Lies We Tell (2023)