Channel Myanmar

Adam Pietripaoli

Alien Hunt (2024) 4.3
Alien Hunt (2024)   Alien Hunt (2024)အမ်မလီဟာ မြို့ကြီးပြကြီးက အလုပ်မှာအဆင်မပြေတာကြောင့် နယ်မှာရှိတဲ့ သူ့အိမ်ကိုခဏပြန်လာရင်းအစ်ကိုတစ်သိုက်နဲ့အတူတောအုပ်ထဲကိုစိတ်ပြေလက်ပျောက်အမဲလိုက်ခရီးထွက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ သူတို့သွားမယ့်တောအုပ်ထဲမှာ အမျိုးသားအစောင့်တပ်ဖွဲ့အမည်ခံ သိပ္ပံပညာရှင်တစ်ယောက်နဲ့သူ့လက်ပါးစေအမျိုးသမီးဆာဂျင်တစ်ယောက်တို့ဟာ လျှို့ဝှက်သိပ္ပံစမ်းသပ်မှုတစ်ခုကိုလုပ်ဆောင်နေပြီးတောအုပ်ထဲဝင်လာတဲ့သူတွေကို သူတို့လျှို့ဝှက်ချက်ကိုသိသွားမှာစိုးလို့ နူတ်ပိတ်ရှင်းပစ်တတ်ပါတယ်။အမ်မလီဟာ အစ်ကိုတစ်သိုက်နဲ့အတူ တောအုပ်ထဲအရောက်မှာတော့ သူတို့လိုက်စရာ အမဲတိရိစ္ဆာန်တစ်ကောင်တစ်မြီးမှမတွေ့ရပဲ အန္တရာယ်ကြီးအင်အားကြီးတဲ့ အမည်မသိသတ္တဝါတစ်ကောင်နဲ့အပြန်အလှန်အမဲလိုက်တမ်းကစားရဖို့ဖြစ်လာပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်။)File size…(1.9 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:21:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Alien Hunt (2024)

2024
The Bigfoot Trap (2023)
The Bigfoot Trap (2023) The Bigfoot Trap (2023)ဒီဇာတ်လမ်းထဲမှာဆိုရင်ဖြင့် အမေရိကတိုက်တစ်ဝှမ်း အယူသီးတဲ့သူတွေကို လိုက်အင်တာဗျူးပြီး သူတို့ဘယ်လိုမိုက်မဲကြောင်းကို ဗီဒီယိုလုပ်ပြီး အရှက်လိုက်ခွဲတဲ့ ဂျော့ရှ်ဆိုတဲ့ သတင်းထောက်တစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ သူ့အလုပ်ရှင်က Bigfoot ကို ရှာတွေ့တော့မယ်လို့ ကြုံးဝါးနေတဲ့ ရက်ဒ်ဆိုတဲ့ လူဆီကို အလိမ်ဖော်ဖို့အတွက်ဆိုပြီး လွှတ်လိုက်ပါတယ်။အစပိုင်းမှာတော့ ဂျော့ရှ်က ဒီလူလိမ်နေတာပဲဆိုပြီးတော့ သူရလာသမျှသဲလွန်စတွေကို လိုက်ပြီးအဖျက်အမှောင့်လုပ်ပါတော့တယ်။ ဒါပေမဲ့ တစ်နေ့ကျ ဂျော့ရှ်ဟာ ရက်ဒ်ရဲ့ သူငယ်ချင်းကို မတော်တဆသတ်မိသွားပါတယ်။ အဲဒီအချိန်ကစပြီး ဂျော့ရှ်တစ်ယောက်ကံဆိုးမိုးမှောင်တွေကျ အဖြစ်ဆိုးပေါင်းများစွာနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာ ဂျော့ရှ်ဟာ တကယ်ရှိနေခဲ့တဲ့ Bigfoot ကို ရှာမတွေ့သွားပေမဲ့လည်း လူ့ဘဝရဲ့ အဓိပ္ပါယ်ကို အသက်နဲ့ရင်းပြီးသိသွားခဲ့ရပါတယ်။ဒီဇာတ်ကားရဲ့နာမည်ကို The Bigfoot Trap ဆိုပြီးနာမည်ပေးထားပေမဲ့ Bigfoot နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအပြင် လက်တွေ့ဘဝ သင်ခန်းစာတွေကိုပါ ထည့်ပေးထားပါတယ်။ လူတွေဟာ ကိုယ့်ရဲ့ ကံဇာတာမြင့်နေတဲ့အချိန်မှာ အောက်ခြေလွတ်သွားတတ်ကြပါတယ်။ လောကဓံတရားကို ...
movie

The Bigfoot Trap (2023)

2023
The OctoGames (2022) 4.5
The OctoGames (2022) The OctoGames (2022) =================နာမည်ကျော်ကြားမှုနဲ့ ပိုက်ဆံအတွက် သူတပါးဘ၀ကိုချနင်းရက်တဲ့သူတွေ ဘယ်လောက်များရှိနိုင်မလဲ...။ ဒီဇာတ်လမ်းထဲက လူ ၈ ယောက်ကတော့ အဲဒီလိုချနင်းရမယ်မှန်းမသိဘဲ ဂိမ်းတစ်ခုထဲ ဘုမသိဘမသိပါလာကြပါတယ်။ သူတို့ပါ၀င်ခဲ့ရတဲ့ဂိမ်းက OctoGames...။ရေဘဝဲဂိမ်းလို့ပဲအလွယ်ခေါ်ကြပါစို့။ ရေဘဝဲရဲ့ခြေတံလက်တံ ၈ ခုကို ကိုယ်စား ပြုပြီး ဂိမ်း ၈ မျိုး၊ လူ ၈ ယောက် ကစားတာကြောင့်ပါ။ ဂိမ်းအားလုံးက ကလေး ကစားတဲ့ဂိမ်းတွေဖြစ်ပေမဲ့ ရှုံးနိမ့်သူတွေအတွက် ပေးဆပ်လိုက်ရတာက တကယ့် အသက်နဲ့ဘ၀ပါ...။ အဲဒီလူသတ်ကစားပွဲကြီးကိုဖန်တီးသူကတော့ follower သန်း ပေါင်းရာချီတဲ့ နာမည်ကျော် YouTuber "ဂျက်စ်ပရို" ဆိုသူ ဖြစ်ပါတယ်။ကယ်ရီ၊ မက်ဆင်း၊ အေဂျေ၊ စကွစ်ရှ်၊ ရုသ်၊ ဝေါလ်တာတို့က မျက်စိလည်လမ်းမှားပြီး လူသတ်ဂိမ်းကြီးထဲ ပါ၀င်မိကြသူတွေပေါ့။ ဂိမ်းရဲ့သရုပ်မှန်ကိုသိသွားချိန်မှာတော့ နောက်ပြန်ဆုတ်လို့မရတော့ဘဲ ကိုယ့်အသက်ရှင်သန်ရေးအတွက် ရုန်းကန်ကြရပါ တော့တယ်။ အဲဒီလိုနဲ့ ဘယ်သူကရှင်သန်ပြီး ဘယ်သူတွေရှုံးနိမ့်သွားကြမလဲဆိုတာကို ကြည့်ရှုခံစားရင်း အခက်အခဲကြုံချိန်မှာ တွေ့ရတဲ့သံယောဇဉ်၊ ကိုယ်ချင်းစာတရား၊ ကောက်ကျစ်စဉ်းလဲမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ လူတွေရဲ့ရူးသွပ်မိုက်မဲမှုတွေကို အထင်းသားတွေ့ကြရမှာပါ။ ပရိသတ်ကြီးစိတ်၀င်တစားကြည့်ရလောက်အောင် လှုပ်လှုပ်ရှားရှားဖြစ်တဲ့ Horror ဆန်ဆန် ပဟေဠိဆန်ဆန် ဇာတ်လမ်းမျိုးမို့ ကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

The OctoGames (2022)

2022