Channel Myanmar

Adam Pally

Life After Beth (2014) 5.7
Life After Beth (2014) Life After Beth (2014)ဒီဇာတ်ကားက Studio A24 ကထုတ်တဲ့ ကြည့်ဖူးသမျှရုပ်ရှင်တွေထဲမှာ အစားဆုံးဇာတ်လမ်းလို့ပြောလို့ပြောလို့ရပါတယ်။ဒီကားရဲ့ Genre က Horror , Romance , Drama ပါ။ ရှင်းရှင်းပြောရရင်တော့ Zombie ဇာတ်ကားပေါ့။ဒါပေမဲ့ ကြည့်ဖူးသမျှ Zombie ဇာတ်ကားတွေထဲမှာ အဆန်းဆုံးနဲ့ ကြောင်တောင်တောင်အနိုင်ဆုံးပါ။ကြောက်ဖို့ကောင်းတာမျိုးမဟုတ်ပေမဲ့ ဇာတ်လမ်းက ရယ်ရခက်ငိုရခက်ပါတယ်။ဇာတ်လမ်းက ဇာ့ခ်ဆိုတဲ့ ကောင်လေးရဲ့ ရည်းစား ဘက်တ် ဟာ မြွေပေါက်ပြီးတော့ ဆုံးသွားရာကနေ ရက်လည်အပြီးမှာ ပြန်ရှင်လာပြီးတော့ အိမ်ကိုပြန်ရောက်နေပါတော့တယ်။ဘယ်လိုရောက်နေတာလဲ ရိုးရိုးသားသားပဲလား အနောက်ကွယ်မှာ ဘာတွေရှိနေတာလဲကို ဟာသ ပုံစံနဲ့ အချစ်ဇာတ်လမ်းလေးအဖြစ်ရိုက်ကူးထားပါ။Studio A24 ကရိုက်တဲ့ ထူးထူးဆန်းဆန်းကားတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကို ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ File size…1.5 GB / 750 MB Quality… 1080p BluRay / 720p Format…mp4 Duration….1h 29min Subtitle….Myanmar Subtitle (Hard ...
movie

Life After Beth (2014)

Hell of a Summer (2025) 5.9
Hell of a Summer (2025) Hell of a Summer (2025)IMDb Rating (5.9) / Rotten Tomatoes (52%) ဒီရုပ်ရှင်က နွေရာသီမှာ သည်းထိတ်ရင်ဖိုနဲ့ ဟာသရောထားတဲ့ ကားလေးတစ်ကားပါ။ဒီဇာတ်ကားကို Finn Wolfhard နဲ့ Billy Bryk ဆိုတဲ့ လူငယ်နှစ်ယောက်က ရေးသားရိုက်ကူးထားပြီး သူတို့ပဲ သရုပ်ဆောင်ထားသေးပါတယ်။ဇာတ်လမ်းက Camp Pineway ဆိုတဲ့ နွေရာသီ ကလေးတွေအပန်းဖြေစခန်းမှာ ဖြစ်ပျက်တာပါ။ဇာတ်လမ်းစတော့ စခန်းပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ John နဲ့ Kathy တို့ဟာ ညတစ်ညမှာ ရုတ်တရက် နတ်ဆိုးမျက်နှာဖုံးနဲ့ လူသတ်သမားတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သေဆုံးသွားရာကနေ အစပြုတယ်။နောက်နေ့မှာ အသက် ၂၄ နှစ်အရွယ် Jason Hochberg ဆိုတဲ့ စခန်းကြီးကြပ်ရေးမှူးတစ်ယောက်က သူ့ရဲ့ ဆယ်ကျော်သက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာကိုပဲ စိတ်ပူနေရင်း စခန်းကို ရောက်လာတယ်။ဒါပေမယ့် သူမသိတာက ဒီလူသတ်သမားက ...
movie

Hell of a Summer (2025)

2025
Sonic the Hedgehog 3 (2024) 7.2
Sonic the Hedgehog 3 (2024)  Sonic the Hedgehog 3 (2024)IMDb Rating (7.2) / Rotten Tomatoes (88%) ပထမကားအောင်မြင်ပြီးတော့ ဒုတိယကား တတိယကားတွေမှာ ညံ့သွားတတ်တဲ့ ရုပ်ရှင်တွဲတွေထဲမှာ Sonic 3 မပါခဲ့ပါဘူး။ Sonic ကတော့ တစ်ကားပြီးတစ်ကားကောင်းနေတုန်းပါပဲ။IMDb 7.2 ရထားပြီး အရင် ဆိုးနစ် ၂ ကားရဲ့ ဒါရိုက်တာ Jeff Fowler ကပဲ ရိုက်ကူးထားတာပါ။ ဗီလိန်ရိုဘော့နစ် နေရာမှာ ဂျင်ကာရေးကြီးပဲ သရုပ်ဆောင်ထားပါတယ်။အသစ်ပေါ်လာတဲ့ ပါဝါဖြူကောင်အသစ် ရှဲဒိုးနေရာမှာတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး ကီရာနူးရိဗ် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ နက်ကယ် နေရာမှာလဲ အိုင်းဒရစ်အယ်ဘာ ပါပဲ။ဆိုးနစ်နေရာမှာတော့ ထုံးစံအတိုင်း Ben Schwartz ပါ။ ဇာတ်လမ်းအကျဉ်းဆိုးနစ်၊ နက်ကယ်၊ တေးစ်တို့ဟာ တွမ်တို့အတွဲနဲ့အတူ မိသားစုလိုက် နားနားနေ‌နေ အပန်းဖြေနေတုန်းမှာ ဂန်းအဖွဲ့ကနေ အကူအညီတောင်းလာပါတယ်။ဒီတစ်ခါ သူတို့ရင်ဆိုင်ရမှာကတော့ ...
movie

Sonic the Hedgehog 3 (2024)

2024
4K HEVC
Sonic the Hedgehog 2 (2022) 6.5
Sonic the Hedgehog 2 (2022) Sonic the Hedgehog 2 (2022)IMDb Rating (6.5) / Rotten Tomatoes (68%)ကျွန်တော်တို့ငယ်ငယ်ကတည်းက ဂိမ်းလောကမှာ နာမည်ကြီးခဲ့တဲ့ ဆိုးနစ် ဖြူကောင်လေး လာပါပြီ။ ဒီရုပ်ရှင်ကတော့ ဒုတိယကားပါ။ ပထမကားကိုလည်း CM မှာ တင်ပေးထားပါတယ်။ ဗီလိန်ကလည်း The Mask လို ရုပ်ရှင်တွေနဲ့ ဂန္ထဝင်ဖြစ်ခဲ့တဲ့ ဂျင်မ် ကာရေးပဲ ဖြစ်ပါတယ်။ပထမကားမှာတော့ ဗီလိန်ကြီး ရိုဘော့နစ်တစ်ယောက် ကမ္ဘာပေါ်ကနေ အခြားဂြိုလ်ကို ကန်ထုတ်ခံလိုက်ရပြီး အဆုံးသတ်သွားခဲ့ပါတယ်။ အခုကားမှာတော့ ရိုဘော့နစ် ပြန်လာတဲ့အပြင် သူနဲ့အတူ ဆိုးနစ်ကို တိုက်ခိုက်မယ့် ဂြိုလ်သားလေး နက်ကယ်ပါ ပါလာပါတယ်။ ဒါ့အပြင် ဆိုးနစ်ကိုလေးစားနေတဲ့ မြေခွေးလေး တေးလ်စ်ပါ ပါလာတဲ့အခါ တစ်ဖက်ကို နှစ်ယောက်ဆီ ဘယ်လိုရင်ဆိုင်ပြီး တိုက်ခိုက်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး။Sonic ၂ ကားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=Sonic+the+Hedgehog  ကြည့်ပါ။ File size…(6.5 GB )/(2.5 GB)/ (1.5 GB) Quality….BluRay 4K HEVC/1080p HEVC ...
movie

Sonic the Hedgehog 2 (2022)

2022
4K HEVC
Sonic the Hedgehog (2020) 6.5
Sonic the Hedgehog (2020) Sonic the Hedgehog (2020)IMDb Rating (6.5) / Rotten Tomatoes (64%)ကျွန်တော်တို့ငယ်ငယ်ကတည်းက ဂိမ်းလောကမှာ နာမည်ကြီးခဲ့တဲ့ ဆိုးနစ် ဖြူကောင်လေး လာပါပြီ။အခြားဂြိုလ်ကနေလာပြီး အမြန်နှုန်းနဲ့ ပါဝါတွေရှိတဲ့ ဆောနစ်ဆိုတဲ့ ဖြူကောင်လေးဟာ ရန်သူတွေလက်ကနေ ပြေးရင် ကမ္ဘာပေါ်ကို ရောက်လာပါတယ်။ကမ္ဘာပေါ်မှာ ရဲတစ်ယောက်နဲ့မိတ်ဆွေဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူ့ကို ဖမ်းဖို့လိုက်လာတဲ့ သိပ္ပံပညာရှင် ရိုဘော့နစ် နဲ့ပါ ရင်ဆိုင်လာရပါတော့တယ်။ဒီတော့ ရဲအရာရှိ သောမက် နဲ့ ဆောနစ်တို့ သူ့လက်ကလွတ်အောင်ပြေးရင် ဘေကင်းတဲ့ ဂြိုလ်တစ်ခုကို ဆောနစ်ကို ပြန်ပို့နိုင်ဖို့ ကြိုးစားရပါတော့တယ်။‌ဆောနစ်အဖြစ် ဘန် ရှဝက်က သရုပ်ဆောင်ထားပြီး ဗီလိန်နေရာကတော့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ မင်းသားကြီး ဂျင်မ်ကာရေးမို့ ကြည့်လို့သိပ်ကောင်းပါလိမ့်မယ်။Rating လည်း 6.5 ဆိုတော့ အားလုံးအပမ်းပြေကြမယ်ထင်ပါတယ်။ Sonic ၂ ကားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=Sonic+the+Hedgehog  ကြည့်ပါ။ File size…(4.5 GB )/(1.6 GB)/ (1 GB) Quality….BluRay 4K HEVC/1080p HEVC / ...
movie

Sonic the Hedgehog (2020)

4K HEVC
The 4:30 Movie (2024) 6.0
The 4:30 Movie (2024)  ငယ်ရွယ်တဲ့အချစ်ရဲ့ ရင်ကိုခုန်စေတဲ့ခံစားချက်၊ လူငယ်ဘဝရဲ့အပူအပင်ကင်းလွတ်လပ်ပေါ့ပါးမှု၊ ချစ်ရတဲ့သူလေးနဲ့ ချိန်းတွေ့ရတဲ့အခိုက်အတန့်၊ နွေရာသီတစ်ခုရဲ့ အချစ်ဇာတ်လမ်းလေး။ ဇာတ်လမ်းအညွှန်း***************ရုပ်ရှင်ဝါသနာအိုး ဘရိုင်ရန်ဒေးဗစ် နဲ့ သူ့သူငယ်ချင်းနှစ်ယောက်တို့ကအမေရိကန်က အထက်တန်းကျောင်းသားလေးတွေပါ။ဘရိုင်ရန်ဒေးဗစ်ကတော့ ရုပ်ရှင်တွေကို အရမ်းဝါသနာပါသူဖြစ်ပြီးသူ့မှာ ကြိတ်သဘောကျရတဲ့ မယ်လိုဒီဘားနီးဂတ် ဆိုတဲ့ ခပ်ချောချောကောင်မလေးတစ်ယောက်ရှိတယ်။ ဇာတ်လမ်းဇာတ်အိမ်ကိုတော့နွေရာသီအားလပ်ရက် မြို့ငယ်လေးတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီးပေါ့ပေါ့ပါးပါးလေးပဲ ရိုက်ကူးတင်ဆက်ထားပါတယ်။ဘရိုင်ရန်ဒေးဗစ်က သူကြိတ်သဘောကျရတဲ့ ‌မယ်လိုဒီဘားနီးဂတ် ကိုရုပ်ရှင်အတူတူကြည့်ရင်း ချိန်းတွေ့ဖို့ ဖိတ်ခေါ်တာကနေ ဇာတ်လမ်းလေးကိုအစပျိုးထားပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ လူငယ်ဘဝရဲ့ ပေါ့ပါးတဲ့ခံစားချက်၊သူငယ်ချင်းဆက်ဆံရေးရဲ့ ပျော်ရွှင်စရာအနှစ်သာရတွေ၊ တိတ်တခိုးသဘောကျရသူလေးကြောင့် ခံစားရတဲ့ရင်ခုန်စိတ်လှုပ်ရှားမှုတွေကိုခံစားသက်ဝင်ရင်း အပူအပင်ကင်းပြီး လွတ်လပ်တဲ့ လူငယ်ဘဝကိုတစ်ဖန်ပြန်လည်ခံစားကြရမှာပါ။ File size…2.44GB / 937MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

The 4:30 Movie (2024)

The Little Hours (2017) 5.8
The Little Hours (2017) The Little Hours (2017)IMDb - 5.8ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးက အလယ်ခေတ်ပိုင်းက အီတလီစာရေးဆရာ Giovanni ရဲ့The Decameron ဆိုတဲ့ စာအုပ်၊ ၁၀ရက်လို့ အဓိပ္ပာယ်ရပြီးပြောရရင် “ဆယ်ရက်ဆယ်ညပုံပြင်များ”ပေါ့၊ ဒီထဲကနေမှ တတိယနေ့က ဇာတ်လမ်းကိုအခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ဆိုတော့ အလယ်ခေတ်ပိုင်း ၁၃၄၇ ခုနှစ်ပိုင်းကို ဇာတ်အိမ်တည်ထားပါတယ်။အဲလက်ဇန်းဒါး၊ ဖာနန်ဒါ၊ ဂျင်နာဗာ ဆိုတဲ့ စစ္စတာလေး သုံးယောက်ဟာသူတို့ကိုယ်ပိုင်စိတ်ကူး၊ရည်ရွယ်ချက်တွေကိုယ်စီနဲ့ဘုရားကျောင်းတစ်ခုမှာ နေနေကြတယ်။တစ်နေ့တော့ ခရီးသွားရင်း ဖာသာတွမ်မာစ်ဆိုဟာမက်ဆက်စ်တို ဆိုတဲ့ လူငယ်လေးနဲ့ တွေ့ဆုံတယ်။မက်ဆက်စ်တိုဆိုတာက အရှင်ဘရူနိုရဲ့ရဲတိုက်မှာ အမှုထမ်းနေစဉ်အရှင့်ရဲ့မိန်းမနဲ့ဖောက်ပြန်တာမိသွားလို့ ထွက်ပြေးလာခဲ့ရသူပါ။သနားတတ်တဲ့ဖာသာက မက်ဆက််စ်တိုကို ဘုရားကျောင်းကိုခေါ်သွားပေးမယ်၊ ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်၊မက်ဆက်စ်တိုဟာ ဆွံ့အနားမကြား တစ်ယောက်အဖြစ် ဟန်ဆောင်ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ ဆွံ့အနားမကြားအဖြစ် မက်ဆက်စ်တိုတစ်ယောက်ဘုရားကျောင်းမှာ စစ္စတာလေးတွေနဲ့ ဘာတွေဆက်ကြုံတွေ့ရမလဲပေါ့။ယောကျ်ားမိန်းမအကြား သဘာဝတရား၊ လိင်ကိစ္စတွေကန့်သတ်ထားတဲ့နယ်ပယ်တစ်ခုမှာ ဖြစ်တတ်တဲ့သဘာဝတွေ၊ပျင်းရိဖွယ်ဘဝကနေ လွတ်မြောက်ဖို့ လူငယ်သဘောသဘာဝလက်တည့်စမ်းမှုလေးတွေကို ဟာသရောပြီးသဘာဝဆန်ဆန်ရိုက်ကူးထားပါတယ်။စစ္စတာလေးတွေရဲ့ လုပ်ရပ်လေးတွေကို ရယ်ရင်း အံ့ဩရင်းရသစုံခံစားရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။စစ္စတာလေး သုံးယောက်အဖြစ် ...
movie

The Little Hours (2017)

2017
Who Invited Charlie? (2023)
Who Invited Charlie? (2023) Who invited Charlie? (2023)တွေ့ဆုံမှုတိုင်းက တိုက်ဆိုင်မှုကြောင့်လား။ နှစ်ပေါင်းများစွာရှာနေတဲ့လူတစ်ယောက်ကို ပြန်တွေ့တဲ့အချိန်ဟာ ကိုယ်ရှာနေလို့မဟုတ်ဘဲ ကံတရားဆိုတဲ့ဇာတ်ဆရာအလိုကျ တွေ့တာလား။ဖစ်လ်ဟာ အကျပိုင်းကိုရောက်နေတဲ့ Fund manager တစ်ယောက်ပေါ့။ မိန်းမဖြစ်သူနဲ့လည်း ဆက်ဆံရေးအဖုအထစ်လေးတွေဖြစ်နေပြီး သားဖြစ်သူကလည်း Separation Anxietyဖြစ်နေတော့ ဖလန်းဖလန်းထတဲ့ ၁၆ နှစ်သားအရွယ်လို့ မထင်ရလောက်အောင် အခန်းအောင်း Introvertလေးတစ်ယောက်ပါ။ အိမ်တွင်းရေးရှုပ်ထွေးတတ်တဲ့ ဘီးကြဲတွေရဲ့ထုံးစံအတိုင်း ဖစ်လ်တစ်ယောက်အပြင်မှာ စကီလေးတစ်ယောက်နဲ့ထားထားပေမဲ့ စကီလေးနဲ့ပါ ပြဿနာဖြစ်နေချိန်မှာ ကံဆိုးမသွားရာ မိုးလိုက်ရွာပါတော့တယ်။ အဲဒါကတော့ သူတစ်ချိန်က အဆက်အသွယ်ဖြတ်ခဲ့တဲ့ချာလီနဲ့မှ တည့်တည့်တိုးခြင်းပါပဲ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလိုပဲ ဖစ်လ်တစ်ယောက် ချာလီကိုမြင်တာနဲ့ အကြီးအကျယ်ဖြတ်ချပြီးပြေးဖို့ကြံတာပေါ့။ ကိုဗစ် outbreakနဲ့ဘာနဲ့ Hamptonsမှာ စတေးရှောင်ဖို့ဖြစ်လာတော့ ဖစ်လ်တစ်ယောက် ချာလီကိုမေ့မေ့ပျောက်ပျောက်ပါပဲ။ ဒါပေမဲ့ ချာလီက Hamptonsက သူ့ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာချိန်မှာတော့....ဖစ်လ်တစ်‌ယောက် ချာလီကိုဘာလို့သရဲမြင်သလို ကြောက်လန့်နေရတာလဲ။ ချာလီကရော ဖစ်လ်ကိုဘာလို့အသည်းအသန်လိုက်ရှာနေခဲ့ရတာလဲ။ ပြဿနာအားလုံးရဲ့အရင်းခံဖြစ်တဲ့ တချိန်ကဇာတ်လမ်းလေးတွေရှိခဲ့တဲ့ချာလီက နဂိုထဲက အိမ်တွင်းပြဿနာတွေများနေတဲ့ ဖစ်လ်မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်လာစေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. ...
movie

Who Invited Charlie? (2023)

The To Do List (2013) 5.8
The To Do List (2013) ဘရန်ဒီ ကလက်ခ်ဆိုတာ အထက်တန်းကျောင်းကလောလောလတ်လတ်ဘွဲ့ရထားတဲ့ ကျောင်းသူလေးပါ။ကျောင်းစာမှာ ထိပ်ဆုံးရောက်အောင် ထူးချွန်ပြီးအဘက်ဘက်က ပြည့်စုံတဲ့သူပေမဲ့ တစ်ခုတော့ လိုအပ်နေပါတယ်။လိင်ကိစ္စနဲ့ပတ်သက်တဲ့ အတွေ့အကြုံမရှိတဲ့ ပြစ်ချက်လေးပါပဲ။ဘရန်ဒီတစ်ယောက် အထက်တန်းဘွဲ့ရပါတီမှာ ခပ်မိုက်မိုက်ကောလိပ်ကျောင်းသား ရပ်စတီဝါးတားစ်နဲ့ တွေ့ပြီးကြွေသွားမိသွားပါတော့တယ်။ဒါပေမဲ့ သူငယ်ချင်းတွေကတော့ လိင်ကိစ္စနဲ့ပတ်သက်လို့ ဘာဆိုဘာမှမသိတဲ့ ဘရန်ဒီရဲ့ အဆင့်ကရပ်စတီကို မီဖို့ အများကြီးလိုနေတယ်လို့ ပြောကြပါတယ်။ဒီတော့ ဘရန်ဒီတစ်ယောက် ရပ်စတီကို ဘယ်လို မီအောင် လိုက်မလဲ။ဘရန်ဒီကလည်း ထူးချွန်ကျောင်းသူပီပီ လိင်ကိစ္စနဲ့ ပတ်သက်ပြီးသူ လုပ်ဖို့လိုတာတွေကို စာရင်းတစ်ခု ပြုစုလိုက်ပါတော့တယ်။စာရင်းထဲက စမ်းသပ်ချက်တွေကို လုပ်ဖို့ ပူးကောင်လေးကတော့သူ့ကို ကြိတ်ကြွေနေတဲ့ သူငယ်ချင်းလေး ကမ်မရွန်ပါ။ဒီတော့ ကောလိပ်မရောက်ခင် ပညာစုံသင်မယ့်ဘရန်ဒီတစ်ယောက် ဘာတွေ လက်တည့်စမ်းဦးမလဲကိုယ့်ကိုကြွေနေတဲ့ သူငယ်ချင်း ကမ်မရွန်နဲ့ကိုယ်က ကြွေနေတဲ့ ခပ်မိုက်မိုက်ကောင်လေး ရပ်စတီကြားဘယ်လိုတွေ ဗျာများဦးမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးနော်   File size…  1.75 GB /  874 MB Quality… Blu-Ray 1080p / ...
movie

The To Do List (2013)

Taking Woodstock (2009)
Taking Woodstock (2009) Taking Woodstock (2009)လူငယ်တို့ရဲ့ ငယ်ရွယ်မှုနဲ့လွတ်လပ်မှုကို ဘယ်အရာတွေနဲ့များ တားဆီးလို့ရနိုင်မှာတဲ့လဲ..၁၉၆၉ ခုနှစ်က ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDB 6.7/10 ရရှိထားတဲ့ Taking Woodstock (2009) ဆိုတဲ့ Drama/Musicကားလေးပါ..ဇာတ်လမ်းအကျဉ်း ၁၉၆၉ ခုနှစ်က နယူးယော့ခ်ရဲ့ဝှိုက်လိတ်ခ်မြို့က အယ်လီယက်ဆိုတဲ့ လူငယ်ကောင်လေးတစ်ယောက်က သူ့ဘဝကို မိဘတွေရဲ့စိတ်တိုင်းကျ အယ်မိုနာခိုဆိုတဲ့အပန်းဖြေစခန်းလေး လည်ပတ်ရာမှာ အကူအညီပေးနေခဲ့ပြီး သူတို့ရဲ့ အပန်းဖြေစခန်းလေး ဘဏ်ကို အကြွေးနဲ့အသိမ်းမခံရဖို့အရေး ဂီတပွဲတော်လေးတစ်ခု ကျင်းပဖို့ ပြင်ဆင်နေခဲ့တာပါ.. နှစ်စဉ်ကျင်းပမြဲ ပွဲတော်နဲ့မတူဘဲ အဲဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် တကယ့်လူငယ်ကြိုက် ဝုဒ်စတော့ခ်အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ပေးဖို့ အကြောင်းဖန်လာပါတော့တယ်.. လူသောင်းဂဏန်းလောက်ပဲ လာရောက်မယ်လို့ မှန်းထားပေမယ့် တကယ်တမ်း လူသိန်းပေါင်းများစွာ သူတို့ရဲ့ အညတရမြို့လေးကို စုရုံးရောက်ရှိလာခဲ့ချိန်မှာတော့ အယ်လီယက်တစ်ယောက် မြို့ခံတွေရဲ့ကန့်ကွက်မှုက တစ်မျိုး ပွဲကျင်းပရေး တာဝန်ခံတွေက တစ်ဖုံနဲ့ ဗျာများရပါတော့တယ်.. ဗီယက်နမ်စစ်ပွဲကြောင့် ပွဲငတ်နေတဲ့ လူငယ်လေးတွေက လုပ်ချင်ရာတွေလုပ် ဖြစ်ချင်ရာတွေဖြစ်ပြီး ကားတွေကြပ် လမ်းတွေပိတ် အခက်အခဲပေါင်းစုံကို အယ်လီယက်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ.. သူတို့ စီစဉ်ထားသလိုရော ဂီတပွဲတော်က အဆင်ပြေပြေ ပြီးမြောက်သွားပါ့မလား.. သူ့မိဘတွေရဲ့ အပန်းဖြေစခန်းလေးကိုရော ချောချောမွေ့မွေ့နဲ့ ပြန်ရယူနိုင်ပါ့မလား.. လူငယ်လေး အယ်လီယက်တစ်ယောက် လူငယ်တွေအတွက် ဂီတပွဲတော်ကျင်းပဖို့ကြိုးစားရင်း ပျောက်ဆုံးနေတဲ့ ...
movie

Taking Woodstock (2009)

Middle School: The Worst Years of My Life (2016) 6.1
Middle School: The Worst Years of My Life (2016) ဒီဇာတ်ကားလေးကတော့ 2016 မှာထွက်ရှိထားတဲ့ အလယ်တန်းကျောင်းသားဟာသကားလေးပဲ ဖြစ်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ 'ရေးဖ်'ဆိုတဲ့ကောင်လေးဟာ စိတ်ကူးယဉ်ဆန်တတ်ပြီး အမွှေဇယားတွေဖန်တီးတတ်တဲ့ ကောင်လေးတစ်ယောက်ပါအရင်ကျောင်းတွေကနေ ကျောင်းထုတ်ခံရပြီးနောက် စည်းကမ်းတင်းကျပ်တဲ့ ကျောင်းတစ်ကျောင်းကို'ရေးဖ်'တစ်ယောက် ရောက်ရှိသွားရာမှစပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူ့ရမှာပဲဖြစ်ပါတယ်ဟာသအမျိုးအစားလေးဖြစ်ပေမဲ့ မိသားစုပြဿနာများ ညီအစ်ကိုမောင်နှမသံယောဇဉ်များကို ရိုက်ကူးဖော်ပြထားသဖြင့် လက်မလွှတ်တမ်းကြည့်ရှူ့ရမည့် ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ပါ)File Size : (700 MB) and (434 MB) Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Animation, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Lyric Lynn Khant Encoded by Thanhtike Zaw
movie

Middle School: The Worst Years of My Life (2016)

2016
Shimmer Lake (2017) 6.2
Shimmer Lake (2017)   ဒီကားလေးကတော့အမေရိကန်ကနယ်မြို့လေးတမြို့မှာဖြစ်ပွားခဲ့တဲ့ဘဏ်ဓားပြမှုလေးကိုရိုက်ပြထားတာပါ။ အက်ဒ်ကခရိုင်ရဲအရာရှိတယောက်ပါ။ သူ့ရဲ့မြို့လေးကဒေသခံဘဏ်လေးတခုမှာဖောက်ထွင်းမှုဖြစ်ပြီးတဲ့နောက်အဲဒီအမှုကိုလိုက်လံစုံစမ်းနေခဲ့တာပါ။ ပိုပြီးထူးဆန်းတာကအဲဒီအမှုမှာသူ့အစ်ကိုကိုယ်တိုင်ပါဝင်နေတာဖြစ်ပါတယ်။ ဇာတ်ကားတခုလုံးမှာအမှုဖြစ်စဉ်ကိုတပတ်အတွင်းတရက်ချင်းစီနောက်ကြောင်းပြန်ပြီးသေချာပြသွားတာပါ။ ကြည့်ရတာအမြင်တမျိုးဖြစ်စေမယ့်ကားလေးဖြစ်ပါတယ်။ Rating6.2ထိရထားတဲ့၂၀၁၇ထွက်ကားလေးလည်းဖြစ်ပါတယ်။ အစပိုင်းမှာနားမလည်သလိုရှိပေမယ့်အဲဒီအမှုလေးဟာဘယ်လောက်ထိနက်နဲသွားလဲ၊ဘယ်လိုကြံစည်ထားခဲ့တာလဲ၊ဘယ်လိုလုပ်သွားခဲ့တာလဲ၊တရားခံတွေကဘယ်သူလဲ၊ဘယ်လိုလဲဆိုတာကိုဇာတ်လမ်းအဆုံးပိုင်းမှာရုတ်တရတ်သိသွားရမယ့်ကားလေးပါ။ ဇာတ်အေးအေးလေးနဲ့စိတ်ဝင်စားအောင်ဆွဲခေါ်သွားတဲ့ကားလေးပါပဲ။ အဲတော့နောက်ဆုံးဘယ်လိုတွေရလဒ်ထွက်လာမလဲဆိုတာတော့ကြည့်လိုက်ရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်း နဲ. ဘာသာပြန်သူကတော့ The Fridays ပဲဖြစ်ပါတယ်)  File Size : (600 MB) and (220 MB) Quality : Webrip 720p Running Time : 1hr 23minutes Format : Mp4 Genre : Crime, Drama, Mystery Translated By The Fridays Encode By Thanhtike Zaw
movie

Shimmer Lake (2017)

2017