Channel Myanmar

Adil Hussain

2.0 (2018) Enthiran 2 7.0
2.0 (2018) Enthiran 2 ၂၀၁၈ ခုနှစ်မှာ ထွက်ထားတဲ့ ဟင်ဒီစတားနဲ့တမီးလ်စတားတို့ အားပြိုင်ထားတဲ့ ၂၀၁၈ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားဟာ ၂၀၁၀မှာ ထွက်ခဲ့တဲ့ Enthiran ရဲ့ အဆက်ဆိုလည်း မမှားပါဘူး။ပထမဇာတ်ကားထဲမှာတော့ ချက်တီးစက်ရုပ်ကိုမသမာသူတွေရဲ့ လက်ချက်ကြောင့် သိမ်းဆည်းခံခဲ့ရတာ အားလုံးသိမယ်ထင်တယ်။ဇာတ်လမ်းအကျဉ်းကို ချပြရမယ်ဆိုရင်လူတိုင်းလည်းသိပြီးထားလောက်ပါပြီ။မြို့ထဲမှာ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပျက်ပုံကို စတင်တွေ့မြင်ရမှာပါ။ရှိရှိသမျှ မိုဘိုင်းဖုန်းတွေဟာ ဘာရယ်ကြောင့်မှန်းမသိaလထဲ လွင့်ထွက်ပျံသန်းသွားခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။တခြားမိုဘိုင်းဖုန်းအရောင်းကိုယ်စားလှယ်တွေနဲ့ဆက်သွယ်ရေးဝန်ကြီးတွေပါ အသတ်ခံရပါသေးတယ်။ဖုန်းတွေ ဘယ်ရောက်သွားကြတာလဲ။ဘယ်သူ့လက်ချက်လဲ ဆိုတာ အားလုံး ပဟေဠိဖြစ်နေကြချိန်မှာဒါကို အဖြေရှာဖို့ ဒေါက်တာဗာစီကရန်ဟာ ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ စစ်တပ်ကတောင် မနိုင်တဲ့ ထိုအရာကြီးကိုချေမှုန်းဖို့... ချက်တီးစက်ရုပ်ကို ပြန်လည်အသက်သွင်းဖို့ အကြောင်းဖန်လာပါပြီ။ကဲ ချက်တီးနဲ့အတူ မိုက်ခရိုဘော့လေးတွေလည်းပါဝင်ခံစားလိုက်ပါဦးဗျာ။ File Size : (2.20 GB) , (1.10 GB)  Quality : AMZN WEB-DL (1080p 5.1,720p) Running Time : 2hr 28min Format : Mp4 Genre : ...
movie

2.0 (2018) Enthiran 2

2019
Angry Indian Goddesses (2015) 4.9
Angry Indian Goddesses (2015) Angry Indian Goddesses (2015) စိတ်မာန်ဒေါသနှင့် နတ်မိမယ်IMDb 6.9/10မှုခင်း ဒရမ်မာကိုမှ ဟာသပါးပါးလေးပါဝင်တဲ့ ဟင်ဒီစကားပြောရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဖက်ရှင် ဓာတ်ပုံဆရာမလေး ဖရီဒါဟာ အိန္ဒိယအနှံ့က သူ့သူငယ်ချင်းတွေကို ခရီးတိုလေးထွက်ပါမယ်ဆိုပြီး ဂိုအာက သူ့အိမ်လေးကို ဖိတ်ခေါ်လိုက်ပါတယ်။သူ့သူငယ်ချင်းတွေက နယ်ပယ်စုံကပါပဲ။ ဘောလိဝုဒ်အဆိုတော်လေး မတ်၊ ဆုဖလားရ ထားတဲ့သူရဲ့ဇနီး ပမ်မလာ၊ စီးပွားရေးသမားလေး ဆူရန်ဂျာနာ၊ မင်းသမီးဖြစ်ဖို့ ကြိုးစားနေတဲ့ ဂျိုအာနာ၊ နိုင်ငံရေးသမား နာဂစ်တို့ပါ။ဂိုအာကသူ့အိမ်ရောက်မှသာ သူမင်္ဂလာဆောင်တော့မှာမို့ သူတို့ကို ခေါ်လိုက်ရကြောင်း ဖရီဒါကကြေညာလိုက်ပါတယ်။မင်္ဂလာဆောင်မတိုင်ခင် လုပ်လေ့ရှိတဲ့ ထုံးစံအတိုင်း လူပျို အပျိုပါတီကျင်းပဖို့ စီစဉ်ကြပါတော့တယ်။ သူတို့သူငယ်ချင်း အုပ်စုကတော့ ကမ်းခြေကို တစ်ပတ်ခရီးထွက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာပါ။ဒီမှာ မူမမှန်‌နေတာတစ်ခုကတော့ ဖရီဒါက သူမင်္ဂလာဆောင်မှာ ဘယ်သူပါဆိုတာ ထုတ်မပြော‌တာပါပဲ။ ဒီလိုနဲ့ ခရီးသွားရင်းမှ မိန်းကလေးသူငယ်ချင်းအုပ်စုဟာ ‌လျှို့ဝှက်ချက်တွေ ပြဿနာတွေ ပျော်စရာတွေ မျှဝေရင်း မထင်မှတ်တာတွေ ကြုံတွေ့လာတဲ့ ...
movie

Angry Indian Goddesses (2015)

What Will People Say (2017)
What Will People Say (2017) What Will People Say (2017) ***************************နီရှားဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ပါကစ္စတန်မိသားစုကနေမွေးဖွားလာသူပါ...ပါကစ္စတန်လူမျိုးဖြစ်ပေမဲ့လည်း ကြီးပြင်းခဲ့တာကတော့ နိုင်ငံရပ်ခြားနော်ဝေးမှာပေါ့...သူမဟာအိမ်မှာမိဘတွေရှေ့မှာတော့ ရိုးရာဓလေ့တွေကိုလိုက်နာတဲ့သူတစ်ယောက်ဖြစ်ပြီးနာက်ကွယ်မှာတော့ လူငယ်ဆန်ဆန် နိုင်ငံရပ်ခြားက အပေါင်းအသင်းတွေနဲ့ပျော်ပျော်ပါးပါးလွတ်လွတ်လပ်လပ်နေလေ့ရှိပါတယ်...တစ်နေ့မှာတော့ ကောင်လေးတစ်ယောက်နဲ့ နီရှား အိပ်နေတာကိုသူ့အဖေက တွေ့သွားခဲ့ပါတယ်...နော်ဝေးလိုနိုင်ငံမျိုးမှာကောင်လေးတစ်ယောက်နဲအိပ်တာမဆန်းပေမဲ့ပါကစ္စတန်လူမျိုးတို့ ဓလေ့ထုံးတမ်းအရ အရမ်းကိုစက်ဆုပ်စရာဖြစ်နေတယ်...သတ်ချင်လောက်အောင်ဒေါသထွက်နေပေမဲ့ အဖေဖြစ်သူဟာ ပါကစ္စတန်က အမျိုးတွေထံပြန်ပို့လိုက်တယ်...ဒီကားက Dramaကားတွေထဲမှာ ရည်ရွယ်ချက်လည်း ကောင်းသလို ပေးချင်တဲ့ message လေးတွေလည်းလှပတဲ့အတွက်ကြောင့်မို့လို့ အကောင်းဆုံးရုပ်ရှင်ဆု၊အကောင်းဆုံးဒါရိုက်တာဆု၊မင်းသမီးဆု၊မင်းသားဆုတွေရရှိခဲ့ပါတယ်...Rating တွေကလည်းအကောင်းဆုံးအနေအထားမှာရှိလို့ Drama ကားကောင်းကြိုက်သူတို့ခံစားကြည့်လိုက်ပါဦးဗျို့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်...File Size : 1.57GB / 664MB Quality : WEB-DL 1080p / 720p Duration : 01:46:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Heather Oo 
movie

What Will People Say (2017)

The Storyteller (2022) 7
The Storyteller (2022) The Storyteller (2022) "ဇာတ်ကြောင်းပြောသူ"IMDb 6.9အားလုံးမြင်ဖူးလောက်မယ့် ဝါရင့်မင်းသား Paresh Rawal ပါဝင်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်ပါတယ်တာရီနီဆိုတဲ့ အဘိုးကြီးတစ်ယောက်ဟာ သူ့ဘဝမှာ အလုပ် ၇၃ ခုထိ ပြောင်းလုပ်ခဲ့ပြီး အငြိမ်းစားယူသွားတဲ့အချိန်မှာ ဟာတာတာကြီး ဖြစ်သွားခဲ့တယ်သူဟာ အရင်းရှင်စနစ်ကို အမြင်ကတ်သူဖြစ်ပြီး အမေရိကားလို အရင်းရှင်နိုင်ငံကို မလိုက်နိုင်ဘူးကွလို့ US ရောက် သားဖြစ်သူကို အတွင်တွင်ငြင်းနေသူ နောက်ပြီး သူ့ကို ဇာတ်လမ်းပြောကောင်းသူတစ်ယောက်လို့ လူအများက သတ်မှတ်ကြပြီး သူ့ဇာတ်လမ်းတွေကို နားထောင်ချင်ကြတယ်တစ်ရက်မှာတော့ သတင်းစာထဲက အလုပ်ခေါ်စာတစ်ခုမှာ ဇာတ်ကြောင်းပြောသူ ခေါ်နေတာကြောင့် ကလေးတွေကို ပုံပြင်ပြောရမယ်အထင်နဲ့ အလုပ်သွားလျှောက်ခဲ့ရာမှာ တကယ့်အလုပ်က ဘာအလုပ်ဖြစ်မလဲ ဘဝရဲ့တတိယအရွယ်မှာ ဒီအလုပ်က သူ့ဘဝကို ထပ်မံပြောင်းလဲပေးနိုင်မှာလား ခံစားကြည့်ရှုလိုက်ကြပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.7GB / 786 MB Quality…WEB DL 1080p HEVC / 720p Format…mkv/ mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

The Storyteller (2022)

Hotel Salvation aka Mukti Bhawan (2016) 7
Hotel Salvation aka Mukti Bhawan (2016) Mukti Bhawan _Hotel Salvation 2016 (ခေါ်သံ)Imdb 7/10 လူတွေက သေဆုံးဖို့မွေးဖွားလာတာပဲမဟုတ်လား ဒီနေ့ကိုနောက်ဆုံးလို့သဘောထား မသေချာသေးတဲ့ မနက်ဖြန်တွေအတွက်တွေးပူမနေဘဲ မသေခင်လေးလုပ်ချင်တာတွေလုပ်ပြီး နေထိုင်သွားကြဖို့ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ထပ်ကာထပ်ကာမက်နေတဲ့ အိပ်မက်တစ်ခု အိပ်မက်ထဲတစ်ရွာလုံးမှာလူမရှိပေမဲ့ သူ့နာမည်ခေါ်သံကိုကြားနေရတယ် အသံဘယ်နားကလာမှန်းလည်းမသိ တစ်ရွာလုံးပတ်ရှာတော့လည်းလူမတွေ့ဘူးပေါ့ ဒီအိပ်မက်ကိုမက်တာ အကြိမ်ရေမနည်းတော့တဲ့ အဘိုးတစ်ယောက် သေခြင်းကလက်တစ်ကမ်းရောက်နေလို့ သူ့ကိုနိမိတ်ပြတာပဲလို့သတ်မှတ်ပြီး မသေခင်လေး ဗာရာဏသီက မြင့်မြတ်တဲ့နေရာတွေအလည်သွားချင်တယ်လို့ဆိုတော့ သားဖြစ်သူက အဖော်အဖြစ်နဲ့လိုက်ပါပို့ဆောင်ပေးတဲ့ဇာတ်လမ်းပါဇာတ်လမ်းကအေးတယ်ထင်ရပေမဲ့ လမ်းခရီးမှာတွေ့ကြုံရမဲ့အရာတွေနဲ့ ပညာပေးတွေကြောင့် ကြည့်ရတာမဆိုးလှတဲ့ဇာတ်ကားပါပဲရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ KKKZ ~ V ~ ToMo တို့ပဲဖြစ်ပါတယ် ) File size… 1.86 GB / 715 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Alex ~ KKKZ ~ V ~ ...
movie

Hotel Salvation aka Mukti Bhawan (2016)

Ulajh (2024) 7.4
Ulajh (2024) Ulajh (2024) "အာဂမိန်းကလေး"အသစ်ထွက်ရှိလာတဲ့ ဟင်ဒီ spy-thriller ရုပ်ရှင်လေးကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ဒီထဲမှာ မင်းသမီး SriDevi ရဲ့သမီး Janhvi Kapoor က ရဲရင့်တဲ့အမျိုးသမီးငယ်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ဆူဟာနာဟာ ဂုဏ်သရေရှိနိုင်ငံရေးမိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး ဖခင်ခြေရာနင်းကာ သံတမန်ရေးရာကျွမ်းကျင်လိမ္မာသူအမျိုးသမီးပါအိန္ဒိယနိုင်ငံရဲ့ အသက်အငယ်ဆုံးသော လက်ထောက်သံအမတ်ဖြစ်လာခဲ့ပြီး ဗြိတိန်ကိုသွားရောက်ရမှာပါ ဒါကို ဂုဏ်ပြုသူတွေလည်းရှိသလို မိသားစုအရှိန်အဝါကြီးလွန်းတာကြောင့် ဒီနေရာရတယ်လို့ ဝေဖန်တိုက်ခိုက်သူတွေလည်း ရှိနေပါတယ်ချစ်သူကလည်း အချိန်မပေးနိုင်လို့ သစ္စာဖောက်သွားခဲ့ပြီး အမေကိုယ်တိုင်က သူ့သမီးလေးကို အလုပ်နဲ့လက်ထပ်ရတဲ့ဘဝမျိုး မရောက်စေချင်လို့ ဒီရာထူးကို သဘောမကျဘဲရှိပါတယ်ဒါတွေအားလုံးကို တွန်းလှန်လို့ အမျိုးသမီးငယ်လေးတစ်ယောက် သက်သေပြနိုင်မှာလား ဒီထက်ရှုပ်ထွေးတဲ့ပြဿနာတွေ ကြုံလာရတဲ့အခါ ဘယ်လိုရင်ဆိုင်မှာလဲ ပရိသတ်ကြီးရှုစားအားပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Alex ~ Zwe ~ KKKZ တို့ပဲဖြစ်ပါတယ် File size… 2.1 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30min Subtitle….Myanmar ...
movie

Ulajh (2024)

Agent Vinod (2012) 5.2
Agent Vinod (2012) James Bond ဇာတ်ကားလို ကြည့်ရှုရမယ့် အိန္ဒိယအေးဂျင့် ဗီနွတ် အဖြစ်  ဆစ်အလီခန်း နဲ့ မင်းသမီးချော ကရီနားကပူရ် တို့ရဲ့ သည်းထိတ်ရင်ဖို အက်ရှင်စပိုင်ဇာတ်ကြမ်းကား တစ်ကားဖြစ်ပါတယ်။Agent Vinod ဟာ ဂျိမ်စ်းဘွန်းလို ရုပ်ချောစတိုင်ကျ လျင်မြန်သွက်လက် ဉာဏ်ကောင်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရတဲ့ကိစ္စမှာ အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းခံရပါတယ်Vinod ဟာ တရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက အမှုကနက်နဲလာပြီးကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်...ခြေရာအားလုံးက "424" ဆိုတဲ့အရာပေါ်မူတည်နေပြီး ဒီဇာတ်လမ်းရဲ့အသက် "၄၂၄" ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ အဖြေရှာရမှာပါ။တစ်ကားလုံးမပျင်းရအောင် အပစ်အခတ်အက်ရှင်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တဲ့အပြင် မင်းသမီးချော ကရီနားကပူရ်းကလဲ လန်ပျံနေအောင်မိုက်တာရှုစားရမှာပါ။ File size…(3.5 GB )/(1.5 GB) Quality….WEB-DL 1080p / 720p Format…mkv/mp4 Duration….02:29:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by H&Y
movie

Agent Vinod (2012)

2012
Axone (2019) 6.9
Axone (2019) Axone (2019) "အာစွန်း" IMDb - 6.9/10အိန္ဒိယအရှေ့မြောက်ပိုင်းကနေ ပြောင်းလာတဲ့ သူငယ်ချင်းတစ်စု ဒေလီမှာ အခြေချဖို့ တိုက်ခန်းငှားပြီး စုနေကြတာပေါ့။ ဒီလိုနဲ့ သူတို့အဖွဲ့ထဲက မီနမ်က လက်ထပ်တော့မယ်ဆိုတော့ ကျန်တဲ့ သူငယ်ချင်းတစ်စုလည်း အိန္ဒိယမြောက်ပိုင်းရိုးရာဟင်းတစ်ခွက်ကို မင်္ဂလာအထိမ်းအမှတ်အနေနဲ့ ချက်ပြုတ်ဖို့ပြင်ဆင်ကြပါတော့တယ်။ဖြစ်ချင်တော့ ဟင်းလျာမှာ မဖြစ်မနေပါရမယ့်အရာက အာစွန်းလို့ခေါ်တဲ့ ပဲငပိဖြစ်နေတော့ အနံ့ကပြင်းတဲ့အပြင် အပ်ဆနာနဲ့ ရှန်ဘီးတို့ကလည်း ဟင်းချက်ဆို ကြက်ဥတောင်တူးမယ့်သူတွေဖြစ်နေလေတော့ ချက်မယ့်လူကမရှိ၊ အိမ်ရှင်ကလည်း ပဲငပိဟင်းချက်ဖို့ကိုလက်မခံ၊ ချက်တတ်တဲ့သူက ချက်မယ့်နေရာကိုလာလို့မရနဲ့ လွဲပြီးရင်လွဲနေ၊ တစ်ဖက်ကလည်း မီနမ်ကလက်ထပ်မယ့်နေ့ကျမှ အလုပ်အင်တာဗျူးသွားနေရလို့ မရှိနေလေတော့....သူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ မြောက်ပိုင်းအငွေ့အသက်လေးပါစေချင်တဲ့ အပ်ဆနာတို့တစ်သိုက် အာစွန်းနဲ့ဝက်သားဟင်းကို အဆင်ပြေပြေချက်ပြုတ်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ V ~ Yunniတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.74GB / 758MB Quality…WEB DL 1080p / ...
movie

Axone (2019)

2020
Sergeant (2023) 8.4
Sergeant (2023) Sergeant (2023)ဆာဂျင်အနေနဲ့ မင်းသားကြီး Randeep Hooda ၊ ခပ်မိုက်မိုက်မင်းသမီးချောလေး Sapna Pabbi နဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်မင်းသားကြီးAdil Hussain တို့လို သရုပ်‌ဆောင်ကြီးတွေနဲ့ အချိတ်အဆက်ကောင်းကောင်းရိုက်ကူးပြထားတဲ့ကားလေးဖြစ်ပါတယ်ဆာဂျင်ကြီးနစ်ခေးရှာမာတစ်ယောက် အမှုလိုက်ရင်း အမှုပတ်ရတဲ့ကားပါကလင်းမ်ဆိုတဲ့ကောင်လေးအမှုကိုလိုက်ကယ်ရင်း ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရသလို ကောင်လေးကိုလည်းမကယ်လိုက်နိုင် သူ့ဘဝနဲ့ အလုပ်ရဲ့ ဂုဏ်သိက္ခာတွေကိုပါ ဆုံးရှုံးလိုက်ရပါတယ်ဒီလိုနဲ့ အရက်ကိုအဖော်ပြုရင်း အရက်စွဲသွားချိန်မှာ ရေနစ်သူ ဝါးကူထိုးဆိုတဲ့အတိုင်း ကလင်းမ်သေရတာသူ့ကြောင့်လို့ပဲအပြစ်တွေတင် ၊ စကားတွေဟာလည်း သူ့အလုပ်ကလူတွေကြား သက်ရောက်မှုမရှိ ၊ အတိတ်ကမဖော်ထုတ်နိုင်ခဲ့တဲ့အမှုအကြောင်းကိုပါ ပြန်ဖော်ပြီးပြစ်တင်ပြောဆိုကြနဲ့ ဆာဂျင်ကြီးတစ်ယောက် ကိုယ်စိတ်ခန္ဓာ အရှက်သိက္ခာအားလုံးဆုံးရှုံးလိုက်ရချိန်က ဘယ်လိုပြန်လည်ရုန်းထမလဲ အတိတ်ကအမှုအကြောင်းအရာနဲ့ ကလင်းမ်ရဲ့ အမှုမှန်ရောပေါ်ထွက်လာဦးမလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ Yunni ~ Thaik San တို့ပဲဖြစ်ပါတယ် File size…1.24GB / 550MB Quality…1080p WEB DL / 720p Format…mp4 Duration…2h 3m. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL ~ Zwe ~ ...
movie

Sergeant (2023)

2023
Lootera (2013) 7.4
Lootera (2013) IMDb Rating(7.4)မင်းသား ရမ်ဗီးဆင်းနဲ့ မင်းသမီး ဆိုနာရှီးတို့ရဲ့ ဒီဇာတ်ကားက အချစ်ဒရမ်မာ ဟဲဗီးကြိုက်သူတွေအတွက်ဖြစ်ပါတယ်။ရုပ်ရှင်ထဲက လေးနက်တဲ့ ဇာတ်ဝင်ခန်းတချို့မှာ သရုပ်ဆောင်ချက်ပီပြင်ဖို့အတွက် ရမ်ဗီးဆင်းဟာ သူ့ကိုယ်သူ တွယ်ချိတ်နဲ့ ထပ်တလဲလဲ ထိုးပြီး သရုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ကြုံဖူးကြလား။ ဧည့်သည်တစ်ယောက်အဖြစ် ကိုယ့်ဘဝထဲကိုဝင်ရောက်လာ..။အတူတူသွား အတူတူစား တစ်ချို့နေရာတွေမှာ အတူတူနားဖြစ်ကြရင်းက နှလုံးသားချင်းနားလည် မျက်လုံးချင်းစကားတွေ အပြန်အလှန်ပြောပြီးမှ..။ သူ့ဘက်က (ကိုယ်ဘာအမှားမှ မလုပ်မိပါဘဲ) ရုတ်တရက်စိမ်းကားအေးစက်သွားတဲ့အခါ..။ဒီရုပ်ရှင်ဟာ ၁၉၅၃ ကိုအခြေခံပါတယ်။ ဗာရွန်ဆိုတဲ့ ရှေးဟောင်းသုသေသနသမားကောင်လေး တစ်ယောက် မဏိပူပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ မြေပိုင်ရှင် တစ်ယောက်ဆီကို သူတို့ရွာက ရှေးဟောင်းဘုရားကျောင်းတစ်ခုအောက်မှာ ရှေးမျိုးနွယ်စုတစ်ခုရဲ့ အမွေအနှစ်တွေရှိတယ်။ လေ့လာတူးဖော် ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်လာခဲ့တယ်။ သူ့မှာစာရွက်စာတမ်းတွေ အခိုင်အမာ စကားပြောကြည့်ရင်း သူ့အသိဉာဏ် အပြုအမူတွေကို သဘောကျလာတော့ မြေပိုင်ရှင် အဘိုးကြီးဟာ တည်းခိုခန်းကနေ သူ့အိမ်ကို ပြောင်းလာဖို့အထိ ဖိတ်ခေါ်ရင်းနှီးလိုက်မိတယ်။ဘယ်သူစိမ်းကိုမှ မတွေ့ကြုံဖူးတဲ့ သူဌေးသမီး ...
movie

Lootera (2013)

1080p HEVC
India Sweets and Spices (2021) 6
India Sweets and Spices (2021) အရင်ဆုံး ပြောချင်တာက ဒီကားလေးကို လူတိုင်းကြည့်သင့်တယ်လို့ ယူဆမိပါတယ်။ ယောက်ျားပဲဖြစ်စေ၊ မိန်းမပဲဖြစ်စေ ကြည့်ရှုသူအတွက် အယူအဆသစ်၊ အတွေးသစ်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းမျိုးလို့ စာရေးသူတော့ထင်မိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပါပဲနွေရာသီ တက္ကသိုလ် ကျောင်းပိတ်ရက်မှာ အိမ်ကို အလည်ပြန်လာတဲ့ ကောင်မလေးတစ်ယောက် လူငယ်ရေးရာ၊ မိသားစုရေးရာ ပြဿနာကို ကြုံလာရတဲ့အခါ ဒီ ပြဿနာတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းဖို့ ကြိုးစားပုံကို တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲဒီလို ရိုးရှင်းတဲ့ ဇာတ်ကြောင်းလေးကိုမှ အပေါ်ယံ အမြင်လှပြီး အတွင်းမှာ ပျက်စီးနေကြတဲ့ လူကုံထံ အသိုက်အဝိုင်းက ရုပ်၀တ္ထုတွေကို တန်ဖိုးထားပြီး အဓိကနဲ့ သာမညမကွဲပြားမှုတွေ၊ ယောက်ျားကြီးစိုးမှု ဝါဒနဲ့ ကျားမတန်းတူ အခွင့်အရေးဖြစ်သင့်တဲ့ အကြောင်းအရာတွေနဲ့ ကွန့်မြူးထားပါတယ်ဒီဇာတ်လမ်းလေး အဆုံးထိ ကြည့်ပြီးတဲ့ အချိန်မှာ အကောင်းဆုံးလို့ မဆိုနိုင်ရင်တောင် " ကောင်းသားပဲ မဆိုးဘူး " လို့ အသိအမှတ်ပြုမိပါလိမ့်မယ်မိသားစုနဲ့လည်း အတူကြည့်နိုင်ပါတယ်။ ကြည့်နေရင်းမှာလည်း မိသားစုရေးရာ ဆောင်ရန်ရှောင်ရန်တွေကို ဆင်ခြင်မိစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါ File size…(1.6 GB) / (900 ...
movie

India Sweets and Spices (2021)

Kaminey(2009) 7.4
Kaminey(2009) Kaminey(2009) အညွှန်း********************ဒီဇာတ်ကားလေးကတော့ IMDb rating 7.4 အထိ ရရှိထားပြီး Shahid Kapoorနဲ့ Priyanka Chopraတို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဟင်ဒီစကားပြော ဘောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။" ဘဝမှာ ပိုက်ဆံရဖို့ နည်းလမ်း(၂)သွယ်ရှိတယ်...တစ်ခုက ဂွင်ကြီ:ကြီးရိုက်တာ ....နောက်တစ်ခုကဂွင်သေးသေးရိုက်တာ......" ဒါကတော့ ချာလီဆိုတဲ့ မြင်းပွဲဒိုင်ဖွင့်ချင်တဲ့သူတစ်ယောက်ရဲ့လက်သုံးစကားပဲ...သူ့စကားအတိုင်း မြင်းပွဲတွေကို  မြင်းမောင်းသမားတွေနဲ့ ပေါင်းပြီးငွေရဖို့ အချီကြီးတွေဆော်လေ့ရှိတယ်....သို့ပေမဲ့ ဒီလောကမှာ အင်အားကြီးသူ အာဏာရှိသူ တွေက အများစုကြီ:စိုးစမြဲပဲမလား...တစ်နေ့တော့ ဂွင်ကြီးကြီးဆင်ထားတဲ့ မြင်းပွဲတစ်ခုကို ချာလီတို့အဖွဲ့ဟာအချီကြီးလောင်းလိုက်တယ်...ဒါပေမဲ့ မြင်းသမားဟာ သူတို့ထင်ထားသလို မမောင်းခဲ့တဲ့အတွက်ချာလီတို့အဖွဲ့ရဲ့ ဆုံးရှုံးမှုဟာ အတော်ကြီးသွားခဲ့တယ်...ဒါ့ကြောင့် ချာလီဟာ အကြီးအကျယ်ပေါက်ကွဲပြီးမြင်းသမားကို ဗျင်းဖို့ကြံတဲ့အချိန်မှာတော့...နောက်ဆက်တွဲပြဿနာတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်.....Action/Dramaဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တာမို့ ဘောလိဝုဒ်ချစ်သူများ လက်မလွှတ်သင့်ပါကြောင်း .... ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။   File Size :(2.5GB) (1.1GB) and (410MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:10:00 Genre : Action,Crime , ...
movie

Kaminey(2009)

Bell Bottom(2021) 6.4
Bell Bottom(2021) Bell Bottom 2021----------------------------မင်းသားကြီး အရှေးကူးမားရဲ့ ယနေ့ထွက်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာတော့ မင်းသားကြီးကဘက်စုံရတဲ့ လူလတ်ပိုင်းတစ်ယောက်ပေါ့။အိန္ဒိယနိုင်ငံမှာ လေယာဉ်ပြန်ပေးမှုတွေနှစ်စဉ်လိုလို ဆက်တိုင်ဖြစ်လာခဲ့စဉ်ကအဲ့ဒီလေယာဉ်ပြန်ပေးမှု တစ်ခုမှာသူ့အတွက် စိတ်နာစရာ အကြောင်းတစ်ခု ရှိလာတယ်။အဲ့ဒီကိစ္စဟာ သူကတော့ သာမန်ပဲ ဖြစ်ပျက်ခဲ့တာလို့ထင်ထားခဲ့ပေမဲ့ RAW အေးဂျင့်တစ်ချို့ရဲ့ပြောပြမှုကြောင့် အဖြစ်မှန်ကို သိခဲ့ရတယ်။အဲ့ဒီမှာ သူဟာ နိုင်ငံတော်အတွက်နဲ့ပုဂ္ဂိုလ်ရေး ဒဏ်ရာတွေရဲ့ တွန်းအားနဲ့လေယာဉ်ပြန်ပေးအဖွဲ့ကို ဖမ်းဆီးဖို့ ဖြစ်လာခဲ့ပါတယ်။ကဲ အထူးတလည် ပြောပြနေလည်းကိုယ်တိုင်ကြည့်တာကသာ အရသာတွေ့မှာမို့မြန်မြန်လေးသာ ခံစားကြည့်လိုက်ပါတော့ဗျာ။မီးပျက်နေလို့ မိငှက် pc လစ်နေရာကပရိသတ်တွေအတွက် မဆိုစလောက် နောက်ကျသွားခဲ့လို့တောင်းပန်ပါတယ်။  File size…1.29GB / 1.8Gb / 606MB Quality…1080p WEB  DL DD+5.1 / 720p / 480p Format…Mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….Than Htike Zaw Translated by Nyi Koe & Myint Thu ...
movie

Bell Bottom(2021)

2021
Kabir Singh (2019) 7.5
Kabir Singh (2019) IMDb Rating (7.1)၂၀၁၉ ခုနှစ် ဘောလိဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့ Kabir Singh အကြည်ထွက်လာလို့ အမြန်ဆုံးပဲတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့ အိန္ဒိယကားတွေနဲ့မစိမ်းတဲ့လူတိုင်းလိုလိုသိပြီးသားပါပဲ ၂၀၁၇ မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Telugu ဇာတ်ကား Arjun Reddy ရဲ့ Remake ဖြစ်ပါတယ်အဲ့ဒီတော့ Arjun Redddy မကြည့်ရသေးသူတွေအတွက် ဇာတ်လမ်းလေးနည်းနည်းလောက်ပြောပြပါမယ်ဒေါက်တာ ကဗီး(ရ်) ရာဂျ်ဒီးဆင့်ဟာ ဒေလီဆေးသိပ္ပံရဲ့ ဘက်စုံထူးချွန်တဲ့ အလုပ်သင်ဆရာဝန်ဆိုးလေးပေါ့ နေရာတကာလည်း ဒေါသကြီးသလို ထင့်ကနဲ့ဆို လက်ပါမယ်ဆိုတာချည်း ဒါပေမဲ့ တစ်ခုတည်းသော သူ့အားနည်းချက်ကတော့ ပရီသီးဆိုတဲ့ကောင်မလေးပါပဲ"သဘာဝတရားတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့လောကကြီးထဲမှာ ငါတို့နေထိုင်ကြတယ် အဲ့ဒီထဲမှာ ငါသဘောပေါက် နားလည်လာတာတစ်ခုကတော့ ငါတို့တစ်ခုခုဖြစ်ခဲ့ရင် အထိခိုက်နာကျင်ရဆုံးလူတစ်ယောက်ရှိတယ် ငါ့အတွက်ကတော့ ဒီကောင်မလေးပဲ သူသာတစ်ခုခုဖြစ်ရင် အခံစားရဆုံးဖြစ်မယ့်သူက ငါပဲ အဲ့ဒီတော့ သူ့ကို ထိခိုက်အောင်မလုပ်ကြပါနဲ့"ဒီလို အသည်းသန်ချစ်ရတဲ့ ပရီသီးနဲ့ ကဗီး(ရ်)ဟာ မထင်မှတ်ထားဘဲ ကွဲကွာသွားတဲ့အခါမှာတော့....။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်)Arjun Reddy (2017) Original ဇာတ်ကားကို https://channelmyanmar.to/arjun-reddy-2017/ မှာကြည့်လို့ရပါတယ်။  File size…(2.8 GB) / ...
movie

Kabir Singh (2019)

2019
Good Newwz (2019) 7.1
Good Newwz (2019) (Unicode)အားလုံးကို သတင်းကောင်းလေး ပေးချင်ပါတယ်။ ကျူပ်တို့ ဖက်က အာမခံနိုင်တာတစ်ခုကတော့ သတင်းကောင်းပါပဲဒါက ဂျိုရှီဆေးရုံရဲ့ ကြော်ငြာ၊ နေ့စဉ် ကလေးမရတတ်တဲ့ ဇနီးမောင်နှံတို့ရဲ့ အားထားရတဲ့ နေရာ။ကလေးလိုချင်ပေမဲ့ မရတတ်ကြတဲ့ ဗာရွန်တို့ ဗတ္တရားလင်မယားမှာ ညီမနဲ့ယောက်ဖရဲ့လမ်းညွှန်ချက်ကြောင့် ဒီဆေးရုံကို ရောက်လာခဲ့ပါတယ်။အဲ့ဒီမှာပဲ ဗာရွန်တို့ လင်မယားနဲ့ ဟန်နီးတို့ လင်မယားကို တွေ့ဆုံဖို့ ဖြစ်လာပါတယ်။သူတို့က နာမည်အဖျားတွေ တူနေကြတယ်။နှစ်တွဲလုံးက ဗတ္တရားတွေ၊ ဒီလိုနဲ့ ဆရာဝန်က ပြောလိုက်ပါတယ်။ကျူပ်တို့ရဲ့ အတွေ့အကြုံရင့်ကျက်လှတဲ့ ပညာရှင်တွေဟာ သုက်နှစ်စုံကို နာမည်တူနေတော့ ရောထွေးမိသွားပါတယ်တဲ့။ကဲ အဲ့ဒီမှာ ဇာတ်လမ်းက စပြီ။ဟန်နီးရဲ့ သုက်က ဒီးပ်တီးဆီ ရောက်သွားပြီး ဗာရွန်ရဲ့ သုက်က မိုနီကားဆီ မှားပြီး ရောက်သွားပြီလို့ သိလိုက်ရတဲ့ အခါမှာတော့.....ကဲ ကိုယ့်လူတို့.... ...
movie

Good Newwz (2019)

2019
Love Sonia (2018) 7.1
Love Sonia (2018) ( 18+ လို့ခေါင်းစဉ်တပ်ထားတိုင်း အပြာကားလို့မထင်စေချင်ပါဘူးရုပ်ရှင်ကားရဲ့ Age Rating အရဆို Adult Only ဆိုတော့ အရွယ်ရောက်ပြီးသူတိုင်း ကြည့်ရှု့လို့ရပါတယ်ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ လိင်အသာပေးအခန်းတွေပါတာကြောင့် ကလေးသူငယ်တွေ၊ မိသားစုနဲ့ကြည့်ရှု့ဖို့ အဆင်မပြေပါဘူး)========================================ဟောဒီလောကမှာ အကျိုးအမြတ်နဲ့ အရှုံးဟာ ဆန့်ကျင်ဘက်ဆိုပေမယ့် အမြဲတမ်းပူးတွဲရှိနေတတ်ပါတယ်ဒီတော့ အမြတ်ရဖို့ဆိုရင် အရင်းအနှီးရှိရပါတယ်၊ ရင်နှီးနိုင်လျှက်ရှုံးရသည်က တကဏ္ဌပါမရင်းနှီးနိုင်ရင်တော့ အကျိုးမြတ်မရနိုင်တာ လုံးဝအသေချာပါပဲဒီတော့ ရင်းနှီးဖို့ဘာလိုလာမလဲဆို ပိုင်ဆိုင်မှုလိုလာပါမယ်ပိုင်ဆိုင်မှုမရှိရင် အရင်းအနှီးဟာ အကြွေးဘက်ကို ဦးတည်သွားတတ်လေတယ်ဒီခေတ်မှာ မရင်းနှီးနိုင်လို့ ရှုံးနေကြတာအများကြီးမရင်းနှီးနိုင်လို့ အကြွေးတင်နေကြတာအများကြီးပါအသိပညာချို့တဲ့ပြီး ဆင်းရဲချွတ်ခြုံကျနေတဲ့ မိသားစုတွေမှာ အရင်းအနှီးဆိုတာ ဘာဖြစ်လေမလဲ ...၉၀ ရာခိုင်းနှုန်းကတော့ သူတို့သားသမီးပါပဲသားသမီးကို ကိုယ့်ပိုင်ဆိုင်မှု တစ်ခုလို့ယူဆပြီး အဲ့ဒီအပေါ်မှာ ရင်းနှီးလိုက်ကြပေမယ့် အကျိုးအမြတ်မရမယ့်အပြင် ဆုံးရှုံးသွားတာ ဒုနဲ့ဒေးပါတောရွာတွေမှာဆို ပညာသင်ရမယ့် အရွယ်ရောက်နေပေမယ့် လယ်ထဲဆင်းနေရတာ၊ မအေနဲ့ဈေးအတူရောင်းနေရတာတွေကိုယ့်အောက်က အငယ်ကိုထိန်းကျောင်းနေရတာတွေ မနည်းလှပါဘူးနောက်ဆုံး အဆင်မပြေမှုတွေများလာတဲ့အခါ ထွက်ပေါက်တစ်ခုက ဒီသားသမီးကို ရရာအလုပ်ခိုင်းတော့တာပါပဲ ...အခုဇာတ်ကားလေးကလည်း ...
movie

Love Sonia (2018)

2018
Life of Pi (2012) 7.9
Life of Pi (2012) "Crouching Tiger Hidden Dragon"သိုင်းကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကို ရုပ်ရှင်ပရိသတ်အတော် များများသိကြမှာပါ။ ဒီသိုင်းကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက Life of Pi ကိုရိုက်ကူးခဲ့တာသိရတော့ "ရှော့ခ်"ဖြစ်သွားခဲ့ကြရတဲ့လူတွေထဲမှာ ကျွန်တော်လည်းပါဝင်ပါတယ်။ ဟုတ်ပါတယ်။ထိုင်ဝမ်သား ဒါရိုက်တာ Ang Lee ပဲဖြစ် ပါတယ်။ Ang Lee ရဲ့ Life of Pi ဇာတ်ကားဟာ အကယ်ဒမီဆု ၄ ဆုအထိရအောင် ဆွတ်ခူးခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အကောင်းဆုံးဒါရိုက်တာအကယ် ဒမီဆုရှိခဲ့ပါတယ်။ IMDb သတ်မှတ်ချက် 7.9 ရရှိထားပါ တယ်။ လူအတော်များများကို "Life of Pi ကြည့်ပြီးပြီလား"လို့ မေးကြည့်တဲ့အခါ " ကျားတစ်ကောင်နဲ့အတူပင်လယ်ထဲ မျောသွားတဲ့ကားမဟုတ်လား"လို့ပြန်ဖြေကြတာပိုများ ပါတယ်။ ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားဟာ အဲ့ဒီထက်အများကြီးပိုပါတယ်။ ရုပ်ရှင်ဝေဖန်ရေးသမား များကြား အတော်ဂယက်ရိုက်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဝေဖန်ရေးဆရာများ ဝေဖန်ကြရာမှာ လောကီအမြင်နဲ့ဝေဖန်ကြသူများလည်းရှိသလို၊ လော ကုတ္တရာအမြင်နဲ့ဝေဖန်ကြသူများလည်းရှိပါတယ်။ ရုပ်ဝတ္ထုဝါဒီများ ...
movie

Life of Pi (2012)

2012