Channel Myanmar

Afrian Arisandy

The Last 7 Days (2025) Sebelum 7 Hari 5.4
The Last 7 Days (2025) Sebelum 7 Hari  The Last 7 Days (2025)IMDb Rating (5.4) တာရီဟာ ဆင်ဂယ်မိခင်တစ်ယောက်ဖြစ်ပြီး ဟာနစ်ဖ်နဲ့ဘီယန်းဆိုတဲ့ သားနဲ့သမီးဖြစ်သူတို့နဲ့အတူနေထိုင်ပါတယ်။သူ့မှာအလုပ်အကိုင်မယ်မယ်ရရမရှိလေလွင့်နေတဲ့ ကဒါးဆိုတဲ့မောင်တစ်ယောက်ရှိပြီး တစ်ရက်တော့ သူတို့ရဲ့မွေးရပ်အိမ်ကြီးမှာ မိခင်ဖြစ်သူ အသည်းအသန်ဖြစ်နေပြီဆိုတဲ့သတင်းစကားကြောင့် အိမ်ပြန်ဖို့ဖြစ်လာပါတော့တယ်။သူတို့ရဲ့မိခင်ဖြစ်သူဟာ သူတို့မောင်နှမနှစ်ယောက်ကို ငယ်စဉ်ကတည်းက အိမ်ပေါ်ကနှင်ချခဲ့တဲ့အတွက် တာရီက မိခင်ကိုအမြင်မကြည်ပါဘူး။ဒါပေမယ့်လည်း သူတို့ပြန်ရောက်ပြီးမကြာခင်မှာပဲ သူတို့ရဲ့မိခင်ဖြစ်သူဟာ ထူးဆန်းစွာသေဆုံးသွားခဲ့တဲ့အတွက် ရက်မလည်မချင်းနေရဖို့ဖြစ်လာခဲ့သလို ၊ သူ့အမေသေဆုံးချိန်ကစလို့ တစ်ယောက်ချင်းစီဟာ ထူးခြားတဲ့ဖြစ်စဉ်တွေနဲ့အခြောက်အလှန့်တွေခံလာရပါတယ်။အခြောက်အလှန့်တွေဟာ တစ်ရက်ထက်တစ်ရက်ပိုကြမ်းတမ်းလာခဲ့ပြီး သူတို့ရဲ့မိခင်ဖြစ်သူတစ္ဆေကပါ သူတို့ကိုကြုံတိုင်း ထွက်သွား လို့ပြောနေတဲ့အတွက် အိမ်ကနေအမြန်ထွက်သွားဖို့ကြိုးစားကြပေမယ့် အခြေအနေတွေက သူတို့ထွက်သွားဖို့မဖြစ်နိုင်အောင် တွန်းပို့ကြပါတော့တယ်။ယုံကြည်မှုဓလေ့အတော်များများမှာရှိကြတဲ့ ခုနှစ်ရက်မပြည့်မချင်း သေသူရဲ့ဝိဉာဉ်ဟာ လှည့်လည်သွားလာနေတယ်ဆိုတဲ့ အချက်ကိုအခြေခံပြီး အောက်လမ်းပညာနဲ့ပေါင်းစပ်ဇာတ်လမ်းဆင်ထားတဲ့ ဟော်ရာကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.2 GB) / (660 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:47:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated ...
movie

The Last 7 Days (2025) Sebelum 7 Hari

2025
Life is Filled with So Much of You (2024) 7.6
Life is Filled with So Much of You (2024) Life is Filled with So Much of You (2024) ******************************************ဆာဒါလီဆိုတဲ့ကောင်လေးက သူ့ဇာတိမှာ မိဘတွေသဘောတူတဲ့ အာနာဇာဆိုတဲ့ မိန်းကလေးကို သူပညာ‌သွားသင်ပြီး ပြန်လာတဲ့အခါ လက်ထပ်ပါ့မယ်လို့ ကတိပြုခဲ့ပါတယ်။ဒါပေမဲ့လည်း ကြိုမမြင်နိုင်တဲ့ကံတရားလို့ပဲ ဆိုရမလား။သူပညာသွားသင်တဲ့နေရာက သူငှားနေတဲ့ အိမ်ပိုင်ရှင် ကလေးတစ်ယောက်အမေ မယ်ရာဆိုတဲ့ အမျိုးသမီးကိုလည်း သဘောကျမိသွားခဲ့ပါတယ် .. ။ဒီလိုနဲ့ အကျပ်ရိုက်ရရင်းကနေ ဆာဒါလီတစ်ယောက် အိမ်ကသဘောတူထားတဲ့ မိန်းကလေးကိုပဲယူမလား ..သူသဘောကျရတဲ့ မယ်ရာဆိုတဲ့ အမျိုးသမီးကိုပဲ ယူမလားဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကို Kim မှ ရေးသားထားပါတယ်) File size…1.49GB / 656MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 39m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Kim, Char Ou, Mary & Dao Phyo Encoded by AHtet
movie

Life is Filled with So Much of You (2024)

Grave Torture (2024) 7.1
Grave Torture (2024)  အခုတင်ဆက်ပေးမဲ့ Horror ဇာတ်ကားလေးကတော့ တွေ့မြင်နေကျHorror ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ အင်ဒိုနီးရှားဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Siksa Kubur(Grave Torture) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန်ရရှိထားပါတယ်။အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူနှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့ဘာသာဝင်တွေလည်း ရှိပါသေးတယ်။အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေအများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင်မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင်ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေးအပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီးအစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီးတကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.62GB / 782MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. ...
movie

Grave Torture (2024)