Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adam Hurtig
5.8
Love Hurts (2025)
Everything Everywhere All at Once ထဲက မင်းသားKe Huy Quan ပါဝင်ထားတဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ဟာသ အက်ရှင် သိုင်းကားအမျိုးအစားပါ။ခပ်မြူးမြူး ခပ်ကြမ်းကြမ်းနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရုံပါပဲ။ဇာတ်လမ်းကလည်း ရိုးရှင်းပါတယ်။အတိတ်တုန်းက လက်မရွံ့ဖြစ်ခဲ့တဲ့ ဆရာကြီးက အခု အိမ်ခြေမြေပွဲစားလေးလုပ်ပြီး အေးဆေးနေနေတာပါ။အဲဒါကို အတိတ်က ဂိုဏ်းက ပြဿနာတွေ လာရှာတဲ့အခါအကုန်လုံးကို ပြန်ကျုံးရတဲ့ကားမျိုးပါပဲ။ဒါရိုက်တာကလည်း John Wick တို့လည်း နာမည်ကြီးအက်ရှင်ကားတွေမှာ စတန့်နည်းပြ ဖိုက်တင်နည်းပြလုပ်လာတဲ့လူဆိုတော့ အပီကြမ်းပေးထားပါတယ်။ကြည့်လိုက်ကြပါ။အက်ရှင်ဖန်တွေ ကြိုက်မှာပါ.... File size… (1.47 GB) / (783 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 23m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie
Love Hurts (2025)
7.3
Following Yonder Star (2024)
Following Yonder Star (2024)IMDb Rating (7.3) TV show မှာ ပြီးပြည့်စုံတဲ့ ဇနီးနဲ့ မိခင်တစ်ယောက်အနေနဲ့ အချိန်အကြာကြီး လူသိများခဲ့တဲ့ သရုပ်ဆောင်မင်းသမီး Abby က အားလပ်ရက်မတိုင်ခင်မှာပဲသူ့ရဲ့အရင်ခင်ပွန်းဟောင်း သရုပ်ဆောင်အမျိုးသားက နောက်အိမ်ထောင်ပြုတော့မယ်ဆိုတာ သိလိုက်ရတယ်။မထင်မှတ်ထားတဲ့သတင်းကြောင့် စိတ်ညစ်နေတဲ့ Abby က အပေါက်ဆိုးတဲ့ စတိုးဆိုင်ပိုင်ရှင်တစ်ယောက်ကို မရည်ရွယ်ဘဲ အော်လိုက်မိပြီးအဲဒီဗီဒီယိုက အွန်လိုင်းပေါ်မှာ ပြန့်သွားလေရဲ့။ပြန့်သွားတဲ့ ဗီဒီယိုကြောင့် နာမည်ပျက်ကိန်းကြုံနေတဲ့ သရုပ်ဆောင်မင်းသမီး Abby က ခရစ္စမတ်ပိတ်ရက်အတွင်း Vermont ဆိုတဲ့မြို့လေးမှာသတင်းသမားတွေကိုပုန်းပြီး လူမသိသူမသိနေရင်း အနားယူဖို ခရီးထွက်လာခဲ့တယ်။ဒါပေမဲ့ သူတည်းဖို့ပြင်ခဲ့တဲ့ ကြယ်ငါးပွင့်အဆင့်မြင့်ဟိုတယ်က ဘိုကင်ပြည့်နေခဲ့ပြီး မြို့ရဲ့ တည်းခိုခန်းအသေးလေးမှာ မထင်မှတ်ဘဲတည်းလိုက်ရတဲ့အဖြစ်ကို ကြုံပြန်လေရဲ့။တည်းခိုခန်းပိုင်ရှင် Nick က သိပ္ပံဆရာအဖြစ် အချိန်ပိုင်းလုပ်နေတဲ့ သမီးလေးတစ်ယောက်ရှိတဲ့ မုဆိုးဖိုဖြစ်ပြီး Abby က Nick ဦးစီးနေတဲ့ ခရစ္စမတ် ကလေးပြဇာတ်ကိုကူညီရာကနေ သူတိုနှစ်ဦးကြားက ...
movie
Following Yonder Star (2024)
2024
7.2
The Best Christmas Pageant Ever (2024)
ခရစ္စမတ်မှာ ရုပ်ရှင်သစ်ကြည့်ဖို့ရှာနေတဲ့ ပရိသတ်ကြီးအတွက်ရုံတင်ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဟာ့ဒ်မန်းမောင်နှမတွေဟာ အဆိုးဆုံးကလေးတွေလို့ သမုတ်ခံရလောက်အောင်ကို ဆိုးရွားလွန်းလှတဲ့ ပြဿနာအိုးလေးတွေပါ။ဟာ့ဒ်မန်းတွေ လာပြီဟေ့လို့ ကြားလိုက်တာနဲ့ ကလေးလူကြီးအစခွေးတိရစ္ဆာန်အဆုံး ဝေးဝေးကရှောင်ကြရတဲ့အထိ လက်ဖျားခါအောင်ဆိုးကြပါတယ်။ အဲဒီမောင်နှမတွေထဲက အဆိုးတကာ့ထိပ်ခေါင် ကလေးခေါင်းဆောင်ကတော့ အင်မိုဂျင်းဟာ့ဒ်မန်းပါ။မြို့ရဲ့ဘုရားကျောင်းကတော့ ခရစ္စမတ်ရာသီမှာ နှစ်စဉ်ကျင်းပနေကျခရစ္စမတ် ပြဇာတ်ပွဲကျင်းပဖို့စီစဥ်နေကြတဲ့အချိန်ပါ။ဘုရားကျောင်းမှာ မုန့်အလကားစားရတယ်ဆိုတဲ့ သတင်းကြားလို့တိုက်တိုက်ဆိုင်ဆိုင် ဘုရားကျောင်းရောက်ချလာတဲ့ ဟာ့ဒ်မန်းမောင်နှမတွေဟာ ခရစ္စမတ်ပြဇာတ်ထဲ ပါဝင်သရုပ်ဆောင်ကြဖို့အတွက်ဖြစ်လာပါတော့တယ်။ပြဿနာအိုး ဟာ့ဒ်မန်းမောင်နှမတွေ ဒီခရစ္စမတ်ပြဇာတ်ကြီးမှာဘယ်လိုအလွဲတွေနဲ့ပါဝင်သွားမလဲဆိုတာကို ဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ။rating အနေနဲ့လည်း ခရမ်းချဉ်သီးပုပ်မှာ 91%အထိရရှိထားတဲ့ကားမို့ ဒီရုပ်ရှင်ကားလေးကိုခရစ္စမတ်အမီ watchlist ထဲထည့်ထားဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။အချိန်ပေးကြည့်ရတာနဲ့ တန်မှာဖြစ်ပြီး ခရစ္စမတ်နေ့နဲ့ပတ်သတ်ပြီးလည်း မြင်နေကျမဟုတ်တဲ့ ရှုထောင့်အသစ်ကနေအတွေးအမြင်သစ်တွေပေးစွမ်းနိုင်မဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size… (3.2GB) / (1.27GB) / (696MB ) Quality… WEB-DL 4K HEVC 1080 / 720p Format…mkv / mp4 Duration….1h 39m Genre ….. Adventure ...
movie
The Best Christmas Pageant Ever (2024)
4K HEVC
5.8
Levels (2024)
ကျွန်တော်တို့ရဲ့ ဇာတ်ကောင်မင်းသား Joe တစ်ယောက်သူ့ရှေ့မှာပဲ သူ့ရဲ့ချစ်သူကို ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ကသေနတ်နဲ့ လာပစ်သတ်သွားတဲ့အခါမှာ သူ့ရဲ့ကမ္ဘာတစ်ခုလုံးကြေမွသွားပါတော့တယ်။ ဝမ်းနည်းပူဆွေးစိတ်နဲ့ လောကကြီးကိုအရှုံးပေးဖို့ ကြိုးစားနေတုန်းမှာပဲ မထင်မှတ်ထားတဲ့ သဲလွန်စတွေကနေလိုက်လံကြိုးစားရှာဖွေရင်း ကမ္ဘာကြီးက သူထင်ထားသလိုဖြစ်မနေတဲ့အကြောင်း သိလာတဲ့အခါ၊ သူ့ရဲ့ချစ်သူအတွက် ဘာတွေကြိုးစားဆောင်ရွက်ပြီး အမှန်တရား တရားမျှတမှုကို ပြန်ရှာပေးနိုင်မလားဆိုတာကို ဒီ Scifi ကားလေးမှာ လုံးဝ မမျှော်လင့်စရာတွေကိုကြုံတွေးရင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်... File size… (913MB ) / (536MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Action , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie
Levels (2024)
Time Cut (2024)
နက်ဖလစ်က ထုတ်တဲ့ သိပ္ပံစိတ်ကူးယဉ် စိတ္တဇလူသတ်သမား ရုပ်ရှင်အသစ်ပါ။ ဇာတ်လမ်းမိုက်ပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ စိတ်မကောင်းစရာကတော့ အတိတ်ကို တကူးတက ခရီးသွားတဲ့ခုနှစ်ဟာ ၂၀၀၃ တောင် ဖြစ်လာပြီမို့ အသက်ကြီးတွေ ဘယ်လောက်အိုနေပြီလဲ ကိုယ်တိုင် ပြန်စဉ်းစားမိပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း ၂၀၀၃ ခုနှစ်မှာ ကွင်းဆက်လူသတ်သမားတစ်ယောက်က အထက်တန်းကျောင်းသားကျောင်းသူတွေကို သတ်ဖြတ်ခဲ့ပေမဲ့ တရားခံကို နှစ်ပေါင်းများစွာ ကြာတဲ့အထိ မမိခဲ့ပါဘူး။ ဒီလိုနဲ့ ၂၀၂၄ ခုနှစ်က ဒီလူသတ်မှုတွေကို သိနေတဲ့ ကျောင်းသူလေးတစ်ယောက်က ကာလယန္တရားတစ်ခုနဲ့ အတိတ်ကို ပြန်လာပြီး အဲဒီလူသတ်သမားကို ဖော်ထုတ်ဖို့နဲ့ တားဆီးဖို့ ကြိုးစားပါတော့တယ်။ အဲဒီကနေ ဘာလျှို့ဝှက်ချက်တွေ ပေါ်လာမလဲဆိုတာ ရုပ်ရှင်ထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦး။File size…(1.5 GB)/(863 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre... Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min ...
movie
Time Cut (2024)
6.2
Winner (2024)
Winner (2024)IMDb Rating (6.2)ဇာတ်ကားက အမေရိကန်လေတပ်ရဲ့ ဘာသာပြန်နဲ့ စကားပြန် ရီရယ်လတီ *ဝင်နာ* (Reality Winner) ရဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို အခြေခံထားတဲ့ ဇာတ်ကားပါ။ *ဝင်နာ* က အမေရိကန် လေတပ်တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး၊ အမေရိကန်အစိုးရအတွက် စာချုပ်ချုပ်ဆိုထားတဲ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ်မှာရုရှားနိုင်ငံက ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွေကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုရှိကြောင်းကို ဖော်ထုတ်ထားတဲ့ လျှို့ဝှက်အစီရင်ခံစာတစ်စောင် ရှိကြောင်းကို တွေ့ရှိခဲ့ပါတယ်။အမေရိကားက မဲပေးတဲ့အွန်လိုင်းစနစ်နဲ့ စက်ပစ္စည်းတွေကို ရုရှားက ဟက်ခ်လုပ်ဖို့ ကြိုးပမ်းခဲ့တာပါ။ဒါပေမဲ့ မဲအရေအတွက် ဘယ်လောက်များများ ရုရှားက ပြောင်းလဲပစ်နိုင်သလဲဆိုတဲ့အပေါ်မှာတော့ သက်သေမပြနိုင်ခဲ့ပါဘူး။အမျိုးသားလုံခြုံရေးဆိုင်ရာ ဒီလို လျှို့ဝှက်ချက်ကြီးကြီးမားမားကို ထိန်းသိမ်းထားဖို့ စည်းကမ်းတွေ ကျမ်းသစ္စာတွေရှိနေပေမဲ့*ဝင်နာ* က ပြည်သူတွေအနေနဲ့ အမှန်တရားကို သိနိုင်ခွင့်ရှိရမယ်ဆိုတဲ့ စိတ်ကူးနဲ့အတူ အဲဒီစာရွက်စာတမ်းကို မီဒီယာတွေဆီ ဖော်ကောင်လုပ်လိုက်ပါတယ်။ဒါပေမယ့် သူ့ရဲ့ ...
movie
Winner (2024)
2024
5.8
Abducted by My Teacher: The Elizabeth Thomas Story (2023)
ဒီကားလေးကတော့ ကလေးတွေအတွက်ပညာပေးကားတစ်ကားလို့ပြောရမလား လူတိုင်းကြည့်သင့်တဲ့ဇာတ်လမ်းတစ်ခုလို့ပြောရမလားပါပဲ ဇာတ်လမ်းလေးကတော့ မဖြစ်သင့်တာတွေမဖြစ်ရအောင်ကြိုတင်ကာကွယ်ရမဲ့ဟာတွေ ကလေးတစ်ယောက်အတွက် မိသားစုဆိုတာ ဘယ်လောက်အရေးပါလည်းဆိုတာတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးအကျဉ်းချုပ်ပြောရရင်တော့ အသက်၁၅နှစ်အရွယ်ကျောင်းသူလေးနဲ့ အသက်၅၀ကျော်ဆရာတို့ မေတ္တာလွန်ပြီး မဖြစ်သင့်တာတွေဖြစ်တဲ့ဇာတ်လမ်းလေးပေါ့ မေတ္တာလွန်တယ်ဆိုတာထက် ရွံစရာလို့ပြောရမလားပါပဲ အဲလစ်ဇဘက်ဆိုတဲ့မိန်းကလေးက မိသားစုထဲမှာ ၁၅နှစ်တည်းနဲ့ အရွယ်နဲ့မလိုက်အောင်ကို မသားစုအခြေနေကြောင့်ရင့်ကျက်နေသူတစ်ယောက်ပါသူ့ဘဝလေးက အဖေနဲ့ညီအစ်မတွေရှိနေပေမဲ့ အဖေဖြသ်သူကအလုပ်ကြောင့်မအား ညီအစ်မဖြစ်သူတွေကလည်းတစ်ယောက်တစ်မျိုးဆိုတော့ သူကိုယ်တိုင်ကပဲ အဖေမရှိရင် မိသားစုကိုကြည့်ရတာပါ အဲဒါကြောင့်ပဲ သူ့မှာစကားပြောဖော်မရှိ ရင်ဖွင့်ဖော်မရှိဖြစ်နေရာက ကျောင်းအသစ်မှာ ဆရာတစ်ယောက်ဖြစ်သူနဲ့တွေ့ပါတော့တယ် စစချင်းမှာတော့အင်မတန်သဘောကောင်းပြီး ကာကွယ်သယောင်လုပ်ပေးခဲ့လို့သူယုံခဲ့ရတယ်ဆရာက အချိန်ကြာလာတာနဲ့အမျှပြောင်းလဲလာပြီး သူနဲ့ချစ်ကျွမ်းဝင်သလိုတွေဖြသ်လာပါတော့တယ် ဒီလိုနဲ့ကျောင်းထဲမှာပဲမဖြစ်သင့်တာတွေဖြစ်ရာကနေ အမြင်မတော်လို့ကျောင်းသူတစ်ယောက်ကရဲတိုင်ပါတော့တယ် အဲဒါကြောင့်ပဲ ကလေးမဖြစ်သူကိုဆရာဖြစ်သူကပြန်ပေးဆွဲပြီး ဒုက္ခပေါင်းစုံနဲ့သူနဲ့တူတူနေခိုင်းခဲ့ပါတယ် အဲ့လိုတွေကြောင့် သူ့ခံစားခဲ့ရတဲ့ဒဏ်ရာတွေကရောပျောက်ကင်းနိုင်ပါ့မလား ပြန်ပေးဆွဲခံရာကနေရောဘယ်လိုတွေကြောင့်လွတ်မြောက်သွားမလဲဆိုတာတွေအပြင် လူ့လောက လူ့သဘာဝကိုသေချာဖော်ပြပေးထားလို့ အေးအေးဆေးဆေးလေးကြည့်လို့ကောင်းမဲ့ရုပ်ရှင်လေးဖြစ်ပါတယ် File size…(1.4 GB)/(630 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:01:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike
movie
Abducted by My Teacher: The Elizabeth Thomas Story (2023)
6.6
Polarized (2023)
ဒီတစ်ခါ cm ပရိသတ်ကြီးကို ဒရာမာ ရိုမန့်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Polarized ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားက IMDB မှာ 6.7 အထိ ရရှိထားပါတယ်။ဇာတ်ကြောင်းကတော့ လီဆာဆိုတဲ့ ဝါသနာအရ ကိုယ်ပိုင်သီချင်းတွေရေးရင်း တီးခတ်နေတဲ့ ကောင်မလေးဟာ တစ်ဘက်မှာလည်းမိဘတွေပိုင်တဲ့ ယာတောကို ဘဏ်က အသိမ်းခံလိုက်ရပြီးဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူပါ။ ဖခင်ဖြစ်သူကလည်းကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ရင်ဆိုင်နေရပြီး သူမဟာမြို့ပြစတိုင်စိုက်ပျိုးရေး တစ်ခုမှာ အလုပ်ဝင်နေပါတယ်။တစ်နေ့တော့ လုပ်ငန်းခွင် မတော်တဆတစ်ခု ဖြစ်ရာကနေမန်နေဂျာဖြစ်တဲ့ ဒါလီယာဆိုတဲ့ ကောင်မလေးကို လူမျိုးရေးခွဲခြားတဲ့ စကားတွေ ပြောမိပြီး ပြဿနာတက်ကြပါတယ်။ဒါလီယာက ပါလက်စတိုင်းက ရွှေ့ပြောင်းအခြေချလာတဲ့မိသားစုဝင်တစ်ဦး ဖြစ်ပြီး လီဆာအလုပ်လုပ်နေတဲ့ စိုက်ပျိုးရေးအလုပ်ကို သူတို့မိသားစုက ပိုင်ဆိုင်တာပါ။အရှေ့အလယ်ပိုင်း ရှေးရိုးစွဲ အယူအဆတွေကြားမှာ ကြီးပြင်းလာခဲ့ပေမယ့် ခေတ်အမြင်ပွင့်လင်းတဲ့ ဒါလီယာနဲ့ လီဆာတို့နှစ်ယောက် မတူညီမှုတွေကြားထဲကနေ တူညီတဲ့ ခံစားချက်တွေဖြစ်လာချိန်မှာတော့...။ဒီဇာတ်ကားလေးက အမျိုးသမီး နှစ်ဦးကြားက ပြောင်းလဲလို့မရတဲ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာကို မြင်သာအောင် ဖော်ကြူးထားနိုင်တာမို့ ...
movie
Polarized (2023)
6.9
The Santa Summit (2023)
The Santa Summit (2023) =================== IMDb Rating - 6.9/10ခရစ္စမက်ပိတ်ရက်မှာ ဇာတ်ကားလေးကြည့်ရင်း chill ချင်တဲ့သူများ အတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းအကျဉ်းလေး ကတော့ ခရစ္စမက်၊ ဆန်တာပွဲတော်မှာ ခဏလေးမတော်တဆတွေ့ခဲ့မိတဲ့ ကောင်လေးနဲ့ကောင်မလေးတို့အချင်းချင်း ရှာပုံတော်ဖွင့်ကြတဲ့အကြောင်း လေးပါ။ဂျော်ဒင် ဆိုတဲ့ကောင်မလေးကကျောင်းတစ်ကျောင်းမှာ ပန်းချီသင်တဲ့ ဆရာမတစ်ယောက်ပါ။ လီယမ် ဆိုတဲ့ကောင်လေးကတော့ အခုမှ ဂျော်ဒင် ရှိတဲ့မြို့ကိုပြောင်းလာပြီး ဂျော်ဒင် နဲ့ဆန်တာပွဲတော်မှာမတော်တဆတွေ့ခဲ့ ပါတယ်။ စိတ်တူ အကြိုက်တူဖြစ်တဲ့သူတို့နှစ်ယောက်ဟာ တစ်ခဏလေး အတွင်းမှာပဲ စကားတွေအများကြီးပြောခဲ့ကြပြီး အဆင်ပြေနေခဲ့ကြပါတယ်။ နောက်တော့ပွဲတော်ထဲမှာ တစ်ယောက်နာမည်တစ်ယောက်မသိခင်မှာပဲ လူချင်းကွဲသွားပါတယ်။နာမည်မသိတဲ့အပြင် မျက်နှာမှာလည်းဆန်တာမုတ်ဆိတ်တွေတပ်ထားတဲ့ အတွက် ရုပ်ကိုလည်းသေချာမသိပါဘူး။ ဒီလိုနဲ့ နှစ်ယောက်စလုံးတစ်ယောက် ကိုတစ်ယောက် မရေမရာနဲ့လိုက်လံရှာဖွေကြတာကို drama ဆန်ဆန်ပေါ့ပေါ့ ပါးပါးလေးနဲ့ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ Main character နှစ်ယောက်အတွဲ အပြင် side character တွေရဲ့မတူညီတဲ့မေတ္တာတွေနဲ့ အတွဲတွေကိုပါ သေချာ လေးပုံဖော်ထားတာဖြစ်တဲ့အတွက် အရိုတစ်လိုင်းကြိုက်တဲ့သူများလက်မလွှတ် သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(2.41 GB) / (914 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar ...
movie
The Santa Summit (2023)
2023
Elevator Game (2023)
ကြောက်စရာသရဲဂိမ်းတွေကို ဆော့ပြပြီး ကြည့်ရှုသူတွေအားပေးထောက်ခံမှုကိုအတော်ထားရတဲ့ အထက်တန်းကျောင်းပြီးခါစသူငယ်ချင်းငါးယောက်ဟာသူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီရှိုးကို အသက်မွေးဝမ်းအကြောင်းတစ်ခုအနေနဲ့လုပ်ဖို့ရည်ရွယ်ထားကြတယ်။ ငါးယောက်ထဲမှာ ကယ်ဗင်က စပွန်ဆာရအောင်ရှာဖွေရပြီးခရစ်၊မက်တီနဲ့ ကလိုဝီတို့ကတော့ လူတွေစိတ်ဝင်စားလာအောင် သရဲဂိမ်းတွေကိုဆော့ပြရတယ်။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ အစ်ဇီကတော့ တည်းဖြတ်ရေးပိုင်းကိုတာဝန်ယူရတယ်။တစ်နေ့ သူတို့ကုမ္ပဏီကိုအထက်တန်းကျောင်းတက်လက်စ ကျောင်းသားတစ်ယောက်ကvolunteer အနေနဲ့ကူညီပေးဖို့ရောက်လာတယ်။တစ်ဖွဲ့လုံးက အပိုင်းသစ်ရိုက်ကူးဖို့အတွက်အကြံကုန်နေကြတဲ့အတွက် လူသစ်လေး Elevator Game ကိုကစားလို့ရကြောင်းပြောလာတယ်။ အရင်က ခရစ်က ဒီဂိမ်းအကြောင်းကိုပြောခဲ့ပေမယ့် ကြည့်ရှုသူတွေပျင်းမှာစိုးလို့ မလုပ်ချင်ကြောင်းပြောပြတယ်။ ဒါပေမဲ့ ရှေ့အပိုင်းမှာ စပွန်ဆာ productကို သေချာရိုက်မပြခဲ့တဲ့အတွက် စပွန်ဆာ ကုမ္ပဏီကတင်းပြီးတော့ တစ်ပတ်အတွင်းအပိုင်းသစ်လုပ်ခိုင်းတယ်။ မလုပ်နိုင်ရင် ငွေကြေးမထောက်ပံ့တော့ဘူးဆိုပြီး ပြောလာတဲ့အတွက် လူသစ်လေးရဲ့အကြံအတိုင်းလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ Elevator Game ဟာအွန်လိုင်းပေါ်မှာနာမည်ကြီး ဆော့တဲ့သူတွေဟာ ဂိမ်းဆော့နေရင်းနဲ့ပျောက်သွားကြောင်းကလိုဝီတို့အဖွဲ့သိလိုက်ကြတယ်။ သရဲကားတို့ထုံစံအတိုင်း Elevator Game ရဲ့သံမဏိစည်းမျဉ်းကို ကလိုဝီတို့အဖွဲ့ချိုးဖောက်လိုက်တဲ့အခါမှာတော့........ File size…1.05 GB / 624 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h ...
movie
Elevator Game (2023)
5.2
Bed Rest (2022)
Bed Rest (2022)ဒီတစ်ခါတော့ Horror Type ကြိုက်တဲ့ ညိုကီတို့အတွက် Bed Rest ဆိုတဲ့ သရဲကားလာပါပြီ။ သရဲကားဆိုပေမယ့် သရဲကို တစ်ကားလုံး မြင်နေရမှာမျိုးမဟုတ်ဘဲ တဖြည်းဖြည်း တစိမ့်စိမ့်နဲ့ ခြောက်တဲ့ သရဲကားမျိုးပါ။အရင်ကလေးကို ဆုံးရှုံးလိုက်ရတဲ့ ဂျူလီ ရေးဗား နောက်ကိုယ်ဝန်ဆောင်တဲ့အခါ အိမ်အသစ်တစ်ခုကို ပြောင်းလာပြီးနောက် အိမ်အသစ်မှာ ထူးဆန်းစရာ တုန်လှုပ်စရာတွေကြုံတွေ့လာရတဲ့အခါ ကျန်းမာရေးအခြေအနေကြောင့်ဆရာဝန်က အိပ်ရာထဲပဲ အနားယူဖို့ ညွှန်ကြားပြီးနောက် အိမ်အသစ်ကြီးမှာ ဘာတွေဆက်ဖြစ်မလဲ...ဂျူလီရေးဗား ကြုံတွေ့ရတာတွေကို ယုံပေးမယ့်သူရှိလား... အိမ်ကြီးရဲ့ အတိတ်သမိုင်းကဘာတွေလဲ... ဂျူလီရေးဗားကို ခြောက်လှန့်နေတာတွေက သူ့စိတ်ကြောင့်ပဲလား အနာဂတ်မှာ ဖြစ်မှာတွေက သတိပေးနေတာတွေလား... ဆိုတာတွေကို ကြောက်လည်းကြောက် စိတ်ဝင်စားဖို့ကလည်းကောင်းကောင်းနဲ့ ကြည့်ရမှာပါ။ ဒီကားရဲ့ ပရိုဂျူဆာတွေကလည်း နာမည်ကျော် Franchise ကြီးဖြစ်တဲ့ Scream ကလူတွေဖြစ်တဲ့အပြင် မင်းသမီးကလည်း Scream ထဲက တစ်ယောက်ပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB ...
movie
Bed Rest (2022)
2022
4.9
Flag Day (2021)
Flag Day (2021)============အဖေကိုချစ်တဲ့သမီး နဲ့ သမီးကိုချစ်တဲ့အဖေ ဘယ်သူ့မေတ္တာတရားပိုပြီးကြီးမားနိုင်မှာလဲ ??? ဘာပဲဖြစ်ဖြစ် ၅၂၈ မေတ္တာတရားကတော့ ၁၅၀၀ ချစ်ခြင်းမေတ္တာထက် အများကြီးပိုအေးချမ်းတာတော့ ဘယ်သူမှမငြင်းနိုင်တဲ့အမှန် တရားပဲလေ.... Flag Day ရုပ်ရှင်လေးက စာရေးဆရာမ ဂျန်နီဖာရေးထားတဲ့ “The True Story of my Father” စာအုပ်ကိုပြန် လည်ရိုက်ကူးထားတာမို့ သမီးကဖခင်အပေါ်ထားတဲ့ မေတ္တာတရားတွေအများကြီးတွေ့ရမယ့် ထူးခြားတဲ့ကားလေး တစ်ကားပဲ ဖြစ်ပါတယ်။ တကယ်တော့ ဖခင်ဖြစ်ရတာခက်ခဲပါတယ်။ ချစ်သမီးလေး လေးစားရတဲ့ဖခင်ဖြစ်ဖို့ ပိုပြီး ခက်ခဲပါတယ်။ ဂျွန်လည်း ကြိုးစားနေတဲ့ကြားက လူထဲကလူဖြစ်တဲ့အတွက် အမှားနဲ့ဘယ်ကင်းနိုင်ပါ့မလဲလေ။ ပိုပြီး အဆင်ပြေအောင် သမီးလေးကို သူ့အမေနဲ့ထားခဲ့ရာက ဇာတ်လမ်းကစတော့တာပါပဲ။ နှစ်အတော်ကြာအောင် အဆင်မပြေမှုတွေကိုထွေးပိုက်ရင်း နောက်ဆုံးတော့ အဖေချစ်သမီးဖြစ်တဲ့ ဂျန်နီဖာတစ်ယောက် ဂျွန့်ဆီကို ပြန် ရောက်လာခဲ့ပါတယ်။ ကံကြမ္မာရဲ့အချိုးအကွေ့တွေ ၊ ထိုးနှက်မှုတွေကြားမှာ သားအဖနှစ်ယောက်ပေါင်းပြီး ဘဝ အသစ်စတင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ရအောင်ဗျာ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, Jo Jo Va ...
movie
Flag Day (2021)
2021
5.2
Cult of Chucky (2017)
ထောင်ထဲမှာ လူမသတ်ဘဲနဲ့ လူသတ်မှုနဲ့နေနေရတဲ့ နီကာတစ်ယောက် အရုပ်က လူသတ်တယ်ပြောလို့nအရူးလို့သတ်မှတ်ထားခြင်းခံရတဲ့အတွက် ၃နှစ်အကြာမှာတော့ မျက်စိစုံမှိတ်သတ်တယ်ပြောတော့မှ စိတ္တဇဆေးရုံကို အပို့ခံရတော့တယ်။ ဆေးရုံက ထောင်ထဲလိုတော့ မတင်းကျပ်ဘူးပေါ့။ ဆေးရုံမှာ ဘယ်လို အရူးတွေနဲ့ ထပ်ဆုံရမလဲ???အရုပ် သတ်ခဲ့တာက သူအမအရင်း မိသားစု သူ့တူမလေးAliceတစ်ယောက်ပဲကျန်တာ ေ နာက်ဆုံး Aliceဆုံးသွားတော့ သူ့ဆီ အဲ့အရုပ်က ရောက်လာတယ်။ဆေးရုံမှာ အဲ့အရုပ်ရယ် အရူးတွေရယ် ဘာပဲဆက်ဖြစ်ကြမလဲ??? (ဘာသာပြန်သူကတော့ Neve Luna ပါ) File Size : (912 MB) and (270 MB) Quality : 720p Bluray Running Time : 1hr 31min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Neve Luna Encode ...
movie
Cult of Chucky (2017)
2017
5.7
Curse of Chucky (2013)
၂၀၁၃ ကထွက်ရှိခဲ့တဲ့ကားဖြစ်ပါတယ်..ဒီကားကိုရင်းနှီးပြီးသားဖြစ်နေကြပြီမို့ ထွေထွေထူးထူး ရှင်းပြမနေတော့ပါဘူးအားပေးလိုက်ပါဦး... File Size : (969 MB) and (287 MB) Quality : 720p Bluray Running Time : 1hr 37min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by d3mon Encode by Moe Myint Lwin
movie
Curse of Chucky (2013)
2013
N/A
Look Away (2017)
မာရီယာ လေးဟာ အသက်လဲ ၁၈ နှစ်ပြည့်ခဲ့ပါပြီ ဒါပေမဲ့ သူ့မှာ ကျောင်းတက်ဖော် သူငယ်ချင်းဆိုလို့ အကျင့်ခပ်ဆိုးဆိုး နဲ့ ကောင်မလေး တစ်ယောက်ပဲ ရှိတယ် အဲ့ဒီကောင်မလေးတောင် ငယ်ပေါင်းမို့လို့ သူ့အနား ကပ်နေတာ မာရီယာ က လူတောမတိုးတက်ဘူး အပေါင်းအသင်းဝင်မဆန့်ဘူး သူမ ရဲ့ ရေခဲရိုက်ထားသလို မျက်နှာပေး နဲ့ အေးတိအေးစက်ကြောင့် နှာဘူးထ တဲ့ကောင်လေးတွေက အနိုင်ကျင့်ပြီး စတာကလွဲလို့ ရင်ဖွင့်စရာအပေါင်းအသင်းတွေ မရှိခဲ့ဘူး... မာရီယာ မှာ အဖေ နဲ့ အမေ ရှိပေမဲ့ အဖေဖြစ်သူကို အမေက ကြောက်ရပြီး မာရီယာ အပေါ်မှာလဲ တစ်ချက်လွှတ် အမိန့်တွေ အမြဲထုတ်ပြီး အဲ့ဒီအတိုင်း လုပ်မှ သဘောကျတာပါ... ဘာ အခက်အခဲပဲ ရှိရှိ သူမ အဖေကတော့ အချိန်ပေးပြီး နားထောင်လေ့ မရှိပါဘူး ဒါကြောင့် ဖြစ်လာသမျှ ပြသနာ အားလုံး သူမ စိတ်ထဲမှာပဲ ထားခဲ့တာ ကြာပါပြီ.... ဒီလိုနဲ့ နေလာရင်း တစ်ရက်မှာတော့ မာရီယာ ဘယ်သွားသွား တစ်ခုခုက လိုက်စောင့်ကြည့်သလို ခံနေရပါတယ် ဘယ်သူလဲ ဘာအတွက်လဲ ဆိုတာတော့ မသိပေမဲ့ ညဘက်တွေလဲ ကောင်းကောင်း အိပ်မပျော်ပါဘူး.... တစ်ရက်တော့ အဲ့ဒီအရာက သူမ ကို တည့်တည့်ကြီး ၀င်တိုးခဲ့ပါတော့တယ်.... ဒီရုပ်ရှင်ကားဟာ မိဘ နဲ့ သားသမီးကြားက အဟန့်အတားတွေကို မီးမောင်းထိုးပြထားသလို သားသမီးတွေကို အမြဲလိုလို စောင့်ကြည့်လေ့လာသင့်ကြောင်း ပြသထားပါတယ်.... 18+ ...
movie
Look Away (2017)
2017
6.4
Incident in a Ghostland (2018) IMDb - 6.4/10_____Rotten - 56% Psychopath ကားမျိုးကိုမှ ကြည့်ချင်တဲ့သူအတွက် Ghostland ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းနဲ့မိတ်ဆက်ပေးပါရစေ။ Ghostland ဆိုလို့ သရဲက ဟိုခြောက်လိုက်ဒီခြောက်လိုက်နဲ့ ဟိုအော်ဒီအော်နဲ့ပြီးသွားမယ့် ကားလို့မထင်လိုက်ပါနဲ့။ Elizabeth Keller ဆိုတဲ့ နာမည်ကြီး သရဲဝတ္တုစာရေးဆရာမကြီးရှိတာပေါ့။ သူက Incident in Ghostland ဆိုတဲ့ ဖြစ်ရပ်မှန်သရဲဝတ္တုစာအုပ်နဲ့ ရောင်းအားအကောင်းဆုံးမှာ ရှိနေတာပေါ့။ သူ့ကို interview တွေလည်းမေးကြတယ် ဒီစာအုပ်နဲ့ ပတ်သက်ပြီးတော့ပေါ့။ Beth မှာ အမေရယ် Vera ဆိုတဲ့ အစ်မတစ်ယောက်ရှိပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က သူရယ် သူ့အစ်မရယ် သူ့အမေ ရယ်က အိမ်ကြီးတစ်အိမ်ပြောင်းသွားတော့ Psychopath နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုခံရတဲ့ အကြောင်းကို Beth ကရေးထားတာလေ။ အဲ့တော့ လူတိုင်းက စိတ်ဝင်စားနေကြတာပေါ့။ တစ်ရက်တော့ အဲ့ဒီကို အိမ်ကို သူူပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ သူပြန်ရောက်တော့ သူ့အစ်မ ...
movie
Incident in a Ghostland (2018)
2018