Channel Myanmar

Adèle Exarchopoulos

A Real Job (2024) 6.6
A Real Job (2024) A Real Job (2024)IMDb Rating (6.6) ဒီဇာတ်ကားလေးက ဒီနေ့ခေတ် ကျောင်းဆရာ၊ဆရာမတွေရဲ့ လူမှုဘဝမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်တွေ အခက်အခဲတွေကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ဘန်ဂျမင်ဆိုတဲ့ Ph.D ဘွဲရထားတဲ့ကျောင်းသားလေးက ပိုက်ဆံအခက်အခဲဖြစ်နေတာကြောင့် အလယ်တန်းပြ ဆရာအသစ်အဖြစ်နဲ့ ကျောင်းတစ်ကျောင်းကို ရောက်လာခဲ့ပါတယ်။ဇာတ်လမ်းထဲမှာ ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေရဲ့ နေ့စဉ်ဘဝ၊ တိုးတက်မှုဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ ကိုယ့်တက်လမ်းကိုရှာနေတဲ့ ဆရာ၊ဆရာမတွေအကြောင်း အထူးအလေးပေးပြီးရိုက်ထားတာပါ။ဘန်ဂျမင်တစ်ယောက် ကျောင်းဆရာ ဖြစ်ရတာ ဘယ်လောက်ခက်ခဲကြောင်းနဲ့ ပြဿနာတွေကိုဘယ်လို ကိုင်တွယ်မလဲဆိုတာ သဘာဝကျလှတဲ့ သရုပ်ဆောင်မှုတွေနဲ့ အတည်းအဖြတ်မှန်တဲ့ နောက်ခံသီချင်းလေးတွေကြားမှာမျှောပါရင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ပဲဖြစ်ပါတယ်) File size… (1.7 GB) / (910 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:41:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by KarmT
movie

A Real Job (2024)

2024
Beating Hearts (2024) 7.2
Beating Hearts (2024)  Beating Hearts (2024)IMDb Rating (7.2) လမ်းမှားပေါ်လျှောက်နေတဲ့ လူမိုက်ကောင်လေးနဲ့ သူချစ်ရတဲ့အရိုင်းဆန်သူကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးပါ ။ငယ်ရွယ်တဲ့အရွယ်မှာဆုံခဲ့ကြပေမယ့် မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့် ဘ၀တစ်ခုလုံးပျက်ခဲ့ရတဲ့ကောင်လေးက အချိန်တစ်ခုအလွန်မှာ သူ့ဘ၀လေးနဲ့သူဖြစ်သွားပြီဖြစ်တဲ့ ချစ်သူကောင်မလေးကိုပြန်ရနိုင်မလားကောင်မလေးကရော ရင့်ကျက်သင့်တဲ့အရွယ်ရောက်နေပေမယ့် ငယ်ချစ်ဦးဖြစ်ခဲ့တဲ့ကောင်လေးကိုမေ့နိုင်သွားပြီလား ‌မေ့ရောမေ့နိုင်ခဲ့သလား ဒါတွေကိုကြည့်ရမှာဖြစ်ပါတယ် ။လူငယ်ဆန်ဆန်အချစ်ကားလေးတွေကြိုက်သူဆိုရင်‌တော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါနော် ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin  ဖြစ်ပါတယ်။) File size…(9.4 GB) / (2.7  GB) / (1.4GB) Quality….Blu-Ray 4K HEVC /Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Romance , Crime, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin 
movie

Beating Hearts (2024)

2024
4K HEVC
Inside Out 2 (2024) 7.8
Inside Out 2 (2024) 2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင်အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေကစောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက်ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကိုပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကိုပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ "သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ" ဆိုတဲ့ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။  ဇာတ်လမ်းအကျဉ်းဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီးအလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြကသူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင်ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့စိတ်ပူတာ၊ ...
movie

Inside Out 2 (2024)

4K HEVC
All Your Faces (2023) 7.0
All Your Faces (2023) ပြန်လည်ထူထောင်ရေးဆိုင်ရာ တရားမျှတမှုအစီအစဉ်များကို ပြစ်မှုကျူးလွန်သူများနှင့် သားကောင်များအကြား ဆွေးနွေးမှုများအတွက် ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများက ပံ့ပိုးပေးတဲ့လုံခြုံသောနေရာတစ်ခု ပေးခဲ့တယ်ပါဝင်သူများထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ Chloé , Grégoire၊ Nawelle နှင့် Sabine၊ ဖောက်ထွင်းမှုနှင့် လုယက်မှု သားကောင်များ၊ Nassim၊ Issa နှင့် Thomas တို့က အကြမ်းဖက် လုယက်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသော ပြစ်မှုကျူးလွန်သူများဖြစ်ကြတယ်သူတို့တွေ့ဆုံဆွေးနွေးတဲ့အခါ...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie

All Your Faces (2023)

Zero Fucks Given (2021) 6.4
Zero Fucks Given (2021) Zero Fuck Given(2021)ပြင်သစ်ရုပ်ရှင်တွေဟာ လူတွေရဲ့ နေ့စဉ်ဓူဝ ဘဝအဖုံဖုံကို အေးဆေးလေးဖော်ပြသွားတဲ့နေရာမှာ ကြည့်ရတာ အရမ်းကဗျာဆန်လွန်းတယ်..Rating 6. 4 လောက်ရထားတဲ့ ဒီ Drama ရုပ်ရှင်မှာလည်း မိခင်ဆုံးသွားပြီး အိမ်မှာမနေချင်ဘဲ အိမ်ပြေးဖြစ်နေတဲ့ ကန်ဆန်ဒေါ်ဝီဆယ်ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကိုရိုက်ပြထားတယ်... အသေးစားဘက်ဂျက်လေယာဉ်လိုင်းမှာ လေယာဉ်မယ်ဝင်လုပ်ရင်း နိုင်ငံပေါင်းစုံက ဘဝအဖုံဖုံလူမျိုးစုံနဲ့တွေ့ပြီး ဖြတ်သန်းခဲ့ရပုံတွေ... နောက်ဆုံး private jet ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရရင်း ဘဝရဲ့ တစ်ဆစ်ချိုးပြောင်းလဲမှုတွေကြားမှာ အကောင်းဆုံးနေနေတဲ့ အမျိုးသမီးငယ်တစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ် ဇာတ်ရှိန်က ဖြေးဖြေးလေးတက်သွားတာဖြစ်တဲ့အတွက်... အပျင်းပြေကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး... ကော်ဖီသောက်ရင်း ဖတ်နေရတဲ့ စာအုပ်တစ်အုပ်လိုပါပဲ.. ဒီဇာတ်ကားကိုလည်း အေးဆေးလေးကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် )Genre..... Drama Quality…. 1080p | 720p File size… 1.9GB | 967MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan ...
movie

Zero Fucks Given (2021)

2021
The Animal Kingdom (2023) 6.9
The Animal Kingdom (2023)  အပြောင်းအလဲအမြဲဖြစ်နေတဲ့လောကကြီးမှာလူသားတွေဟာလည်း သန္ဓေပြောင်းမှု တစ်မျိုးနဲ့ကြုံတွေ့ရပြီးလူစင်စစ်ကနေ တိရိစ္ဆာန်တစ်ပိုင်း သတ္တဝါကြီးတွေဖြစ်ကုန်ပါတယ်....။ဒီလိုဖြစ်လာရင်တော့ စစချင်းမှာ လူမှုအသိုင်းအဝိုင်းကရှောင်ဖယ်၊တိုက်ခိုက်ကြတာ ဓမ္မတာပါပဲ...။ကံဆိုးပြီး သန္ဓေပြောင်းသွားတဲ့ လူတွေအတွက်တော့စိတ်မကောင်းစရာပဲပေါ့...။ဒီလူတွေထဲမှာ ဖရန်ဆွာရဲ့ ဇနီးဖြစ်သူလည်းပါခဲ့ပါတယ်...။ဇနီးဖြစ်သူ ဒီသန္ဓေပြောင်းရောဂါကနေ ပြန်ကောင်းလာနိုးလာနိုးနဲ့‌ဆေးကုသမှုခံယူနေရင်းနဲ့ပဲ သားဖြစ်သူပါ ဒီရောဂါနဲ့ကြုံတွေ့လာရတဲ့အခါ....။Horror၊ Sci-fi၊ Adventure၊ Dramaစတဲ့ ရုပ်ရှင်အမျိုးအစားရသစုံပါဝင်တဲ့အပြင် ဆုတံဆိပ်တွေလည်းရရှိထားတဲ့ကားမိုတင်ဆက်ပေးလိုက်ပါဗျာ...။  File size…2.24GB / 1.09GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 8m Genre ….. Adventure , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Animal Kingdom (2023)

All-Time High (2023)
All-Time High (2023)  စလောင်းပဲ့နှင့် နှုတ်ခမ်းရွဲ့ဆိုတဲ့စကားပုံက ဒီဇာတ်ကားမှာ အစစ်ပါပဲ။ ဇာတ်ဆောင်နှစ်ယောက်က သေအောင်လည်းရယ်ရ ငိုချင်စရာလေးလည်းပါတော့ ရသစုံလွန်းလို့ ဘာသာပြန်ရင်း သဘောကျမိတဲ့ ဟာသကားလေးပါ။ယူဆက်ဖ်ဟာ မလိမ်ရမနေနိုင်တဲ့ ကလိမ်ကကျစ်ကောင်ပါ။ ဘဝကလည်းချို့တဲ့ ငွေကြေးဥစ္စာကလည်းမရှိတော့ ကြုံရင်ကြုံသလို တွေ့တဲ့လူအပေါ်မှာ ခွင်ဖန်တတ်တဲ့ကောင်မျိုးပါ။ တနေ့မှာတော့ သူဟာ ကာစီနိုမှာပိုကာဆော့ရင်းနဲ့ ငွေပမာဏအများကြီး အကြွေးတင်လာပြီး လစ်ပြေးလာပါတော့တယ်။ဒီအချိန်မှာ ကာစီနိုပိုင်ရှင်က သူ့ကိုအသေရရ အရှင်ရရလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း စတက်ဖနီဆိုတဲ့ကောင်မလေးက ယောင်္ကျားဆန်ဆန်နေတတ်ပြီး ရုပ်ကလည်း ရွက်ကြမ်းရေကျို ညစ်ညစ်ပတ်ပတ်လည်းနေတတ်ပါသေးတယ်။ သူမဟာ လူတိုင်းကို ခရစ်ပတိုငွေကြေး (ဘစ်ကွိုင်) တွေအများကြီးရှိတယ်ဆိုပြီးတော့ ပြောပြတတ်ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းက ဆယ်ရက်အတွင်း ပိုက်ဆံပြန်မပေးနိုင်ရင် သတ်ခံရမယ့် ယူဆက်ဖ်နဲ့ ပါးစပ်ဖွာတတ်လို့ သူ့မှာခရစ်ပတိုငွေရှိတာ လူဆိုးတွေသိပြီး အလိုက်ခံနေရတဲ့ စတက်ဖနီတို့ နှစ်ယောက်သား ကံကြမ္မာက ဆုံတွေ့ပေးလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်တီးကျမလဲ၊ ဖျံကျကြမလဲ၊ အန္တရာယ်တွေကနေရော လွှတ်နိုင်ပါ့မလားခွက်ထိုးခွက်လန်အူတက်အောင် ရယ်ရမယ့်ပြင်သစ်ဟာသကားလေးပါ။ ၂၀၂၃ ...
movie

All-Time High (2023)

Wingwomen (2023) 5.7
Wingwomen (2023) Wingwomen (2023) ===============Netflix ရဲ့ အက်ရှင်ကားကောင်း‌ ကားသစ်လေးတင်ဆက်ပေးလိုက်ပါပြီ။ သူလျှိုဂိုဏ်းကနေ အေးဂျင့်တွေအဖြစ် လုပ်ကိုင်ရင်း လက်ရွေးစင်တွေဖြစ် လာတဲ့ ကာရိုးနဲ့ အဲလက်စ်ဆိုတဲ့ အမျိုးသမီး ၂ ယောက်ရှိပါတယ်။ မိန်းမတွေ ဆိုပေမယ့် လျှော့တွက်လို့မရတဲ့ ဓားပြတိုက် လူသတ် လုပ်ကြံစတဲ့ လက် ရွေးစင် လူသတ်သမားတွေပေါ့။သူတို့နှစ်ယောက်ဟာ မစ်ရှင်များစွာလုပ်ရင်း နောက်ဆုံးမှာ အနားယူကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂိုဏ်းခေါင်းဆောင်ကြီးက သူတို့ကိုအမျိုးမျိုး မနား ဖို့စည်းရုံးနေပေမယ့် ဘယ်လိုမှ ညှိမရတာကြောင့် သူတို့နှစ်ယောက်ကို လက်စသပ် အစဖျောက်ဖို့အမျိုးမျိုးကြိုးစားပါတော့တယ်။ ကိုယ့်ရဲ့ ဂိုဏ်းသား တွေနဲ့ ပြန်ရင်ဆိုင်တွေ့တဲ့အခါမှာ ဘယ်လိုမျိုးရင်ဆိုင်တိုက်ခိုက်ကြလဲဆိုတာ ကို အက်ရှင်ခန်းကောင်းကောင်းတွေနဲ့ ရိုက်ပြသွားတာဖြစ်ပါတယ်။ မင်းသမီး အလန်းလေး ၂ ယောက်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးထားပါတယ်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.8 GB) / (752 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Thiha Yan Naing Encoder..........SWM
movie

Wingwomen (2023)

2023
Passages (2023) 6.9
Passages (2023) Passages (2023)ဒီရုပ်ရှင်ဟာ Drama/ Romance အမျိုးအစားပါ။ BL Drama လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ IMDb Rating 7.0 ရရှိထားပါတယ်။ မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပါဝင်တာမို့ ကြိုပြီး သတိပေးလိုက်ပါ့ရစေ။သိပ်ပြီး အများကြီးမညွှန်းတော့ပါဘူး။ တိုမတ်စ်နဲ့ မာတင်ဟာ သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Gay စုံတွဲတစ်တွဲပါ။ တိုမတ်စ်ဟာ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ပါ။ ရုပ်ရှင် ရိုက်ကူးရေးအပြီး ပါတီတစ်ခုမှာ အာဂတ်သ် ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ တိုမတ်စ်လည်း မစားသင့်တဲ့ အသီးကို စားသုံးပြီး အစွဲလန်းကြီး စွဲလန်းသွားပါတယ်။ တိုမတ်စ်နဲ့ မာတင်တို့ကြား အစစ်မ တစ်ယောက်ရောက်လာပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လေးတစ်ပုဒ် ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ပြီး ခံစားလိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size…  1.2GB | 618MB Format… mp4 Duration…. ...
movie

Passages (2023)

2023
Smoking Causes Coughing (2022) 6.7
Smoking Causes Coughing (2022) Smoking Causes Coughing (2022)~ IMDb - 6.7/10, RT - 91%, Meta - 74% ~ဒီတစ်​ခေါက်​တော့ 2022 ကထွက်ရှိထားတဲ့ Smoking Causes Coughing ဆိုတဲ့ ပြင်သစ် ဟာသ Sci-Fi ကား​လေးနဲ့ ပိတ်ရက်​တွေမှာ ရယ်​မောရင်း အ​ပန်း​ဖြေလိုက်ရ​အောင်။ကမ္ဘာ​​​​မြေကို မိစ္ဆာ​တွေရန်က​နေ ကာကွယ်​ပေး​​နေတဲ့ စူပါဟီးရိုးအဖွဲ့ အဖွဲ့ဖွဲ့စည်းတာ ကြာလာတာနဲ့အမျှ စည်းလုံးမှု​လျော့ဆင်းလာတာ​တွေ​ကြောင့် ​ခေါင်း​ဆောင်က စည်းလုံး​ရေးပို​ကောင်း​အောင် တစ်ပတ်​လောက် အပန်း​ဖြေခရီးပို့လိုက်တဲ့အခါ ခရီးမှာဖြစ်ပျက်တဲ့အရာ​တွေကို ဟာသဆန်ဆန် ရီ​မောရမယ့်ကား​လေးပဲဖြစ်ပါတယ်။ သူတို့အနားယူ​နေတုန်း တဖက်ရန်သူကလည်း ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တာ​ကြောင့် သူတို့ ကမ္ဘာ​မြေကြီးကို ကယ်တင်နိုင်မလား မကယ်တင်နိုင်ဘူးလား ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမယ့်ကား​လေးပဲဖြစ်ပါတယ်။ Rating ကောင်းတွေရထားတဲ့အပြင် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း ဝင်ရောက်ပြသထားနိုင်တဲ့ကားဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Smoking Causes Coughing (2022)

2022
[18+]Sibyl(2019) 6.7
[18+]Sibyl(2019) [18+]Sibyl(2019)***************ပြင်သစ်ကားပီပီ အကြမ်းပတမ်း အိပ်ရာခန်းတွေပါတာမို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း...စီဘီလ်ဆိုတဲ့ စိတ်ရောဂါကု ဆရာဝန်တယောက်ဟာ သူသဘောအကျရဆုံး စာရေးတဲ့အလုပ်ကိုလုပ်ဖို့ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်ပါတယ်။ တနေ့မှာတော့ မားဂေါ့ဆိုတဲ့ မင်းသမီးတလက်ဟာ သူ့ဆီကဆေးကုသမှု ခံယူဖို့ ရောက်လာပါတော့တယ်။ လူနာတွေ ထပ်မကြည့်တော့တဲ့ စီဘီလ်တယောက် မားဂေါ့ကို လူနာအဖြစ်လက်ခံပြီးမားဂေါ့ဘဝထဲကို တစနဲ့တစ ဝင်ရောက်လာပါတော့တယ်။စာရေးဖို့ ဇာတ်လမ်းရှာနေတဲ့စီဘီလ်တယောက် မားဂေါ့ရဲ့ ဘဝအကြောင်းကို အခြေခံပြီး ဘယ်လိုဝတ္ထုတွေ ဖန်တီးမလဲ မားဂေါ့ကရော ဘယ်လိုပြသနာတွေနဲ့ရင်ဆိုင်နေရလို့ စီဘီလ်ဆီရောက်လာရတာလဲဆိုတာကို ကြည့်ကြရမှာပါFile Size :(1.5 GB) and (618 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Ko Myo Encoded by SD
movie

[18+]Sibyl(2019)

The Five Devils (2022) 6.6
The Five Devils (2022) The Five Devils (2022)~ IMDb - 6.6/10, RT - 80%, Meta - 65% ~Blue Is the Warmest Colour ထဲက မင်းသမီး Adèle Exarchopoulos က ပါဝင်သရုပ်ဆောင်ထားတဲ့ ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဗစ်ကီလို့ခေါ်တဲ့ ၈နှစ်သမီးလေးဟာ ရေကူးနည်းပြမေမေ မီးသတ်သမားဖေဖေတို့နဲ့ အတူတူနေထိုင်ပါတယ်။ အမေဖြစ်သူနဲ့ကြားက ဆက်ဆံရေးကလည်း ကောင်းမွန်လွန်းပြီး ဗစ်ကီလေးဟာလည်း အမေမှ အမေ ဆိုပြီးဖြစ်နေသူလေးပေါ့။ ဒါပေမဲ့ သူ့အမေမသိတာ ၂ချက်ရှိပါတယ်။ တစ်ခုကတော့ ဗစ်ကီလေးဟာ ကျောင်းမှာ အလှောင်ခံလေးဖြစ်တယ်ဆိုတာနဲ့ နောက်တစ်ခုကတော့ ထူးခြားတဲ့ စွမ်းအင်တစ်ခု ပိုင်ဆိုင်နေတယ်ဆိုတာပါပဲ။ အဲဒီစွမ်းအင်ကတော့ အနံ့တွေကို ခွဲခြမ်းစိတ်ဖြာစုဆောင်းနိုင်ပြီး သူကြိုက်ရာအနံ့တစ်ခုကိုရွေးချယ်လို့ ကာလကို ပြန်လည်ပုံဖော်နိုင်တာပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် ရနံ့ထဲမှာ အမှတ်တရတွေရှိတတ်ပြီး ဗစ်ကီလေးက ပြန်ထုတ်ကြည့်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ယူဆလို့ရမယ်ထင်ပါတယ်။ဒီလို ...
movie

The Five Devils (2022)

2022
The Stronghold (2021) 7
The Stronghold (2021) The Stronghold (2021)IMDb - 7/10Bac Nord နာမည်နဲ့လည်း သိကြပါတယ်။၂၀၁၂ခုနှစ်တုန်းက ပြင်သစ်နိုင်ငံမြောက်ပိုင်းက မာဆေးလ်ခရိုင်လေးဟာ ဒုစရိုက်မှုအများဆုံး ဥပဒေစိုးမိုးမှုအနည်းဆုံးခရိုင်တစ်ခုပါပဲ။အခု ဒီကားလေးကတော့ မာဆေးလ်ခရိုင် က ဂျူးရပ်ကွက်တစ်ခုကိုအခြေတည် ရိုက်ထားတာပါ။ရဲတွေတောင်မထိရဲလို့ ဒီအတိုင်းလွှတ်ထားရတဲ့ဂျူးရပ်ကွက် … သေနတ်ကို ဥပဒေလုပ်နေတဲ့ အဲဒီရပ်ကွက်ထဲက မူးယစ်ဆေးဝါးကွန်ယက်ကြီးတစ်ခုလုံးကို ဖြိုချချင်နေတဲ့ မာဆေးလ်ခရိုင်က သူငယ်ချင်းရဲသုံးယောက်က…. ဥပဒေစိုးမိုးမှုမရှိတော့တဲ့ အဲဒီရပ်ကွက်ထဲကို ဘယ်လို ထိုးဖောက်ဝင်ရောက်ပြီး မူးယစ်ဆေးဝါးကွန်ယက်ကြီးတစ်ခုလုံးကိုဖြိုချမလဲဆိုတာကိုတော့ အက်ရှင်ဇာတ်လမ်းပီပီ အကြမ်းအရမ်းတွေနဲ့ ကြည့်ရှုရမယ့် ပြင်သစ် ရဲစုံထောက်အက်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။အညွှန်းကိုတော့ Chit Tee က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားကတော့ Chit Tee နဲ့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…1.8GB and 1.25GB Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee and Thiha Yan Naing Encoder .....August
movie

The Stronghold (2021)

2021
The White Crow (2018) 6.5
The White Crow (2018) White Crow ကျီးဖြူတဲ့ ဇာတ်လမ်းနာမည်ကတော့ ဆန်းနေပါတယ်။ ရုရှားလို belaya vorona လို့ခေါ်တဲ့ ကျီးဖြူဆိုတာ သမားရိုးကျမဟုတ်သော အံ့မခန်းလောက်သော သူမတူသော လူထူးဆန်း တစိမ်းတစ်ယောက်ကို ရည်ညွှန်းပါသတဲ့။ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ရူုဒေါ့ဖ် နျူးရိယက်ဗ် လို့ခေါ်တဲ့ ရုရှားဘဲလေးကချေသည် ကောင်လေး တစ်ယောက်အကြောင်းပါ။ ရူဒေါ့ဖ် ဟာ သူ့ခေတ်သူ့အခါတုန်းက အကောင်းဆုံး အမျိုးသားဘဲလေးကချေသည်တွေထဲက တစ်ယောက်အဖြစ် ကမ္ဘာက အသိအမှတ်ပြုခံခဲ့ရသူလည်းဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ ဆိုဗီယက် နိုင်ငံရေးဆရာဖြစ်သူ လင်ယောက်ျားဆီကိုအသွား ရူဒေါ့ဖ် ကို ဆိုက်ဘေးရီးယားနယ်စပ်က ရထားတစ်စင်းပေါ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်းမောင်နှမ လေးယောက်အနက် တစ်ဦးတည်းသော သားထွေးဖြစ်ပါတယ်။ ရူဒေါ့ဖ်ရဲ့ မိသားစုဟာ ဆင်းရဲငတ်ပြတ်တဲ့ ဘဝပေးအခြေအနေတွေကြောင့် သူ့အစ်မတွေနဲ့အတူ အခြားမိသားစုတွေဆီမှာ ကပ်နေရင်း ကြီးပြင်းခဲ့ရတာပါ။ ဆင်းရဲနုံချာလွန်းလို့ ကျောင်းမှာလည်း အမြဲအနိုင်ကျင့်ခံရရှာတဲ့ အထီးကျန်ကောင်လေး ရူဒေါ့ဖ်မှာ ပျော်စရာလေးတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ သံစဉ်တွေကြားမှာ ကခုန်ရခြင်းပါပဲ။ ဒီလိုနဲ့ အကပါရမီထူးချွန်တဲ့ ရူဒေါ့ဖ်လေးဟာ အရွယ်အရောက်လာတာနဲ့အမျှ အကပညာရပ်ကို လေ့လာလိုက်စားရင်း ဆိုဗီယက်အကသင်တန်းကျောင်းတွေကို တက်ရောက်ပြီး ရုရှားတစ်ခွင်မှာ အောင်မြင်စပြုလာပါတယ်။ အဲဒီနောက် သူက ပဲရစ်ကိုသွားရောက်ပြီး သူ့ရဲ့ အကနယ်မြေသစ်တွေကို ရှာဖွေတဲ့အခါမှာတော့ ဆိုဗီယက်အစိုးရရဲ့ “ယဉ်ကျေးမှု အနုပညာဆိုင်ရာ ထိန်းချုပ်မှု ...
movie

The White Crow (2018)

2018
Down by Love (2016) 5.9
Down by Love (2016)  2016 ခုနှစ်​ကထွက်​ရှိထားတဲ့ ဇာတ်​ကားေ​လးတစ်​ကားကို တင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးနာမည်​က Down By Love ပါ ဒီကားမှာ အချစ်​ဆိုတာဘာလဲ အသက်​အရွယ်​ ဘာသာ လူမျိုးက အချစ်​အတွက်​အတားအဆီးလား အချစ်​မှာ မဖြစ်​နိုင်​တာ မရှိပါဘူး အချစ်​ဆိုတာ မဖြူစင်​ပါဘူး ဒီကားက ဘာကို ​ထောက်​ပြထားလဲဆို​တော့ ဖြူစင်​တဲ့ ချစ်​ခြင်းဆိုပြီး ​ပြော​ပြော​နေကြတဲ့ သူ​တွေအတွက်​ ဖြူစင်​တဲ့ချစ်​ချင်းဆိုတာ မိဘက သားသမီးအ​ပေါ်ကိုထားရှိတဲ့​ချစ်​ခြင်း​မေတ္တာ တစ်​ခုထဲကိုပဲ ဆိုလိုတာဖြစ်​​ကြောင်း နဲ့ ၁၅၀၀ ချစ်​ခြင်းမှာ ဖြူစင်​တာ မရှိ​ဘဲ တဏှာ sex ကိစ္စဟာ တ​ထောင့်​တ​နေရာက ပါဝင်​​နေတဲ့အ​ကြောင်း​တွေကို ရိုက်​ကူးပြထားတာပါ ဒါ့​ကြောင့်​ ကိ​လေသာ တဏှာအချစ်​​တွေကို အချစ်​က ဖြူစင်​တယ်​ ဖြူစင်​တယ်​နဲ့ ​သောက်​နကန်းတလွဲမသုံးကြဖို့ လိုပါတယ်​ဇာတ်​လမ်း အကျဉ်း​လေးက​တော့ မိန်းမ​ချော​လေး Anna သူမဟာ ၆အပြစ်​ကင်း လှတဲ့​ကောင်​မ​လေးတစ်​​ယောက်​ တစ်​​နေ့မှာ သူ့ကံအ​ကြောင်းဖန်​လာ​တော့ သူမရဲ့ဖူးစာဟာ ...
movie

Down by Love (2016)

2016
Blue Is the Warmest Color (2013) [18+] 7.7
Blue Is the Warmest Color (2013) [18+] Blue Is the Warmest Color (2013) [18+] IMDb - 7.7/10_____Rotten - 89%  Spectre ဂျိမ်းစ်ဘွန်းဇာတ်ကားထဲက မင်းသမီး Léa Seydoux နဲ့ မင်းသမီး Adèle Exarchopoulos တို့အဓိကပါဝင်ထားတဲ့ Drama , Romance အမျိုးအစား ပြင်သစ်ဇာတ်ကားပါ။ယခု ဇာတ်ကားကြည့်အပြီးမှာ ဘာတွေခံစားသိမြင်သွားနိုင်ပါသလဲ။ကျွန်တော်တို့အားလုံးဟာ လူသားတွေပဲဖြစ်ပါတယ်။မတူကွဲပြားသော လိင်စိတ်တည်ဆောက်မှု တွေရှိကြပေမယ့် အားလုံးသော ဖို မ သတ္တဝါတွေအားလုံးဟာ လူသားတွေပဲဖြစ်ပါတယ်။တစ်မူကွဲပြားနေတဲ့သူတို့ရဲ့ စိတ်ခံယူမှု ကို နိမ့်ကျသူ ချို့တဲ့သူလို့မမြင်ကြပဲ အခြားသော လူသားတွေကဲ့သိုသာ ဖြစ်သည်ဟု ကျွန်တော်တို့နားလည်သဘောပေါက်ပေးကြမှာပါ ။တကယ့်တော့ လူသားတိုင်းဟာ ပတ်ဝန်းကျင်အရောင်အဆင်းအလိုက် ထွက်ပေါ်တောက်ပလာတဲ့ ဆေးရောင်ကလေးတွေပါပဲ။သူမလိုမိန်းခလေးမျို းက ဣတ္ထိယနွယ်ဝင်ပီသစွာပဲ ဆန့်ကျင်ဘက်ဖိုသတ္တဝါရဲ့ ချစ်ခင်ဂရုစိုက်မှု ကို အလိုရှိခဲ့သူပါ။မနက်တိုင်း အိပ်ယာကကပျာကသီထ ကျောင်းကားနောက်ပြေးလိုက် ။အဲဒီကျောင်းမှာပဲ ကောင်လေးတစ်ယောက်နဲ့ စချစ်ဘူးခဲ့တာ ။သူက ...
movie

Blue Is the Warmest Color (2013) [18+]

2013