Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adam Fogerty
7.0
Little Voice (1998)
Little Voice (1998)IMDb Rating (7.0) / Rotten Tomatoes (80%) ဒီတစ်ခါမှာတော့ Musical Film တစ်ခုဖြစ်တဲ့ Little Voice ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။Jane Harrocks, Brenda Blethyn, Micheal Caine နဲ့ Ewan Mcgregor တို့လိုနာမည်ကျော်သရုပ်တွေပါဝင်ထားပြီး ဒါရိုက်တာကတော့ Mark Hermanပါ။Oscar Nominee အပါအဝင် ရုပ်ရှင်ဆုပေးပွဲအသီးသီးမှာလည်းဆန်ကာတင်တွေဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းအယ်လ်ဗီ(ခေါ်) လစ်တဲဗွိုက်စ်ဟာ အရှက်အကြောက်ကြီးပြီး အိမ်ထဲကအိမ်ပြင်တောင်မထွက်တဲ့အိမ်တွင်းပုန်းလေးပါ။စကားလည်းအရမ်းနည်းပြီး အိမ်မှာအတူနေတဲ့အမေဖြစ်သူနဲ့တောင် စကားဆယ်ခွန်းပြည့်အောင်မပြောပါဘူး။ဒါကြောင့်မို့ အာကြမ်းလျှာကြမ်းအမေဖြစ်သူရဲ့ဆူပူကြိမ်းမောင်းအပြစ်တင်တာကိုအမြဲခံရပါတယ်။အမေဖြစ်သူကတော့ သူမနဲ့ဆန့်ကျင်ဘက်ပါ အပျော်မက်တယ် သွက်လက်တယ် အိမ်ကိုမကပ်ပါဘူး။အမေဖြစ်သူအပြင်ထွက်တိုင်း အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရတဲ့အယ်လ်ဗီလေးကတော့ အထီးမကျန်ပါဘူး ဆုံးသွားတဲ့သူ့အဖေစုဆောင်းထားတဲ့သီချင်းခွေအဟောင်းကြီးတွေကိုအဖော်ပြုပြီး သီချင်းတွေနဲ့ပျော်မွေ့နေတတ်ပါတယ်။သီချင်းတွေကိုချစ်တဲ့အပြင် အဲ့သီချင်းတွေကိုလည်း မူရင်းအဆိုရှင်ကဲ့သို့သီဆိုနိုင်စွမ်းရှိပါတယ်။တစ်ရက်မှာ သူ့အမေဟာ ချစ်သူဖြစ်သူ "ရေးဆေး"ဆိုတဲ့ အနုပညာပါရမီပါတဲ့ရွက်ပုန်းသီးလေးတွေကိုစင်တင်ပြီး အေးဂျင့်လုပ်တဲ့သူကို အိမ်ကိုအလည်ခေါ်လာရာကနေ "အယ်လ်ဗီ"ရဲ့သီချင်းဆိုသံကိုကြားသွားပြီး ပါရမီရှင်ဆိုတာကိုသိသွားပါတယ်။အနုပညာလောကက အေးဂျင့်ပီပီ "ရေးဆေး"ဟာ အယ်လ်ဗီကိုငွေတွင်းကြီးလို့သတ်မှတ်ပြီး နာမည်ကြီးဖြစ်အောင်စင်တင်ဖို့လုပ်ပါတော့တယ်။ရှက်တတ်ကြောက်တတ်တဲ့အယ်လ်ဗီတစ်ယောက် လူအများရှေ့ကစတိတ်စင်ပေါ်မှာ ဖျော်ဖြေရဲပါ့မလား ...
movie
Little Voice (1998)
1998
8.3
Snatch (2000)
Snatch(2000)IMDb Rating (8.2) / Rotten Tomatoes (74%)Brad Pitt, Jason Statham , Vinnie Jones တို့လို မင်းသားကြီးတွေနဲ့ ဒီရုပ်ရှင်က ဒါရိုက်တာကြီး Guy Ritchie ရဲ့ dark comedy crime film ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့.... စိန်တုံးကြီးတစ်တုံးကိုအခြေတည်လို့ လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ် စတဲ့အဖွဲ့ပေါင်းစုံကြားက ဇာတ်ရှုပ်တွေကိုထိုင်ကြည့်ရမှာပါ။ စိန်တုံးကိုလိုက်ကြရင်း လူ့သဘော လူ့မနောတွေကို ဟာသတွေနှောရင်း အလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်... Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်။ File size…(6.9 GB) / (1.9 GB )/ (910 MB) Quality…BluRay 4K HEVC/ 1080p HEVC / ...
movie
Snatch (2000)
2000
4K HEVC
6.9
Legend (2015)
Legend (2015)IMDb Rating (6.9) / Rotten Tomatoes (60%)Gangster ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူ မင်းသားတွေကို ပြပါဆိုရင် Tom Hardy ကိုလည်းချန်ထားခဲ့လို့ မရဘူးရယ်။ ဒီဇာတ်ကားမှာတော့ ၅၀ပြည့်နှစ်-၆၀ပြည့်နှစ်တွေမှာ လန်ဒန်မြို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ Gangsters တွေဖြစ်တဲ့ ခရေးအမြွှာညီနောင်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်။ Identical twins ဖြစ်တဲ့အတွက် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ရော်နယ်ခရေးနဲ့ ရတ်ဂျီနယ်ခရေးဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြား ရွန်လို့ခေါ်တဲ့ ရော်နယ်ကတော့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပေါ့။ ဒီတော့ သွေးဆာတတ်တယ်၊ အကြမ်းဖက်တတ်တယ်၊ ထင်တိုင်းကြဲတတ်တယ်။ ရတ်ဂျီကတော့ ပိုက်ဆံကြိုက်တယ်၊ ကလပ်ပိုင်ရှင် ကာစီနိုပိုင်ရှင်ဖြစ်တဲ့အတွက် အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရချင်ပါတယ်တဲ့။ အကျဉ်းချုပ်လိုက်ရင်တော့ နှစ်ယောက်လုံးက ဂန်းစတားတွေပါ။ဒီရုပ်ရှင်ကို ရတ်ဂျီရဲ့ ချစ်ရသူ၊ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ဖရန်စစ်ရှေယာ(Emily Browning)က ဇာတ်ကြောင်းကို ပြောပြနေဟန်ရိုက်ကူးထားတယ်။ ...
movie
Legend (2015)
4K HEVC
6.4
Mean Machine (2001)
"The Mean Machine" လို့ ဂုဏ်ထူးမှည့်ခေါ်ခံရတဲ့ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒန်နီမီဟန် အနေနဲ့ ဂျာမနီနဲ့ကစားတဲ့ပွဲတစ်ခုမှာ လုပ်ပွဲကစားခဲ့တာကြောင့် ဘောလုံး ကစားခြင်းကနေ တားမြစ်ထားခံရခဲ့ပါတယ်။တစ်ရက်မှာတော့ ဘားတစ်ခုကနေ အရက်သောက်ပြီးအပြန်မှာ လမ်းမှာ ကားမဆင်မခြင်မောင်းနှင်မှုကြောင့် ရဲများလိုက်လာပြီး အရက်သောက်ထားမထား စစ်ဆေးခြင်းကို ငြင်းဆိုပြီး ရဲအရာရှိနှစ်ယောက်ကို တိုက်ခိုက်မှုကြောင့် လောင်းမာ့ရှ်ထောင်မှာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။သူ့ရဲ့ Celebrity Status ကြောင့်ပဲ ထောင်အစောင့်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရောက်ပြီးမကြာခင်မှာပဲ အထုအထောင်းခံခဲ့ရပါတယ်။ ထောင်ဦးစီးအနေနဲ့လည်း ဒန်နီမီဟန်ကို ဒီ ၃ နှစ်မှာ လောင်းမာ့ရှ်ထောင်မှာပဲ ရှိနေအောင် ကြိုးစားခဲ့ပြီး သူတို့ရဲ့ ထောင်အစောင့် ဘောလုံးအသင်းကို နည်းပြဖို့ စည်းရုံးခဲ့ပါတယ်.။ ဒန်နီအနေနဲ့ ငြင်းဆန်ခဲ့ပြီး ထောင်သားတွေပါဝင်တဲ့အသင်းတစ်ခုကို လေ့ကျင့်သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒန်နီရဲ့ ထောင်တွင်းဘဝမှာ နိုင်ငံသစ္စာဖောက်အနေနဲ့ အခန်းဖော်တွေရဲ့ မကြိုဆိုမှု၊ နစ်နာဆုံးရှုံးသွားတဲ့ လောင်းကစားသမားတွေရဲ့ မျက်မုန်းကျိုးမှု တွေကြားကနေ သူ့ရဲ့အသင်းကို လူသစ်စည်းရုံးကာ တည်ထောင်ခဲ့ရပါတယ်။ နှစ်ကြီးသမားတစ်ယောက်ဖြစ်တဲ့ ဒေါ့နဲ့ တွေ့ဆုံအပြီးမှာတော့ ဆပ်ပြာတုံး လွတ်မကျဖို့ကနေစပြီး ...
movie
Mean Machine (2001)
6.0
Plastic (2014)
Plastic (2014) =========== IMDb Rating - 6.0/10ဒီဇာတ်လမ်းရဲ့အစက ဆမ်၊ ဖို့ဒီ၊ ရိတ်ဆီနဲ့ ရာဖာတို့ လက်စတစ်တွေနဲ့ အကြွေးဝယ်ကတ်အတုတွေပွားပြီး လိမ်စားနေ သူငယ်ချင်းအဖွဲ့ပေါ့။ တစ်နေ့ကျ ရိတ်ဆီနဲ့ ရာဖာတို့ လူချမ်းသာတစ်ယောက်ကို ဓားပြတိုက်ပြီး သူ့ကတ်တွေကို ယူလာခဲ့တယ်။ အဲဒီမှာပဲ ကပ်ဆိုးကြီးကျလာတော့တာပဲ။သူတို့ဓားပြတိုက်သွားတဲ့ ဟယ်ရီရဲ့သူဌေး မာဆယ်က ဆမ်တို့ကောင်လေး လေးယောက်ကိုဖမ်းပြီး သူ့ကိုပိုက်ဆံတွေ မတရားအကြွေးဆပ်ခိုင်းတော့ တာပါပဲ။ အကြွေးအပြင် အတိုးတွေပါ တစ်သက်လုံးဆပ်ရမယ်ပြောတော့ အကုန်လုံးကြေအောင် နှစ်ပတ်အတွင်း ဒေါ်လာနှစ်သန်းဆပ်ဖို့ ဆမ်သဘော တူလိုက်ရတယ်။ အဲဒီမှာပဲ သူတို့အဖွဲ့ ဘယ်လိုတွေ ပလက်စတစ်တွေနဲ့ ကတ်အတုလုပ် ငွေရှာရမလဲဆိုတာ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ဆက် လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin, May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.6 GB) / (637 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 42Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Thwal Htoo Zin, ...
movie
Plastic (2014)
2014
6.8
Greenfingers (2000)
Greenfingers (2000)===============IMDb Rating - 6.8/10၂၀၀၀ ပြည့်နှစ်က အင်္ဂလိပ် ဟာသဒရမ်မာဇာတ်လမ်း Greenfingers ဟာ ဖြစ်ရပ်မှန်ကို အခြေခံထားတာပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။Greenfinger ဆိုတာ သစ်ပင် အစိုက်ကောင်းတဲ့ ဥယျာဉ်မှူးတွေကို တင်စားခေါ်ဝေါ်တဲ့စကား ဖြစ်ပါတယ်။ အင်္ဂလန်က လုံခြုံရေးလျှော့ပေါ့ထားတဲ့ အကျဉ်း စခန်းတစ်ခုက ဆုရအကျဥ်းသားတွေအကြောင်း အခြေခံရိုက် ကူးထားတယ်လို့ ဆိုပါတယ်။ဇာတ်လမ်းထဲမှာ ကောလင်န်ဘရစ်စ်ဟာ ထောင်နှစ်ရှည်ကျနေတဲ့ အကျဉ်းသားတစ်ယောက်ပါ။ နှစ်အတော်ကြာပြီးတဲ့နောက် သူ့ အပြုအမူကောင်းတွေကြောင့် လုံခြုံးရေးလျှော့ပေါ့ထားတဲ့ open prison စနစ်နဲ့ အကျဉ်းထောင်တစ်ခုဆီ ပြောင်းရွှေ့ရပါတယ်။ အဲဒီမှာ လူအမျိုးမျိုးနဲ့ တွေ့ရပေမဲ့ အထူးခြားဆုံးက သူ့အခန်းဖော် အဘိုးကြီးဖားဂတ်စ်ပါ။ တစ်နေ့မှာ ဖားဂတ်စ်ကြီးကောင်းမှုကြောင့် ကောလင်န်နဲ့ အကျဉ်းသားတစ်စုတို့ ဥယျာဉ်မှူးဘ၀ကို ရောက်မှန်း မသိ ရောက်သွားကြပါတယ်။ အဲဒီမှာ သူတို့တွေအပြောင်းအလဲကြီး ပြောင်းလဲပြီး ဘ၀ပန်းတိုင်းကို ရှာတွေ့သွားကြပါတယ်။ဒါပေမဲ့ လူတွေရဲ့ အလိုလိုအထင်သေးခံရမှုတွေကြောင့် သူတို့ပန်းတိုင် ကို သွားရာလမ်းဟာ မဖြောင့်ဖြူးဘဲ အနှောင့်အယှက်တွေ ကြုံရပါတယ်။ ထောင်ထဲကလူဆိုးတွေဘ၀ကနေ ပန်းဥယျာဉ်မှူးအဖြစ် ပြောင်းလဲသွား ကြတဲ့ ကောလင်န်တို့လူစု အခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ် သွားကြမလဲဆိုတာ တွေးရင်းငေးရင်း စိတ်၀င်တစား ကြည့်ကြရမှာပါ။မြင်နေကျ အကျဉ်းထောင်ဇာတ်လမ်းတွေမျိုး ...
movie
Greenfingers (2000)
2000
7.6
Stardust (2007)
"အချစ်ရယ် မင်းအချစ်ကိုသာရမယ်ဆို မိုးပေါ်ကကြယ်ကို ဆွတ်ခူးရ ဆွတ်ခူးရပါ" တဲ့ ဒါပေမဲ့ မိုးပေါ်ကကြယ်လေးက ကောင်မလေးချောချောလေးဖြစ်နေခဲ့ရင်ရော?? ဟုတ်ပါတယ်။ ထရစ်စတန်သရုန်းတစ်ယောက် သူ့အချစ်ကိုသက်သေပြဖို့ ကြယ်ကိုလိုက်ရှာရာကနေ ကြယ်ကကောင်မလေးဖြစ်နေတဲ့အခါ… သူ့ချစ်သူဆီခေါ်ဆောင်သွားရာကနေ လမ်းခရီးမှာ ကြယ်လေးက သူထင်သလောက်ရိုးရှင်းမနေဘဲ အနှောင့်အယှက်မျိုးစုံနဲ့ ရင်ဆိုင်ရပါတော့တယ်။ ထရစ်စတန်သရုန်းကောင်လေးရဲ့နောက်ကြောင်းကလည်း သူထင်ထားသလို သာမာန်ဘဝလေးမဟုတ်ပါဘူး။ ဒီကားလေးက romance, mystery အကုန်ရောစပ်ထားဖြစ်တဲ့အတွက် စိတ်ကူးယဉ်ဆန်ဆန် ရိုတဲ့ကားကောင်းလေးတွေကြိုက်တတ်ရင်… အချစ်ကအရာရာကျော်ဖြတ်ရဲလောက်အောင် အစွမ်းရှိကြောင်း ပြောပြထားတဲ့ကားကောင်းလေးမို့ မလွတ်တမ်းကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။File size…(1.79 GB) and (923.5 MB) Quality…1080p Blu-Ray H264 FGT Format…mp4 Duration…2h 7min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Ngeu Mon
movie
Stardust (2007)
2007
5.6
Chain Reaction (1996)
အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။ အခုကမ္ဘာပေါ်ကလူတွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊ စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။ တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။ လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံး ကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီး ပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။ ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာ ဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။ ၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါ ရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ် ၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာ၀ဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီး လောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်၀န်းကျင်ညစ်ညမ်းမူ စတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ် နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။ တွေးကြည့်ပါဗျာ ...
movie
Chain Reaction (1996)
19962007