Channel Myanmar

Aditya Roy Kapoor

Aashiqui 2 (2013) 7.1
Aashiqui 2 (2013) Aashiqui 2 (2013)IMDb Rating (7.1)ဘောလိ၀ုဒ်ပရိသတ်တွေကြားမှာမသိတဲ့သူ မရှိသလောက်ရှားမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Aashiqui 2 ကိုပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိထားတဲ့အတိုင်း Star is Born နှစ်ကားလုံးကိုအခြေခံထားတာဖြစ်ပါတယ်။အစောပိုင်းတုန်းကတော့ တက်သစ်စတွေ ခေါင်းဆောင်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မူရင်းဇာတ်ကားကိုမမှီမှာပူပန်မှုတွေရှိခဲ့ပေမယ့် ဇာတ်ကားထွက်လာချိန်မှာတော့ အဲ့ဒီစိုးရိမ်မှုတွေ သံသယတွေကိုချေဖျက်ခဲ့ပြီး ၂၀၁၃ ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ခဲ့တဲ့အပြင် Aditya Roy Kapur နဲ့ Shraddha Kapoor တို့ကိုလည်း ကောင်းကောင်းအသိအမှတ်ပြုမှုရစေခဲ့တဲ့ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းကတော့ အရက်စွဲပြီးပြဿနာပေါင်းစုနဲ့နာမည်ကျစပြုနေတဲ့ ရာဟူးဆိုတဲ့ တစ်ချိန်ကဒိတ်ဒိတ်ကြဲအဆိုတော်တစ်ယောက်၊ နယ်မြို့လေးတစ်မြို့မှာရှိုးပွဲသွားဆိုရင်း အဲ့ဒီမြို့က ခပ်နုပ်နုပ်ဘားတစ်ခုမှာ သီချင်းဆိုနေတဲ့ အာရိုနီဆိုတဲ့ ကောင်မလေးကိုအမှတ်မထင်တွေ့ပြီး စွဲလန်းသွားခဲ့မိပါတယ်။အစပိုင်းမှာ သူစွဲလန်းမိတာ လူကိုလား အနုပညာကိုလား မဝေခွဲတတ်ခဲ့ပေမယ့် အဲ့ဒီစွဲလန်းစိတ်နဲ့ပဲ ကောင်မလေးကိုမြို့ပေါ်ခေါ်သွားပြီးမြေတောင်မြှောက်ပေးဖို့စဉ်းစားခဲ့ပါတယ်။ တစ်ဖြည်းဖြည်းအတူနေရင်း သံယောဇဉ်တွေ ရင့်သန်လာကြရင်းနဲ့ ရာဟူးနဲ့ အာရိုနီရဲ့ ဘ၀အနိမ့်အမြင့်အတက်အကျတွေ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေနဲ့ ရာဟူးရဲ့စွဲလန်းမှုပြဿနာတွေကြားက သူတို့ရဲ့ဇာတ်လမ်းကိုရှုစားကြရမှာပါ။ဒီကားကဇာတ်လမ်းပေါက်ခဲ့သလို သီချင်းတွေလည်းအကုန်ပေါက်ခဲ့တဲ့ကားပါ။ ဇာတ်ကားမကြည့်ဖူးတဲ့ သူတွေတောင်သီချင်းတွေကိုတော့ နားစွဲနေမှာဖြစ်တဲ့အတွက် မကြာမှီလာမည်ဆိုတဲ့ Aashiqui 3 မလာခင်လေးမှာ အရင်ကားလေးကိုခဏလောက်ပြန်နွှေးထားကြရအောင်ပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။) File size…(7.9 GB)/(2.7 GB ...
movie

Aashiqui 2 (2013)

2013
4K HEVC
Ludo(2020) 7.6
Ludo(2020) Ludo(2020)((အလန်းစားကားမို့ WEB-DL1080P5.1CH,720Pတို့ဖြင့်တင်ဆက်ပေးထားပါသည်...))တစ်ချို့ကားတွေရှိတယ်''Cast ကားကောင်းပေမဲ့ဇာတ်လမ်းမကောင်းတော့ မှန်းချက်နဲ့မကိုက်''ဒီကားကတော့ခြွင်းချက်''ပါဝင်ထားတဲ့ Cast တွေက အားရစရာပါ...မြန်မာပရိတ်သတ်တွေနဲ့ရင်းနီှးကြတဲ့ရဲနဲ့သူခိုးဖမ်းတမ်းကစားတဲ့ကားမှာမိမလိုနဲ့အမြဲကပ်ပြီးလွတ်သွားတဲ့ရဲသားကြီး Abhishek Bachchan ''သရဲမလေးကိုမှစွဲလန်းချစ်မိသွားတဲ့ Rajkummar Rao'' ထွက်သမျှကားတိုင်းမသောက်ရမနေနိုင်တဲ့ရှကီဘဲကြီး Aditya Roy Kapoor''အခုနောက်ပိုင်းထွက်တဲ့ဇာတ်ကားတိုင်းသူ့ခြေရာကနေမလွတ်တဲ့ဟာသဗီလိန်ကြီး Pankaj Tripathi''Hollywood ကားတွေပါတောင်ပါတယ်ဗျ''...​ချစ်ဖို့ကောင်းတဲ့နပမ်းသမားမလေးနှစ်ယောက်ဖြစ်တဲ့ Fatima Sana Shaikh နဲ့ Sanya Malhotra ''ဂျွတ်ထိုးတတ်တဲ့ဆရာမလေးကားထဲမှာပါတဲ့စာတော်တဲ့ကျောင်းသားဆိုးလေး Rohit Saraf''အဲ့လိုCast တွေကိုအသုပ်စုံလိုသမထားပေမဲ့ဇာတ်ကားက အချိတ်အဆက်မိမိနဲ့ဂေါ်ထွက်နေပါတယ်... ဒါရိုက်တာကလည်း '' Anurag Basu''ဖြစ်ပြီး''Ranbir Kapoor ရဲ့ Barfi''လက်ပွားမင်းသားရဲ့ Kites တို့လိုဇာတ်လမ်းခပ်ဆန်းဆန်းတွေရိုက်ပြီး''ဆုတွေလည်းရထားတာတဲ့သူပါ... ကြည့်ရတန်မယ်ဆိုတာအာမခံပါတယ်''Ludo ဆိုတဲ့ဂိမ်းလိုမျိုးပဲကြည့်သူတွေကိုဘယ်လိုလှည့်ကွက်နဲ့ဖမ်းစားမလဲဆိုတာကိုတော့အညွှန်းက စပွိုင်လာဖြစ်နေမှာစိုးလို့ သီးခြားကြီးမရေးတော့ပါဘူး...မှုခင်းလည်းပါရမယ် ..အက်ရှင်လည်းပါရမယ် ..ဟာသလေတွေလည်းဖောက်ထားရမယ်..Indiaကားလည်းဖြစ်ရမယ်ဆိုတဲ့သူတွေ နင်းကန်ဒေါင်းပြီးအားပေးသင့်ပါကြောင်း....ဇာတ်လမ်းအညွှန်းကို Thu Hlaing မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့ Zwe Zan Aungနဲ့ Paingတို့ပဲဖြစ်ပါတယ်...File Size :(2.63GB)(1.16GB) and (429MB) Quality : NF WEB-DL 1080p ...
movie

Ludo(2020)

Sadak 2(2020) 1.1
Sadak 2(2020) Sadak 2(2020)လူ့လောကကို စိတ်ကုန်နေတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ရယ်၊ မသမာသူတွေ လက်ထဲက ပြေးထွက်လာတဲ့ ချစ်သူစုံတွဲရယ်နဲ့ဇာတ်လမ်းဖွင့်ထားတာတွေ့ရပါလိမ့်မယ်...။အစောပိုင်းမှာ အဲ့ဒီ ဒရိုက်ဘာကြီးဆီကို ညဉ့်နက်ချိန်မှာ မိန်းကလေးတစ်ယောက်က သူသွားလိုတဲ့ နေရာကိုလိုက်ပို့ပေးရမည်ဖြစ်ကြောင်းပြောပြီး အရင်ကတည်းက ကြိုတင်မှာထားကြောင်း ပြောပါတယ်။တက္ကစီဒရိုက်ဘာကလည်း ငြင်းမရတော့တဲ့အဆုံးမှာ သူသွားလိုရာကို လိုက်ပို့ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ ကောင်မလေးဟာ တစ်ခုခုက ထွက်ပြေးလာပုံပေါ်နေတာမို့ တက္ကစီဒရိုက်ဘာကတော့ ရိပ်စားမိပါတယ်။ဒါ့အပြင် ဗဟိုအကျဉ်းထောင်ကို သွားပြီး သူ့ချစ်သူကို ခေါ်ရဦးမည်တဲ့။ ကိုယ်တိုင်က အားလုံးကိုစိတ်ပျက်နေရတဲ့ကြားထဲအန္တရယ်အငွေ့အသက်တွေပြည့်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကားပေါ်တင်လာပြီးတဲ့အချိန်ကစပြီးဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး....ဒီကားနဲ့ပတ်သက်ပြီး  IMDb Ratingကိုပြောချင်ပါသေးတယ်။ Ratingကို အနည်းဆုံးပဲမြင်ရမှာပါ။ဒါဟာ ဇာတ်ကားကို ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ မထွက်ခင်ကတည်းကဒီလိုပေးကြမယ်လို့ ကြံစည်ထားကြတာပါ။ ဆူရှန့်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘောလိဝုဒ်ရဲ့ တချို့ဇာတ်ကားတွေကိုIMDb Rating နဲ့ သတ်မှတ်လို့မရတော့တဲ့ အခြေအနေပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Koe နဲ့ Myint Thu တို့ပဲဖြစ်ပါတယ်....File Size : (1.03 GB) ...
movie

Sadak 2(2020)

Malang (2020) 6.7
Malang (2020) ကဲ Bollywood ပရိသတ်ကြီးအတွက် စောင့်မျှော်နေကြတဲ့ ရုံတင်ကားကြီးဖြစ်တဲ့ Malang ကို တင်ဆက်ပေးလိုက်ပါပြီ2020 မှာ အတော်လေးအောင်မြင်လူကြိုက်များသွားတဲ့ကားဆိုလည်း မမှားပါဘူးမင်းသားချော အဒီသ်ယားနဲ့ မင်းသမီးချော ဒေရှားတို့ကိုကတော့ ဘောလီဝုဒ်ဖန်တိုင်းသိကြမှာပါသီချင်းတွေကလည်း စောက်လန်းတွေချည်းပါပဲRomance, Thriller ကားကောင်းတစ်ကားပီပီ ဇာတ်လမ်းကလည်း မြုပ်ကွက်တွေနဲ့ စလည်အဆုံးဆွဲခေါ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်ဒါကြောင့် စပွိုင်းအမိမခံပါနဲ့ (ကြည့်ပြီးသူများလည်း ဇာတ်ကြောင်းမပြောကြဖို့ မေတ္တာရပ်ခံပါရစေ)ဇာတ်လမ်းလေးကတော့"လူသတ်မှုတစ်ခု တိုင်ချက်ဖွင့်ချင်လို့ပါ ဆရာ""မင်းပတ်ဝန်းကျင်ဧရိယာက ရဲစခန်းမှာတိုင်လိုက်လေကွာ""မဖြစ်သေးပါဘူး ဆရာ အခုမှကျူးလွန်မှာမို့လို့ပါ" ဒီလိုဖုန်းကောလ်တစ်ခု စခန်းမှူး အာဂရှိစ်ထံဝင်လာခဲ့ပါတယ်အာဂရှိစ်ဆိုတာကလည်း ရာဇဝတ်သားမှန်သမျှ ရင်ဆိုင်တိုက်ပွဲတွေ့လို့ဆိုပြီး  အသေချည်းဆော်တဲ့ရဲတစ်ယောက်ပါ ဆေးချပြီး အမြဲကောင်းနေသူပေါ့တစ်ဖက်က သူ့ကို နောက်သလိုလို စိန်ခေါ်သလိုလိုနဲ့ ဝင်လာတဲ့ဖုန်းဆက်သမားနဲ့ အာဂရှိစ့်တို့ ထိပ်တိုက်တွေ့ကြလေသောအခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါဇာတ်လမ်းအများကြီးမပြောတာ စပွိုင်းမိသွားမှာစိုးလို့ပါ နိုင်ငံတကာ ရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့IMDb 6.7/10 နဲ့Rotten 67% အထိရရှိထားတဲ့ ကားကောင်းတစ်ကားပါ(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ) File Size : (2.0 GB) , ...
movie

Malang (2020)

2020
Kalank (2019) 3.5
Kalank (2019) 2019ခုနှစ်မှာ Endgame နဲ့ အပြိုင် ရုံတင်ပြီးဝေဖန်မှု အမျိုးမျိုး ကြုံခဲ့ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကြီး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားထဲမှာ ပါဝင်ကြတဲ့ မင်းသားမင်းသမီးတွေကိုတော့အထူးတလည် မိတ်ဆက်စရာ မလိုဘူး ထင်ပါတယ်။ဇာတ်ကောင် တစ်ခုချင်းစီကို မိတ်ဆက်ပေးရမယ် ဆိုရင်ဇဖာရ်(ဗာရွန်)ကတော့ ပန်းပဲဆရာ တစ်ယောက်ဖြစ်ပြီးပြည်တန်ဆာတွေနဲ့ ရင်းနှီးနေတဲ့ နာမည်ဆိုးရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်တစ်ယောက်၊မိဘစွန့်ပစ်ခံ(တရားမဝင်မွေးဖွားသူ) အဖြစ် မြင်တွေ့ရမှာပါ။အလီယာကိုတော့ နာကျင်မှုတွေနဲ့ ခံစားနေရတဲ့ရု(ပ်) အဖြစ် မြင်ရမှာပါ။အစ်မတော်ရဲ့ နောက်ဆုံးဆန္ဒကို ဘဝနဲ့ ရင်းပြီးဖြည့်ဆည်းပေးလိုက်ရသူပါ။ဆန်းဂျေးကိုတော့ ရု(ပ်)ရဲ့ ယောက္ခမ နေရာမှာမြင်ရမှာပါ။အာဒိသယကိုတော့ ဆန်ဂျေးရဲ့သား သတင်းစာတိုက်ပိုင်ရှင် ဒေ့ဗ်အဖြစ် မြင်တွေ့ရမှာပါ။ဒေ့ဗ်ဟာ မင်းသမီးကြီး Sonakshi (ဆာ့သ်ယာ)ရဲ့ခင်ပွန်းပါ။တစ်ဖက်မှာ အိန္ဒိယသွေးစည်းရေးကို ကြိုးပမ်းနေပြီးတစ်ဖက်မှာ ဇနီးဆန္ဒကို ဖြည့်ဆည်းနေကြသူတွေပါ။ဟီး တော်တော် နားလည်ရခက်တဲ့ ဆက်ဆံရေးတွေဗျ။ဒီလိုနဲ့ အလီယာမှာ ဆန္ဒတစ်ခု ဖြစ်လာခဲ့တယ်။ ဒါကလည်း ဇာတ်လမ်းကို အထွတ်အထိပ်ထိဆွဲခေါ်သွားမယ့် ဆန္ဒတစ်ခုပါ။သူတို့တွေရဲ့ အရှုပ်တော်ပုံကြီးကိုမျက်ဝါးထင်ထင် မြင်တွေ့ခံစား ကြည့်ကြပါဦးဗျာ။ဝေဖန်မှုတွေ ...
movie

Kalank (2019)

2019