Channel Myanmar

Adam Demos

Queen of the Ring (2024) 6.6
Queen of the Ring (2024)  ဒါကတော့ အမေရိကန်ရဲ့ နာမည်ကျော် WWE နပမ်းလောကမှလေဒီနပမ်းသမားနယ်ပယ်ကို ဦးဆောင်လမ်းဖောက်ပေးခဲ့တဲ့မစ်ရက်ဘာ့ခ်ရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့သမိုင်းရုပ်ရှင်တစ်ခုပါ....၉၀ ခေတ်က အမျိုးသားတွေပဲ ကြီးစိုးခဲ့တဲ့ WWE လောကထဲကို ဝင်ချင်ခဲ့တဲ့ မစ်ရက်ရဲ့ ကြိုးစားမှုတွေကြောင့် ပွဲတော်တွေမှာ ယောက်ျားတွေနဲ့ ကြေးစားအဖြစ် နပမ်းသတ်ပြရင်းနာမည်ရလာပါတယ်...အဲ့ဘက်ခေတ်ကလည်း အမျိုးသမီး ၂ ယောက် ကွင်းထဲမှာနပမ်းသတ်တဲ့ ကိစ္စက ပြည်နယ်အချို့မှာ တရားမဝင်သတ်မှတ်ထားပါတယ်...WWE နပမ်းသမားတွေက အတုအယောင် တကယ်ထိုးတာမဟုတ်ဘူးလို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်...လူတွေစိတ်ဝင်စားလာအောင် ဇာတ်လမ်းတွေဆင်ပြီးလူဆိုး လူကောင်းခွဲပြီး ခါးပတ်လုကြတဲ့ ပွဲမှာ ဖိုက်တာသွေးပါလာတဲ့ မစ်ရက်ဘာ့ခ်ရဲ့ ဝိတ်တာဘဝကနေအမျိုးသမီးဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတဲ့ သမိုင်းဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုရာမှာဖြစ်ပါတယ်..... File size… (2.54GB) / 1.37GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….2h 20m Genre …..Biography , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Queen of the Ring (2024)

Take My Hand (2024)
Take My Hand (2024) ဒီတစ်ခေါက်တော့ 2024 တုန်းက ထွက်ရှိခဲ့တဲ့ Romance/Drama ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ ဒါရိုက်တာ John Raftopoulous ဟာ သူနဲ့ သူ့ဇနီး Claire Jensz တို့ရဲ့ လက်တွေ့ဘဝ အချစ်ဇာတ်လမ်းကို အခြေပြုပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အလုပ်အကိုင်အရရော ၊ ငွေကြေးပိုင်းမှာရော အောင်မြင်မှုထိပ်ဆုံးကို ရောက်နေတဲ့ လော်ရာ ဆိုတဲ့ ကလေးသုံးယောက်အမေ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဟာ သူ(မ)မှာ MS ရောဂါ ( ဦးနှောက်နဲ့ ပင်မအာရုံကြောစနစ်ကို ထိခိုက်စေသော ရောဂါတစ်မျိုး ) ရှိနေတာကို သိလိုက်ရတဲ့နောက် အလုပ်ထွက်လိုက်ရပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့ယောက်ျားကပါ ရုတ်တရက် အက်ဆီးဒင့်ဖြစ်ပြီး သေဆုံးသွားတဲ့အခါ သူ(မ)ရဲ့ မိဘတွေရှိတဲ့ မွေးရပ်မြေ ဩစတြေးလျကို သားသုံးယောက်နဲ့အတူ ပြောင်းရွေ့လာခဲ့ရပါတော့တယ်။လော်ရာတစ်ယောက် ဩစတြေးလျမှာ သူ(မ)ရဲ့ အထက်တန်းကျောင်းတုန်းက အချစ်ဦးနဲ့ အမှတ်မထင် ပြန်လည်တွေ့ဆုံခဲ့ပြီး ...
movie

Take My Hand (2024)

A Perfect Pairing (2022)
A Perfect Pairing (2022) 2022 ထဲကမှထွက်ထားတဲ့ A Perfect Pairing ဆိုတဲ့ Netflix ရုပ်ရှင်လေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ rom-com အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ကျွန်တော်အခုတလောကြည့်ဖြစ်သမျှထဲ အကြိုက်တွေ့မိတဲ့ဇာတ်ကားလေးပါပဲ။ ပုံမှန် Netflix movie တော်တော်များများလို ဆယ်ကျော်သက်အချစ်ကို ပုံဖော်ရိုက်ကူးထားတာမဟုတ်ဘဲ ဘဝကအချစ်ထက်အရေးကြီးလာတဲ့ သက်လတ်ပိုင်းအရွယ်ဇာတ်ကောင်နှစ်ယောက်ကြားက ပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာကို ဘဝအကြောင်းများများ၊ အချစ်အကြောင်းနည်းနည်းနဲ့ ပုံဖော်ထားပါတယ်။ သက်လတ်ပိုင်းဆိုပေမဲ့ မင်းသားရော မင်းသမီးရောက တကယ့် visual တွေချည်းမို့ ကိုကြီး enjoyer ၊ မမ enjoyer လေးတို့ ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့လိုလာက ဝိုင်တင်သွင်းဖြန့်ချိရေးကုမ္ပဏီတစ်ခုရဲ့ လက်ကားအရောင်းမြှင့်တင်ရေးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အရည်အချင်းမရှိတဲ့ အထက်လူကြီးရဲ့အပေါက်တွေကို တစ်သက်လုံးလိုက်ဖာနေခဲ့ရပေမဲ့လည်း ဝါသနာနဲ့အလုပ် တစ်ထပ်တည်းကျတယ်ဆိုတဲ့အချက်တစ်ခုတည်းနဲ့ တစ်သက်လုံး‌ဖြေတွေးသည်းခံလာခဲ့တဲ့ ထက်မြက်တဲ့ဝီးမန်း တစ်ခုလပ်အမျိုးသမီးတစ်ယောက်ပါ။ ပထမအိမ်ထောင်ကြောင့်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်လည်း "ဘဝဆက်တိုင်းမှာ အချစ်ရဲ့အဝေးမှာနေမယ်" လုပ်နေသူပေါ့။ ဒါပေမဲ့လည်း အခင်ရဆုံးလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းရဲ့ ...
movie

A Perfect Pairing (2022)

A Perfect Pairing (2022) 6.1
A Perfect Pairing (2022) A Perfect Pairing (2022) ================== IMDb Rating - 6.1/10ဒီနေ့မှာတော့ Netflix ကရိုက်ကူးထားပြီး ဩစတေးလျရဲ့ရေမြေတောတောင်နဲ့ ကောင်းဘွိုင်ဆန်ဆန် ဘ၀ကိုရိုက်ကူးတင်ဆက်ထားတဲ့ Romance ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်း လိုလာဆိုတဲ့ တစ်ခုလတ်မလေးဟာ  ဝိုင်လုပ်ငန်းမှာ ကျွမ်းကျင်အဆင့်ထက်ပိုတဲ့ အဆင့်မှာရှိပြီး၊ ဝိုင်သွင်းကုန်ကုမ္မဏီမှာအလုပ်လုပ်ပါတယ်။ လုပ်ငန်းချဲ့ထွင်ဖို့အတွက် ဩစတေးလျက  ဗွန်းမိသားစုဝိုင်လုပ်ငန်းကို တင်သွင်းခွင့်ရဖို့ကြိုးစားပြီးတဲ့အချိန်မှာ ကုမ္မဏီက သူ့ကိုကန်ထုတ်လိုက်ပါတော့တယ်။ အဲ့တော့ သူ့ကိုယ်ပိုင်လုပ်ငန်းထောင်ပြီး ဗွန်းမိသားစုဝိုင်လုပ်ငန်းကို တင်သွင်းခွင့်ရဖို့ ဩစတေးလျထိ သွားရောက်ခဲ့ရမှာတော့ သူလုပ်ချင်တဲ့ လုပ်ငန်းကို လုပ်ခွင့်ရမှာလား၊ ဩစတေးလျမှာကော ဘာတွေကြုံတွေရမှာလဲ ဆိုတာတော့ ဇာတ်လမ်းအေးအေး ရှုခင်းကောင်းကောင်း သဘာ၀ဆန်ဆန် ဇာတ်လမ်း လေးထဲမှာ လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)File Size..........(1.57 GB) / (780 MB) / (517 MB) Quality............Blu-Ray 1080p / 720p / 360p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Lwin Htoo Aung Encoder..........SWM
movie

A Perfect Pairing (2022)

2022