Channel Myanmar

Adjoa Andoh

Wallace & Gromit: Vengeance Most Fowl (2024) 7.9
Wallace & Gromit: Vengeance Most Fowl (2024) ဒီကာကွန်းကားလေးကတော့ ခရစ္စမတ်နေ့ကမှထွက်ရှိထားတဲ့ Comedy Adventure Animation ကားလေးဖြစ်ပါတယ်။ဒီ Wallace and Gromit ဇာတ်ကားဟာ ၂၀၀၅ ခုနှစ်မှာတစ်ကား ၂၀၀၈ ခုနှစ်မှာ တစ်ကားထွက်ရှိခဲ့ပြီးတော့ အခုဒါနဲ့ဆိုရင် Trilogy ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။သုံးကားလုံး Rating တွေလည်းကောင်းကြတာမို့ ကြည့်လို့ကောင်းမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဝေါလေ့စ်ဟာ တီထွင်သူတစ်ယောက်ဖြစ်တာနဲ့အညီ အိမ်အလုပ်တွေခိုင်းလို့ရမယ့် စက်ရုပ်တစ်ရုပ်ကိုတီထွင်လိုက်ပါတယ်။သူ့ရဲ့စွမ်းဆောင်ချက်တွေကိုမြင်လိုက်ရတဲ့အိမ်နီးချင်းတွေဟာ စက်ရုပ်ကိုသဘောကျသွားပြီးတော့ သူတို့အိမ်တွေမှာပါလိုက်ပြီးအလုပ်လုပ်ပေးဖို့ ဝေါ့လေ့စ်ကိုတောင်းဆိုလာပါတယ်။ဒီလိုနဲ့ ဝေါလေ့စ်ဟာ စက်ရုပ်အများအပြားတီထွင်ပြီး လုပ်ငန်းကိုချဲ့ထွင်လိုက်ပါတယ်။ဒါပေမဲ့ နည်းပညာမှာကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်းပါလာတာကြောင့် ဒီစက်ရုပ်တွေနဲ့အကျိုးဆက်တွေကို ဝေါလေ့စ်နဲ့ဂရိုမစ်တို့နှစ်ဦးသား တွေ့ကြုံရပါတော့တယ်။ဒီဇာတ်လမ်းကတော့ အားလပ်ရက်မှာ မိသားစုနဲ့အတူပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် စွန့်စားခန်း ဟာသကာတွန်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…    1.2 GB /  550 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Adventure / Comedy Subtitle…. Myanmar Subtitle ...
movie

Wallace & Gromit: Vengeance Most Fowl (2024)

Fractured (2019) 6.5
Fractured (2019) Fractured (2019)IMDb Rating (6.5)ဒီဇာတ်လမ်းလေးကတော့ Mystery/ Thriller ပရိသတ်တွေ အကြိုက်တွေ့မယ့် psychological thrillers ရုပ်ရှင်ကားပါ။ဇာတ်လမ်းလေးကတော့ မိသားစုသုံးယောက် ခရီးထွက်လာချိန်မှာသမီးဖြစ်သူက ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဆေးရုံကိုအပြေးမောင်းလာခဲ့ပေမယ့် ဆေးရုံရဲ့အခြေအနေက ထူးဆန်းနေပါတယ်။ သူနာပြုတွေရဲ့ထူးဆန်းတဲ့အမူအရာတွေ၊ ဆေးရုံကိုရောက်လာတဲ့လူနာတွေ စတာတွေကြောင့် ဖခင်ဖြစ်သူက စိတ်ပူခဲ့ပေမယ့် သမီးဇောနဲ့ လက်ရှိဆေးရုံမှာပဲကုသခဲ့ပါတယ်။ ဒါပေမယ့်ကုသနေရင်းနဲ့ ဇနီးနဲ့ သမီးဖြစ်သူ ပျောက်ဆုံးသွားချိန်မှာတော့..။ဆေးရုံက ဘယ်လိုဆေးရုံမျိုးလဲ? ဘာကြောင့် ပျောက်ဆုံးသွားရတာလဲ? ဖခင်ဖြစ်သူက သမီးနဲ့ဇနီးသည်ကို လိုက်လံရှာဖွေတဲ့အခါမှာဘယ်လိုဟာတွေဆက်လက်ကြုံတွေ့လာရမလဲဆိုတာ ကြည့်ရင်းကြည့်ရင်း စိတ်ဝင်စားဖို့ကောင်းကောင်းလာတဲ့ ဒီကားလေးက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ လုံးဝအကြိုက်တွေ့စေမှာပါ။ File size…(1.9 GB )/(840 MB) / (670 MB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Trasnlated by Aye Mon Kyaw
movie

Fractured (2019)

2019
4K HEVC
Closed Circuit (2013) 6.2
Closed Circuit (2013) Closed Circuit (2013)IMDb Rating (6.2)လန်ဒန် ရဲ့ အထင်ကရဈေးတခုမှာ ပေါက်ကွဲမှုတခု ဖြစ်ပွဲခဲ့ပြီး လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်… ဒီဖြစ်ရပ်မှာ သံသယရှိသူ တစ်ဦးကို ဖမ်းဆီးပြီး စစ်ဆေးခဲ့ကြပါတယ်…တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေတဲ့ ဆိုင်မွန်ဟာ ရုတ်တရတ် သေဆုံးသွားခဲ့ပြီးနောက် ဒီအမှုကိုဆက်လက်စစ်ဆေးဖို့ ရှေ့နေ Martin Rose ကို လွှဲပြောင်းပေးခြင်းခံရသလို တချိန်ထဲမှာပဲ တရားခံဖက်က ရှေ့နေအဖြစ် Claudia Simmons ကို ဆောင်ရွက်စေခဲ့ပါတယ်…ထူးခြားတာက သူတို့ ၂ ဦးဟာ မကြာခင်အချိန်တခုကမှ ပြတ်စဲထားတဲ့ လင်မယားတွေဖြစ်ကြတာကြောင့် ဒီအမှုကို ပေးအပ်လိုက်ချိန်ကစလို့ တဦး နဲ့ တဦး မည်သည့် အကြောင်းနဲ့မှ ပက်သက်ဆက်နွယ်ခွင့်မရှိကြောင်း ကတိပေးထားရပါတယ်..တရာခံရှေ့နေ Claudia ဟာ MI5 agent Nazrul Sharma ရဲ့ ထိမ်းသိမ်းမှုအောက်မှာသာ လှုပ်ရှားခွင့်ရှိပြီး တရားခံ Farroukh  ...
movie

Closed Circuit (2013)

Brotherhood (2016) 6.0
Brotherhood (2016)  ဆမ်ဟာ အလွတ်တမ်း အလုပ်တွေကြိုးစားလုပ်ပြီးမိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ သူအလုပ်တွေအများကြီးလုပ်နေတာ‌ကြောင့်ကလေးတွေကို အချိန်မပေးနိုင်တဲ့အတွက် မိန်းမနဲ့လည်းကတောက်ကဆလေးတွေခဏခဏဖြစ်လေ့ရှိပါတယ်။တစ်ဖက်မှာလည်း ဆမ်ရဲ့ အမေနဲ့ ညီတစ်ယောက်လည်းရှိပါသေးတယ်။ တစ်နေ့မှာ ဆမ်ရဲ့ညီကို လူတစ်စုကသေနတ်နဲ့ပစ်သွားကြလို သေကံမရောက်ပေမဲ့ဆေးရုံတက်လိုက်ရပါတယ်။ ဒါကိုမသင်္ကာတဲ့ဆမ်တစ်ယောက် လိုက်စုံစမ်းကြည့်တဲ့အခါမှာသူအရင်က ပတ်သတ်ခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့လက်ချက်ဖြစ်ပြီး ဆမ်ကိုလက်စားချေချင်လို ဒီလိုတွေလုပ်နေတယ်ဆိုတာကို သိလိုက်ရပါတော့တယ်။လက်စားချေတာ ရိုးရိုးတန်းတန်းမဟုတ်ဘဲ ဆမ်ရဲ့မိသားစုဝင်တွေအထိပါ သတ်ပစ်မယ်လို ခြိမ်းခြောက်လာတဲ့အခါ ဆမ်တစ်ယောက်ဘယ်လိုရင်ဆိုင်သွားမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.40GB / 675MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Thriller , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie

Brotherhood (2016)

Invictus (2009) 7.3
Invictus (2009)  IMDB 7.3/10, RT 76 %, ဆု ၁၂ ဆုနဲ့ ဇကာတင် (အော်စကာဆုအပါအဝင်) ၃၈ ခု ဝင်ခဲ့တဲ့ Sport/Drama အမျိုးအစား ဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman (The Shawshank Redemption)နဲ့ Matt Damon (The Martian)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး တောင်အာဖရိကရဲ့ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မန်ဒယ်လာရဲ့ လူဖြူ၊ လူမည်း ပြည်သူတစ်ရပ်လုံးကချစ်တဲ့သမ္မတအဖြစ် ကြိုးပမ်းပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ဇာတ်လမ်းရဲ့ စ လယ် ဆုံး သုံးပါးလုံးက ခိုင်မာတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဖြစ်တယ်ဆိုတာနဲ့ အရည်အချင်းပြည့်ဝပြီး ပီပြင်အောင် သက်ဝင်ခံစားနိုင်တဲ့ သရုပ်ဆောင်တွေရယ်၊ ပါဝင်တဲ့ဇာတ်ကောင်တိုင်းက အပြင်လောကမှာ တကယ်ရှိတဲ့ဇာတ်ကောင်တွေကို ပုံဖော်ထားတာရယ်၊ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲရိုက်ချက်တွေရယ်ကြောင့် review ကောင်းများစွာကို ရရှိထားတဲ့ ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်ကားရဲ့နာမည် Invictus ...
movie

Invictus (2009)