Channel Myanmar

Adam Pak Tin-Nam

Emmanuelle (2024) 4.4
Emmanuelle (2024)  Emmanuelle (2024)Lady Chatterley's Lover တို့ Lolita တို့လိုကမ္ဘာကျော် Erotic Literature တွေကိုအခြေခံတဲ့ရုပ်ရှင်တွေထဲမှာမှ Franchise ကြီးတစ်ခုဖြစ်ရလောက်အောင် အောင်မြင်ကျော်ကြားခဲ့တဲ့ Emmanuelle ၁၉၇၄ ရဲ့ Reboot ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Emmanuelle အဖြစ် ပြင်သစ်မင်းသမီး Noémie Merlant ကသရုပ်ဆောင်ထားပြီး Naomi Watts ကြီးပါ အပြိုင်ကျဲထားပါသေးတယ်။ဇာတ်လမ်းအရတော့ တွေ့မရှောင် Emmanuelle ဟာနာမည်ကျော်ဟော်တယ်လုပ်ငန်းစုကြီးတစ်ခုရဲ့ quality controller အဖြစ်ဟောင်ကောင်ကိုရောက်လာခဲ့ပြီး အဲ့ဒီဟိုတယ်က တာဝန်ခံ မာဂေါ့ကိုအပြစ်ရှာအလုပ်နားခိုင်းဖို့ တာဝန်လည်းပါလာပါတယ်။ပျောက်ဆုံးနေတဲ့ သာယာမှုကိုရှာဖွေရင်း အဲ့ဒီမှာရှိတဲ့ ဧည့်သည်တွေတစ်ယောက်ပြီးတစ်ယောက်နဲ့လိင်တူလိင်ကွဲမရွေးဇာတ်လမ်းတွေဖြစ်ကြတာကိုရှုစားကြရမှာပါ။Emmanuelle ဇာတ်ကားတွေထုံးစံအတိုင်းအဖော်အချွတ်တွေရော၊စကားပြောခန်းတွေပါညစ်ညမ်းကြမ်းတမ်းပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:46:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Emmanuelle (2024)

2024
The Prosecutor (2025) 6.5
The Prosecutor (2025) Ip Man မင်းသားကြီး Donnie Yen ရဲ့ ရှေ့နေကားသစ်ကြီးရပါပြီ။ Donnie Yen ကအစိုးရရှေ့နေလုပ်နေပြီဆိုပြီးတော့ အက်ရှင်တွေမပါဘူးလို့တော့မထင်လိုက်ပါနဲ့ (၆၁)နှစ်အရွယ်မင်းသားကြီးရဲ့လက်ရည်တွေကိုမြင်ရဦးမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိဟော့ဟာ တရားခံနဲ့ရှေ့နေတွေပူးပေါင်းပြီး တရားဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီးတော့ ပြစ်မှုကနေကွင်းလုံးကျွတ်လွတ်သွားတာကို ကြုံခဲ့ရပြီးနောက်ပိုင်းမှာ ရာထူးမှနှုတ်ထွက်ခဲ့ရတယ်။ အဲဒီနောက်မှာ သူကဥပဒေပညာကိုကြိုးစားသင်ယူပြီးတော့ အစိုးရရှေ့နေတစ်ယောက်ဖြစ်လာခဲ့တယ်။တရားဥပဒေဌာနကိုရောက်တဲ့အခါမှာလဲ ဥပဒေကိုလက်တစ်လုံးခြားလုပ်တဲ့ မတရားမှုနဲ့ကြုံလာတဲ့အခါ သူ့ရဲ့တရားဥပဒေအပေါ်ခေါင်းမာတဲ့စိတ်နဲ့မတရားမှုကို တော်လှန်နိုင်ဖို့ကြိုးစားတဲ့အခါ အောင်မြင်လာနိုင်မလားဆိုတာကို အက်ရှင်တွေနဲ့စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 5.78 GB / 1.70 GB / 966 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama , Crime , Thriller Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

The Prosecutor (2025)

4K HEVC
Crisis Negotiators ( 2024 ) 6
Crisis Negotiators ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကတော့အမှုတစ်ခုဖြစ်တိုင်း ပြစ်မှုကျူးလွန်သူတွေ လက်နက်မချ အညံ့မခံတဲ့အခါမျိုးမှာတစ်ဖက်နဲ့ တစ်ဖက်ပြန်မတိုက်ခင်ရဲနဲ့ အပြစ်သားကြားမှာ ညှိနှိုင်းဆွေးနွေးမှုလုပ်ရတာပေါ့။ဒီလိုမှမရတဲ့အဆုံးမှာ လက်နက်သုံးတိုက်ခိုက်တဲ့အထိဖြစ်လာကြတာရဲဌာနရဲ့လုပ်ငန်းစဉ်ပါပဲ။ဒီဇာတ်လမ်းထဲမှာ ကျောဝန်ဝေ၊ရှဲ့ကျားကျွင့်၊ကျန်းရုံကျာတို့က အကျွမ်းကျင်ဆုံး ညှိနှိုင်းသူတွေဖြစ်ပြီး ရှဲ့ကျားကျွင့်ကလက်နက်မသုံးသွားပဲ တဖက်အပြစ်သားကိုလက်နက်အညံ့ခံလာအောင် လုပ်နိုင်တဲ့အထိ ညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ကျောဝန်ဝေကနည်းနည်းစိတ်ဆတ်သူဖြစ်ပြီး တည့်တိုးညှိနှိုင်းသည့်အဆုံးမရရင် လက်နက်သုံးတိုက်ခိုက်တဲ့အရည်အချင်းရှိသူ။ ဒီလိုနဲ့တစ်နေ့မှာရှဲ့ကျားကျွင့်အလုပ်ထွက်သွားပြီး လုပ်အားပေးအနေနဲ့လုပ်နေကာသုံးနှစ်ကြာပျောက်သွားခဲ့တယ်။ဒီသုံးနှစ်အတွင်းကျောဝန်ဝေနဲ့ကျန်းရုံကျာတို့ အတူတူအလုပ်ဆက်လုပ်ကြရင်းတစ်ဖက်မှာ ရဲဌာနလူမှုဖူလုံရေးရန်ပုံငွေ အလွဲသုံးစားမှုကိစ္စကို စုံစမ်းနေတယ်။ ဒီလိုနဲ့ကျောဝန်ဝေမွေးနေ့မှာ ကျန်းရုံကျာကသဲလွန်စရသွားပြီး နောက်တစ်နေ့ကျောဝန်ဝေကို ရန်ပုံငွေအလွဲသုံးစားလုပ်သူ မည်သူဖြစ်ကြောင်းပြောဖို့ချိန်းထားပေမဲ့ တဖက်ကတစ်လှမ်းရှေ့ရောက်ပြီး ကျန်းရုံကျာကိုသတ်သွားခဲ့တယ်။ဒီလိုနဲ့ ကျောဝန်ဝေကိုစွပ်စွဲပြီးဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ရာ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီလိုအမှန်တရားကိုမြတ်နိုးပြီး အမြဲတမ်း တည့်တိုးပြောတတ်တဲ့ ကျောဝန်ဝေတစ်ယောက် ဘယ်လိုဒီအမှုကိုဖော်ထုတ်မလဲဆိုတာတော့ ဒီဇာတ်လမ်းလေးကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.7 GB / 1 GB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Crisis Negotiators ( 2024 )

A Guilty Conscience (2023) 7.2
A Guilty Conscience (2023) A Guilty Conscience (2023) ======================= IMDb rating - 7.2, RT - 93% Awards - 4wins & 17 nominationsဒီကားလေးကတော့ crime/ mystery အမျိုးအစားဟောင်ကောင်ကားလေးဖြစ်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ အေဒီရီယန်လန်ဆိုတဲ့ ၀တ်လုံတော်ရရှေ့နေက ကလေးသူငယ်ညင်းပန်းနှိပ်စက်မှုနဲ့စွဲချက်တင်ခံထားရတဲ့ ဆင်ဂယ်မားကျန်းမျိုးရိုးကို အမှုလိုက်ပေးပါတယ်။ နောက်တော့ သူ့ရဲ့ပေါ့ပျက်ပျက်နိုင်မှုကြောင့် မိခင်ဖြစ်သူကအပြစ်မရှိဘဲ လူသေစေမှုနဲ့ (၁၇)နှစ် ထောင်ဒဏ်ကျခံလိုက်ရပါတယ်။အဲဒီကနေမှ အေဒရီယန်လန်က အပြစ်ရှိစိတ်နဲ့ အဲဒီအမှုကိုအယူခံပြန်၀င်နိုင်ဖိုကြိုးစားပြီး ဆင်ဂယ်မားဖြစ်သူကို တရားသေလွှတ်နိုင်ဖိုကြိုးစားပါတယ်။ ဒါပေမဲ့ အမှူကမရိုးရှင်းပဲ နောက်ကွယ်မှာ အင်အားကြီးမိသားစုတစ်ခုရှိနေပါတယ်။ ငွေများငွေနိုင်တဲ့လောကကြီးမှာ ‌ကျန်းမျိုးရိုးမိခင်ဖြစ်သူက အပြစ်မရှိကြောင်းပြသနိုင်ပါ့မလား တကယ့်တရားခံအစစ်ကိုရော ဖော်ထုတ်နိုင်ပါ့မလား စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ရထားတဲ့ဆုတွေနဲ့ ratingတွေကိုကြည့်လိုက်ရင် ပြစ်ရက်စရာမရှိတဲ့ကားလေးမလို တင်ဆက်ပေးလိုက်ရပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(1.4GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:15:00 Genre_Crime , ...
movie

A Guilty Conscience (2023)

Crypto Storm ( 2024 ) 6
Crypto Storm ( 2024 ) ဟောင်ကောင်စုံထောက်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူ ပရိသတ်တို့အတွက် ဒီရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-လော့ရိဖုန်းဟာ ICAC(အလွှဲသုံးစားမှုတိုက်ဖျက်ရေး)က စုံစမ်းရေးဌာနမှူးဖြစ်ပါတယ်။ စခန်းမှူးရဲ့ အမိန့်အရ အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး Crypto ငွေကြေးနဲ့ ဈေးကွက်ပြုလုပ်တဲ့အမှုမှာ ဘဏ်တစ်ခုက အရာရှိတွေ အလွှဲသုံးစားလုပ်မှုကို လိုက်လံစုံစမ်းခဲ့ပါတယ်။ ဒါကြောင့် လော့ရိဖုန်းက Cap ငွေကြေးကို အပေးအယူလုပ်တဲ့ ပလက်ဖောင်းဖြစ်တဲ့ Ocryptbase ပရိုဂရမ်ကို ရေးသားခဲ့တဲ့ ရွှီရှင်းကို အကူအညီတောင်းခဲ့ပါတယ်။သူတို့အဖွဲ့ရဲ့ စုံစမ်းမှုကြောင့် ဘဏ်ရဲ့ ဘဏ္ဍာရေးမှာ အမှားအယွင်းရှိတာ သိရတဲ့အတွက် ဘဏ်မှအရာရှိဟယ်ကျင့်ထောင်းကို သံသယရှိသူအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဟယ်ကျင့်ထောင်းလည်း လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ပါတယ်။ လူဆိုးတွေက ဘဏ်ဥက္ကဋ္ဌကို ပြန်ပေးဆွဲပြီး Cap ငွေကြေးနဲ့ ပြန်ရွေးဖို့ တောင်းဆိုတဲ့အခါ......နောက်ကွယ်က ဈေးကွက်ကို ကြိုးကိုင်နေသူက ဘယ်သူဖြစ်မလဲ...... လော့ရိဖုန်းတို့ အဖွဲ့ကရော ဘယ်လို လိုက်လံစုံစမ်းကြမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 33 min Subtitle ...
movie

Crypto Storm ( 2024 )

A Guilty Conscience ( 2023 ) 6
A Guilty Conscience ( 2023 ) တရားဥပဒေရှေ့မှာ လူတိုင်းဟာ တန်းတူညီမျှကြသလား။ ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ရှေ့နေလင်လျန်ဆွေက အပြောကြမ်းတယ်ဆိုပြီး နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများဂရုစိုက်နေကြတဲ့ ကလေးညှဉ်းပန်းနှိပ်စက်မှုတစ်ခုကို ဖြေရှင်းချိန်မှာတော့ ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးခဲ့တဲ့အတွက် သူ့ရဲ့ အမှုသည် ကျန်းကျဲအာဟာ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။လင်လျန်ဆွေကလည်း နာမည်ပျက်သွားခဲ့ပြီး ဈေးပေါပေါနဲ့ သာမန်ပြည်သူတွေအတွက်ပဲ အမှုလိုက်ပေးနေရပါတယ်။ အမှုကို ပြန်လှန်ဖို့ အခွင့်အရေး ရလာတဲ့အခါမှာတော့ သူက ပြန်လည်အမှုစစ်ဖို့ တင်ပြနိုင်ခဲ့ပါတယ်။ ဒီအမှုက ချမ်သာကြွယ်ဝတဲ့ ကျုံးမိသားစုက လင်မယားနှစ်ယောက်နဲ့ ပတ်သက်နေခဲ့ပါတယ်။ကျုံးမိသားစုရဲ့ ဥပဒေအကြံပေး တုံဝေ့ကော်ရဲ့ အောက်တန်းကျတဲ့ အကြံအစည်တွေကြောင့် သတင်းထောက်တွေရော ရဲဌာနတွေ ဥပဒေဌာနတွေက လင်လျန်ဆွေကို ရန်လိုနေခဲ့ပါတယ်။ တရားရုံးထဲမှာ လင်လျန်ဆွေဟာ အမှုစစ်ရှေ့နေကို ရင်ဆိုင်ပြီး အာဏာရှင်တွေကို အစွမ်းကုန်ကြိုးစား တိုက်ခိုက်ခဲ့ပါတယ်။ကျန်းကျဲအာတစ်ယောက် အပြစ်မှ လွှတ်မြောက်နိုင်ပါ့မလား...... လင်လျန်ဆွေကလည်း လွန်ခဲ့တဲ့ ၂ နှစ်က အမှားတွေကို ပြန်လည်ပြင်ဆင်နိုင်ပါ့မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , ...
movie

A Guilty Conscience ( 2023 )